ရခိုင်တိုက်ပွဲ တစ်နှစ်အတွင်း အရပ်သား ၇၄၉ ဦး ဖမ်းဆီးခံထားရ
(ရခိုင်ပြည်အတွင်း စစ်ရှောင် ၅၅၀,၀၀၀ ကျော် အစာအဟာရ အရေးတကြီးလိုအပ်) ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲ စတင်ခဲ့သည့် ၂၀၂၃ နိုဝင်ဘာလ ၁၃ မှ ၂၀၂၄ နိုဝင်ဘာ ၁၃ အထိ တစ်နှစ်အတွင်း အပြစ်မဲ့အရပ်သားပြည်သူ ၇၄၉ ဦးကို အာဏာသိမ်း စစ်ကောင်စီတပ်နှင့် စစ်သွေးကြွ မွတ်ဆလင် လက်နက်ကိုင်များက ဖမ်းဆီးထားကြောင်း HDCO က ယနေ့ နိုဝင်ဘာလ ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။ အာရက္ခတပ်တော် ULA/AA ၏ HDCO မှ ယနေ့ ထုတ်ပြန်သော “ရက္ခိုင်ပြည်တွင်း လူသားချင်းစာနာမှုဆိုင်ရာ အစီရင်ခံစာ” တွင် ပြောဆိုထားခြင်းဖြစ်သည်။ စစ်ကောင်စီတပ် (မြန်မာစစ်တပ်) က ဖမ်းဆီးထားသည့်
စစ်ကောင်စီ ဗုံးကြဲ၍ ကွတ်ခိုင်မြို့မှာ ကလေး အပါအဝင် ၃ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရ
ရှမ်းပြည် မြောက်ပိုင်း တအောင်းဒေသ ကွတ်ခိုင်မြို့ကို ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက် ညဉ့် ၁၂ နာရီခန့်အချိန်တွင် အာဏာသိမ်း စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့ ကလေးငယ် တစ်ဦးအပါအဝင် အရပ်သား ၃ ဦးသေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ကွတ်ခိုင်မြို့ ရပ်ကွက် ၄ ဦးကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးတစ်ဦးနှင့် အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ကာ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၆ ဦး စုစုပေါင်း ၁၃ ဦးမှာ ထိခိုက်ဒဏ်ရာရကြောင်းနှင့် နေအိမ် ၈ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ချင်းညီနောင်၊ အညာညီနောင်တို့နှင့် ပူးပေါင်းတိုက်နေသည့် ပုလဲမြို့သိမ်းတိုက်ပွဲ ဗမာတပ် BNRA ဆုတ်ခွာပေးလိုက်ရ
စစ်ကိုင်းတိုင်းဒေသ ပုလဲမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်တပ်ဖွဲ့ဝင်များ၊ အညာညီနောင်တပ်ဖွဲ့များနှင့်အတူ ပူးတိုက်ခိုက်နေသည့် ဦးဆောင်တပ် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA တပ်မှာ စစ်ကောင်စီ လေကြောင်းကြောင့် ပုလဲမြို့ထဲက ဆုတ်ခွာပေးလိုက်ရကြောင်း သိရသည်။ ပုလဲမြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်တွင် စတင်ခဲ့ပြီးနောက် ၄၈ နာရီအကြာတွင် ပုလဲမြို့ပေါ်က စစ်ကောင်စီနောက်ဆုံးခံတပ်ဖြစ်သော မြို့နယ်ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ပုလဲမြို့အား သိမ်းပိုက်နိုင်ခဲ့ကြောင်း BNRA က ဆိုသည်။ စစ်ကောင်စီလက်အောက်ခံ နမခ၊ တံတားဦးလေတပ်၊ ရှမ်းတဲလေတပ်၊ မကွေးကလခ တို့မှ လေကြောင်းပစ်ကူအခေါက်ရေ ၇၀ ကျော် ပစ်ကူပေးသည့်ကြားမှ ပုလဲမြို့ကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ် နိုင်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီ၏
နောင်ချိုတိုက်ပွဲ စစ်ကောင်စီဘက်က တပ်ရင်းမှူးသေဆုံး
