ရန်ကုန်က ရခိုင်ပြန်ကြမယ့် ရခိုင်တိုင်းရင်းသားတွေကို စစ်ကောင်စီက ဖမ်းဆီးနေ
စစ်ရေး ဗီဒီယိုသတင်း သတင်း
1 min read
230

ရန်ကုန်က ရခိုင်ပြန်ကြမယ့် ရခိုင်တိုင်းရင်းသားတွေကို စစ်ကောင်စီက ဖမ်းဆီးနေ

July 11, 2024
0

Continue Reading
တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်နှင့် AA တို့ သံတွဲ လင်းသာတွင် တိုက်ပွဲပြင်းထန်နေ
စစ်ရေး သတင်း
1 min read
115

တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်နှင့် AA တို့ သံတွဲ လင်းသာတွင် တိုက်ပွဲပြင်းထန်နေ

July 11, 2024
0

တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ ယနေ့ ဇူလိုင် ၉ ရက်နေ့ နံနက်ပိုင်းက သံတွဲမြို့ လင်းသာကမ်းခြေတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားနေသည့် နေရာများအပါအဝင် ငပလီကမ်းခြေ၊ ရွှေကျောင်းပြင်ရွာ၊ သံတွဲမြို့ရပ်ကွက်များကို လေကြောင်းနှင့် လက်နက်ကြီးတို့ဖြင့် ပစ်ခတ်နေပြီး အရပ်သားများ ထိခိုက်မှုအခြေအနေကို မသိရသေးပေ။ AA ၏ ထိုးစစ်ကြောင့် ငပလီမှတပ်ဆုတ်လာသည့် စစ်ကောင်စီတပ်၏ ခလရ (၅၅)၊ ခမရ (၅၆၆) နှင့် ပြည်သူ့စစ်များသည် ဂျိတ္တောရပ်ကွက်တွင် ပူးပေါင်းခံစစ်ဖြင့် တိုက်ခိုက်နေ၍ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည်။ သံတွဲ ဒေသခံတစ်ဦးက “စစ်ကောင်စီတပ်ဖွဲ့တွေက တပ်ဆုတ်လာကြတယ်။ အဲ့ဒီ

Continue Reading
စစ်ကောင်စီထံ စစ်မှုမထမ်းလို၍ ပြည်သူ ၁၂ ဦး မိမိကိုယ်ကို အဆုံးစီရင်
စစ်ရေး သတင်း
1 min read
86

စစ်ကောင်စီထံ စစ်မှုမထမ်းလို၍ ပြည်သူ ၁၂ ဦး မိမိကိုယ်ကို အဆုံးစီရင်

July 9, 2024
0

(သတ်သေ စာရင်းထဲ ရခိုင် မာန်အောင်က လူငယ်တစ်ဦးလည်း ပါဝင်) အာဏာသိမ်း စစ်ကောင်စီက နိုင်ငံတဝှမ်း စစ်ရှုံးနေချိန် တပ်အင်အား ပြန်လည်ဖြည့်ဆည်းရန် နိုင်ငံအတွင်းက လူငယ်များကို စစ်မှုထမ်းရန် အတင်းအဓမ္မခေါ်ယူပြီးနောက် ပြည်သူ ၁၂ ဦး မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း သိရသည်။ ပြည်သူ့ထောက်ခံချက်မပါသော စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ပြဌာန်းပြီး နိုင်ငံအတွင်းက လူငယ် ၅၆၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီးနောက် ပြည်သူ ၁၂ ဦးမှာ အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်ဟု Spring Revolution Database (SRD) ၏ အစီရင်ခံစာအရ သိရသည်။ စစ်ကောင်စီက ယခုနှစ် ၆ လတာ ကာလအတွင်း တနိုင်ငံလုံးအတိုင်းအတာဖြင့် အရပ်သား ပြည်သူ

Continue Reading
ရန်ကုန်-ရခိုင် သွားလာကြသူများ ဖမ်းဆီးခံရမှု များပြား
နိုင်ငံရေး သတင်း
1 min read
327

