မြန်မာစစ်တပ် ပိုမိုရက်စက်ကြမ်းကြုတ်လာဟု IIMM အကြီးအကဲ သတိပေး
သတင်း
1 min read
0

မြန်မာစစ်တပ် ပိုမိုရက်စက်ကြမ်းကြုတ်လာဟု IIMM အကြီးအကဲ သတိပေး

အောက်တိုဘာ ၃၀ - ၂၀၂၄
0

(ရခိုင်က ကြောက်မက်ဖွယ် ရာဇဝတ်မှုများကိုလည်း လက်ခံရရှိထားကြောင်းဆို) မြန်မာနိုင်ငံတွင် စစ်တပ်က ကျူးလွန်သည့် စစ်ရာဇ၀တ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ အကြိမ်ရေပိုတိုးလာပြီး ပိုမိုရက်စက်ကြမ်းကြုတ်လာကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အကြီးအကဲ Mr. Nicholas Koumjian က ပြောသည်။ အောက်တိုဘာလ ၂၉ ရက်နေ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေးတွင် IIMM အကြီးအကဲက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ IIMM အကြီးအကဲက “မနှစ်က ဒီကော်မတီမှာ ကျွန်တော် လာရောက်တင်ပြပြီးတဲ့နောက် မြန်မာနိုင်ငံမှာ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ အကြိမ်ရေပိုတိုးလာပြီး၊ ပိုပြီး ရက်စက်ကြမ်းကြုတ်လာတဲ့အကြောင်းကို စိတ်မကောင်းစွာနဲ့ပဲ ထပ်ပြီးတင်ပြရမှာပါ။

Continue Reading
မြန်မာစစ်တပ် လေကြောင်းလောင်စာဆီနှင့် စက်ကိရိယာ ပိတ်ဆို့အရေးယူမှု UK စတင်
သတင်း
1 min read
0

မြန်မာစစ်တပ် လေကြောင်းလောင်စာဆီနှင့် စက်ကိရိယာ ပိတ်ဆို့အရေးယူမှု UK စတင်

အောက်တိုဘာ ၃၀ - ၂၀၂၄
0

နိုင်ငံတဝန်း အကြမ်းဖက်ရန် အဓိက အသုံးပြုနေသော မြန်မာစစ်တပ်၏ လေယာဉ်များအတွက် လောင်စာဆီနှင့် စက်ပစ္စည်းကိရိယာများ ပံ့ပိုးပေးနေသည့် ကုမ္ပဏီအဖွဲ့အစည်းများကို ယူကေ UK အစိုးရက ပိတ်ဆို့အရေးယူလိုက်ကြောင်း သိရသည်။ စစ်ကောင်စီ၏ လေယာဉ်များအတွက် ပံ့ပိုးပေးနေသော ကုမ္ပဏီ ၅ ခုကို ယူကေ အစိုးရက အရေးယူလိုက်ပြီဟု ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ပိတ်ဆို့အရေးယူခံရသည့် ကုမ္မဏီများမှာ Asia Sun Group Company Limited, Swan Energy Company Limited, Myan-Oil Company Limited, Rich Ray Trading Company Limited နှင့် Progress

Continue Reading
သံတွဲမှာ စားနပ်ရိက္ခာနှင့်အတူ လေကြောင်း အန္တရာယ်ကို အလွန်စိုးရိမ်နေရ
စစ်ရေး
1 min read
0

