ငလျင်သင့် နေရာများကို ကယ်ဆယ်ရေးမလုပ်ဘဲ အရပ်သားနေထိုင်ရာများကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲနေ
သတင်း သဘာဝဘေး
1 min read
0

ငလျင်သင့် နေရာများကို ကယ်ဆယ်ရေးမလုပ်ဘဲ အရပ်သားနေထိုင်ရာများကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲနေ

မေ ၃၀ - ၂၀၂၅
2

နိုင်ငံတဝန်း ငလျင်ဒဏ်သင့်နေသော အချိန် ကယ်ဆယ်ရေး တစ်စုံတစ်ရာ မလုပ်ဆောင်ဘဲ စစ်ကောင်စီက မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် ဗန်းမော်မြို့ကို လေကြောင်းက ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်ခဲ့ကြောင်း သိရသည်။ နိုင်ငံတဝန်း ငလျင်ကြောင့် လူ ထောင်ချီ သေကြေပျက်စီးမှုနှင့် နေအိမ်အဆောက်အအုံ ပြိုကျ ပျက်စီးမှုကြောင့် အခက်အခဲဖြစ်နေချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းက အရပ်သားများနေထိုင် နေရာများကို ဗုံးကြဲတိုက်ခိုက်နေသည်။ ယနေ့ မတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် ပေါက်မြို့နယ် အနောက်မြောက်ပိုင်းအတွင်းသို့ စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ် ၁ စီးဖြင့် ဗုံးကြဲခဲ့ပြီး ထိခိုက် ပျက်စီးမှုတစ်ချို့ ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

Continue Reading
မန္တလေး ပျော်ဘွယ်တွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၀၀ ကျော် ရှိလာ
သတင်း သဘာဝဘေး
0 min read
0

မန္တလေး ပျော်ဘွယ်တွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၀၀ ကျော် ရှိလာ

မေ ၃၀ - ၂၀၂၅
1

မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် အဆောက်အအုံပြိုကျပြီး သေဆုံးသူ ၁၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း ပျော်ဘွယ် မီးသတ်တပ်ဖွဲ့က ပြောသည်။ ငလျင်လှုပ်ခတ်မှုကြောင့် ဘာသာရေးအဆောက်အဦများ၊ လူနေအိမ်များပျက်စီးဆုံးရှုံးခြင်း၊ လူသေဆုံးဒဏ်ရာရခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ပျော်ဘွယ် မီးသတ်တပ်ဖွဲ့က ယနေ့ မတ် ၃၀ ရက်နေ့မှာ ထုတ်ပြန်သည်။ ပျော်ဘွယ်မြို့နယ်တွင် လတ်တလော ငလျင်ကြောင့် သေဆုံးသူ ၁၀၀ ကျော်ခန့်ရှိခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေဆဲဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့က ပြောသည်။ယနေ့ နံနက်ပိုင်းတွင် ပြိုကျနေသော ငလျင်ကြောင့် ကမ္ဘောဇဘဏ် အဆောက်အဦအတွင်း ၂၄ နာရီကျော် ပိတ်မိသော ဘဏ်ဝန်ထမ်းတစ်ဦးအား အန္တရာယ်ကြားမှ ခက်ခက်ခဲခဲ ကယ်ဆယ်ခဲ့သည်ကို တွေ့ရသည်။

Continue Reading
ငလျင်ဘေးသင့်ပြည်သူများ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ အရေးပေါ်လိုအပ်နေ
သတင်း သဘာဝဘေး
1 min read
0

ငလျင်ဘေးသင့်ပြည်သူများ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ အရေးပေါ်လိုအပ်နေ

