စစ်တွေမြို့ကနေ စစ်ကောင်စီ လက်နက်ကြီးလှမ်းပစ်ခတ်မှုကြောင့် ပေါက်တောပြည်သူတစ်ဦး သဆုံး
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သော ရခိုင်ပြည် စစ်တွေမြို့ရှိ အမြောက်တပ်ရင်းများက လက်နက်ကြီးလှမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်သေဆုံးသွားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ စစ်တွေမြို့ရှိ စစ်ကောင်စီ အမြောက်တပ်ရင်း ၃၄၄ နှင့် ပွိုင့်ကမ်းနားလမ်းရှိ ရေတပ်ဌာနချုပ်ထဲက လက်နက်ကြီးများဖြင့် ပေါက်တောမြို့ဘက်သို့ ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေ ၈ နာရီခွဲအချိန်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ သတင်းရင်းမြစ်တစ်ဦးက “မနေ့ညက စစ်တွေက ပစ်ခတ်တဲ့ လက်နက်ကြီးဟာ ပေါက်တောမြို့နယ် တောင်ညိုကျေးရွာကို ကျရောက်ပေါက်ကွဲပါတယ်။ အပြစ်မဲ့ပြည်သူ အမျိုးသမီးတစ်ဦး သေဆုံးသွားပါတယ်။ အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်တာပါ” ဟု ပြောသည်။ လက်နက်ကျည်စထိမှန်၍ သေဆုံးသွားရသည့် အမျိုးသမီးမှာ ပေါက်တောမြို့နယ် တောင်ညိုကျေးရွာက အသက်