သံတွဲမှာ စားနပ်ရိက္ခာနှင့်အတူ လေကြောင်း အန္တရာယ်ကို အလွန်စိုးရိမ်နေရ

အောက်တိုဘာ ၃၀ - ၂၀၂၄
0

ရခိုင်ပြည် ခရီးသွားဒေသ သံတွဲမြို့နယ်တွင် ဒေသခံပြည်သူများအပါအဝင် စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာနှင့်အတူ လေကြောင်းအန္တရာယ်ကို အလွန်စိုးရိမ်နေရသည်ဟု ဒေသခံပြည်သူများနှင့် စစ်ရှောင်ကူညီထောက်ပံ့သူများက ပြောဆိုကြသည်။ ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ပျက်စီးသွားခြင်းနှင့် နေရပ်မပြန်နိုင်သေးသည့်အတွက် စစ်ရှောင်များနှင့် ဒေသခံပြည်သူများမှာ ငွေသားရှားပါးပြီး စားဝတ်နေရေး ခက်ခဲနေကြသည်ဟု စစ်ရှောင်ကူညီထောက်ပံ့သူ ဒေသခံတစ်ဦးက ပြောသည်။ ” ပိုက်ဆံမရှိတော့ စားရေးသောက်ရေး အဆင်မပြေပေါ့။ အဓိကတော့ စားရေးသောက်ရေးအတွက် ငွေက အရေးကြီးတယ်လေ။ ကျနော်တို့ တာဝန်ယူ ထောက်ပံ့ပေးနေတာ စစ်ရှောင် ၇ ထောင်လောက်ရှိတယ်။ ဒီလိုပဲပေါ့ ရှိတဲ့သူကလည်း သူ့ဟာသူ ဝယ်စား၊ မရှိတဲ့သူကလည်း ကျနော်တို့ အလှူရှင်တွေ ထောက်ပံ့တာကို စားတယ်ပေါ့။ ပြည့်ပြည့်စုံစုံတော့ မထောက်ပံ့နိုင်ဘူးလေ။ ” ဟု

Continue Reading
လားရှိုးမြို့ သာသနာ ၂၅၀၀ တောင်ကုန်းနှင့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဗုံးကြဲ
စစ်ရေး သတင်း
1 min read
0

လားရှိုးမြို့ သာသနာ ၂၅၀၀ တောင်ကုန်းနှင့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဗုံးကြဲ

အောက်တိုဘာ ၂၉ - ၂၀၂၄
0

ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ သာသနာ ၂၅၀၀ တောင်ကုန်းနှင့်ဘုန်းကြီးကျောင်း စစ်လေယာဉ်ဖြင့် ဗုံးကြဲသွားခဲ့ကြောင်း လားရှိုးအခြေစိုက် ဒေသသတင်းရင်းမြစ်၏ ပြောဆိုချက်နှင့် လေကြောင်းကင်းထောက် NAS ၏ ထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၅၈ မိနစ်အချိန် လားရှိုးမြို့၊ ရပ်ကွက် ၁၁၊ အောင်စေတနာလမ်းအတွင်းသို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့ပြီး ထိခိုက်သူမရှိသော်လည်း နေအိမ်တချို့ပျက်စီးခဲ့သည်။ “အောင်စေတနာလမ်းထဲက အိမ်ရှေ့ကျတယ်။ လူအထိအခိုက်မရှိပါဘူး။ အဲဒီအိမ်က အရင်တစ်ခေါက်ကလည်း ကျထားတဲ့အိမ်ပါ။ လူအထိအခိုက်မရှိပါဘူး” ဟု လားရှိုးအခြေစိုက် ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။ ထို့ပြင် အောက်တိုဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီ

Continue Reading
အာရက္ခတပ်တော် AA က အမ်း နပခ ကို အရပ်လေးမျက်နှာ ပိတ်ဆို့၍ တိုက်ခိုက်နေ
စစ်ရေး သတင်း
1 min read
0

အာရက္ခတပ်တော် AA က အမ်း နပခ ကို အရပ်လေးမျက်နှာ ပိတ်ဆို့၍ တိုက်ခိုက်နေ

အောက်တိုဘာ ၂၉ - ၂၀၂၄
0

(စစ်ကောင်စီ တပ်သားများ ပြေးစရာမြေမရှိတော့ဟုဆို) ရခိုင်ပြည် အမ်းမြို့သိမ်းတိုက်ပွဲတွင် အာရက္ခတပ်တော် AA ဖက်က အောင်မြင်မှုများနှင့်အတူ စစ်ရေးအသာစီးရနေပြီး စစ်ကောင်စီဖက်လည်း လေကြောင်းပစ်ကူပေး အပြင်းအထန် ခုခံနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ အမ်းမြို့တွင် စစ်ကောင်စီ (မြန်မာစစ်တပ်) အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိပြီး ဗျူဟာကုန်းများအပါအဝင် စစ်ကောင်စီတပ်ရင်း ၁၀ ကျော်ရှိသည်။ ထိုအထဲက နပခ ဌာနချုပ်၏ အဓိက အရေးပါသော တောဟိန်းတောင်ဗျူဟာကုန်း၊ စွေ့ချောင်းဗျူဟာကုန်း၊ မဲတောင်ဗျူဟာကုန်းများကို AA က သိမ်းပိုက်ထားပြီး အမ်းမြို့ထဲက ဆက်လက် ထိုးစစ်ဆင်တိုက်ရာ တပ်ရင်းတပ်စခန်း ၅ ခုထက်မနည်းကို သိမ်းပိုက်ထားကြောင်း ဒေသခံ ကိုမျိုးလွင်က ပြောသည်။ “အမ်းမြို့ ထွက်ပေါက် ၄