ဧပြီ ၂၉ - ၂၀၂၅
0

မတ်က ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မြန်မာနိုင်ငံမှာ ပြင်းအား ၇.၇ အဆင့်ရှိသည့် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုမှာ တစ်လပြည့်ပြီးဖြစ်ပြီး ငလျင်ကြောင့် လူ ၃၇၀၀ ကျော် အသက်ဆုံးရှုံးခဲ့သည်။ ငလျင်ကြောင့် လူပေါင်း ၅၀၀၀ ကျော်လည်း ထိခိုက်ဒဏ်ရာရပြီး လက်ရှိအချိန်ထိ လူ ၁၀၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း စစ်ကောင်စီမှ ယမန်နေ့ ဧပြီလ ၂၇ ရက်တွင် သတင်း ထပ်မံထုတ်ပြန်သည်။ ပြင်းထန်သည့် ငလျင်ကြောင့် ပြည်သူ‌များအခက်အခဲများစွာ ရင်ဆိုင်နေရပြီး ငလျင်ဘေးဒဏ်သင့် မိသားစုများမှာ စိတ်ပိုင်းဆိုင်ရာဖိစီးမှုများကို ဆိုးရွားစွာ ခံစားနေရကြရသည်ဟု ကုလသမဂ္ဂအဖွဲ့ဝင် IOM မှ ယနေ့ ဧပြီလ ၂၈ ရက်တွင် ထုတ်ပြန်ပြောသည်။

Continue Reading
ငလျင်သင့် ဒေသများတွင် အခမဲ့ ဖြန့်ဝေသည့် ဘီစကစ်မုန့် ရောင်းချမှု အရေးယူမည်ဟု ကုလ သတိပေး
သတင်း သဘာဝဘေး
1 min read
0

ငလျင်သင့် ဒေသများတွင် အခမဲ့ ဖြန့်ဝေသည့် ဘီစကစ်မုန့် ရောင်းချမှု အရေးယူမည်ဟု ကုလ သတိပေး

ဧပြီ ၂၅ - ၂၀၂၅
0

ငလျင်ဘေးသင့် ပြည်သူများအတွက် ဖြန့်ဝေပေးထားသော ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ၏ အဟာရဖြည့် ဘီစကစ်များကို ရောင်းချနေသည်ကို တွေ့ရှိခဲ့ပါက အရေးယူဆောင်ရွက်သွားမည် ဟု ကုလသမဂ္ဂက ကြေညာသည်။ မတ်လ ၂၈ ရက်နေ့ မြန်မာနိုင်ငံမှာ အင်အားပြင်း စစ်ကိုင်းငလျင်လှုပ်ခတ်မှုအပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခဲ့ရာမှာ WFP၏ အဟာရဖြည့် ဘီစကစ်များလည်း ပါဝင်သည်။ နေပြည်တော်မှာ WFP အာဟာရဖြည့်ဘီစကစ်များ ရောင်းချနေသည်ဟု ဆိုရှယ်မီဒီယာမှာ ရေးနေကြသည်ကို WFP က သိရှိထားပြီး ထိုရေးသားချက်မှာ သက်သေတစ်စုံတရာ မတွေ့ရဟု ကုလ က ဆိုသည်။ နေပြည်တော်မှာ အာဟာရဖြည့်ဘီစကစ်များ ကို ဧပြီလ ၁ ရက်နေ့က

Continue Reading
မြန်မာနှင့်ထိုင်းတွင် အပျော့စားငလျင် ၁၃ ခု လှုပ်ခတ်ခဲ့
သတင်း သဘာဝဘေး
0 min read
0

မြန်မာနှင့်ထိုင်းတွင် အပျော့စားငလျင် ၁၃ ခု လှုပ်ခတ်ခဲ့

ဧပြီ ၂၂ - ၂၀၂၅
0

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသတွင် ယနေ့ ဧပြီလ ၂၂ ရက်နေ့က အင်အား အပျော့စား ငလျင် လှုပ်ခတ်ခဲ့ကြောင်း ထိုင်းမိုးလေဝသဌာနမှ ထုတ်ပြန်ထားသည်။ ယနေ့ နံနက် ၂ နာရီ ၉ မိနစ်တွင် ပြင်းအား ၁ ဒသမ ၅ မှ ၃ ဒသမ ၄ အထိ ငလျင် ၁၃ ခုအထိ လှုပ်ခတ်ခဲ့ကြောင်း ထိုင်းမိုးလေဝသဌာနမှ ယနေ့ နံနက် ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာနယ်စပ် ထိုင်း တာ့ခရိုင်အနီးမှာ ပြင်းအား ၁ ဒသမ ၈ ရှိ အပျော့စားငလျင် အနက် ၃ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း

