နှစ်ဖက်သဘောညီမှုများအပေါ် လိုက်နာရန် ချင်းလဲန်းကောင်စီကို ချင်းညီနောင်တိုက်တွန်း
ချင်းညီနောင်တပ်ဖွဲ့ဝင်များကို ချောင်းမြောင်းပစ်ခတ်ခြင်းနှင့် ချင်းညီနောင်စစ်ဆင်ရေးကို နှောက်ယှက်နေသည်ဟုဆိုကာ ချင်းလဲန်းကောင်စီအနေဖြင့် နှစ်ဖက်သဘောတူညီချက်များအပေါ် လိုက်နာဆောင်ရွက်ရန် ချင်းညီနောင်တပ်ဖွဲ့က တိုက်တွန်းနေသည်။ ချင်းပြည်စည်းလုံးရေးနှင့် ပြန်လည်သင့်မြတ်ရေးကို အမှန်တကယ်လိုလားပါက ချင်းလဲန်းကောင်စီအနေဖြင့် နှောက်ယှက်ကျူးလွန်မှုများကို ချက်ချင်းရပ်တန့်ပေးရန်နှင့် ဆက်လက် ကျူးလွန်နေပါက ချင်းတော်လှန်ရေးအဖွဲ့ အချင်းချင်း သွေးထွက်သံယိုဖြစ်ကြမည်ဟု သတိပေးထုတ်ပြန်ချက်ကို ချင်းညီနောင်တပ်ဖွဲ့က ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ထုတ်ပြန်ချက်တွင် CNA/CNF ဦးဆောင်သော ချင်းလဲန်းကောင်စီတပ်ဖွဲ့များသည် ချင်းညီနောင်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေများသို့ ကျူးကျော်လာခြင်း၊ ကင်းထောက်လှမ်းခြင်း၊ ပြည်သူလူထု၏ ကုန်စည်စီးဆင်းမှုကို ဖြတ်တောက်ခြင်း စသည်တို့ကို လုပ်ဆောင်သည်ဟု ဖော်ပြထားသည်။ ထိုကြောင့် နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေက ချင်းညီနောင်အဖွဲ့ဝင် မရာတပ် MDF နှင့် ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင်များကြား
ချင်းညီနောင်တပ်ဖွဲ့က မင်းတပ်မြို့နှင့် ဖလမ်းမြို့ကို တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေ
(ချင်းညီနောင် စစ်ရေးနှင့်ပတ်သက်၍ သတင်းမှားများ မဖြန့်ဝေကြရန် မေတ္တာရပ်ခံ) ချင်းပြည်နယ် မင်းတပ်မြို့နှင့် ဖလမ်းမြို့က စစ်ကောင်စီ စစ်စခန်းများကို နိုဝင်ဘာလ ၉ ရက်နေ့ကစပြီး ချင်းညီနောင်တပ်ဖွဲ့များက တစ်ပြိုင်းတည်းထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိနေကြောင်း ချင်းညီနောင်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ မိတ်ဖက်အဖွဲ့အစည်းများ၏ အကူအညီများဖြင့် မြို့ပေါ်ရှိ စစ်ကောင်စီအခြေပြု စစ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ချင်းညီနောင်တပ်ဖွဲ့က ယနေ့ နိုဝင်ဘာလ ၁၃ ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။ လက်ရှိတွင် စစ်ကောင်စီတပ်ရင်းများနှင့် ချင်းညီနောင်တပ်ဖွဲ့တို့မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်လျှက်ရှိနေပြီး ချင်းညီနောင်၏ စစ်ဆင်ရေးသတင်းများ၊ တိုက်ပွဲသတင်းများနှင့်ပတ်သက်၍ သတင်းမှားများရေးသားခြင်း၊ သတင်းတုများ ဖြန့်ဝေခြင်းတို့ကို မပြုလုပ်ရန်လည်း ချင်းညီနောင်တပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီ၏ ပြောဆိုချက်ကို ချင်းမီဒီယာတစ်ခုဖြစ်သည့် ခိုနူမ်းသုန်က
လှုပ်ရှားနယ်မြေအတွင်း စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းတွင် ပူးပေါင်းသူမည်သူ့ကိုမဆို အရေးယူမည်ဟု ချင်းညီနောင်ပြော
