AA စစ်ဦးစီးချုပ် ကတိအတိုင်း ဝိတိုရိယ တောင်ထိပ်မှာ ချင်းအလံကို လွှင့်ထူနိုင်ပြီ
အာရက္ခတပ်တော် AA အကူအညီဖြင့် ချင်းပြည်နယ်၊ ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံတော်ကို လွှင့်ထူနိုင်ခဲ့ပြီ ဖြစ်ကြောင်း Chin Defence Force – Kanpetlet က ဖေဖော်ဝါရီ ၈ ရက်နေ့က သတင်းထုတ်ပြန်လိုက်သည်။ အာဏာရှင်များကို အသက်၊ သွေး၊ ချွှေး များစွာနှင့် တွန်းလှန်တိုက်ထုတ်နိုင်ပြီဖြစ်၍ အနှစ်သာရပြည့်ဝပြီး စစ်မိစ္ဆာ ကင်းစင်နိုင်ခဲ့သော (ချင်းပြည်တောင်ပိုင်း) စစ်ရေးအောင်မြင်မှု အထိမ်းအမှတ် အနေဖြင့် (ဝိတိုရိယတောင်) Khawnumcung ဟု ပြန်လည်မှည့်ယူ ခေါ်ဆိုနိုင်ခဲ့ကြကြောင်း ဆိုသည်။ အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က “ခင်ဗျားတို့ကိုလည်း ခင်ဗျားတို့ ချင်းပြည်အတွက် ဝိတိုရိယ (Mt.Victoria) တောင်မှာ ချင်းအလံကို လွှင့်ထူနိုင်အောင်ကျွန်တော်တို့
အမ်းတိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သားများထဲမှ ၁၂ ဦးကို CDF – Asho တပ် ဖမ်းဆီး
ရခိုင်ပြည် အမ်းမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့များကို အရှိုချင်းကာကွယ်ရေးတပ် CDF – Asho တပ်က တိုက်ခိုက်နေပြီး ဇန်နဝါရီလ ၁၃၊ ၁၄ နှစ်ရက်အတွင်း စစ်ကောင်စီတပ်သား ၁၂ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၁၃ ရက်နေ့က အမ်းမြို့နယ် ကြက်ရေစမ်းရွာ အနီးစခန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၅ ဦးကို ငဖဲမြို့နယ် ဂုတ်စည်းရိုးရွာအနီးမှာ ပစ်ခတ်ဖမ်းဆီးခဲ့၍ ၅ ဦးစလုံး သေဆုံးသွားကြောင်း ဇန်နဝါရီ ၁၆ ရက်နေ့ CDF – Asho က ထုတ်ပြန်သည်။ အဆိုပါ စစ်ကောင်စီတပ်သား ၅ ဦးအနက် နှစ်ဦးမှာ အပြင်းအထန် ဒဏ်ရာများနှင့်