ရခိုင်တိုက်ပွဲတွင် သေဆုံးခဲ့သော စစ်မှုထမ်း တပ်သားနှစ်ဦး မိသားစုကို စစ်တပ်က အကြောင်းမကြား
ရခိုင်တိုက်ပွဲတွင် သေဆုံးခဲ့သည့် စစ်မှုထမ်း တပ်သားနှစ်ဦးအား မိသားစုကို စစ်ကောင်စီတပ်ဖက်က တစ်စုံတစ်ရာ အကြောင်းကြားချင်း မရှိဘဲ ပျောက်ဆုံးစာရင်းသွင်းထားကြောင်း မိတ်ဆွေများထံမှ စုံစမ်းသိရသည်။ ဧရာ၀တီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ် ၂ ရပ်ကွက်မှ စစ်မှုထမ်းတပ်သား အောင်နိုင်ထွန်းနှင့် သက်ပိုင်စိုးတို့ ၂ ဦးသည် ရခိုင်တိုက်ပွဲတွင် သေဆုံးခဲ့သော်လည်း မိသားစုကို စစ်တပ်က အကြောင်းမကြားခြင်းမရှိခဲ့ကြောင်း မိတ်ဆွေများမှ ပြောသည်။ မိသားစုဝင်တစ်ဦးက “စစ်မှုထမ်း အပတ်စဉ် ၃ သင်တန်းဆင်း ကိုအောင်နိုင်ထွန်းနဲ့ ကိုသက်ပိုင်စိုးက အတင်းအကျပ် စစ်တပ်ထဲ အသွင်းခံရသူတွေပါ။ အသက်တွေက ၂၀ ကျော်လေးတွေ။ သူတို့ ရခိုင်တိုက်ပွဲမှာ ကျဆုံးတာကို တပ်ထဲက မိတ်ဆွေတွေက မိသားစုဆီကို လှမ်းပြောကြတယ်”ဟုပြောသည်။ စစ်မှုထမ်း
ရမ်းဗြဲ ကျောက်နီမော်ကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား ၄၀ ကျော်သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိ
အာဏာသိမ်း စစ်ကောင်စီက အရပ်သားများနေထိုင်ကြသော ရခိုင်ပြည် ကျောက်နီမော်ကျေးရွာကို လေကြောင်းက ယမန်နေ့ ဇန်နဝါရီလ ၈ ရက် နေ့လယ် ၁ နာရီကျော်အချိန်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင် အပြစ်မဲ့အရပ်သားပြည်သူ ၄၀ ကျော်သေဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ ကနဦး သိရသည်။ လူနေအိမ် ၅၀၀ ခန့်မှာလည်း မီးလောင်ပျက်စီးသွားပြီး ထိခိုက်သေဆုံးသူများထဲတွင် ကလေးငယ်များ၊ အမျိုးသမီးနှင့် သက်ကြီးပိုင်းများ ပါဝင်ကြောင်း သိရသည်။
ရခိုင်ရိုးပေါ်က တောင်ပုံကြီးစခန်းနှင့် ဗေဒါစစ်ဆေးရေးဂိတ်ကို AA သိမ်းပိုက်လိုက်ပြီဟုဆို
ရခိုင်ရိုးမတောင်တန်းပေါ်က တောင်ပုံကြီး စစ်စခန်းနှင့် ဗေဒါစစ်ဆေးရေးဂိတ်ကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုကြသည်။ တောင်ပုံကြီးစစ်စခန်းသည် ရခိုင်ရိုးမ တောင်ကုတ်-ပန်းတောင်းပေါ်တွင်ရှိပြီး ဗေဒါစစ်ဆေးရေးဂိတ်သည် ဂွ-ငသိုင်းချောင်း ရိုးမပေါ်တွင်ရှိသော စစ်ကောင်စီ စစ်စခန်းများဖြစ်ကြသည်။ ရခိုင်ရိုးမတောင်တန်းပေါ်က စစ်ကောင်စီ စစ်စခန်းများကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်နေသည်မှာ ကြာပြီဖြစ်ပြီး အမ်း၊ တောင်ကုတ်၊ ဂွမြို့တို့ကို သိမ်းပြီးနောက် ထိုးစစ်အရှိန်မြှင့်တင်ခဲ့ခြင်းဖြစ်သည်။ “တောင်ကုတ်ရိုးပေါ်က တောင်ပုံကြီးစခန်းနဲ့ ဂွရိုးပေါ်က ဗေဒါစစ်ဆေးရေးဂိတ်ကို AA က သိမ်းလိုက်ပါပြီ။ တောင်ပုံကြီးက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မိုးထိကို ရောက်သွားတယ်။ မိုးထိက ပန်းတောင်းမြို့အပိုင်ဖြစ်ပါတယ်။ မိုးထိမှာ စစ်ကောင်စီ စခန်းရှိတယ်” ဟု
သိမ်းပိုက်ထားသည့် မြို့နယ်များတွင် ပြန်လည်တည်ဆောက်ရေးနှင့် မြို့သန့်ရှင်းရေးများ AA လုပ်ဆောင်နေ
