၉၉ ခြေလျင်တပ်မဌာနချုပ်မှ ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ကို AA က အရှင်ဖမ်းမိ
မကွေးတိုင်းနှင့် ရခိုင်ပြည်အစပ် ကံမြင်ကန်နှင့် ဂုတ်စည်းရိုးတိုက်ပွဲတွင် အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ်မှ ယာယီ နည်းဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး AA က အရှင်ဖမ်းဆီးရရှိကြောင်း AA ၏ သတင်းရင်းမြစ်က ပြောဆိုသည်။ ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း ဖြစ်ပွားခဲ့သော ဂုတ်စည်းရိုးတိုက်ပွဲတွင် ၎င်းကို ခြေထောက်ဒဏ်ရာနှင့်အတူ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပြီး ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သည် အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ်၊ အမှတ် ၉၉၂ နည်းဗျူဟာအဖွဲ့မှ ဖြစ်သည်။ အမှတ် ၉၉၂ နည်းဗျူဟာမှ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက် ဦးဆောင်သော အင်အား ၃၆၀ ပါ စစ်ကြောင်း ဇန်နဝါရီလ ၁၂ ရက်နေ့ ရမည်းသင်းမှ အမ်း-ပဒါန်းလမ်းပိုင်းသို့ ထွက်လာခဲ့ကြောင်း
AA စစ်ဦးစီးချုပ် ကတိအတိုင်း ဝိတိုရိယ တောင်ထိပ်မှာ ချင်းအလံကို လွှင့်ထူနိုင်ပြီ
အာရက္ခတပ်တော် AA အကူအညီဖြင့် ချင်းပြည်နယ်၊ ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံတော်ကို လွှင့်ထူနိုင်ခဲ့ပြီ ဖြစ်ကြောင်း Chin Defence Force – Kanpetlet က ဖေဖော်ဝါရီ ၈ ရက်နေ့က သတင်းထုတ်ပြန်လိုက်သည်။ အာဏာရှင်များကို အသက်၊ သွေး၊ ချွှေး များစွာနှင့် တွန်းလှန်တိုက်ထုတ်နိုင်ပြီဖြစ်၍ အနှစ်သာရပြည့်ဝပြီး စစ်မိစ္ဆာ ကင်းစင်နိုင်ခဲ့သော (ချင်းပြည်တောင်ပိုင်း) စစ်ရေးအောင်မြင်မှု အထိမ်းအမှတ် အနေဖြင့် (ဝိတိုရိယတောင်) Khawnumcung ဟု ပြန်လည်မှည့်ယူ ခေါ်ဆိုနိုင်ခဲ့ကြကြောင်း ဆိုသည်။ အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က “ခင်ဗျားတို့ကိုလည်း ခင်ဗျားတို့ ချင်းပြည်အတွက် ဝိတိုရိယ (Mt.Victoria) တောင်မှာ ချင်းအလံကို လွှင့်ထူနိုင်အောင်ကျွန်တော်တို့
စစ်တွေမြို့အနီးမှာ လက်နက်ကြီး ပစ်ခတ်သံများကြားရ
ရခိုင်ပြည် စစ်တွေမြို့အနီးမှာ ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၁၀ နာရီကျော်အချိန်က ကျယ်လောင်သည့် လက်နက်ကြီးပစ်ခတ်သံများ ကြားရကြောင်း စစ်တွေမြို့ခံများက ပြောသည်။ စစ်တွေမြို့ခံများမှာ နေရာအတိအကျ မသိကြသော်လည်း အမြင့်ကျွန်းနှင့် ပါဒလိတ်ဘက်တွင် ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြသည်။ “မနေ့ညက လက်နက်ကြီးသံတွေ ၁၀ နာရီကျော်လောက်မှာ စကြားရတယ်။ ဘယ်သူတွေ ပစ်တာလဲတော့ မသိဘူး။ တော်တော်ကို အသံမြည်တာ။ ၁၂ နာရီကျော် ၁ နာရီလောက်မှာ လေယာဉ်သံတွေကြားရတယ်။ ဟိုက်စကီးဆင်းတာလည်း ကြားရတယ်” ဟု ပြောသည်။ အာရက္ခတပ်တော် AA အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက စစ်တွေမြို့အနီးရှိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းအချို့ကို AA က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု
တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ရှေးရှုတွေးမြင် လုပ်ဆောင်ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော
တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် မိမိတို့၏ဆန္ဒနှင့် မိမိအဖွဲ့အစည်းအကျိုး စီးပွားထက် ဖြစ်သင့်ဖြစ်ထိုက်သည့် ပြည်ထောင်စုနှင့် တိုင်းရင်းသားပြည်သူအားလုံး၏ အကျိုးစီးပွားကို စိတ်ရင်းစေတနာမွန်ဖြင့် ရှုမြင်သုံးသပ်ကာ ပြည်ထောင်စုငြိမ်းချမ်းရေးကို ရှေးရှုတွေးမြင် လုပ်ဆောင်ကြရန် လိုအပ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။ ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သော ၇၈ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှာ မင်းအောင်လှိုင်က ထည့်သွင်း ပြောဆိုထားခြင်းဖြစ်သည်။ “မိမိတို့နိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခသည် ခက်ခဲကြမ်းတမ်းသော စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။ မိမိတို့အနေဖြင့် နိုင်ငံတော်အကျိုး၊ ပြည်သူအကျိုးအတွက် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ် ဖော်ဆောင်လိုသည့် ရည်ရွယ်ချက်သာရှိပါသည်” ဟု စစ်ခေါင်းဆောင်
စစ်ကောင်စီ ဆက်တိုက်ဖမ်းဆီးမှုကြောင့် ရန်ကုန်ရောက် ရခိုင်လူငယ် ရာနှင့်ချီ ရခိုင်နှင့် နိုင်ငံခြားသို့ ထွက်ခွာ
အာဏာသိမ်း စစ်ကောင်စီ၏ ဆက်တိုက် လိုက်လံဖမ်းဆီးနေ၍ ရန်ကုန်မှာရှိသည့် ကျောင်းသားလူငယ်များအပါအဝင် ရခိုင်လူငယ် ရာနှင့်ချီ ရခိုင်နှင့် နိုင်ငံခြားသို့ ထွက်ခွာသွားကြောင်း စုံစမ်း သိရှိရသည်။ ရန်ကုန်တိုင်း မြို့နယ် ၅ ခုထက်မနည်းမှ အဆောင် ၆၀ ခုထက်မနည်းက ရခိုင်လူငယ် ၄၀၀ ကျော်မှာ မိမိဒေသ ရခိုင်ပြည်နှင့် ထိုင်း၊ မလေးရှားအပါအဝင် နိုင်ငံခြားသို့ ထွက်ခွာသွားကြောင်း ရန်ကုန်ရောက် ရခိုင် အဖွဲ့အစည်းတစ်ချို့ က ပြောသည်။ “အခုအဖမ်း အဆီးအရမ်းများတယ်။ တစ်ချို့ လူငယ်တွေဆို အဖွဲ့အလိုက်သွားတယ်။ တစ်ချို့ကတော့ စုဖွဲ့ပြီးတော့ သွားတယ်။ ကျောင်းတက်နေတဲ့ ကလေးတွေပါတယ်။ ပြီးတော့ ဘာသာစကားသင်တန်းကျောင်းတက်နေသူတွေ၊ ပန်းထိမ်း လုပ်နေတဲ့သူတွေ အများကြီးပါပဲ။ အခု
ဂွမြို့နယ် ကန့်ကော်တောင်ရွာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ အဆောက်အအုံများပျက်စီးသွား
အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ရခိုင်ပြည်၊ ဂွမြို့နယ် ကျိန္တလီမြို့ ကန့်ကော်တောင်ကျေးရွာကို ဖေဖော်ဝါရီလ ၄ ရက်က စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အအုံများ ပျက်စီးသွားကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်ခြင်းမရှိဘဲ အဆောက်အအုံများ ပျက်စီးသွားကြောင်း ဂွမြို့နယ် ဒေသခံတစ်ဦးက Western News ကို ပြောသည်။ “ဖေဖော်ဝါရီလ ၄ ရက်မှာ ကန့်ကော်တောင်လို့ ခေါ်တဲ့ ကွက်သစ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေ ပျက်စီးသွားပါတယ်။ လေးငါးခြောက်ဆောင်လောက် ပျက်စီးသွားပါတယ်။ လူတော့ အထိအခိုက် မရှိဘူး” ဟု ပြောသည်။ ဂွမြို့နယ်၊ ကျိန္တလီမြို့သည်
စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် အမျိုးသမီး ၈၆ ဦး သေဆုံးခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂပြော(သေဆုံးသူများထဲ ရခိုင်က အမျိုးသမီး ၃၉ ဦးပါဝင်)
အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအပါအဝင် နေအိမ်များအား လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ၂၀၂၅ ဇန်နဝါရီလအတွင်း အမျိုးသမီး ၈၆ ဦးသေဆုံးခဲ့ရသည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ထုတ်ပြန်ပြောသည်။ စစ်ကောင်စီ၏ အကြမ်းဖက် ကျူးလွန်မှုများကြောင့် ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်းမှာ အမျိုးသမီး ၈၆ ဦးသေဆုံးခဲ့ရသည်ဟု BWU က ထုတ်ပြန်ထားသည်။ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှုများကြောင့် ၇၃ ဦး၊ ပြည်သူများ၏ ရွာနှင့်နေအိမ်များအား ပစ်မှတ်ထား လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁၂ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၁ တို့ပါဝင်ကြောင်း သိရသည်။ ယင်းအထဲတွင် BWU ၏ အချက်အလက်အရ ရခိုင်က အမျိုးသမီး ၃၉