ရှမ်းမြောက် တအောင်းဒေသ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တအောင်းတပ် TNLA တို့ နိုဝင်ဘာလ ၁၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က တပ်ရင်းမှူးအဆင့်ရှိသူနှင့် ဗိုလ်ကြီးအဆင့်ရှိသူများ သေဆုံးခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။ နောင်ချိုမြို့ တောင်ခမ်းအမြောက်တပ်စခန်း ၃၅၄ နှင့် ၉၀၂ တပ်စခန်းတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မ ၁၁ က ခမရ ၂၁၃ တပ်ရင်းမှူး အပါအဝင် ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့်ရှိသူများနှင့် တပ်သားများ သေဆုံးခဲ့ပြီး စစ်ကောင်စီ လက်နဲခဲယမ်းများအနှင့်အတူ တပ်ဖွဲ့ဝင် ၄ ဦးကိုလည်း အရှင်းဖမ်းဆီးနိုင်ခဲ့ကြောင်း TNLA က ဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူမှ
AA က သိမ်းပိုက်ထားသည့် မြို့နယ်များသို့ စက်သုံးလောင်စာဆီနှင့် ဆေးဝါးများ ရောက်ရှိခြင်း မရှိစေရေး စစ်ကောင်စီက ညွှန်ကြား
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် AA က သိမ်းပိုက်ထားသည့် မြို့နယ်များသို့ စက်သုံးလောင်စာဆီနှင့် ဆေးဝါးများ ရောက်ရှိခြင်း မရှိစေရေး စစ်ကောင်စီက ပြည်နယ်အား အထူးညွှန်ကြားထားကြောင်း စုံစမ်း သိရသည်။ အဆိုပါ ဒေသများသို့ စက်သုံးလောင်စာဆီများ လုံး၀ ရောက်ရှိခြင်းမရှိစေရေး ဆီအရောင်းဆိုင်များနှင့် ကုမ္ပဏီများကို စစ်ကောင်စီက စည်းကမ်းချက်နှင့်အမိန့်များ ချမှတ်ပြီး အထူးတင်းကြပ်မှုများ လုပ်ဆောင်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များနှင့် ဆီကိုယ်စားလှယ်များက ပြောသည်။ ရခိုင်က အမည်မဖော်လိုသည့် ကုန်သည်တစ်ဦးက “အခုက ဘာမှ သယ်ဆောင်ခွင့်တွေ မပေးတော့တာပါ။ စစ်တွေနဲ့ ကျောက်ဖြူက လေကြောင်းလိုင်းတွေ ရှိတယ်။ အဲ့ဒါကလည်း သယ်ဆောင်ခွင့်မပေးတော့ဘူး။ အထူးသဖြင့် ရေကြောင်းက လုံးဝ သယ်ဆောင်ခွင့် မပေးတော့ပါ။ တစ်လောကတောင် ပစ္စည်းတွေ
ရေဦး-တန့်ဆည်ဖက် က ကျေးရွာ ၅ ရွာကို စစ်တပ်က မီးရှို့
စစ်ကိုင်းတိုင်း၊ ရေဦး-တန့်ဆည် အစပ်သို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ကျေးရွာ ၅ ရွာကို ဆက်တိုက် စစ်ကြောင်းထိုးမီးရှို့ ဖျက်ဆီးနေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးက ပြောသည်။ ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၇ နာရီခန့်အချိန်စတင်ပြီး ရေဦးမြို့နယ် မြောက်ခြမ်းရှိ ရွာဗုကြီးနှင့် ဆီဆုံရွာတို့၌ တပ်စွဲထားသော အင်အား ၁၈၀ ခန့်ပါ စစ်ကြောင်းသည် ရွာဗုကြီးရွာ၊ ကြို့ထိမ်းရွာ၊ ကလဇင်ရွာ၊ မုံတိုင်ပင်ရွာနှင့် ဆီဆုံရွာတို့ကို ဝင်ရောက် မီးရှို့နေခြင်း ဖြစ်သည်။ စစ်ကောင်စီ စစ်ကြောင်းသည် ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက်နေ့မှ စတင်ပြီး ရေဦးမြို့နယ်နှင့် တန့်ဆည်မြို့နယ်အစပ်ရှိ
ဂွနှင့် တောင်ကုတ်မှာ စစ်ကောင်စီ လေကြောင်းဗုံးကြဲ၍ အရပ်သား ၁၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ
(ဂွမြို့နယ် ဂျိုင်ကောက်တံတားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဖောက်ခွဲဖျက်ဆီးပြီး ထွက်ပြေး) (ဓါတ်ပုံများကို တယ်လီဂရမ်တွင် ကြည့်ရှုရန် – ဝင်ကြည့်ရန် နိုဝင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်နေ့က ရခိုင်ပြည် ဂွမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့အရပ်သားပြည်သူ ၁၁ ဦး သေဆုံးခဲ့ရပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဂွမြို့နယ် ဂျိုင်ကောက်ကျေးရွာကို နိုဝင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီအချိန်က ရွာထဲတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့ အရပ်သားပြည်သူ ၇ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားသည်။
