နခခ ၅ က ထွက်ပြေးသွားသော စကခ ၁၅ ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းအား ဖမ်းဆီးရမိ
စစ်ရေး သတင်း
1 min read
0

နခခ ၅ က ထွက်ပြေးသွားသော စကခ ၁၅ ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းအား ဖမ်းဆီးရမိ

ဒီဇင်ဘာ ၉ - ၂၀၂၄
0

ရခိုင်ပြည် မောင်တောမြို့စောင့်တပ် အမှတ် ၅ နယ်ခြားစောင့်တပ်စခန်း (နခခ ၅) ထဲက အင်အား ၁၅၀ ခန့်ဖြင့် ထွက်ပြေးလွတ်မြောက်သွားသော စကခ ၁၅ ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းအား အာရက္ခတပ်တော် AA က ဖမ်းဆီးလိုက်ပြီဟု သိရသည်။ မွတ်ဆလင်တပ်သားများနှင့်အတူ ထွက်ပြေးသွားသော ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ယမန်နေ့ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်း ၅ နာရီခန့်တွင် တိုက်ပွဲအတွင်းမှာ ဖမ်းဆီးရမိခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။ “တိုက်ပွဲထဲမှာ ဖမ်းမိရတာပါ။ တိုက်ပွဲက တိုက်လို့တိုက်လို့ သွားတာ။ သူရိန်ထွန်းက ထွက်ပြေးသွားတာဆိုတော့လေ။ မနေ့က ညနေ ၅ နာရီလောက်မှာ တိုက်ပွဲထဲမှာ ဖမ်းမိပါတယ်။

Continue Reading
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် မကျရေး ပေါင် ၁၀၀၀ ဗုံးအသုံးပြု၍ စစ်ကောင်စီ ခုခံနေ
စစ်ရေး သတင်း
1 min read
0

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် မကျရေး ပေါင် ၁၀၀၀ ဗုံးအသုံးပြု၍ စစ်ကောင်စီ ခုခံနေ

ဒီဇင်ဘာ ၉ - ၂၀၂၄
0

ရခိုင်ပြည် အမ်းမြို့နယ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် မကျရေးအတွက် အာရက္ခတပ်တော် AA ၏ ထိုးစစ်များကို အာဏာသိမ်း စစ်ကောင်စီက ပေါင် ၁၀၀၀ ဗုံးအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုဖြင့် ပြန်လည်ခုခံနေကြောင်း သိရသည်။ အာရက္ခတပ်တော် AA သည် အမ်းလေဆိပ်အပါအဝင် အမ်းမြို့ထဲက ဌာနဆိုင်ရာရုံး အားလုံးနှင့် တပ်ရင်းတပ်ဖွဲ့ စစ်စခန်း ၃၀ ကျော်ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ အမ်းမြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရုံးရှိရာ ခြံဝန်း (ဂွင်) တစ်နေရာသာ ကျန်ရှိတော့ကြောင်းနှင့် ဆက်လက်ပြီး သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA က ဆိုသည်။ “အဲဒီ နပခ ခြံဝန်း

Continue Reading
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးလွတ်မြောက်နေ၍ ရခိုင်ပိုင်နက် နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာခြင်း AA ပိတ်ပင်
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးလွတ်မြောက်နေ၍ ရခိုင်ပိုင်နက် နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာခြင်း AA ပိတ်ပင်

ဒီဇင်ဘာ ၈ - ၂၀၂၄
0

(စကခ ၁၅ ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း အင်အား ၁၅၀ ခန့်ဖြင့် ထွက်ပြေးလွတ်မြောက်နေ) မောင်တောဒေသတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မွတ်ဆလင်လက်နက်ကိုင်များ ထွက်ပြေးလွတ်မြောက်နေ၍ ရခိုင်ပိုင်နက် နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာခွင့်များကို အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်ကြောင်း အာရက္ခတပ်တော် AA က ယနေ့ ဒီဇင်ဘာ ၈ ရက်တွင် ထုတ်ပြန်အသိပေးထားသည်။ မောင်တောဒေသတွင် တစ်ခုတည်းကျန်ရှိနေသော အမှတ် ၅ နယ်ခြားစောင့်တပ်စခန်း (နခခ ၅) ကို AA က ယနေ့ ဒီဇင်ဘာလ ၈ ရက် နံနက် ၉ နာရီခွဲအချိန်တွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။ နခခ ၅ ထဲက စစ်ကောင်စီတပ်သားများ၊ စစ်ကောင်စီနှင့်

Continue Reading
မောင်တောမှာ တစ်ခုတည်းကျန်ရှိသော နခခ ၅ ကို AA သိမ်းပိုက်လိုက်ပြီ
စစ်ရေး သတင်း
1 min read
0

မောင်တောမှာ တစ်ခုတည်းကျန်ရှိသော နခခ ၅ ကို AA သိမ်းပိုက်လိုက်ပြီ

ဒီဇင်ဘာ ၈ - ၂၀၂၄
0

ရခိုင်ပြည် မောင်တောမြို့နယ်တွင် စစ်ကောင်စီအတွက် တစ်ခုတည်းကျန်ရှိနေသော နယ်ခြားစောင့်တပ်စခန်း နခခ ၅ မြို့စောင့်တပ်ကို အာရက္ခတပ်တော် AA က ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် အပြီးသတ်သိမ်းပိုက်ပြီဖြစ်ကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်သည်။

