ရခိုင်ပြည်အတွင်း စစ်ရှုံးနေချိန် စစ်ကောင်စီက စစ်တွေမြို့တွင် ရန်ကာဘုရား နှစ်ဆူ တည်
ရခိုင်ပြည်အတွင်း တပ်စခန်း တစ်ခုပြီးတစ်ခု တစ်မြို့ပြီးတစ်မြို့ လက်လွှတ်ဆုံးရှုံးနေရချိန် အာဏာသိမ်း စစ်ကောင်စီသည် မြို့တော် စစ်တွေမြို့တွင် ရန်ကာဘုရားနှစ်ဆူ တည်နေကြောင်း ဒေသခံများက ပြောသည်။ ရန်ကာဘုရားနှစ်ဆူကို ရန်ကုန်မြို့က ကုန်တင်သင်္ဘောဖြင့် ဇူလိုင်လ ၃ ရက်နေ့က စစ်တွေမြို့သို့ ပင့်ဆောင်လာပြီး လောကာနန္ဒာဘုရားဝန်းတွင် ထပ်မံ တည်ထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ” ဇူလိုင် ၃ ရက်နေ့က သင်္ဘောနဲ့ပင့်လာတာ။ သင်္ဘောကနေတစ်ဆင့် ကားနဲ့ယူလာတယ်။ ၄ ရက်နေ့မှာ အနေကဇာ တင်တယ်။ လောကာနန္ဒာဘုရားမှာပဲ မြောက်ဘက် တစ်ပါး၊ တောင်ဘက် တစ်ပါး တည်ထားတယ်” ဟု ပြောသည်။ အဆိုပါ ဘုရားနှစ်ဆူကို စစ်ကောင်စီက ရန်ကာဘုရားဟု အမည်ပေးထားပြီး
သံတွဲ၊ ငပလီ ကမ်းခြေရှိ ၅၅ တပ်ရင်းနှင့် မောင်တော မကျည်းချောင်းစခန်းတို့ကို AA သိမ်းပိုက်၊ နှစ်မြို့လုံ သိမ်းပိုက် ရရှိရေး ထိုးစစ်ဆင် တိုက်ခိုက်သွားမည်
စစ်ကောင်စီတပ်ရင်းတစ်ခု ဖြစ်သော သံတွဲမြို့ ငပလီကမ်းခြေရှိ ခလရ (၅၅) တပ်ရင်းအား အာရက္ခတပ်တော် AA က ဇူလိုင် ၉ ရက်နေ့တွင် သိမ်းပိုက် ရရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိကြောင်း ယမန့်နေ့က သတင်းထုတ်ပြန်သည်။ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများကို AA မှထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ သံတွဲမြို့နယ်နှင့် မောင်တောမြိုနယ်အတွင်းမှ စစ်ကောင်စီ၏ တပ်စခန်း ၂ခုကို ထပ်မံသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း AA ကထုတ်ပြန်သည်။ ယင်းအထဲမှ သံတွဲမြို့နယ်အတွင်း၌ သံတွဲမြို့၊ ငပလီ ကမ်းခြေတွင် အခြေစိုက်တပ်ရင်းများထဲမှ လက်ကျန်စခန်းတစ်ခုဖြစ်သော ခလရ (၅၅) တပ်ရင်းအား ဇူလိုင်လ ၉ ရက်၊ နံနက် ၁၀ နာရီခန့်က သိမ်းပိုက်
နောင်ချို့မြို့သိမ်းတိုက်ပွဲက သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ
(ဓါတ်ပုံသတင်း) ရှမ်းမြောက် တအောင်းဒေသ နောင်ချိုမြို့သိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများကို တအောင်းတပ် TNLA ယနေ့ နေ့လယ်က ထုတ်ပြန်လိုက်သည်။ နောင်ချိုမြို့ကို တအောင်းတပ် TNLA, မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် MDY PDF နှင့် DPLA တို့က ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ နောင်ချိုမြို့သိမ်းတိုက်ပွဲကို ဇွန်လ ၂၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၁၀ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ နောင်ချိုမြို့က စစ်ကောင်စီတပ်ရင်းတပ်စခန်းများဖြစ်သော ခမရ-၁၁၄ စခန်း၊ ခမရ-၁၁၅၊ ဒုံးတရ – ၆၀၆ နှင့် အုမ္မတီး၊ အုမ္မခါးစခန်း၊ ကျောက်ကြမ်းစခန်း၊ ရွှေညောင်ပင်စခန်း၊ ကံ့ကော်၊ ခဲမွန်၊ စက်ရုံ၊ တိုးဂိတ်၊ ဆေးရုံ၊
နောင်ချိုမြို့က လက်ကျန် စစ်ကောင်စီတပ်ကို TNLA သိမ်းပိုက်