အာရက္ခတပ်တော် AA က သိမ်းပိုက်ထားသည့်မြို့နယ်များတွင် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများနှင့် မြို့သန့်ရှင်းရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် လုပ်ဆောင်လျက်ရှိနေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများတွင် မီးလောင်ပျက်စီးသွားခဲ့သော နေအိမ်များကို အာရက္ခပြည်သူ့အစိုးရအဖွဲ့က ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။ လေကြောင်း ပစ်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးခဲ့သည့် နေအိမ်ကို အဓိက ပြန်လည် တည်ဆောင်နေခြင်း ဖြစ်ပြီး မီးလောင်သွားသည့် နေအိမ်အချို့အတွက် တိုင်များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ ပလက်ဝဒေသ အပါအဝင် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲ၊
AA ဝင်တိုက်တော့မည်ဟု သတင်းကြောင့် ကျောက်ဖြူမြို့တွင် စစ်ကောင်စီ စစ်ဆေးရေးကြမ်းနေ
အမ်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) သိမ်းပြီးနောက် ကျောက်ဖြူမြို့ကို ဇန်နဝါရီလအတွင်း အာရက္ခတပ်တော် AA က ဝင်တိုက်တော့မည်ဟု ကောလာဟလ သတင်းကြောင့် ကျောက်ဖြူမြို့အတွင်း စစ်ကောင်စီက ယခင်ထက် ပိုတင်းကျပ်စွာ စစ်ဆေးမှု ပြုလုပ်နေကြောင်း သိရသည်။ လေဆိပ်၊ မြို့အဝင် ကျောက်တစ်လုံးဂိတ်နှင့် ဂျပန်မဆိပ်ကမ်းတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယခင်ထက် စစ်ဆေးရေးတင်ကြပ်ပြီး ငွေတောင်းယူခြင်းများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။ ကျောက်ဖြူမြို့ကတစ်ဆင့် ရခိုင်မြောက်ပိုင်းဘက်သို့ သွားရောက်ရန် ထိုင်းနှင့် မလေးရှားပြန် လူကြီးလူငယ်အများအပြား ရန်ကုန်မြို့တွင် စောင့်ဆိုင်းနေကြသည်။ “အခု ရက်ပိုင်း ကျောက်ဖြူမြို့က အစစ်အဆေး ကြမ်းနေတော့ ခဏဆိုင်းထားပါတယ်။ နည်းနည်းငြိမ်မှ သွားမလို့ပါ။ စောင့်နေတာတော့ လဝက်လောက်တော့ ရှိပြီ။ မြို့တွင်းတိုက်ပွဲတွေ ဖြစ်လာနိုင်လို့ဆိုပြီး
ဂွနှင့် မကျီးဇင်ကို စစ်ကူပို့ရန် ပုသိမ်-ရန်ကုန် ပြေးဆွဲနေသည့် ကုန်ကားကြီးများကို စစ်ကောင်စီ ပေါ်တာဆွဲနေ
ရခိုင်ပြည် ဂွမြို့နှင့် ဧရာဝတီ မကျီးဇင်ဒေသဘက်ကို လက်နက်များနှင့် စစ်ကူအင်အားများ ပေးပို့ရန် အာဏာသိမ်း စစ်ကောင်စီသည် ပုသိမ်-ရန်ကုန် ပြေးဆွဲနေသည့် ကုန်ကားကြီးများကို တစ်ရက်မှာ အနည်းဆုံး ၄ စီးဖြင့် ပေါ်တာဆွဲနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ကုန်ကားလုပ်ငန်းရှင်များက စစ်ကောင်စီ တောင်းယူသည့် ကားများကို ထုတ်မပေး၍ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရန်ကုန်သို့သွားရောက်မည့် ပုသိမ်က ကုန်ကားကြီးများကို စစ်ကောင်စီသည် ထွက်ခွင့်ပိတ်ပင်ထားခဲ့သည်။ ပုသိမ်ဒေသခံ သတင်းရင်းမြစ်တစ်ဦးက “ပြီးခဲ့တဲ့ ၃ ရက်လောက်က စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဟာ ကုန်ကားသမားတွေ အားလုံးကို ခေါ်ယူသတိပေးပါတယ်။ တစ်ရက်မှာ ကုန်ကားအနည်းဆုံး ၄ စီးပေးရမယ်။ ဂွနဲ့ မကျီးဇင်ဘက်ကို စစ်သားတွေ တင်ပြီး ပို့ပေးရမယ်။
စရဖ ဗိုလ်မှူး ဇေယျာမင်း ပစ်ခတ်ခံရမှုတွင် မိဘများကိုပါ စစ်ကောင်စီက ဖမ်းဆီးထား
စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ဗိုလ်မှူး ဇေယျာမင်း ပစ်ခတ်ခံရမှုတွင် အာဏာသိမ်း စစ်ကောင်စီသည် အမှုနှင့်သက်ဆိုင်ခြင်းမရှိသော မိဘများကိုပါ ဖမ်းဆီးထားသည်။ ဇေယျာမင်းကို Together Urban Force က ပစ်ခတ်တိုက်ခိုက်သည်ဟုဆိုကာ ပြောက်ကျားတပ်ဖွဲ့ဝင်အပါအဝင် ၇ ဦးကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီက ဇန်နဝါရီလ ၅ တွင် ထုတ်ပြန်ထားသည်။ မိုးထက်အောင်(ခ)မိုးထက်(ခ)တိမ်ညို၊ နိုင်ဝင်းလတ်၊ ခိုင်မင်းစိုး(ခ)ငြိမ်းခန့်လင်း(ခ)ပါပီလွန်နှင့် မိုးထက်အောင်(ခ)မိုးထက်(ခ)တိမ်ညို၏ မိဘများဖြစ်သည့် ဦးသန်းအောင်၊ ဒေါ်ချိုမာလွင်တို့ကို စစ်ကောင်စီက ဒီဇင်ဘာလ ၂၉ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက်၊ အင်းစိန်လမ်း၊ ရတနာသိင်္ခဘုန်းကြီး ကျောင်းဝန်းအတွင်းရှိ စူပါပါဝါကိုမွန်လေး ကားဆေးဘော်ဒီရုံ၌ ဒီတိုနီတာ ၅၀၀ ချောင်း၊ ယမ်းကြိုး (၂၀၀ ပေ)