Continue Reading
ငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းအဖြေလွှာများ ပျက်စီးသွား၍ စာမေးပွဲ ပြန်ဖြေရမည်ဟု စစ်ကောင်စီက ကြေညာ
သတင်း
0 min read
0

ငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းအဖြေလွှာများ ပျက်စီးသွား၍ စာမေးပွဲ ပြန်ဖြေရမည်ဟု စစ်ကောင်စီက ကြေညာ

ဧပြီ ၂၂ - ၂၀၂၅
0

ငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းအဖြေလွှာများ ပျက်စီးသွား၍ မန္တလေး၊ စစ်ကိုင်း၊ ကချင်နှင့် နေပြည် တော်တို့မှ ကျောင်းသား/ကျောင်းသူများ အားလုံး စာမေးပွဲ ပြန်ဖြေရမည်ဟု စစ်ကောင်စီက ယနေ့ ကြေညာသည်။ အဆိုပါ စာမေးပွဲ ကို ဇွန်လ ၁၆ ရက်နေ့မှ စတင်၍ ဇွန်လ ၂၁ ရက်နေ့အထိ ဖြေဆိုရမည် ဖြစ်ပြီး စာမေးပွဲ ပြန်ဖြေခိုင်းရန် စစ်ကောင်စီက စီစဉ်နေခြင်းကို ကျောင်းသားသမဂ္ဂနှင့် ပညာရေးအသိုင်းဝိုင်းက ကန့်ကွက်နေသည်။ ငလျင်ကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်ကြီးပြိုကျ မီးလောင်ကျွမ်းခဲ့ရာ မန္တလေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ် ကျောင်းသား ၆၂,၉၅၄ ဦး၏ အဖြေလွှာစာအုပ် ၃၇၆,၉၅၆ အုပ် ပျက်စီး ဆုံးရှုံးသွားသည်။ မန္တလေး

Continue Reading
ငလျင်ကြောင့် မန္တလေးအိုးဘိုထောင်တွင် ထိခိုက်သေဆုံးသူ ၃၀၀ ကျော်ရှိ
သတင်း သဘာဝဘေး
1 min read
0

ငလျင်ကြောင့် မန္တလေးအိုးဘိုထောင်တွင် ထိခိုက်သေဆုံးသူ ၃၀၀ ကျော်ရှိ

ဧပြီ ၂၁ - ၂၀၂၅
0

စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်တို့တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မန္တလေးအိုးဘို အကျဉ်းထောင်မှ အကျဉ်းသား ၃၀၀ ကျော် ထိခိုက် သေဆုံးခဲ့ကြောင်း သိရသည်။ ငလျင်ကြောင့် သေဆုံးသူ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၃၀ ဦးထက်မနည်းရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၈၀ ဦးကျော်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အပါအဝင် အဖွဲ့အစည်း ၇ ခုက ဧပြီလ ၂၀ ရက်က ထုတ်ပြန်သည်။ သေဆုံးသူ ၃၀ ဦးထဲတွင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦး၊ နိုင်ငံရေးအကျဉ်းသူ ၁၀ နှင့် အခြားသော အကျဉ်းသား ၁၀ ဦးပါဝင်သည်ဟု သိရသည်။ ဧပြီလ ၁၆ ရက်နေ့

Continue Reading
ဘန်ကောက်ငလျင် ပြိုကျအဆောက်အဦးထဲ ဖုန်းမီးဖြင့်အချက်ပြမှု တွေ့ရှိသည်ဟု ကယ်ဆယ်ရေးသမားများ ပြော
သတင်း သဘာဝဘေး
1 min read
0

ဘန်ကောက်ငလျင် ပြိုကျအဆောက်အဦးထဲ ဖုန်းမီးဖြင့်အချက်ပြမှု တွေ့ရှိသည်ဟု ကယ်ဆယ်ရေးသမားများ ပြော

