ငလျင်ကြောင့် မြန်မာက ခရစ်ယာန်ဘုရားကျောင်း ၂၀ ပျက်စီး
(နှစ်ပေါင်း ၁၀၀ ကျော်ရှိ ခရစ်ယာန်ဘုရားကျောင်းများလည်း ပါဝင်) ငလျင်ကြောင့် နှစ်ပေါင်း သက်တမ်း ၁၀၀ ကျော် ခရစ်ယာန်ဘုရားကျောင်းများ အပါအဝင် မြန်မာနိုင်ငံအတွင်း ခရစ်ယာန်ဘုရားကျောင်း ၂၀ ပျက်စီးသွားကြောင်း သိရသည်။ ၂၀၂၅ မတ်လ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်တွင် မြန်မာပြည်အလယ်ရှိ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ မကွေး၊ ပဲခူး၊ ရှမ်း တို့တွင် အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့သည်။ မန္တလေးမြို့က စိန့်ဂျိုးဇက်၊ စိန့်မိုက်ကယ်၊ ချမ်းသာကုန်း၊ ရှင်မာရိ စသည့် ခရစ်ယာန်ဘုရားကျောင်းများနှင့် ရမည်းသင်းမြို့နယ်က ဆုတောင်းပြည့်လုဒ်မယ်တော်၊ ဇော်ဂျီဘုရားကျောင်းတို့ ပျက်စီးသွားသည်။ မန္တလေးမြို့က စိန့်ဂျိုးဇက်ဘုရားကျောင်းမှာ နှစ်ပေါင်း
ငလျင်သင့် မြန်မာပြည်သူများကို တရုတ်က ယွမ် ၁၀၀ သန်း ထောက်ပံ့
ငလျင်ဘေးသင့်သော မြန်မာပြည်သူများအတွက် တရုတ်အစိုးရက ယွမ် ၁၀၀ သန်း တန်ဖိုးရှိသော အရေးပေါ်လူသားချင်းစာနာမှု အကူအညီများ ပံ့ပိုးပေးမည်ဟု ယနေ့ မတ်လ ၂၉ ရက်တွင် တရုတ် မြန်မာသံရုံးက ထုတ်ပြန်သည်။ “မြန်မာအစိုးရရဲ့ တောင်းဆိုချက်အရ တရုတ်အစိုးရဟာ မြန်မာနိုင်ငံကို အရေးပေါ်လူသားချင်းစာနာမှု အကူအညီအဖြစ် ယွမ် ၁၀၀ သန်း ပံ့ပိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ပြောခွင့်ရ Mr. Li Ming က ဆိုသည်။ ငလျင်သင့် မြန်မာပြည်သူများအတွက် တဲများ၊ စောင်များ၊ အရေးပေါ်ဆေးဘက်ဆိုင်ရာ အထုပ်များ၊ အစားအစာနှင့် သောက်သုံးရေစင်များ စသည့် အရေးတကြီးလိုအပ်နေသော ပစ္စည်းများ ထောက်ပံ့မည်ဟု တရုတ်က ထုတ်ပြန်သည်။ တရုတ်အစိုးရ၏
မန္တလေး Sky Villa အဆောက်အအုံမှ ၄၃ဦး ကယ်ထုတ်နိုင်ပြီး အလောင်း ၉ လောင်း တွေ့ရှိထား
ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ Sky Villa အဆောက်အဦး ပြိုကျ၍ အလောင်း ၉ လောင်း တွေ့ရှိထားပြီး ၄၃ဦး ကယ်ထုတ်ထားကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။ ပိတ်မိနေသူများအား ဗဟိုမီးသတ်သင်တန်းကျောင်းနှင့် ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းတို့မှ ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ပူးပေါင်း၍ ရှာဖွေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယခုအချိန်အထိ ၄၃ ဦးတို့အား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ ၉ဦးတို့၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း ယနေ့ နေ့လယ်ပိုင်းတွင် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။ ငလျင်ကြောင့် မန္တလေး Sky Villa ကွန်ဒိုပြိုကျမှုတွင် သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင်
ငလျင်ကြောင့် နေပြည်တော်နှင့် အင်းလေး ဒေသတို့တွင် သေဆုံး ၇၀ ကျော်အထိ ရှိလာ
