ရခိုင်ပင်လယ်ပြင်မှာ တရားမဝင် ငါးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉ ဦးကို AA က ဖမ်းဆီး
စီးပွားရေး သတင်း
1 min read
0

ရခိုင်ပင်လယ်ပြင်မှာ တရားမဝင် ငါးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉ ဦးကို AA က ဖမ်းဆီး

ဖေ‌ဖော်ဝါရီ ၂၁ - ၂၀၂၅
3

ရခိုင် ရေပိုင်နက်ဖြစ်သည့် မောင်တောမြို့အနီးက နတ်မြစ်မှာ တရားမဝင် ဝင်ရောက်ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၉ ဦးကို အာရက္ခတပ်တော် AA က ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။ တရားမဝင် ဝင်ရောက် ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉ ဦးကို စက်လှေ ၄ စီးနှင့်အတူ AA က ဖမ်းဆီးသွားခြင်းဖြစ်သည်။ မောင်တောမြို့အနီးက နတ်မြစ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထက်ဝက်ပိုင်သလို ရခိုင်ကလည်း ထက်ဝက်ပိုင်ဆိုင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာ ရခိုင်ပိုက်နက်သို့ ကျူးကျော်ဝင်ရောက် ငါးဖမ်းခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိသည်။ အာရက္ခတပ်တော် AA ၏ ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း ရခိုင်ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်ငါးဖမ်းခြင်းများနှင့်

Continue Reading
ရခိုင်ပိုင်နက် နတ်မြစ်အတွင်းမှာ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၄ ဦးကို AA ဖမ်းဆီး
ကျန်းမာရေး သတင်း
1 min read
0

ရခိုင်ပိုင်နက် နတ်မြစ်အတွင်းမှာ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၄ ဦးကို AA ဖမ်းဆီး

ဖေ‌ဖော်ဝါရီ ၁၂ - ၂၀၂၅
0

အာရက္ခတပ်တော် AA ၏ ကမ်းခြေစောင့်တပ်ဖွဲ့သည် ရခိုင်ပိုင်နက် နတ်မြစ်အတွင်းမှာ ဝင်ရောက် ငါးဖမ်းနေကြသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၄ ဦးကို ဖမ်းဆီးသွားကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းများက ဖော်ပြသည်။ ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်းက ဘင်္ဂလားဒေ့ရှ် ကော့ဘဇားမြို့အနီး နတ်မြစ်အတွင်း Shahparir Dwip နှင့် Golarchar Mukh ဧရိယာတွင် AA ၏ ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။ ဖမ်းဆီးခံရသူများမှာ အသက် ၃၀ အရွယ် Md Hasan, အသက် ၂၀ အရွယ် Abdur Rakim, အသက် ၂၆ နှစ်အရွယ် Md Jaber နှင့်

Continue Reading
ရခိုင်ရေပိုင်နက်အတွင်း ကျူးကျော်ငါးဖမ်းသူများကို အပြစ်ပေးအရေးယူတော့မည်ဟု AA ထုတ်ပြန်
စစ်ရေး သတင်း
1 min read
0

ရခိုင်ရေပိုင်နက်အတွင်း ကျူးကျော်ငါးဖမ်းသူများကို အပြစ်ပေးအရေးယူတော့မည်ဟု AA ထုတ်ပြန်

နိုဝင်ဘာ ၂၁ - ၂၀၂၄
0

ရခိုင် (အာရက္ခ) ရေပိုင်နက်အတွင်းသို့ ကျူးကျော်၍ ငါးခိုးဖမ်းရန် ဝင်ရောက်လာသူ မည်သူ့ကိုမဆို တရားဥပဒေနှင့်အညီ စစ်ဆေး၊ အပြစ်ပေး အရေးယူသွားတော့မည်ဟု အာရက္ခတပ်တော် AA က ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက်တွင် ထုတ်ပြန်အသိပေးသည်။ နိုဝင်ဘာလ ၅ ရက်နေ့က မောင်တောဒေသ ရခိုင်ရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၂၀ ဦးကို ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာလ ၇ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGP လက်ထဲသို့ ပြန်လည်လွှဲပြောင်းပြီးနောက် AA က ယင်းကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေ အစီး ၆၀ ခန့်မှာ ရခိုင်ရေပိုင်နက်အတွင်း ကျူးကျော်ငါးဖမ်းနေစဉ် AA ကမ်းခြေစောင့်

Continue Reading