ချင်းပြည်နယ်က လှုပ်ရှားနယ်မြေအတွင်း အာဏာသိမ်း စစ်ကောင်စီ၏ အကျိုးအတွက် သန်းခေါင်စာရင်းကောက်ယူသော လုပ်ငန်းများတွင် ပူးပေါင်းပါဝင်သည့် မည်သူ့ကိုမဆို ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဟု ချင်းညီနောင်အဖွဲ့က ထုတ်ပြန်သည်။ ချင်းပြည်အပါအဝင် နိုင်ငံတစ်ဝှမ်း ပြည်သူ့ထောက်ခံမှုမပါသော သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို စစ်ကောင်စီ လုပ်ဆောင်နေခြင်းအပေါ် ချင်းညီနောင်တပ်ဖွဲ့များက ယနေ့ စက်တင်ဘာလ ၃၀ တွင် သဘောထုတ်ပြန်ထားသည်။ အောက်တိုဘာလအတွင်း စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းသည် ပြည်သူများ ဖွံ့ဖြိုးရေးထက် စစ်ကောင်စီ အာဏာ သက်ဆိုးရှည်ရေးကို ရည်ရွယ်သည်ဟု ချင်းညီနောင်အဖွဲ့က ဆိုသည်။ တိုင်းပြည်မငြိမ်သက်မှုများ၊ ပြည်တွင်းစစ် ပြင်းထန်နေချိန် အထူးသဖြင့် ပြည်သူများ စစ်ဘေး၊ သဘာဝဘေးဖြင့် ရင်ဆိုင်နေရချိန်တွင် စစ်ကောင်စီက အတုအယောင် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကို
AA မှ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့အား လက်နက်ခဲယမ်းများ ကူညီ
အာရက္ခတပ်တော် AA မှ ချင်းညီနောင် Chin Brotherhood အဖွဲ့ဝင်ဖြစ်သော ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့- မတူပီ (တပ်မဟာ-၁) အား လက်နက်ခဲယမ်းများ ကူညီခဲ့ကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ထုတ်ပြန်သည်။ အဆိုပါ လက်နက်ခဲယမ်းအချို့ကူညီထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ အာရက္ခတပ်တော် တပ်မှူးများ ၊ မတူပီ-တပ်မဟာ-၁ မှ တပ်မှူးများ တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့နှင့် AA တို့ အကြား အားကောင်းလာသည့် မဟာမိတ်ဆက်ဆံရေးများကို ဆက်လက်အားကောင်းစေရေးနှင့် စစ်ရေးပူးပေါင်းမှု ယခုထက်ပိုမိုအားကောင်းစေရေး နှစ်ဖက် တပ်မှူးများမှ ထည့်သွင်းပြောကြားခဲ့ကြသည်။ ချင်းပြည်အတွင်းရှိ ကောင်စီ ကင်းစင်ရေးတိုက်ပွဲတွင် အိမ်နီးနားချင်းမဟာမိတ်ပီသစွာဖြင့် ပူးပေါင်းတိုက်ပွဲဝင်ပေးခဲ့ခြင်းနှင့် လက်နက်ခဲယမ်းများ
ဒေသခံများ နေရပ်ပြန်နိုင်ရေး မတူပီ တပ်မဟာ အချင်းချင်း ညှိနှိုင်းမည်
အိုးအိမ်စွန့်ခွာ စစ်ရှောင်နေရသော ချင်းပြည်သူများ နေရပ်ပြန်နိုင်ရေးအတွက် မတူပီ တပ်မဟာအချင်းချင်း ညှိနှိုင်းပြေလည်ပြီး ကြားခံအဖွဲ့အစည်းတစ်ခုဖြင့် ကြိုးပမ်းဆောင်ရွက်မည်ဟု သိရသည်။ ဒေသခံပြည်သူများ အပူအပင်မရှိ နေရပ်ပြန်နိုင်ရန် တတိယအဖွဲ့အစည်း (ကြားခံအဖွဲ့အစည်း) မှ တစ်ဆင့် ကြိုးပမ်းဆောင်ရွက်မည်ဟု မတူပီတပ်မဟာ ၂ က အောက်တိုဘာလ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။ မတူပီမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ် CDF မှာ တပ်မဟာ ၁ နှင့် တပ်မဟာ ၂ တို့ရှိပြီး ၎င်းတို့မှာ မူဝါဒနှင့် သဘောထားမတိုက်ဆိုင်၍ နှစ်ခြမ်းကွဲသွားကြသည်။ မတူပီ တပ်မဟာ ၁ CDF သည် ချင်းညီနောင်တပ်ဖွဲ့သို့ ဝင်ရောက်သွားပြီး မတူပီ တပ်မဟာ ၂ မှာ
ချင်းတော်လှန်ရေး တပ်ဖွဲ့အချင်းချင်း လက်နက်ဖြင့် မဖြေရှင်းဖို့ သဘောတူ
ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင်အချင်းချင်း သဘောထားကွဲမှုရှိပါက လက်နက်ဖြင့် မဖြေရှင်းဖို့ ဒေသခံအဖွဲ့အစည်းများ သဘောတူညီမှု ရရှိခဲ့ကြောင်း ဇိုပြန်လည်ပေါင်းစည်းရေးအဖွဲ့အစည်း (Zo Re-Unification Organization – ZORO) သတင်းထုတ်ပြန်သည်။ ဇိုပြန်လည်ပေါင်းစည်းရေး အဖွဲ့အစည်း ZORO၏ ဦးဆောင်မှုဖြင့် စက်တင်ဘာ ၂၁ ရက်နေ့က ချင်းပြည်အစိုးရအဖွဲ့၊ ချင်းအမျိုးသားတပ်ဦး CNFနှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC/ချင်းညီနောင် CB အဖွဲ့တို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ယင်းတွေ့ဆုံဆွေးနွေးမှုများတွင် အချက် ၅ ချက်ကို ကနေဦး သဘောတူခဲ့ကြပြီး ချင်း-ကူကီး-မီဇိုး မျိုးနွယ်စုများသည် ဆင်းသက်လာရာမျိုးနွယ်စု၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းအစဉ် အလာတူညီသော သေအတူရှင်မကွဲနေထိုင်လာခဲ့ကြသည့်
ချင်းမျိုးနွယ်စုဝင် ခူမီး ၅ ဦးကို AA ပြန်လွှတ်ပေး
(ချင်းလူမျိုးဖြစ်၍ ဖမ်းဆီးထားခြင်းမဟုတ်ကြောင်း AA ပြောခွင့်ရပြော) စစ်ကောင်စီကို သတင်းပေးသည်ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းထားသော ချင်းမျိုးနွယ်စုဝင် ခူမီး အမျိုးသား ၅ ဦးကို အာရက္ခတပ်တော် AA က ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ချင်းသတင်းဌာန ခိုနူမ်းသုန်က ယနေ့ ဩဂုတ်လ ၃၀ ရက်တွင် ဖော်ပြထားသည်။ ULA/AA က ပလက်ဝဒေသခံ ချင်းမျိုးနွယ်စုဝင် အရပ်သား ၁၅ ဦးကို ဖမ်းဆီးထားကြောင်း ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ (IKACC) က ၂၀၂၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ထုတ်ပြန်ပြောဆိုခဲ့သည်။ ယင်းအထဲက ခူမီးအမျိုးသား ၅ ဦးကို IKACC/PC နှင့်
အိန္ဒိယ လောင်တလိုင်ရောက် ချင်းစစ်ဘေးရှောင်များ AA ကို ဆန္ဒပြနေ
(ဓါတ်ပုံသတင်း) အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့မှာ ရောက်ရှိနေသော ချင်းစစ်ဘေးရှောင်များ ဦးဆောင်၍ အာရက္ခတပ်တော် AA ချင်းပြည်က ထွက်ခွာပေးရန် ယနေ့ လမ်းလျှောက်ဆန္ဒပြနေကြကြောင်း သိရသည်။ လောင်တလိုင်ရှိ ချင်းစစ်ဘေးရှောင်များမှာ ချင်းလန်းကောင်စီ (ချင်းပြည်အစိုး) အဖွဲ့ကိုသာ ထောက်ခံပြီး ချင်းပြည်အတွင်း စစ်ရေးအကူအညီပေးနေသော အာရက္ခတပ်တော် AA ကို အလိုမရှိကြောင်းနှင့် ချင်းပြည်ထဲက ထွက်ခွာပေးရန် တောင်းဆိုနေကြခြင်းဖြစ်သည်။ သို့သော်လည်း လောင်တလိုင်မြို့ရှိ စစ်ဘေးရှောင်များထဲမှ မတူပီ၊ ထန်တလန်၊ ဟားခါး ဒေသက စစ်ရှောင်များသာပါဝင်ပြီး အခြားသော မြို့နယ်များက စစ်ရှောင်များပါဝင်ခြင်းမရှိကြောင်း သိရသည်။
စစ်ကောင်စီ ထန်တလန်မြို့စောင့်တပ်ကို ချင်းအစိုးရ သိမ်းပိုက်
(သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများအား ထုတ်ပြန်) (ဓါတ်ပုံသတင်း) ချင်းပြည်နယ် ထန်တလန်မြို့စောင့်တပ် စစ်ကောင်စီ၏ ခလရ ၂၆၉ တပ်စခန်းကုန်းကို ချင်းပြည်အစိုးရတပ်ဖွဲ့များက အပြီးသတ်သိမ်းပိုက်လိုက်ပြီဟု CDF Htantlang တာဝန်ရှိသူက ပြောသည်။ ဩဂုတ်လ ၄ ရက် နံနက် ၄ နာရီခန့်က ထန်တလန်မြို့စောင့်တပ်ကို သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် CB ဘဏ်ဘက်သို့ ဆုတ်ခွာသွားကြောင်း သိရသည်။ “ အခု ထန်တလန်မြို့ကို သိမ်းပိုက်နိုင်တော့မှာ ဖြစ်တဲ့အတွက်ကြောင့် ချင်းပြည်တစ်ပြည်လုံး ကျနော်တို့ရဲ့ ပြည်သူလူထုလက်ထဲကို ရောက်ခါနီးပြီဆိုတဲ့အကြောင်း ပြည်သူလူထုတွေ ခွန်အားရအောင် ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။ ထန်တလန်မြို့သိမ်းတိုက်ပွဲကို ဇူလိုင်လ ၂၂ ရက်နေ့က