Continue Reading
ရခိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများနှင့်အတူ မူးယစ်ဆေးဝါးများပါ ဖမ်းဆီးရမိ
စစ်ရေး သတင်း
1 min read
0

ရခိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများနှင့်အတူ မူးယစ်ဆေးဝါးများပါ ဖမ်းဆီးရမိ

ဒီဇင်ဘာ ၈ - ၂၀၂၄
0

ရခိုင်ပြည် အမ်းမြို့တိုက်ပွဲအတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်သားများအား ဖမ်းဆီးရာတွင် မူးယစ်ဆေးဝါးများကိုပါ ဖမ်းဆီးရမိကြောင်း အာရက္ခတပ်တော် AA ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဒီဇင်ဘာလ ၆ ရက်နေ့က AA ထုတ်ပြန်သော စစ်ကောင်စီတပ်သားများ ဖမ်းဆီးရမိခြင်း ဗီဒီယိုဖိုင်တွင် စစ်ကောင်စီတပ်သား ရုပ်အလောင်းတစ်ခုနှင့်အတူ မူးယစ်ဆေးပြား အလုံးရေ ရာနှင့်ချီဖမ်းဆီးရမိသည်ကို တွေ့ရသည်။ အဆိုပါ တပ်သားပါ စစ်ကောင်စီ စစ်ကြောင်းသည် အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ စစ်ကူလာသော တပ်မ ၈၈ လက်အောက်ခံ တပ်သားများဖြစ်ကြောင်း သိရသည်။ ယင်းစစ်ကြောင်းကို ခမရ ၃၁၇၊ ခမရ ၄၁၅၊ ခမရ ၄၁၆ စသည့် တပ်ရင်းသုံးရင်းဖြင့် စုပေါင်းထားပြီး အင်အား

Continue Reading
အမ်းနှင့် ဂွမြို့သိမ်းတိုက်ပွဲသို့ စစ်ကူလာသော စစ်ကောင်စီ စစ်ကြောင်းကို AA တိုက်ခိုက်
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
0

အမ်းနှင့် ဂွမြို့သိမ်းတိုက်ပွဲသို့ စစ်ကူလာသော စစ်ကောင်စီ စစ်ကြောင်းကို AA တိုက်ခိုက်

ဒီဇင်ဘာ ၇ - ၂၀၂၄
1

ရခိုင်ပြည် အမ်းမြို့နှင့် ဂွမြို့သိမ်းတိုက်ပွဲသို့ အင်အား ၃၀၀ ကျော်ပါသည့် စစ်ကူလာသော စစ်ကောင်စီ စစ်ကြောင်းများကို အာရက္ခတပ်တော် AA က ကြားဖြတ်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းများအား သိမ်းဆည်းရမိခဲ့သည်။ စစ်ကောင်စီ တပ်သားအများအပြားလည်း သေဆုံးသည်ကို တွေ့ရပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့သည်။

Continue Reading
အမ်း နှင့် ဂွမြိုသို စစ်ကူလာသော စစ်ကောင်စီတပ်ကို AAက ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ရာနှင့်ချီ သေဆုံး (ရုပ်သံ)
စစ်ရေး သတင်း
1 min read
0

အမ်း နှင့် ဂွမြိုသို စစ်ကူလာသော စစ်ကောင်စီတပ်ကို AAက ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ရာနှင့်ချီ သေဆုံး (ရုပ်သံ)

ဒီဇင်ဘာ ၇ - ၂၀၂၄
0

အမ်း နှင့် ဂွမြိုသို စစ်ကူလာသော စစ်ကောင်စီစစ်ကြောင်းများအား အာရက္ခတပ်တော် AAမှ ဖြတ်တောက် တိုက်ခိုက်စဉ်အတွင်း စစ်ကောင်စီတပ်သားများ ရာနှင့်ချီသေဆုံးခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်အရ သိရသည်။ လက်ရဖမ်းဆီးရမိသော စစ်ကောင်စီ အလောင်းများ၊ စစ်သုံပန်းအချိုနှင့် လက်နက်ခဲယမ်းမီးကျောက်များ အား Western News ၏ တယ်လီဂရမ်တွင် ကြည့်ရန်

Continue Reading
အမ်းမြို့သိမ်း ဓါတ်ပုံ AA ထုတ်ပြန်
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
0