ရန်ကုန်-ရခိုင် သွားလာကြသူများ ဖမ်းဆီးခံရမှု များပြား

July 9, 2024
1

ရန်ကုန်-ရခိုင်ပြည်ကို တောလမ်းများမှ ပွဲစားဖြင့်သွားလာကြသူများကို စစ်ကောင်စီတပ်က ဖမ်းဆီးနေကြောင်း သိရသည်။ စစ်ကောင်စီ၏ ပိတ်ဆို့ကန့်သတ်ထားချက်များကြောင့် ရန်ကုန်မှ ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်၍ မရဖြစ်နေကြသည့် ရခိုင်အများစုမှာ ရခိုင်သို့ လာရောက်နိုင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းလျှက်ရှိနေကြသည်။ ထိုကဲ့သို့ ကြိုးပမ်းသူများမှာ ရသည့်နည်းဖြင့် သွားလာကြရာမှ လမ်းခရီးတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးမှုကို ခံကြရခြင်းဖြစ်သည်ဟု ရန်ကုန်ရောက် ရခိုင်အမျိုးသမီးတစ်ဦးကပြောသည်။ “အများအားဖြင့် အဖမ်းခံကြရတယ်။ ကျမတို့ ရခိုင်ပြန်တုန်းကဆိုရင် အယောက် ၃၀ လောက်ပါတယ်။ တစ်ယောက်ကို ကျပ် ၆ သိန်းစီပေးပြီး သွားရတာ။ ရခိုင်ကိုလည်း မရောက်ခဲ့ပါဘူး။ လမ်းခုလတ်မှာ စစ်ကောင်စီထံမှာ အဖမ်းခံရတယ်။ ပြန်လွှတ်လိုက်ပေမယ့် သူတို့က ရခိုင်ကိုဘယ်တော့မှ မပို့ပါဘူး။ ရန်ကုန်ကိုပဲ ပြန်လာကြရတယ်။

Continue Reading
စဉ့်ကူးက စစ်ကောင်စီတပ်စခန်း ၁၁ ခုကို မန္တလေး PDF သိမ်းပိုက်
စစ်ရေး သတင်း
1 min read
141

စဉ့်ကူးက စစ်ကောင်စီတပ်စခန်း ၁၁ ခုကို မန္တလေး PDF သိမ်းပိုက်

July 9, 2024
0

(ဒုတပ်မှူး ဒုဗိုလ်မှူးကြီး လှိုင်းထွန်းအောင်အပါအဝင် စစ်ကောင်စီတပ်သား ၁၅ ဦးကို အရှင် ဖမ်းဆီးရမိ) မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က စစ်ကောင်စီတပ်စခန်း ၁၁ ခုကို မန္တလေး PDF က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းအများအပြား အပြင် ဒုတိယတပ်မှူး ဒုဗိုလ်မှူးကြီး လှိုင်းထွန်းအောင်နှင့် ၁၄ ဦးကို အရှင်းဖမ်းဆီးရမိကြောင်း သိရသည်။ မန္တလေးတိုင်း စစ်ရေးအခြေအနေကို မန္တလေး PDF က ယနေ့ ဇူလိုင်လ ၈ ရက်နေ့က ထုတ်ပြန်ရာတွင် ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မန္တလေး PDF မှာ စဉ့်ကူးမြို့နယ်အတွင်းက စစ်ကောင်စီ၏ ရွှေပြည်ရဲစခန်း၊ လက်ပန်လှရဲစခန်း၊ ကျည်တောက်ပေါက်တပ်စခန်း၊ ကန်တောင်တပ်စခန်းနှင့် ပလယ်ကြီးတပ်စခန်း စသဖြင့်

Continue Reading
မာန်အောင်မှာ ကုန်ပစ္စည်းသယ် စက်လှေများဖမ်းဆီးခံရ
စစ်ရေး သတင်း
1 min read
167