ရှမ်းမြောက် တအောင်းဒေသ နောင်ချိုမြို့နယ်က လက်ကျန်စခန်းဖြစ်သော စစ်ကောင်စီတပ်ကို TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့က အပြီးသတ်သိမ်းပိုက်လိုက်ပြီဟု ယမန်နေ့ ဇူလိုင်လ ၁၀ ရက်တွင် TNLA က ထုတ်ပြန်ထားသည်။ နောင်ချိုမြို့က လက်ကျန်စခန်း ဒုံးတရ ၆၀၆ တပ်စခန်းကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် သိမ်းပိုက်ရရှိခဲ့သော လက်နက်ခဲယမ်းများကို ထုတ်ပြန်ခဲ့သည်။ ဆက်လက်ပြီး နောင်ချို့မြို့နယ် သဲခေါ်ကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး လားရှိုး တန့်ယန်းမြို့နယ် နားဆောင်ကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းများကို TNLA က ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ မိုးမိတ်မြို့နယ် ရွှေတောင်ဦးဘုရားအနီးတဝိုက်တွင်လည်း စစ်ကောင်စီတပ် စကခ-၂၁၊
စစ်ကောင်စီ လက်နက်ကြီးကြောင့် လားရှိုးမြို့က အရပ်သား ၃ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ
ရှမ်းမြောက် တအောင်းဒေသ လားရှိုးမြို့ ရပ်ကွက် ၉ ကို စစ်ကောင်စီ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း TNLA က ထုတ်ပြန်ထားသည်။ ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းက လားရှိုးမြို့ပေါ်ရပ်ကွက်များကို စစ်ကောင်စီတပ်က လက်နက်ကြီး အများအပြား ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ လက်နက်ကြီးကျည်ကြောင့် ကလေးငယ် တစ်ဦးအပါအဝင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး ၁၀ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။ အလားတူ မိုးမိတ်မြို့ အရှေ့ဘက် မင်းတံတားတွင် စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။
ဘုတလင်နှင့် မုံရွာမှာ လက်နက်ကြီးထိ၍ ကလေးအပါအဝင် ၉ ဦးသေဆုံး
စစ်ကိုင်းတိုင်း မုံရွာမြို့နယ်နှင့် ဘုတလင်မြို့နယ်က ကျေးရွာများသို့ စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ်အပါအဝင် ၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဘုတလင်မြို့နယ်က ထနောင်းကုန်းရွာဆေးခန်းနှင့် မုံရွာမြို့နယ် ထနောင်းတောမြောက်ရွာကို စစ်ကောင်စီတပ်က ဒရုန်းများဖြင့် ဗုံးကြဲပစ်ခတ်ခဲ့သလို လက်နက်ကြီးများဖြင့်လည်း တိုက်ခိုက်ခဲ့သည်။ ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက် ၁၁ နာရီက ဘုတလင်မြို့နယ် လမ်းပိုင်း၊ ထနောင်းကုန်းရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ကလေးနှင့် သူ၏ မိခင် သေဆုံးခဲ့ရသည်။ ဘုတလင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက “လမ်းပိုင်း စစ်ဆေးရေးဂိတ်ကို ပထမ ချခံရတာ။ အဲ့ဒီမှာ ဒဏ်ရာရလို့
သံတွဲမှာ လက်နက်ကြီးကျည်ထိ၍ အသက် ၆၀ ကျော်အရွယ် လင်မယားနှစ်ဦးထိခိုက်
(မျက်လုံးဒဏ်ရာ ပြင်းထန်သော အမျိုးသမီးကို ရန်ကုန်သို့ ပို့ဆောင်) ရခိုင်ပြည် သံတွဲမြို့ပေါ်က ရပ်ကွက်များကို စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၆၀ ကျော်အရွယ် လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။ ယမန်နေ့ ဇူလိုင်လ ၉ ရက်နေ့ ညက စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးမှာ အမှတ် ၅ ရပ်ကွက် ညောင်ပင်ဈေးက အောင်မင်္ဂလာလမ်းကို ကျရောက်ခဲ့သည်။ ဒေသခံတစ်ဦးက ” ညောင်ပင်ဈေးက လင်မယားနှစ်ဦး လက်နက်ကြီးကျည်ထိလို့ ပြင်းထန်ဒဏ်ရာ ရရသွားတယ်။ ဇနီးဖြစ်သူ အမျိုးသမီးမှာ မျက်လုံးမှာ တော်တော်လေး ဒဏ်ရာ ပြင်းထန်တယ်။ အဲဒါ ဒီနေ့ ရန်ကုန်မှာ ကုဖို့