ရခိုင်မှာ မိုင်းနင်းမိ၍ နှစ်ရက်အတွင်း အရပ်သား ၃ ဦး ပြင်းထန်ဒဏ်ရာရ
စစ်ရေး သတင်း
1 min read
0

ရခိုင်မှာ မိုင်းနင်းမိ၍ နှစ်ရက်အတွင်း အရပ်သား ၃ ဦး ပြင်းထန်ဒဏ်ရာရ

မေ ၇ - ၂၀၂၅
0

အာရက္ခတပ်တော် AA သိမ်းပိုက်ထားသည့် ရခိုင်ပြည်မှာ စစ်ကျန်းလက်နက်ပစ္စည်းများနှင့် မြေမြှုပ်မိုင်းကြောင့် နှစ်ရက်အတွင်း အရပ်သားပြည်သူ ၃ ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ယမန်နေ့ မေလ ၆ ရက် ညနေပိုင်းက တောင်ကုတ်မြို့နယ် ကံပိုင်ရပ်ကွက်ဒေသခံ အသက် ၇၀ အရွယ် ဦးကျော်ထွန်းမှာ မြေမြှုပ်မိုင်းကြောင့် ခြေတစ်ဖက် ပြတ်ထွက်ဒဏ်ရာ ရရှိသွားသည်။ တောင်ကုတ်ရှိ စစ်ကောင်စီ အခြေစိုက်ခဲ့သော စကခ ၅ တပ်စခန်းအနီး လယ်ကွင်းသို့ သွားရောက် အလုပ်လုပ်စဉ် မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရသွားခြင်းဖြစ်သည်။ အလားတူ ယနေ့ မေလ ၇ ရက်နေ့ နံနက်ပိုင်းက မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာက အသက် ၁၈ နှစ်အရွယ် မချယ်ရီသန်းနှင့်

Continue Reading
အပစ်ရပ်ကာလမှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ၁ လအတွင်း အမျိုးသမီး ၇၁ ဦးသေဆုံး
စစ်ရေး သတင်း
1 min read
0

အပစ်ရပ်ကာလမှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ၁ လအတွင်း အမျိုးသမီး ၇၁ ဦးသေဆုံး

မေ ၇ - ၂၀၂၅
1

မြန်မာနိုင်ငံတဝှမ်း အမျိုးသမီးသေဆုံးမှု ဆက်လက်မြင့်တက်လျက်ရှိပြီး ဧပြီလအတွင်း အမျိုးသမီး ၇၁ ဦး အသက် ဆုံးရှုံးခဲ့ရကြောင်းနှင့် ၅၀ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြန်မာ့အမျိုးသမီးမဂ္ဂ BWU ယနေ့ မတ်လ ၇ ရက်တွင် ထုတ်ပြန်ထားသည်။ အသက်ဆုံးရှုံးခဲ့ရသည့် အကြောင်းရင်းများမှာ စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ၅၉ ဦး၊ ပြည်သူများ၏ ရွာနှင့် နေအိမ်များအား ပစ်မှတ်ထား လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၇ ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်မှုကြောင့် ၅ ဦး တို့ဖြစ်သည်။ အသက်ဆုံးရှံးခဲ့သည့် အမျိုးသမီး ၇၁ ဦးထဲမှ ၁၃ ဦးသည် အသက် ၁၈ နှစ်အောက်များ ဖြစ်ကြကြောင်းလည်း

Continue Reading
လူမိုက်အားပေးလုပ်‌နေသည့် ပြည်ပနိုင်ငံများကို သတိထားကြရန် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြော
စစ်ရေး သတင်း
1 min read
0

လူမိုက်အားပေးလုပ်‌နေသည့် ပြည်ပနိုင်ငံများကို သတိထားကြရန် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြော

မေ ၇ - ၂၀၂၅
1

အာဏာသိမ်း စစ်ကောင်စီ၏ လူမဆန်စွာလုပ်ရပ်အပေါ် လူမိုက်အားပေးလုပ်နေကြသည့် ပြည်ပနိုင်ငံများကို သတိကြီးကြီးထားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သတိပေးပြောသည်။ မြန်မာပြည်အပေါ် ဩဇာလွှမ်းရန်နှင့် ကိုယ်ကျိုးစီးပွားရှာနေသည့် ပြည်ပနိုင်ငံများအား သတိထားကြရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၄ နှစ်ပြည့်မိန့်ခွန်းတွင် NUG ကာကွယ်ရေဝန်ကြီး ဦးရည်မွန်က မေလ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ “အခုဆိုရင် မြန်မာ့အရေးဟာ ကမ္ဘာ့အခင်းအကျင်းနဲ့လည်း ဆက်စပ်လာတယ်။ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားကို လျစ်လျူရှုပြီး မြန်မာပြည်အပေါ် သြဇာလွှမ်းမိုးဖို့၊ ကိုယ်ကျိုးစီးပွား အမြတ်ထုတ်ဖို့ ကြံရွယ်ချက်နဲ့ စစ်ကောင်စီရဲ့ လူမဆန်မှုတွေကို လူမိုက်အားပေးလုပ်နေတဲ့ ပြည်ပနိုင်ငံတချို့ ရှိလာတယ်ဆိုတာကိုလည်း သတိကြီးကြီးထားရတယ်” ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဆိုသည်။ ယင်းအပြင် စစ်ကောင်စီတပ်ထဲမှာ

Continue Reading
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုရှားခရီးစဉ် စတင်
သတင်း
0 min read
0

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုရှားခရီးစဉ် စတင်

မေ ၇ - ၂၀၂၅
0

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ ရင်ပြင်နီတွင် ပြုလုပ်မည့် ရင်ပြင်နီ ချီတက်ပွဲကို တက်ရောက်ရန် ဇနီးဖြစ်သူနှင့်အတူ ယနေ့တွင် ထွက်ခွာသွားပြီး ဖြစ်ကြောင်း သိရသည်။ မေလ ၉ ရက်နေ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ ရင်ပြင်နီတွင် ပြုလုပ်မည့် ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့် ရင်ပြင်နီအောင်ပွဲ အခမ်းအနားသို့ မင်းအောင်လှိုင်တက်ရောက်ရန် နေပြည်တော်လေဆိပ်မှ ရုရှားနိုင်ငံသို့ ထွက်ခွာသွားပြီး ဖြစ်သည်။ စစ်ခေါင်းဆောင်နှင့် အတူ စစ်ကောင်စီ တွဲဖက်အတွင်းရေးမှူး ရဲဝင်းဦး၊ ကောင်စီဝင်တချို့ ကာကွယ်ရေး ဝန်ကြီး မောင်မောင်အေး၊ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေ၊ ညှိနှိင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ကျော်စွာလင်း တို့လိုက်ပါသွားသည်။ အဆိုပါ လေယာဉ်သည် နေပြည်တော်လေဆိပ်မှ

Continue Reading
ကျောက်ဖြူတိုက်ပွဲ ဒဏ်ရာရ တပ်သားများကို စစ်ကောင်စီက စစ်တွေဆေးရုံသို့ ပို့ဆောင်ကုသနေ(ကျောက်ဖြူမြို့က လိပ်ခမော်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်ကို AA က သိမ်းပိုက်လိုက်ပြီ)
စစ်ရေး သတင်း
1 min read
0

ကျောက်ဖြူတိုက်ပွဲ ဒဏ်ရာရ တပ်သားများကို စစ်ကောင်စီက စစ်တွေဆေးရုံသို့ ပို့ဆောင်ကုသနေ(ကျောက်ဖြူမြို့က လိပ်ခမော်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်ကို AA က သိမ်းပိုက်လိုက်ပြီ)

မေ ၆ - ၂၀၂၅
1

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ကြား တိုက်ပွဲများ ပြင်းထန်နေပြီး ဒဏ်ရာရ တပ်သားကို စစ်ကောင်စီက စစ်တွေမြို့ပြည်သူ့ဆေးရုံနှင့် တပ်နယ်ဆေးရုံးသို့ ပို့ဆောင် ကုသပေးနေသည်။ ဧပြီလ နောက်ဆုံးအပတ်နှင့် မေလ ပထမအပတ်အတွင်း ကျောက်ဖြူမြို့နယ် စစ်ကောင်စီ၏ အမှတ် ၃၂ ရဲတပ်ရင်းအနီးနှင့် ဓညဝတီရေးတပ်စခန်းအနီးတို့တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲ ပြင်းထန်နေကြသည်။ ကျောက်ဖြူမြို့နယ်၊ တိုက်ပွဲအတွင်း ဒဏ်ရာရရှိသော တပ်သားများကို စစ်ကောင်စီက စစ်တွေဆေးရုံနှင့် တပ်နယ်ဆေးရုံးများသို့ ပို့ဆောင် ကုသပေးနေကြောင်း စစ်တွေမြို့သတင်းရင်းမြစ် တစ်ဦးက Western News ကို ပြောသည်။ “အရေအတွက်က တိတိကျကျတော့ မသိဘူး။ ကျောက်ဖြူတိုက်ပွဲက