မာန်အောင်မှာ ကုန်ပစ္စည်းသယ် စက်လှေများဖမ်းဆီးခံရ

July 9, 2024
0

ရခိုင်ပြည် မာန်အောင်မြို့နယ်မှာ ပြီးခဲ့သည့်သီတင်းပတ်စ၍ ကုန်ပစ္စည်းများသယ်ယူလာသည့် စက်လှေများကို စစ်ကောင်စီ စစ်ရေယာဉ်များက ဖမ်းဆီးနေကြောင်း စုံစမ်းသိရသည်။ စက်လှေများမှာ ဇွန်လနောက်ဆုံး သီတင်းပတ်စပြီး ဖမ်းဆီးခံနေရကာ တပိုင်တနိုင် ကုန်စည်သယ်ယူသူများ များစွာနစ်နာဆုံးရှုံးနေရသည်ဟု မာန်အောင်ဒေသခံတစ်ဦးက ပြောသည်။ “အဖမ်းအဆီးများတာကတော့ ဇွန်လ နောက်ဆုံးအပတ်ထဲကနေ စတာပါ။ ကုန်တင်လာတဲ့ဘယ်ဘုတ်မဆို ဖမ်းတယ်။ ကုန်စည်သယ်ခွင့် ပိတ်တာကတော့ အစကတည်းက ပိတ်တာပဲ။ ဒါပေမယ့် စစ်တပ်ကလူတွေနဲ့ ညှိလို့ အဆင်ပြေရင် သွားလို့ရကြတယ်။ အခုနောက်ပိုင်းကျ ညှိပြီးသွားရင်တောင် အဖမ်းခံရတာမျိုးတွေဖြစ်လာတာ။ ” ဟု ပြောသည်။ ဖမ်းဆီးခံရသူများကို ပြန်လည်ရွေးထုတ်ရာတွင် ကျပ်သိန်းရာနှင့်ချီပေးနေရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ငွေညှစ်တောင်းယူနေကြသည်။ စက်လှေများကို တောင်ကုတ်-မာန်အောင် ရေလက်ကြားရှိ စစ်ကောင်စီ နေဗီမှ အဓိက

Continue Reading
ပုဂ္ဂလိကဘဏ်အချို့တွင် စပယ်ရှယ်အကောင့်ကို တစ်ရက် ငွေကျပ် ၁၀ သိန်းသာ ထုတ်ပေး
စီးပွားရေး သတင်း
1 min read
116

ပုဂ္ဂလိကဘဏ်အချို့တွင် စပယ်ရှယ်အကောင့်ကို တစ်ရက် ငွေကျပ် ၁၀ သိန်းသာ ထုတ်ပေး

July 9, 2024
0

မြန်မာနိုင်ငံက ပုဂ္ဂလိကဘဏ်များတွင် စပယ်ရှယ်ဘဏ်အကောင့်များကို တစ်ရက်လျှင် ကြိုက်သလောက် ထုတ်ခွင့်ရခဲ့သော်လည်း လက်ရှိတွင် တစ်ရက်လျှင် ငွေကျပ် ၁၀ သိန်းသာ ထုတ်ပေးတော့ကြောင်း စုံစမ်းသိရသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ပုဂ္ဂိလကဘဏ်များတွင် အကောင့်များကို ငွေထုတ်ကန့်သတ်ခဲ့ပြီးနောက် ငွေသွင်းငွေထုတ် ပိုမိုလွယ်ကူစေရန် စပယ်ရှယ် (Special Account) ဘဏ်အကောင့်များကို ထပ်မံ ဖွင့်လှစ်ပေးခဲ့သော်လည်း ယခုအခါ ကြိုက်သလောက် ငွေထုတ်၍ မရတော့ပေ။ ဗဟိုဘဏ်က သတ်မှတ်ထားသော ချေးငွေထက် ပိုလွန်၍ ချေးငွေပိုထုတ်ချေးခဲ့သည်ဟုဆိုကာ အာဏာသိမ်း စစ်ကောင်စီက ပုဂ္ဂလိက ဘဏ် ၇ ခုကို အရေးယူမည်ဟု ဇူလိုင်လ ၁ ရက်နေ့က ကြေညာခဲ့သည်။ ထိုသို့ ကြေညာပြီးနောက် ဇူလိုင်လ ၂ ရက်နေ့ကစ၍

Continue Reading
AA ထုတ်ပြန်သော သံတွဲမြို့သိမ်းတိုက်ပွဲ
စစ်ရေး သတင်း
1 min read
216

