ဘင်္ဂလားဒေ့ရှ်က မွတ်ဆလင် ၁၈၀,၀၀၀ ကို စစ်ကောင်စီ ပြန်ခေါ်မည်
စစ်ရေး သတင်း
1 min read
0

ဘင်္ဂလားဒေ့ရှ်က မွတ်ဆလင် ၁၈၀,၀၀၀ ကို စစ်ကောင်စီ ပြန်ခေါ်မည်

ဧပြီ ၅ - ၂၀၂၅
0

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိသွားသော မွတ်ဆလင်ဒုက္ခသည်များထဲမှ ပထမဆုံး အသုတ်အနေဖြင့် မွတ်ဆလင် ၁၈၀,၀၀၀ ကို ပြန်လည်ခေါ်ယူသွားမည်ဟု စစ်ကောင်စီက အတည်ပြုထားကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘင်းမ်စတက် အစည်းအဝေးတွင် မင်းအောင်လှိုင် ဦးဆောင်သော အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် အကြီးအကဲ ယူနွတ်စ် ဦးဆောင်သော အဖွဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် မွတ်ဆလင်များအား ပြန်လည်လက်ခံရေး ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ စစ်ကောင်စီ ပြန်ခေါ်မည်ဆိုသည့် မွတ်ဆလင် ၁၈၀,၀၀၀ မှာ စစ်ကောင်စီအဖွဲ့က သေချာစိစစ် လုပ်ဆောင်ပြီးမှ ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။ “ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ခိုလှုံနေကြတဲ့ မွတ်ဆလင် ၈ သိန်း စာရင်းတွေထဲက မွတ်ဆလင် ၁၈၀,၀၀၀

Continue Reading
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထိုင်း BIMSTEC ထိပ်သီး အစည်းအဝေးမှ ညတွင်းချင်း ပြန်
စစ်ရေး သတင်း
1 min read
0

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထိုင်း BIMSTEC ထိပ်သီး အစည်းအဝေးမှ ညတွင်းချင်း ပြန်

ဧပြီ ၅ - ၂၀၂၅
0

ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက် (BIMSTEC) ထိပ်သီးအစည်းအဝေး စစ်‌ခေါင်း‌ဆောင် မင်းအောင်လှိုင် အား ဧပြီ ၄ ရက်ညပိုင်းက ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံသို့ ပြန်သွားသည်။ ထိပ်သီးအစည်းအဝေး မပြီးဆုံးခင်မှ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်မှ တစ်ဆင့် ညချင်းကြီး ၁၀ နာရီတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ ပြန်လည် ထွက်ခွာ သွားခဲ့ခြင်း ဖြစ်သည်။ ဘင်းမ်စတက် အစည်းအဝေး ညီလာခံကို ဧပြီ ၃ ရက်နှင့် ၄ ရက် နှစ်ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်ပြီး အိန္ဒိယ၊ ထိုင်းနှင့် မြန်မာအပါအဝင် နိုင်ငံ ခုနှစ်နိုင်ငံက ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ မူလပြန်ရန် သတ်မှတ်ထားသည့်ရက်မှာ ဧပြီလ

Continue Reading
ငလျင်သင့်ပြည်သူများကို မြန်မာစစ်တပ်က ဖိနှိပ်ကြောင်း အိန္ဒိယ ကယ်ဆယ်ရေးသမားပြော
သတင်း သဘာဝဘေး
1 min read
0