Continue Reading
အမ်းတိုက်ပွဲပြင်းထန်နေ၊ AA လက်နက်ကြီးကျည်ထိ၍ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ဒဏ်ရာပြင်းထန်
စစ်ရေး သတင်း
1 min read
0

အမ်းတိုက်ပွဲပြင်းထန်နေ၊ AA လက်နက်ကြီးကျည်ထိ၍ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ဒဏ်ရာပြင်းထန်

အောက်တိုဘာ ၂၉ - ၂၀၂၄
0

စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ ရခိုင်ပြည် အမ်းမြို့နယ်၏ အရပ်လေးမျက်နှာစလုံးတွင် အာရက္ခတပ်တော် AA ပူးပေါင်းတော်လှန်ရေးဖွဲ့က ပိတ်ဆို့တိုက်ခိုက်နေ၍ အမ်းတိုက်ပွဲမှာ အပြင်းထန်ဆုံးအဆင့်သို့ ရောက်ရှိနေကြောင်း အမ်းဒေသခံ တက်ကြွလှုပ်ရှားသူ ကိုမျိုးလွင်က ပြောသည်။ ယနေ့ အောက်တိုဘာလ ၂၉ ရက် နေ့လယ် ၂ နာရီခွဲအချိန်က အမ်းမြို့ စစ်ကောင်စီခန့် လေယာဉ်ကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ လက်နက်ကြီးကျည်ထိမှန်၍ ပြင်းထန်ဒဏ်ရာ ရသွားကြောင်း သိရသည်။ ကိုမျိုးလွင်က ” စစ်ကောင်စီခန့် လေယာဉ်ကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူး လေယာဉ်ဗုံးကြဲသံ၊ လက်နက်ကြီးသံများကို နေအိမ်အပြင်ထွက်ပြီး ကြည့်နေစဉ် ထိမှန်သွားတာဖြစ်ပါတယ်။ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့က ပစ်ခတ်လိုက်တာ ထင်ပါတယ်။ အသေးစိတ်ကိုတော့ နောက်မှ ပြန်ပြောပါမယ်။ ” ဟု ပြောသည်။

Continue Reading
မန္တလေးပြည်သူ့တပ် စစ်သုံ့ပန်းအချုပ်ဆောင်ကို စစ်ကောင်စီ ဗုံးကြဲ
စစ်ရေး သတင်း
1 min read
0

မန္တလေးပြည်သူ့တပ် စစ်သုံ့ပန်းအချုပ်ဆောင်ကို စစ်ကောင်စီ ဗုံးကြဲ

အောက်တိုဘာ ၂၉ - ၂၀၂၄
0

(စစ်သုံ့ပန်းအပါအဝင် ၁၂ ဦး သေဆုံးပြီး ၆၀ ဦးဝန်းကျင် ဒဏ်ရာရ) မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်သုံ့ပန်းအချုပ်ဆောင်ကို ယမန်နေ့ အောက်တိုဘာလ ၂၈ ရက် ညနေ ၆ နာရီခွဲတွင် အာဏာသိမ်း စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။ စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်က MDY PDF က ယနေ့ ထုတ်ပြန်ထားသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘီလူးစစ်ကြောင်းမှ စစ်သုံ့ပန်းများနှင့် အခြားစစ်သုံ့ပန်းများ ထားရှိရာ အဆောက်အအုံအား ထိမှန်ခဲ့ပြီး စစ်သုံ့ပန်း ၈ ဦး အပါအဝင် ၁၂ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၆၀

Continue Reading
ဟားခါးတိုက်ပွဲ စစ်ကောင်စီလက်နက်ကြီးကျည် ပြည်သူ ၄ ဦးကိုထိ
စစ်ရေး သတင်း
0 min read
0