ဧပြီ ၁၁ - ၂၀၂၅
0

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အတွင်း ဆောက်လက်စ အဆောက်အဦးတစ်ခု ပြိုကျသွားပြီးနောက် ကယ်ဆယ်ရေးများ ပြုလုပ်နေရာ အဆောက်အဦးထဲမှ ဖုန်းမီးဖြင့် အချက်ပြမှုများ တွေ့ရှိရသည်ဟု ကယ်ဆယ်ရေးပြုလုပ်နေသူများက ပြောသည်။ အဆောက်အဦးအား ဇုန် (Zone) များ သတ်မှတ်ပြီး ကယ်ဆယ်ရေးပြုလုပ်နေရာ Zone B ဘက်တွင် အဆောက်အဦး မျက်နှာပြင်အောက် ၃ မီတာအကွာတွင် တယ်လီဖုန်းမီးဖြင့် အချက်ပြနေသည်ကို တွေ့ရှိရသည်ဟု ယနေ့ နံနက် ဧပြီလ ၁၁ ရက် နံနက်ပိုင်းတွင် ကယ်ဆယ်ရေးပြုလုပ်နေသူများက ပြောဆိုထားခြင်းဖြစ်သည်။ ကယ်ဆယ်ရေးပြုလုပ်နေသူများမှာ အဆောက်အဦးအား အနီးအောက်ရောင်ခြည်သုံး စကင်နာများဖြင့် ရှာဖွေယ်ကယ်ဆယ်ရေး ပြုလုပ်ရာတွင် ဖုန်းမီးအချက်ပြခြင်း တုန့်ပြန်မှု

Continue Reading
မြန်မာငလျင် သေဆုံးသူ ၃၆၄၅ ဦးအထိ ရှိလာ
သတင်း သဘာဝဘေး
1 min read
0

မြန်မာငလျင် သေဆုံးသူ ၃၆၄၅ ဦးအထိ ရှိလာ

ဧပြီ ၉ - ၂၀၂၅
0

မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံ အလယ်ပိုင်းကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မြန်မာနိုင်ငံတွင် သေဆုံးသူ ၃၆၄၅ ဦးရှိလာကြောင်း အာဏာသိမ်း စစ်ကောင်စီက ယမန်နေ့ ဧပြီလ ၈ ရက်နေ့ ညတွင် သတင်းထုတ်ပြန်သည်။ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ယခုချိန်ထိ သေဆုံးသူ ၃၆၄၅ ဦး၊ ဒဏ်ရာရရှိသူ ၅၀၁၇ ဦး၊ ပျောက်ဆုံးသူ ၁၄၈ ဦးနှင့် စုစုပေါင်း ၈၈၁၀ ခန့် ထိခိုက်သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ အဆောက်အဦးပေါင်း ၅၂၂၃ လုံး၊ စာသင်ကျောင်းပေါင်း ၁၈၂၄ ကျောင်း၊ ဘုန်းတော်ကြီး ကျောင်းနှင့် သီလရှင်စာသင်တိုက် ၂၇၅၂ ကျောင်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီး ဘုရား

Continue Reading
ငလျင်ဘေးကာလတွင် စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် အရပ်သား ၇၂ ဦးသေဆုံး
စစ်ရေး သတင်း သဘာဝဘေး
1 min read
0

ငလျင်ဘေးကာလတွင် စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် အရပ်သား ၇၂ ဦးသေဆုံး

ဧပြီ ၉ - ၂၀၂၅
0

မြန်မာပြည်သူများ ငလျင်ဘေးကျရောက်နေသည့်အချိန် အာဏာသိမ်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအပါအဝင် ပစ်ခတ်တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်မှုများကြောင့် အရပ်သားပြည်သူ ၇၂ ဦး သေဆုံးခဲ့ရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောသည်။ မတ်လ ၂၈ ရက်နေ့က မြန်မာပြည်အလယ်ပိုင်းဒေသတွင် အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်ပြီးနောက် တစ်ပတ်အတွင်း တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ရာ ဒေသများနှင့် ပြည်သူများနေထိုင်ရာ ကျေးရွာ၊ မြို့များကို စစ်ကောင်စီက တိုက်ခိုက်မှု ၉၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း NUG က ယနေ့ ဧပြီလ ၉ ရက်တွင် ထုတ်ပြန်ထားသည်။ ထိုတိုက်ခိုက်မှုများကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၆ ဦး၊ အမျိုးသမီး အယောက် ၃၀

Continue Reading