AA ထုတ်ပြန်သော သံတွဲမြို့သိမ်းတိုက်ပွဲ

July 8, 2024
0

(မြန်မာ့တော်လှန်ရေးသမိုင်းတွင် လေဆိပ်သိမ်းသည့်တပ် AA ဖြစ်လာ) သံတွဲမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော် AA က ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့ နံနက် ၆ နာရီတွင် စတင်ခဲ့ပြီး စစ်ကောင်စီ၏ ခလရ ၅၅ နှင့် ကြိုကြားတိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။ အစောပိုင်းတွင် ကြိုကြားတိုက်ပွဲများဖြင့် စတင်ခဲ့သော်လည်း မေလနှင့် ဇွန်လတို့တွင် နေ့စဉ်နီးပါး တိုက်ပွဲများပြင်းထန်ကာ ဇူလိုင်လ ပထမ အပတ်မှာ တိုက်ပွဲအရှိန် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း AA က ထုတ်ပြန်ပြောထားသည်။ သံတွဲမြို့နယ်နှင့် ငပလီမြို့တို့တွင် အာဏာသိမ်း စစ်ကောင်စီမှာ ခမရ ၅၆၆ တပ်ရင်းနှင့် ခလရ ၅၅ တပ်ရင်းအပြင် တပ်မ

Continue Reading
ရခိုင်က စစ်ကောင်စီ၏ ကျန်ရှိ တပ်ရင်းဌာနချုပ်များနှင့် ကျောက်ဖြူရေတပ်ကို AA က ပိတ်ဆို့ထား
စစ်ရေး သတင်း
1 min read
375

ရခိုင်က စစ်ကောင်စီ၏ ကျန်ရှိ တပ်ရင်းဌာနချုပ်များနှင့် ကျောက်ဖြူရေတပ်ကို AA က ပိတ်ဆို့ထား

July 8, 2024
0

ရခိုင်ပြည်အတွင်း အာဏာသိမ်း စစ်ကောင်စီမှာ ကျန်ရှိနေသေးသော အမ်း နပခ ဌာနချုပ်၊ စကခ ၅ တောင်ကုတ်ဌာနချုပ်၊ စစ်တွေ ဒကစ ဌာနချုပ်နှင့် ကျောက်ဖြူမြို့က ဓညဝတီရေတပ်ဌာနချုပ်တို့ကို အာရက္ခတပ်တော် AA က ဝိုင်းရံပိတ်ဆို့ထားကြောင်း သိရသည်။ ယမန်နေ့ ဇူလိုင်လ ၇ ရက်နေ့ ရခိုင်ပြည်အတွင်း စစ်ရေးသတင်းထုတ်ပြန်ချက်တွင် အာရက္ခတပ်တော် AA က ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲကို AA က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့က စတင်ခဲ့ပြီး လက်ရှိတွင် ၇ လခွဲကျော် ကြာမြင့်ကာ မြို့နယ် ၁၀ ခုနှင့် စစ်ကောင်စီတပ်စခန်း အမြောက်အများကို သိမ်းပိုက်ထားပြီဖြစ်သည်။

Continue Reading
DMG သတင်းထောက် လွတ်မြောက်ရေး RSF တောင်းဆို
သတင်း
1 min read
115

DMG သတင်းထောက် လွတ်မြောက်ရေး RSF တောင်းဆို

July 7, 2024
0

ရခိုင်အခြေစိုက် DMG သတင်းဌာနမှ သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်အောင်တို့ နှစ်ဦး အမြန်ဆုံးပြန်လည်လွတ်မြောက်ရေး စစ်ကောင်စီကို ဖိအားပေးရန် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF က တောင်းဆိုလိုက်သည်။ DMG သတင်းထောက်နှင့် ရုံးဝန်ထမ်းအပြင် မြန်မာနိုင်ငံအတွင်း မတရားထောင်ဒဏ်ချမှတ်ခံထားရခြင်းနှင့် ဖမ်းဆီးခံထားရသော သတင်းများအားလုံး ပြန်လည်လွတ်မြောက်ရေးအတွက် နိုင်ငံတကာကို RSF က ဇူလိုင်လ ၅ ရက်နေ့တွင် တိုက်တွန်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်း စစ်ကောင်စီသည် DMG ဝန်ထမ်းနှစ်ဦးက မတရားထောင်ဒဏ်ချမှတ်ခဲ့သည်ဟု RSF က ပြောဆိုထားသည်။ ၂၀၂၃ အောက်တိုဘာ ၂၉ ရက်က DMG သတင်းထောက် ကိုထက်အောင်မှာ ဘာသာရေးအလှူပွဲ သတင်းဓာတ်ပုံရိုက်ကူးရင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး

Continue Reading