ဟားခါးတိုက်ပွဲ စစ်ကောင်စီလက်နက်ကြီးကျည် ပြည်သူ ၄ ဦးကိုထိ

အောက်တိုဘာ ၂၉ - ၂၀၂၄
0

ချင်းပြည်နယ် မြို့တော် ဟားခါးမြို့မှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့က စ၍ တိုက်ပွဲဖြစ်ပွားနေကြသည်။ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်သော လက်နက်ကြီးများမှာ အပြစ်မဲ့အရပ်သားပြည်သူ ၄ ဦးကို ထိခိုက်သွားပြီး အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦးပါဝင်သည်။ ဟားခါးမြို့ရုန်းတောင်အခြေစိုက် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များမှာ မြို့သစ်ရပ်ကွက်သို့ ကျရောက်ပေါက်ကွဲခဲ့၍ အရပ်သားများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။ ဟားခါးမြို့က စစ်ကောင်စီတပ်ရင်းများကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မြို့ထဲသို့ ဆုတ်ခွာသွားကြောင်း သိရသည်။ ဆုတ်ခွာသွားသော တပ်ဖွဲ့ဝင်များမှာ မြို့ထဲက စစ်ကောင်စီတပ်ရင်းများဖြင့် ပူးပေါင်းကာ တော်လှန်ရေးတပ်ဖွဲ့အား ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေ၍ ဟားခါးတိုက်ပွဲမှာ

Continue Reading
ရခိုင်မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦးကို ဘင်္ဂလားဒေ့ရှ်က ပြန်ပို့
စစ်ရေး
1 min read
0

ရခိုင်မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦးကို ဘင်္ဂလားဒေ့ရှ်က ပြန်ပို့

အောက်တိုဘာ ၂၉ - ၂၀၂၄
1

အာရက္ခတပ်တော် AA ၏ တိုက်ခိုက်မှုကြောင့် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦးကို ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံသို့ ယနေ့ ပြန်ပို့လိုက်ပြီးဖြစ်ကြောင်း ဒေသသတင်းဌာနကများက ရေးသားသည်။ အလားတူ မြန်မာနိုင်ငံတွင် အကျဉ်းကျခံနေရသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၈၅ ဦးသည် ၎င်းတို့၏ အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံနေရပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများအရ သိရသည်။ ဘင်္ဂလားဒေ့ရှ်၊ Cox’s Bazar ဒုတိယကော်မရှင်နာ Mohammad Salahuddin က “မြန်မာ့အကျဉ်းထောင်တွေမှာ အကျဉ်းကျခံနေရတဲ့ ဘင်္ဂလားဒေ့ရှ် ၈၅ ဦးဟာ ပြစ်ဒဏ်တွေ ကျခံပြီးတာနဲ့ ဘင်္ဂလားဒေ့ရှ်ကို ပြန်သွားမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ

Continue Reading
နောင်ချိုကို ပေါင် ၃၀၀ ဗုံးအပါအဝင် ဗုံး ၁၁ လုံးဖြင့် တိုက်ခိုက်
စစ်ရေး သတင်း
1 min read
0

နောင်ချိုကို ပေါင် ၃၀၀ ဗုံးအပါအဝင် ဗုံး ၁၁ လုံးဖြင့် တိုက်ခိုက်

အောက်တိုဘာ ၂၉ - ၂၀၂၄
0

ရှမ်းမြောက် တအောင်းဒေသ နောင်ချိုမြို့ကို အာဏာသိမ်း စစ်ကောင်စီက ပေါင် ၃၀၀ ဗုံးအပါအဝင် ဗုံး ၁၁ ဖြင့် လာရောက်တိုက်ခဲ့ကြောင်း TNLA က ပြောသည်။ အောက်တိုဘာလ ၂၇ ရက် ညနေ ၈ နာရီခန့်အချိန်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီ သေဆုံးသူ ၁ ဦးနှင့် ဒဏ်ရာရရှိသူ ၁ ဦးရှိခဲ့ကြောင်း သိရသည်။ ဗုံး ၁၁ လုံးထဲတွင် ပေါင် ၃၀၀ ဗုံးနှစ်လုံးပါဝင်ပြီး ည ၇ နာရီ ၄၅ မိနစ်နှင့် ၈ နာရီ ၁၅ မိနစ်ကြား သပြေရပ်ကွက်ကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ

Continue Reading