စစ်ကောင်စီနှင့် ဆွေးနွေးရေး TNLA က လမ်းကြောင်းစဖွင့်
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီနှင့် ဆွေးနွေးရေး TNLA က လမ်းကြောင်းစဖွင့်

နိုဝင်ဘာ ၂၅ - ၂၀၂၄
0

တရုတ်အစိုးရ၏ နယ်စပ်တည်ငြိမ်ရေး၊ တိုက်ပွဲရပ်စဲရေး ကြိုးပမ်းမှုနှင့် စစ်ဘေးဒဏ် ဆိုးရွားစွာခံစားနေရသည့် ပြည်သူများ၏ အကျိုးကို ငဲ့ညှာထောက်ထား၍ နှစ်ဖက်စစ်ရေး ပဋိပက္ခများ အဆုံးသတ်မှု တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း တအာင်းတပ် TNLA က သတင်းထုတ်ပြန်သည်။ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေသော တိုက်ပွဲများတွင် မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအပါအဝင် ပြင်းထန်သည့် တိုက်ပွဲကြောင့် စစ်ဘေးဒဏ်ဆိုးရွားစွာ ခံစားနေရသည့် ဒေသပြည်သူများ၏ အကျိုးကို ငဲ့ညှာထောက်ထား၍ သော်လည်းကောင်း၊ နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေး ကြားဝင်ကြိုးပမ်းဆောင်ရွက်နေသည့် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြု၍ သော်လည်းကောင်း တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း TNLA က ဆိုသည်။ စစ်ရေးပဋိပက္ခများကို အဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံရေးအခြေအနေ တည် ဆောက်ရန်အတွက် တရုတ်၏ ကြားဝင်စေ့စပ်မှုကို

Continue Reading