ငလျင်ဒဏ်ကြောင့် နေပြည်တော် ပျဉ်းမနားနှင့် ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတို့ သေဆုံးသူ ၇၀ ကျော် ရှိနေပြီး ဒဏ်ရာ ရရှိသူ ရာနှင့်ချီ ရှိကြောင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်သူများက ပြောသည်။ နေပြည်တော် ပျဉ်းမနားတွင် မြေငလျင်ဒဏ်ကြောင့် သေဆုံးသူ ၄၀ ကျော်၏ အလောင်းများကို ရရှိထားပြီး လူနာ ၁၃၀ ကျော်ရှိကာ အများအပြား ပိတ်မိနေကြောင်း မိုးစေတနာပရဟိတအသင်း က ပြောသည်။ လက်ရှိတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် လက်ရှိအခြေအနေထိ အလောင်း ၄၀ ကျော် ရရှိထားပြီး လူနာ ၁၃၀ ကျော်နှင့် အများအပြား ပိတ်မိနေကြောင်း (ရန်ကုန်) နေပြည်တော် ရုံးခွဲမှ
ငလျင်ကြောင့် မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် ပျက်စီးမှု မြင်ကွင်း
ငလျင်ကြောင့် မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် နေအိမ်များ၊ ဘာသာရေး အဆောက်အအုံအများအပြား ပျက်စီးခဲ့ကြောင်းသိရသည်။ မန္တလေမြို့ပေါ်တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများပြီး ထိခိုက်သေဆုံးသူများပြားကာ အပျက်အစီးများကြား ပိတ်မိနေသူများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
ငလျင်ကြောင့် မြန်မာက နေရာ ၆ ခုကို စစ်ကောင်စီက အရေးပေါ်အခြေအနေဟု ကြေညာ
အာဏာသိမ်း စစ်ကောင်စီက ယနေ့ မတ် ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် တိုင်းနှင့် ပြည်နယ် နေရာ ၆ ခုကို အရေးပေါ်အခြေအနေဟု ထုတ်ပြန်ကြေညာထားသည်။ စစ်ကိုင်းတိုင်းဒေသ၊ မန္တလေးတိုင်းဒေသ၊ မကွေးတိုင်းဒေသ၊ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နေပြည်တော်ဒေသနှင့် ပဲခူးတိုင်းဒေသတို့ကို စစ်ကောင်စီက အရေးပေါ်အခြေအနေဟု ကြေညာခဲ့ခြင်းဖြစ်သည်။ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်နှင့် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတို့တွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု၊ သေဆုံးမှု များပြားကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။ ယနေ့ နေ့လယ် ၁၂ နာရီ ၅၁ မိနစ် နှစ်စက္ကန့်တွင် မန္တလေး၊ စစ်ကိုင်းတို့ကို ဗဟုပြုပြီး ၇.၇ အဆင့်ရှိသော ငလျင်လှုပ်ခတ်ခဲ့ကာ နောက်ဆက်တွဲ
ဘန်ကောက်တွင် ငလျင်ကြောင့် လုပ်ငန်းခွင့် ပြိုကျပြီး မြန်မာလုပ်သားများအပါဝင် ၄၀ ကျော် ပိတ်မိနေ
ယနေ့ အင်အားပြင်း ငလျှင်လှုပ်ခတ်မှုကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ချတူးချက် နယ်မြေရှိ အထပ်မြင့်တိုက် ဆောက်လုပ်ရေးလုပ်ငန်းခွင်ပြိုကျ၍ မြန်မာရွှေ့ပြောင်း လုပ်သား ၄၃ ဦးပိတ်မိနေကြောင်း သိရသည်။ မတ်လ ၂၈ ရက် ထိုင်းစံတော်ချန် ၁ နာရီ ၃၀ မိနစ်ခန့်က လှုပ်ရှားသွားသည့်ငလျင်ကြောင့် အဆောက်အအုံထဲတွင် ပိတ်မိနေခြင်းဖြစ်ကြောင်း ရွှေ့ပြောင်းလုပ်သားများ အရေး ကူညီဆောင်ရွက် ပေးနေသည့် ကိုရဲမင်းက ပြောသည်။ ထိုင်း ဒေသတွင်း သတင်းဌာနများ၌ လည်း အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းခွင် ပြိုကျသည့်ဖြစ်စဥ်နှင့် ပတ်သက်၍ သတင်းများဖော်ပြလျက်ရှိပြီး သေဆုံးမှု ထိခိုက်မှုများကို ဖော်ပြထားခြင်း မရှိသေးပေ။ မြန်မာနိုင်ငံအလယ်ပိုင်းတွင် ရစ်ခ်ျတာစကေး ၇.