Continue Reading
စစ်တပ်က ငလျင်အပစ်ရပ် ၃ ကြိမ်ကြေညာပြီးနောက် အပြစ်မဲ့ပြည်သူ ၂၇၆ ဦးသေဆုံး
စစ်ရေး သတင်း
1 min read
0

စစ်တပ်က ငလျင်အပစ်ရပ် ၃ ကြိမ်ကြေညာပြီးနောက် အပြစ်မဲ့ပြည်သူ ၂၇၆ ဦးသေဆုံး

မေ ၆ - ၂၀၂၅
0

စစ်ကောင်စီက ငလျင်အပစ်ရပ် ၃ ကြိမ်မြောက် ကြေညာပြီးနောက် အပစ်ရပ်ကာလအတွင်း အပြစ်မဲ့ပြည်သူ ၂၇၆ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ ယမန်နေ့ မေလ ၅ ရက်နေ့က ထုတ်ပြန်သည်။ စစ်ကောင်စီသည် ငလျင်အပစ်ရပ်ကို ဧပြီ ၂ ရက်မှ ၂၀ ရက်နေ့အထိ တစ်ကြိမ်၊ ဧပြီ ၂၁ ရက်မှ ၃၀ နေ့အထိ တစ်ကြိမ် နောက် မေလ ၆ ရက်မှ ၃၁ ရက်နေ့အထိ တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်အထိ တိုးမြှင့်ကာ အပစ်ရပ်ကြေညာထားသည်။ သို့သော် စစ်ကောင်စီ အပစ်ရပ်ခဲ့သော ကာလအပါအဝင် NUG ထုတ်ပြန်ထားသော

Continue Reading
တော်လှန်ရေးအောင်ပွဲများတွင် ရပ်တည်တိုက်ပွဲဝင်‌ပေးခဲ့သည့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များကို မ‌မေ့ပစ်ကြရန် NUG ဝန်ကြီးချုပ်ဆို
စစ်ရေး သတင်း
1 min read
0

တော်လှန်ရေးအောင်ပွဲများတွင် ရပ်တည်တိုက်ပွဲဝင်‌ပေးခဲ့သည့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များကို မ‌မေ့ပစ်ကြရန် NUG ဝန်ကြီးချုပ်ဆို

မေ ၅ - ၂၀၂၅
1

ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းခြင်း ၄ နှစ်ပြည့်မှာ တော်လှန်ရေးအောင်ပွဲများ ရရှိခဲ့ခြင်းသည် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် ဒေသဆိုင်ရာ ကာကွယ်ရေးတပ်များကို မမေ့ပြစ်ကြရန်နှင့် ကျေးဇူးတင်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဖွဲ့စည်းခြင်း လေးနှစ်ပြည့်ချိန်တွင် စစ်ရေး၊ စည်းရုံးရေး၊ အုပ်ချုပ်ရေးစွမ်းရည်ပြည့်မီသော တပ်မတော်တစ်ရပ်အဖြစ် တည်ဆောက်ထားနိုင်ကြောင်း ဆိုသည်။ “အောင်ပွဲတွေမှာ ငါတို့နဲ့အတူ တစ်သွေးတစ်သားတည်း ရပ်တည် တိုက်ပွဲဝင်ပေးခဲ့ကြတဲ့ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ဒေသဆိုင်ရာ ကာကွယ်ရေးတပ်တွေကိုလည်း မေ့ပစ်ထားလို့မရဘူး။ ဒါကြောင့် ၄ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားလိုတယ်” ဟု NUG ဝန်ကြီးချုပ်

Continue Reading
စစ်ကောင်စီ တောင်းဆိုမှုကို TNLA ပယ်ချပြီးနောက် TNLA သိမ်းပိုက်ထား‌သော မြို့များကို စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီ တောင်းဆိုမှုကို TNLA ပယ်ချပြီးနောက် TNLA သိမ်းပိုက်ထား‌သော မြို့များကို စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်