ငလျင်သင့်ပြည်သူများကို မြန်မာစစ်တပ်က ဖိနှိပ်ကြောင်း အိန္ဒိယ ကယ်ဆယ်ရေးသမားပြော

ဧပြီ ၄ - ၂၀၂၅
0

ငလျင်ဘေးဒဏ် ခံစားနေရေသော ပြည်သူများကို မြန်မာစစ်တပ်က ဖိနှိပ်မှုများရှိနေကြောင်း အိန္ဒိယ ကယ်ဆယ်ရေးမားတစ်ဦးက ပြောသည်။ စစ်ကောင်စီက ငလျင်သင့်ပြည်သူများအား လူသားဆန်မှုမရှိဘဲ ဖိနှိပ်မှုများ ပြုလုပ်သည်ဟု မြန်မာနိုင်ငံအတွင်း ငလျင်သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးများ ပြုလုပ်ခဲ့သည့် အိန္ဒိယနိုင်ငံသား ကယ်ဆယ်ရေးသမား Kiran Verma က ၎င်း၏ Facebook လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားသည်။ မြန်မာစစ်တပ်၏ ဖိနှိပ်မှုများကို မခံနိုင်၍ ဆက်လက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ မဆောင်ရွက်နိုင်တော့သည့်အတွက် အိန္ဒိယနိုင်ငံသို့ ပြန်လည်ထွက်ခွာ သွားပြီဟုလည်း Kiran Verma က ပြောသည်။ “အပျက်အစီးတွေကြားထဲမှာ မြန်မာပြည်သူတွေကို ထားရစ်ခဲ့ရပြီး ကြေကွဲဝမ်းနည်းမှုများစွာနဲ့အတူ အိန္ဒိယကို ပြန်ရမှာဖြစ်လို့ စိတ်မကောင်းဖြစ်ရပါတယ်” ဟု ပြောသည်။ ငလျင်ကြောင့်

Continue Reading
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန္ဒပြသည့် ထိုင်း ကျောင်းသား ပြန်လည် လွတ်မြောက်လာ(တရားစွဲဖို့ လုံလောက်သည့် ပြစ်ချက်မရှိ)
သတင်း
0 min read
0

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန္ဒပြသည့် ထိုင်း ကျောင်းသား ပြန်လည် လွတ်မြောက်လာ(တရားစွဲဖို့ လုံလောက်သည့် ပြစ်ချက်မရှိ)

ဧပြီ ၄ - ၂၀၂၅
0

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို တစ်ကိုယ်တော်ဆန္ဒပြခဲ့သော ထိုင်း တက္ကသိုလ် ပထမနှစ်ကျောင်းသား ယနေ့ ဧပြီ ၄ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်ခန့်တွင် ပြန်လည်လွတ်မြောက်လာသည်။ ဘင်းမ်စတက် အစည်းအဝေးကျင်းပရာ ဘန်ကောက်ရှန်ဂရီလာဟိုတယ်ထိ သွားရောက်ပြီး စစ်ကောင်စီ ခေါင်းဆောင် ကို တက္ကသိုလ် ပထမနှစ်ကျောင်းသား ပွန်သည် ဆန္ဒပြနေစဉ်မှာ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ယနေ့ ဧပြီလ ၄ ရက် ညနေ ၄ နာရီ မိနစ် ၃၀ ခန့်တွင် ဘန်ကောက်မြို့၊ ချရိုင်းကရွန်းရပ်ကွက်ရှိ ရှန်ဂရီလာဟိုတယ်၌ ပထမနှစ်ကျောင်းသား ပွန်သည် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။ ယင်းနောက်တွင် ဘန်ကောက်မြို့

Continue Reading
မင်းအောင်လှိုင်ကို လက်ခံသည့် ထိုင်းနှင့် BIMSTEC ကို Justice For Myanmar က ကန့်ကွက်ရှုတ်ချ
သတင်း
1 min read
0

မင်းအောင်လှိုင်ကို လက်ခံသည့် ထိုင်းနှင့် BIMSTEC ကို Justice For Myanmar က ကန့်ကွက်ရှုတ်ချ

ဧပြီ ၄ - ၂၀၂၅
0

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ပတ်သက် ဆက်ဆံ လက်ခံကြသည့် ထိုင်းအစိုးရနှင့် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) ကို Justice For Myanmar က ကန့်ကွက်ရှုတ်ချကြောင်း ဧပြီလ ၃ ရက်နေ့က ထုတ်ပြန်ထားသည်။ ထိုင်းအစိုးရက မင်းအောင်လှိုင်ကို BIMSTEC ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့် ပြုခဲ့ပြီး စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ပိုမိုရှုပ်ထွေးစွာ ပတ်သက်ခဲ့ကြသည်ဟု Justice For Myanmar က ဆိုသည်။ Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “BIMSTEC ထိပ်သီးအစည်းအဝေးမှာ မင်းအောင်လှိုင်ကို တက်ရောက်ခွင့်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်ကို ကျွန်မတို့ ပြင်းပြင်းထန်ထန်

Continue Reading
“လူသတ်သမား မင်းအောင်လှိုင်ကို ငါတို့ မကြိုဆိုဘူး” ဘန်ကောက်ရောက် စစ်ခေါင်းဆောင် ဆန္ဒပြခံရ
စစ်ရေး သတင်း သဘာဝဘေး
1 min read
0