စစ်ကောင်စီ အင်အား ၅၀ ပါ ကားနှစ်စီးကို CDF အရှိုတပ်တိုက်ခိုက်၊ အမ်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၁ ဦးကို ဖမ်းဆီးရမိ
မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် အမ်းမြို့နယ်မှ ထွက်ပြေးလာသည့် စစ်သား ၁၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ထပ်မံ ဖမ်းရမိပြီး စစ်ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Chin Defence Force -Asho တပ်ဖွဲ့မှ ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၃ ရက်နှင့် ၄ ရက်နေ့တွင် မကွေးတိုင်း၊ ငဖဲမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ အမ်းနယ်ကြား ရခိုင်ရိုးမပေါ်ရှိ ဂုတ်စည်းရိုးကျေးရွာအနီးတွင် အမ်းမြို့နယ်၊ ဆင်ခုံတိုင်ကျေးရွာနှင့် တောင်ဇောက်ကျေးရွာတို့အနီးရှိ စစ်တပ်စခန်းများမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၁ ဦးကို လက်နက်ငယ် ၉ လက်၊ ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့်အတူ
မကွေးတိုင်း နတ်ရေကန် စစ်ကောင်စီ လှည့်ကင်းကို PRA ခြုံခိုတိုက်ခိုက်
(၃ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရာရရှိ) မကွေးတိုင်း ငဖဲမြို့နယ် မျော်စင်ကျေးရွာ အနောက်ဘက် မီတာ ၂၀၀ အကွာရှိ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးရေဒါစခန်းမှ ဆိုင်ကယ်ဖြင့် လှည့်ကင်းထွက်လာသော စစ်ကောင်စီ အင်အား ၆ ဦးကို တော်လှန်ရေးတပ် PRA က ခြုံခိုတိုက်ခိုက်ခဲ့သည်။ ဇန်နဝါရီလ ၃ ရက် ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီ လှည့်ကင်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၃ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိသွားကြောင်း PRA က ယနေ့ ဇန်နဝါရီလ ၄ ရက်တွင် ထုတ်ပြန်လာသည်။ ၁၀ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် အထိအခိုက်မရှိဘဲ PRA
မကွေး၊ ပဲခူး၊ ဧရာဝတီနှင့် ထိစပ်နေသည့် ရခိုင်ရိုးမတောင်ပေါ် ၄ နေရာတွင် စစ်ကောင်စီ စစ်စခန်းများကို AA နှင့် PDF များ ထိုးစစ်ဆင်တိုက်ခိုက်နေ
မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ထိစပ်နေသော ရခိုင်ရိုးမတောင်တန်းပေါ်က အာဏာသိမ်း စစ်ကောင်စီ စစ်စခန်းများ၊ ကာကင်းစခန်းများကို အာရက္ခတပ်တော် AA နှင့် ဒေသခံ PDF တပ်ဖွဲ့များ ပူးပေါင်းကာ ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ ဧရာဝတီတိုင်းထဲက စစ်ကောင်စီ၏ မိတ်သလင် ကာကင်းစခန်းကို ယမန်နေ့ ဇန်နဝါရီလ ၃ ရက်နေ့ ညနေပိုင်းက စတင်ပြီး AA နှင့် နယ်မြေခံ ဧရာဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များက ပူးပေါင်းတိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ “မိတ်သလင် ကာကင်းစခန်းကို AA, ဧရာဝတီ PDF အဖွဲ့ပေါင်းစုံက တိုက်ခိုက်နေတယ်။ ရခိုင်ရိုးမပေါ်မှာပဲ ဧရာဝတီနဲ့ ရခိုင်အစပ်မှာ ရှိတာပါ။ ဗေဒါစစ်ဆေးရေးဂိတ်နဲ့ သိပ်မဝေးဘူး။