ဧရာဝတီ ငါးသိုင်းချောင်းက အမြောက်တပ် ၃၄၄ ကို AA တိုက်ခိုက်နေ
စစ်ရေး သတင်း
1 min read
0

ဧရာဝတီ ငါးသိုင်းချောင်းက အမြောက်တပ် ၃၄၄ ကို AA တိုက်ခိုက်နေ

ဖေ‌ဖော်ဝါရီ ၁၄ - ၂၀၂၅
1

အာရက္ခတပ်တော် AA နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲ့တို့သည် ဧရာဝတီတိုင်းထဲက ငါးသိုင်းချောင်းမြို့နယ်ရှိ စစ်ကောင်စီ၏ အမြောက်တပ် ၃၄၄ တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။ အမြောက်တပ် ၃၄၄ နှင့် ငါးသိုင်းချောင်းမြို့တို့သည် ၄ မိုင်ကျော်မှာရှိပြီး မြောက်စမ်းရွာမှာရှိကြောင်းနှင့် တိုက်ပွဲမှာ ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်တွင် ပြင်းထန်နေကြကြောင်း သတင်းရင်းမြစ်များက ပြောသည်။ “ဟုတ်တယ်ဗျ။ ငါးသိုင်းချောင်းက အမြောက်တပ် ၃၄၄ ကို AA ရဲ့ ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။ စစ်ကောင်စီကလည်း ပြန်ခုခံနေပါတယ်။ တိုက်ပွဲကတော့ ပြင်းထန်နေကြပါတယ်။ လက်နက်ကြီး ပစ်ခတ်မှုတွေလည်း ပါတယ်လို့ သိရပါတယ်” ဟု ဧရာဝတီသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ အာရက္ခတပ်တော်

Continue Reading