“လူသတ်သမား မင်းအောင်လှိုင်ကို ငါတို့ မကြိုဆိုဘူး” ဘန်ကောက်ရောက် စစ်ခေါင်းဆောင် ဆန္ဒပြခံရ

ဧပြီ ၄ - ၂၀၂၅
0

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆန္ဒပြခံရကြောင်း သိရသည်။ ဘန်ကောက်မြို့တွင် ကျင်းပနေသော BIMSTEC အစည်းအဝေးကို မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဧပြီလ ၃ ရက်နေ့က တက်ရောက်နေသည်။ အစည်းအဝေး ကျင်းပနေသည့် ရှန်ဂရီလာဟိုတယ်အနီးရှိ ကျောက်ဖရားမြစ် တံတားတစ်စင်းပေါ်တွင် မင်းအောင်လှိုင်အား ဆန္ဒပြသည့် စာတန်းပါ ဗီနိုင်းများ ချိတ်ဆွဲထားသည်။ ဗီနိုင်းပါ ဆန္ဒပြစာတန်းမှာ “လူသတ်သမား မင်းအောင်လှိုင်ကို ငါတို့ မကြိုဆို ” ဟု စာသားအား အင်္ဂလိပ်ဘာသာဖြင့် ကန့်ကွက်ဆန္ဒပြထားခြင်းဖြစ်သည်။ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်အား BIMSTEC အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ခေါ်သည့် ထိုင်းအစိုးရအဖွဲ့အနေဖြင့်လည်း ထိုင်းပြည်သူများထံသို့ ရှင်းလင်းချက် ပေးရန်

Continue Reading
မင်းအောင်လှိုင်ကို ဖိတ်ခေါ်သည့် ထိုင်းအစိုးရ ရှင်းလင်းချက်ပေးရန် လွှတ်တော်အမတ်များ တောင်းဆို
သတင်း
1 min read
0

မင်းအောင်လှိုင်ကို ဖိတ်ခေါ်သည့် ထိုင်းအစိုးရ ရှင်းလင်းချက်ပေးရန် လွှတ်တော်အမတ်များ တောင်းဆို

ဧပြီ ၃ - ၂၀၂၅
0

မြန်မာနိုင်ငံက အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား BIMSTEC အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ခေါ်သည့် ထိုင်းအစိုးရအဖွဲ့အနေဖြင့် ကြေလည်အောင် ရှင်းလင်းချက် ပေးရန် ထိုင်လွှတ်တော်အမတ်များက တောင်းဆိုနေကြသည်။ မင်းအောင်လှိုင်အား ဘန်ကောက်မြို့သို့ ဖိတ်ခေါ်သည့် ကိစ္စနှင့်ပတ်သက်၍ ထိုင်းဝန်ကြီးချုပ် ပေထောင်တန်နာဝပ်ထရာအစိုးရအဖွဲ့အနေဖြင့် ဖြေရှင်းချက်ပေးရန် ထိုင်းအမတ်များက လွှတ်တော်က တစ်ဆင့် တောင်းခံနေသည်။ ယနေ့ ဧပြီလ ၃ ရက်နေ့ ဘန်ကောက်မြို့တွင် ကျင်းပမည့် ဘင်္ဂလားပင်လယ်အော် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဟု သိကြသည့် BIMSTEC အစည်းအဝေးသို့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်အား လက်ရှိ ထိုင်းအစိုးရအဖွဲ့က ဖိတ်ခေါ်ထားခြင်းဖြစ်သည်။ မင်းအောင်လှိုင်သည် ဘန်ကောက်မြို့ကို ယနေ့ ဧပြီလ ၃ ရက် နေ့လယ်ပိုင်းတွင် ရောက်ရှိမည်ဟုလည်း ထိုင်းသတင်းဌာနကများက

Continue Reading
စစ်ကောင်စီက ချင်းပြည်တောင်ပိုင်းကို ဗုံးကြဲတိုက်ခိုက်
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီက ချင်းပြည်တောင်ပိုင်းကို ဗုံးကြဲတိုက်ခိုက်