အမ်းမြို့သိမ်း ဓါတ်ပုံ AA ထုတ်ပြန်

ဒီဇင်ဘာ ၇ - ၂၀၂၄
0

(နပခ ဂွင် တစ်ခုသာကျန်ပြီး အမ်းတစ်မြို့လုံးကို AA သိမ်းပိုက်) အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဌာနချုပ်အတွင်းမှ နေရာအများစု (နပခဌာနချုပ်ဂွင်တစ်ခုသာကျန်) နှင့် အမ်းလေဆိပ်တို့အား သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အာရက္ခတပ်တော် AA က ယနေ့ ဒီဇင်ဘာ ၇ ရက်တွင် ထုတ်ပြန်သည်။ AA သိမ်းပိုက်ထားသော ခန်းများ (၁) ဆလအခွဲ (၉၄၆) – အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ(၂) ခမရ (၃၇၁) – အမှတ် (၃၇၁) ခြေမြန်တပ်ရင်း(၃) ခမရ (၃၇၂) – အမှတ် (၃၇၂) ခြေမြန်တပ်ရင်း(၄) လလစ (၇၅၇/၂) – အမှတ် (၇၅၇/၂)

Continue Reading
ရခိုင်က စစ်ရှောင်များကို နေထိုင်ခွင့် မပြုသဖြင့် ဧရာဝတီတွင် ဒုက္ခရောက်နေကြ
စစ်ရေး ဒုက္ခသည်အရေး သတင်း
1 min read
0

ရခိုင်က စစ်ရှောင်များကို နေထိုင်ခွင့် မပြုသဖြင့် ဧရာဝတီတွင် ဒုက္ခရောက်နေကြ

ဒီဇင်ဘာ ၆ - ၂၀၂၄
1

တိုက်ပွဲများကြောင့် ရခိုင်ဖက်က ထွက်ပြေးလာကြသည့် စစ်ရှောင်များကို စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများက နေထိုင်ခွင့် မပြု၍ စစ်ဘေရှောင်များမှာ ဒုက္ခရောက်နေကြကြောင်း စုံစမ်း သိရှိ ရသည်။ အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ ရခိုင်ပြည်၊ ဂွမြို့အနီးတွင် တိုက်ပွဲများ ပြင်းထန်နေသဖြင့် ရခိုင်ပြည်သူများမှာ ဂွမြို့နယ်နှင့်အစပ် ဧရာ၀တီတိုင်းဘက်သို့ ထွက်ပြေးနေကြရာတွင် ဒေသအုပ်ချုပ်ရေးမှူးက လက်မခံရဲကြဘဲ ဖြစ်နေကြသည်။ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်း၊ ဂွမြို့မှ စစ်ဘေးရှောင် ပြည်သူများသည် ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့နယ်ခွဲ၊ သီတာကုန်းပြင်နှင့် လက်ပန်ပင်ကျေးရွာများသို့ ရောက်ရှိလာကြပြီး စစ်ဘေးရှောင်ပြည်သူများတွင် AA တပ်ဖွဲ့ဝင်များ ရောနှောပါလာလာနိုင်သည်ဟုဆိုကာ လက်မခံကြဟု သိရသည်။ စစ်ဘေးရှောင် ရခိုင်ပြည်သူတစ်ဦးက “ဒီမနက်ပိုင်းမှာ ဂွမြို့က စစ်ဘေးရှောင်

Continue Reading
အာဆီယံဝန်ကြီးအဆင့် မြန်မာ့အရေးဆွေးနွေးပွဲ ထိုင်းမှာပြုလုပ်မည်
ငြိမ်းချမ်းရေး နိုင်ငံရေး သတင်း
0 min read
0

အာဆီယံဝန်ကြီးအဆင့် မြန်မာ့အရေးဆွေးနွေးပွဲ ထိုင်းမှာပြုလုပ်မည်

ဒီဇင်ဘာ ၆ - ၂၀၂၄
2

အာဆီယံဝန်ကြီးအဆင့် မြန်မာ့အရေးဆွေးနွေးပွဲကို ယခုလအတွင်း ထိုင်းနိုင်ငံမှာ ပြုလုပ်သွားမည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဌာနက ပြောသည်။ အာဆီယံ ဥက္ကဋ္ဌ လာအိုနိုင်ငံ၏ ဖိတ်ကြားမှုဖြင့် ဆွေးနွေးပွဲကို ပြုလုပ်မည်ဖြစ်ပြီး အဓိက မြန်မာစစ်ကောင်စီက အာဆီယံဘုံသဘောတူညီချက် ၅ ချက်ဖြင့် အကောင်အထည်ဖော် ဖြေရှင်းရေးကို ဦးတည် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။ အောက်တိုဘာလ ၉ ရက်နေ့ လာအိုနိုင်ငံတွင် ကျင်းပသည့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် အရှေ့တောင်အာရှနိုင်ငံများမှ ခေါင်းဆောင်များ တွေ့ဆုံကာ မြန်မာနိုင်ငံတွင် ပိုမိုဆိုးရွားလာသော အကျပ်အတည်းပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး နည်းလမ်းများကို ရှာဖွေခဲ့ကြသည်။ ထိုင်းနိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိရေးနှင့် နိုင်ငံရေးအရ အဖြေရှာရန်အတွက် ထိုင်းအစိုးရက ကမကထပြုသည့် မြန်မာ့ရေးဆွေးနွေးပွဲကို ဒီဇင်ဘာလတွင် ကျင်းပရန် အဆိုပြုခဲ့ပြီးနောက် အဆိုပါ

Continue Reading