မေ ၅ - ၂၀၂၅
0

တရုတ်နိုင်ငံ၏ ကြားဝင်ကြီးကြပ်မှုဖြင့် ဧပြီလ ၂၈ ရက်နေ့နှင့် ဧပြီလ ၂၉ ရက်နေ့တို့တွင် စစ်ကောင်စီနှင့် TNLA တို့ ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေး‌ခဲ့ကြသော်လည်း ရလဒ်များမထွက်ဘဲ ဆွေးနွေး‌ပွဲပြီးသွားပြီးနောက် စစ်ကောင်စီက TNLA ထိန်းချုပ်ထားသော မြို့များကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေသည်။ စစ်ကောင်စီဖက်က နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ နမ့်ဆမ်၊ မန်တုံနှင့် မိုးကုတ်မြို့နယ်တို့မှ TNLA တပ်များ ပြန်လည် ဆုတ်ခွာရန် တောင်းဆိုမှုကို TNLA က ပယ်ချခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီသည် မေလ ၂ ရက်နေ့ ည ၁၁း၄၅ နာရီအချိန်တွင် မိုးကုတ်မြို့ကို ပေါင် ၂၅ဝ ဗုံး နှစ်လုံးဖြင့် လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး အဆိုပါ

Continue Reading
အပစ်ရပ်ကာလ စစ်ကောင်စီ ပစ်ခတ်တိုက်ခိုက်မှု ငလျင်သင့် ဒေသများပါဝင်
သတင်း သဘာဝဘေး
1 min read
0

အပစ်ရပ်ကာလ စစ်ကောင်စီ ပစ်ခတ်တိုက်ခိုက်မှု ငလျင်သင့် ဒေသများပါဝင်

မေ ၂ - ၂၀၂၅
0

ငလျင်ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကြောင့် အာဏာသိမ်း စစ်ကောင်စီက ဧပြီလ ၂ ရက်မှ ၂၀ ရက်နေ့အထိနှင့် ဧပြီလ ၂၁ မှ ၃၀ န့အထိ စုစုပေါင်းနှစ်ကြိမ် ယာယီအပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သည်။ သို့သော်လည်း အပစ်ရပ်စဲကာလအတွင်း စစ်ကောင်စီသည် လေကြောင်းတိုက်မှုနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်ခဲ့ပြီး ငလျင်သင့်ဒေသများ ပါဝင်ခဲ့သည်ဟု Fortify Rights အဖွဲ့မှ ယနေ့ မေလ ၂ ရက်တွင် ထုတ်ပြန်ထားသည်။ ငလျင်ဘေးဒဏ်ကျရောက်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသက ဒီပဲယင်း၊ ရွှေဘိုနှင့် ကနီမြို့နယ်တို့ကို စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့ကြောင်း Fortify Rights က ဆိုသည်။ အလားတူ

Continue Reading
တပ်မတော်နှင့် ပြည်သူ ပေါင်းစည်းရေး ကြိုးပမ်းမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော
စစ်ရေး သတင်း
1 min read
0

တပ်မတော်နှင့် ပြည်သူ ပေါင်းစည်းရေး ကြိုးပမ်းမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော

မေ ၂ - ၂၀၂၅
0

နိုင်ငံ့အာဏာကို လက်နက်အားကိုးဖြင့် မတရားသိမ်းပိုက်ထားသော မြန်မာစစ်တပ်နှင့် ပြည်သူကြား ခိုင်မာသည့် ပေါင်းစည်းအားရရှိရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။ ဧပြီလ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ၂၀၂၅ခုနှစ်ညီလာခံ မိန့်ခွန်းမှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။ “နိုင်ငံတော်က ချမှတ် ထားတဲ့ ‘ပြည်သူ့စစ် မဟာဗျူဟာ’ ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့အတွက် တပ်မတော်နဲ့ပြည်သူကြားမှာ ခိုင်မာတဲ့ ပေါင်းစည်းအားရရှိဖို့ ဆက်လက်ကြိုးပမ်း ပုံဖော်ပေးသွားမယ်” ဟု မင်းအောင်လှိုင်က ပြောသည်။ တပ်မတော်၏ နိုင်ငံတော်နှင့်ပြည်သူအပေါ် ထားရှိသော စစ်မှန်သည့်သဘောထားများကို ပြည်သူများသိရှိရန်အတွက် တပ်မတော်တစ်ရပ်တည်း လုပ်ဆောင်ခြင်းထက် ပြည်သူများတွင် ရှိနေသည့် စစ်မှုထမ်းဟောင်းအဖွဲ့များ၏ စည်းရုံးရေးစွမ်းရည်ကို

Continue Reading