ဧပြီ ၃ - ၂၀၂၅
0

(လူနေအိမ်များအပါအဝင် အစိုးရအဆောက်အဦး ၂၀ ခန့်ပျက်စီးသွား) ချင်းပြည် တောင်ပိုင်းဒေသရှိ ကန်ပက်လက်မြို့နယ်ကို ယမန်နေ့ ဧပြီ ၂ ရက်နေ့တွင်ဂျက်ဖိုက်တာဖြင့် အကြိမ်ကြိမ် ဗုံးကြဲချခဲ့သည်ဟု ကန်ပက်လက်မြို့နယ် ပြည့်သူအုပ်ချုပ်ရေးအဖွဲ့မှ ဧပြီလ ၂ ရက်တွင် ထုတ်ပြန်သည်။ အာဏာသိမ်း စစ်ကောင်စီ ယာယီ အပစ်ရပ်ကြေညာသည့် ဧပြီလ ၂ ရက်တွင် ချင်းပြည်တောင်ပိုင်းကို ယမန်နေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ်တွင် ဂျက်ဖိုက်တာဖြင့် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကန်ပက်လက်မြို့ထဲက လူနေအိမ်များ အပါအဝင် အစိုးရအဆောက်အဦး ၂၀ ခန့်ပျက်စီးသွားသည်ဟု ကန်ပက်လက်မြို့နယ် ပြည့်သူအုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။ အရပ်သားပြည်သူ့နေအိမ် ၅

Continue Reading
မြန်မာငလျင်‌ဘေးတွက် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်က စစ်ကောင်စီက တစ်ဆင့် ကန် ဒေါ်လာ ၃ သန်း ထောက်ပံ့
သတင်း
1 min read
0

မြန်မာငလျင်‌ဘေးတွက် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်က စစ်ကောင်စီက တစ်ဆင့် ကန် ဒေါ်လာ ၃ သန်း ထောက်ပံ့

ဧပြီ ၃ - ၂၀၂၅
0

မြန်မာပြည်အတွင်း ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေသများအတွက် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းက အစားအသောက်နှင့် ဆေးဝါးများ အပါအဝင် အရေးပေါ်အကူအညီများ စစ်ကောင်စီထံ ထောက်ပံ့ပေးခဲ့သည်။ မြန်မာနိုင်ငံနှင့် အနီးတစ်ဝိုက်မှာ လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရသူတိုင်းအတွက် အလေးအနက် ဝမ်းနည်းကြောင်း ပြောကြားလိုသည်ဟု နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာ ဆာဆာကာဝါက (Yohei Sasakawa) က ဆိုသည်။ နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ ဆာဆာကာဝါ သည် ဧပြီလ ၂ ရက် မွန်းလွဲပိုင်းတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီး အမေရိကန် ဒေါ်လာ ၃ သန်း (ယန်း သန်း ၄၅၀ ခန့်) ထောက်ပံ့ပေးခဲ့ကြောင်း မတ်လ ၃၁

Continue Reading
ငလျင်ကြောင့် သေဆုံးသူ ၂၇၁၉ ဦးအထိ တိုးလာဟု စစ်ကောင်စီ ပြော
သတင်း
0 min read
0

ငလျင်ကြောင့် သေဆုံးသူ ၂၇၁၉ ဦးအထိ တိုးလာဟု စစ်ကောင်စီ ပြော

ဧပြီ ၃ - ၂၀၂၅
0

(ငလျင်ကြောင့် သေဆုံးသူ ၃၀၀၀ ကျော်ရှိနိုင်ကြောင်း ခန့်မှန်း) မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သော ငလျင်လှုပ်ခတ်မှုကြောင့် ယနေ့ ဧပြီလ ၁ ရက်နေ့ နံနက် ၈ နာရီစာရင်းအရ သေဆုံးသူ ၂၇၁၉ ဦးအထိ ရှိလာနေပြီး ဒဏ်ရာရရှိသူ ၄၅၂၁ ဦးအထိ ရှိလာနေသည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။ ယနေ့ ဧပြီလ ၁ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူလက်ခံပွဲ အခမ်းအနား မိန့်ခွန်းတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ “ကျနော့်ဆီ နောက်ဆုံးတင်တဲ့ စာရင်းအထိ ဒီနေ့မနက် ၈ နာရီအထိ ရတဲ့စာရင်းမှာ ပြည်နယ်နဲ့

Continue Reading