ရခိုင်က တံတား ၂၈ စင်းကို စစ်ကောင်စီ ဖျက်ဆီး
ရခိုင်တိုက်ပွဲ ၂၀၂၃ နိုဝင်ဘာ ၁၃ မှ ၂၀၂၄ နိုဝင်ဘာ ၁၃ တစ်နှစ်အတွင်း အများပြည်သူအသုံးပြုရာ အဓိက အရေးကြီးဆက်သွယ်ရေးတံတား ၂၈ စင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖျက်ဆီးသွားကြောင်း AA က ထုတ်ပြန်ထားသည်။ စစ်ကောင်စီမှာ အဆိုပါ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်း၊ လက်နက်ကြီးပစ်ခတ် ဖျက်ဆီးခြင်းနှင့် လေကြောင်းတိုက်ခိုက်ပြီး ဖျက်ဆီးသွားခြင်းဖြစ်သည်။ လက်ရှိတွင် အဆိုပါ တံတားများမှာ အများပြည်သူအသုံးပြု၍ လုံးဝ မရရှိတော့ကြောင်း သိရသည်။ မောင်တောမြို့နယ်က တံတား ၉ စင်း၊ သံတွဲမြို့နယ်က တံတား ၇ စင်း၊ တောင်ကုတ်မြို့နယ်က တံတား ၅ စင်း၊ ဘူးသီးတောင်မြို့နယ်က တံတား ၂ စင်း၊
ပြည်ပရောက် နိုင်ငံသားများကို ပြန်ခေါ်ပြီး စစ်မှုထမ်းရန် စစ်ကောင်စီ ပြင်ဆင်နေ
ပြည်ပနိုင်ငံများတွင် အလုပ်လုပ်နေကြသော မြန်မာနိုင်ငံသားများကို အေဂျင်စီများမှတစ်ဆင့် ပြန်လည်ခေါ်ယူပြီး စစ်မှုထမ်းခိုင်းရန် အာဏာသိမ်း စစ်ကောင်စီက တင်းတင်းကျပ်ကျပ် ပြင်ဆင်နေကြောင်း သိရသည်။ ၃ နှစ်ပြည့်သော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အေဂျင်စီများက ခေါ်ပေးရမည်ဖြစ်ပြီး တာဝန်ယူမခေါ်ပေးနိုင်သော အေဂျင်စီများကို အမည်ပျက်စာရင်းသွင်းကာ လိုင်စင်ပိတ်သိမ်း အရေးယူမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်အကျပ်ကိုင်နေသည်။ ပြည်ပရောက် မြန်မာအလုပ်သမားများအားလုံး ပြန်လာပြီး စစ်မှုထမ်းရေး မေလ ၁၄ ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီ၏ ညွှန်ကြားသည့်စာမှာ ယခုရက်ပိုင်းအတွင်း အလုပ်သမားအေဂျင်စီများသို့ တရားဝင် ရောက်ရှိလာခြင်းဖြစ်သည်။ အမည်မဖော်လိုသည့် အေဂျင်စီတစ်ခုက “ခေါ်ပေးတာက ခေါ်ပေးလို့ ရမယ့် မလာတဲ့သူတွေကို ဘယ်လိုမှ အတင်းခေါ်ပေးလို့ မရနိုင်ဘူး။ ကျမတို့အတွက် တော်တော်လေး လုပ်ရကိုင်ရ ကျပ်သွားမှာ။
တကျော့ပြန်တိုက်ပွဲ တစ်နှစ်ပြည့်နေ့မှာ AA က ရခိုင်ပြည်သူတွေကို ဘာတွေ ကတိပေးထားသလဲ
ရခိုင်ဒေသ (အာရက္ခဒေသ) တစ်ခုလုံး ရခိုင်ပြည်သူများလက်ထဲသို့ အမြန်ဆုံးရောက်ရှိရေးအတွက် စစ်ကောင်စီ စစ်စခန်းများအားလုံးကို တစ်ခုပြီးတစ်ခု သိမ်းပိုက်လျှက်ရှိပြီး ရည်မှန်းချက်များ ပြီးမြောက်စေရန် လက်ကျန်စစ်စခန်းများအား ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA က နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်သည်။ စခန်းသိမ်းတိုက်ပွဲမှတစ်ဆင့် မြို့သိမ်း၊ နယ်သိမ်းတိုက်ပွဲကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် အာရက္ခတပ်တော် AA က စတင်ခဲ့ပြီး ယမန်နေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်သည် ရခိုင်တိုက်ပွဲ တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ထိုတစ်နှစ်တာအတွင်းမှာ စစ်ကောင်စီ စစ်စခန်းပေါင်းများစွာကို သိမ်းပိုက်ပြီးနောက် ပလက်ဝမြို့အပါအဝင် ရခိုင်ပြည်ထဲက မြို့ ၁၁ မြို့ကို အာရက္ခတပ်တော်