၇ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ပြီးနောက်
ရခိုင်မှာလည်း ငလျင်လှုပ်ခတ်၊ မြို့နယ်အချို့တွင် ထိခိုက်မှုမရှိဟု သိရ
ယနေ့ မတ်လ ၂၈ ရက် နေ့လယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်မှာ ရခိုင်ပြည်က မြို့နယ်အချို့တွင်လည်း လှုပ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ၇.၇ အဆင့်ရှိသော အင်အားပြင်း ငလျင်မှာ မြန်မာပြည်အလယ်ပိုင်းကို ဗဟုပြုပြီး လှုပ်ခတ်ခဲ့သလို ထိုင်းနိုင်ငံအနှံ့တွင်လည်း လှုပ်ခတ်ခဲ့သည်။ အဆိုပါ ငလျင်မှာ ရခိုင်ပြည် တောင်ပိုင်း၊ မြောက်ပိုင်းရှိ မြို့အများစုတွင်လည်း လှုပ်ခတ်ခဲ့ပြီး ထိခိုက်သေဆုံးမှု၊ ပျက်စီးဆုံးရှုံးမှု မရှိဟု ဒေသခံများက ပြောသည်။ စစ်ဘေးရှောင်များအား ကူညီနေသူ စာရေးဆရာ ဝေဟင်အောင်က “ရခိုင်ပြည် အတိုင်းအတာအရဆိုရင်တော့ ငလျင်လှုပ်ခတ်ခဲ့တာတော့ ရှိပါတယ်။ မန္တလေးနဲ့ စစ်ကိုင်းဘက်ကို ဗဟိုပြုပြီးတော့ လှုပ်ခတ်သွားတဲ့အတွက် ကျနော်တို့ဘက်ကို အဖျားခတ်တာလောက်ပဲ ထင်တယ်။ နည်းနည်းလေးတော့
ဝတ်ပြုနေချိန် ငလျင်ကြောင့် ဗလီပြိုကျ၊ လူ ၂၀ ဦးထက်မနည်းသေဆုံး
မန္တလေးမြို့ရှိ ရွှေဘုန်းရှိန်ဗလီတွင် ယနေ့ ဝတ်ပြုနေချိန် ငလျင်လှုပ်ခတ်မှုကြောင့် ဗလီပြိုကျသွားပြီး အနည်းဆုံး လူ ၂၀ ဦးထက်မနည်းသေဆုံးသွားကြောင်း ယင်းဗလီပြိုကျမှုအတွက် ကယ်ဆယ်ရေး ကူညီနေသူတချို့က ပြောသည်။ ကူညီကယ်ဆယ်နေသူတစ်ဦးက “ဝတ်ပြုနေတဲ့အချိန် ပြိုကျသွားတာပါ။ ဗလီအဆောင် ၃ ခုလောက်ပြိုကျသွားတာ။ ပိတ်မိနေတာတွေရှိတော့ အခုတော့ ၂၀ ဦးထက်မနည်းသေသွားပါပြီ။ သေ တဲ့အရေအတွက်ကတော့ များနိုင်တယ်။ ရွှေဘုန်းရှိန် ဗလီ ကတော့ ပြိုကျသွားပြီ” ဟု ပြောသည်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံး အပါအဝင် အိမ်နီးချင်း ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့တွင် ယနေ့ နေ့လယ် ၁၂နာရီ ၄၀ မိနစ်ဝန်းကျင်ခန့်မှာ အင်းအားပြင်း ငလျင်လှုပ်ခတ်ခဲ့သည်။
ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့ရှိ အထင်ကရ မစိုးရိမ်တိုက် ပြိုကျ
ယနေ့တွင် အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့ရှိ အထင်ကရ မစိုးရိမ်တိုက်ဟောင်း ပြိုကျပျက်စီးနေမှု မြင်ကွင်းအား တွေ့ရခြင်း ဖြစ်သည်။ စစ်ကိုင်းတံတား၊ မန္တလေးရှိ ဂရိတ်ဝေါဟိုတယ်၊ မြစ်ဆုံဟိုတယ် အပါအဝင် အထပ်မြင့် အဆောက်အအုံများ၊ ဘုန်းကြီးကျောင်းများ၊ နန်းမြို့ရိုး အပါအဝင် သမိုင်းဘုရားပုထိုးစေတီများပါ ပြိုကျခဲ့သည်။