စစ်တွေမြို့ အမြင့်ကျွန်းက စစ်ကောင်စီတပ်စခန်းကို အာရက္ခတပ်တော် AA တိုက်ခိုက်
ရခိုင်ပြည် မြို့တော် စစ်တွေမြို့အဝင်က အမြင့်ကျွန်းမှာရှိသည့် စစ်ကောင်စီတပ်စခန်းကို အာရက္ခတပ်တော် AA က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၍ အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ည ၉ နာရီလောက်တွင် စစ်တွေမြို့အဝင်က အမြင့်ကျွန်းမှာရှိသည့် စစ်ကောင်စီတပ်စခန်းကို ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီနှင့် AA တို့ အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း မြို့ခံများက ပြောသည်။ “မနေ့က ည ၉ နာရီမှာ အမြင့်ကျွန်းဘက်မှာ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။ လက်နက်ကြီး အသံတွေက မတူကြဘူး။ အသံကတော့ တော်တော်လေးကို ကျယ်တာ။ တိုက်ပွဲဖြစ်ခဲ့ကြတာပါ” ဟု