စစ်တွေမြို့အဝင်က စစ်ကောင်စီ ဂိတ်စခန်းအချို့ကို AA က စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်
ရခိုင်ပြည်၊ စစ်တွေမြို့အဝင် ဟိုက်ဝေးလမ်းမပေါ်ရှိ စစ်ကောင်စီ၏ ဂိတ်စခန်းအချို့ကို အာရက္ခတပ်တော် AA က စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း စစ်တွေမြို့ခံ စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ အာရက္ခတပ်တော် AA မှ စစ်တွေမြို့အဝင်က စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများအား စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်မှာ တစ်လနီးပါး ရှိလာနေပြီဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။ “စစ်တွေမြို့အဝင်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းတွေက ရန်ကုန်-စစ်တွေ ဟိုက်ဝေးလမ်းမပေါ် ဘေးတစ်ဖက်တစ်ချက်စီမှာ ရှိတယ်။ အဓိက ပါဒလိတ်၊ အမြင့်ကျွန်း၊ ရွှေမင်းဂံ စတဲ့ နေရာတွေကို AA က အဓိက တိုက်ခိုက်နေတယ်” ဟု ပြောသည်။ အာရက္ခတပ်တော် AA က စနိုက်ပါပစ်ခတ် တိုက်ခိုက်မှုအပြင် လက်နက်ကြီးများဖြင့်လည်း
ရခိုင်မှာ မြေမြှုပ်မိုင်းနှင့် စစ်ကျန် လက်နက်ပစ္စည်းများကြောင့် သေဆုံးမှု မြင့်တက်လာ၊ မိုင်းရှင်းလင်းရေးနှင့် အသိပညာပေး ပိုမို့ လုပ်ဆောင်ရန် လိုအပ်လာ
ရခိုင်တွင် ယခုတစ်လော မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုများကြောင့် ပြည်သူများ နေ့စဉ်ဆိုသလို သေဆုံးမှုများ မြင့်တက်လာနေပြီး မိုင်းအန္တရာယ် အသိပညာပေး ပိုမို့ လုပ်ဆောင်ရန် လိုအပ်လာနေကြောင်း ဒေသခံများက ပြောသည်။ တစ်ဖက်တွင်လည်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်နှင့်ပတ်သက်၍ သက်ဆိုင်ရာက တာဝန်ယူရှင်းလင်းရန် လိုသလို အခြားတစ်ဖက်တွင်လည်း မိုင်းအန္တရာယ် အသိပညာပေး ပိုမို့ လုပ်ဆောင်ရန် လိုအပ်နေကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။ မြို့ပေါ်အပါအဝင် ကျေးလတ်နေ ပြည်သူများမှာ မြေမြှုပ်မိုင်း၊ စစ်ကျန်လက်နက်များနှင့် ပတ်သက်၍ အသိပညာပေးမှုများ သိရှိမှု အားနည်းသောကြောင့် ယခုလို သေဆုံးမှုများ ဆက်တိုက် မြင့်တက်လာနေကြောင်း ဂွမြို့နယ် လူမှုကယ်ဆယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ “အခုတစ်လော သေဆုံးမှုတွေ အရမ်းမြင့်တက်လာနေပါတယ်။
လေကြောင်း တိုက်ခိုက်တ်မှုကြောင့် ၄ နှစ်တာ ကာလအတွင်း ကျောင်းသား၊ ကျောင်းဆရာနှင့် ကျန်းမာရေး ဝန်ထမ်း ၄၀၀ နီးပါး သေဆုံးခဲ့
စစ်စစ်က အာဏာသိမ်းခဲ့သည့် ၄ နှစ်တာကာလအတွင်း စာသင်ကျောင်းနှင့် ဆေးရုံဆေးခန်းများကို စစ်တပ်က တိုက်ခိုက်မှုကြောင့် ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမ နှင့် CDM ကျန်းမာရေးဝန်ထမ်း ၄၀၀ နီးပါး သေဆုံးခဲ့ကြောင်း သိရသည်။ စစ်အုပ်စုက ရည်ရွယ်ချက် ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့သော စာသင်ကျောင်းပေါင်း ၂၄၅ ကျောင်း ထက်မနည်းရှိခဲ့ပြီး ဆေးရုံဆေးခန်း ၃၄၀ ကျော်မှာလည်း ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရကြောင်း NUG အစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ က ပြောသည်။ ပညာရေးနှင့် သက်ဆိုင်သော နေရာများကိုလည်း ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်မှုကြောင့် ကျောင်းသား၊ ကျောင်း သူ၊ ဆရာ၊ ဆရာမ စုစုပေါင်း