လားရှိုးက Non-CDM ဝန်ထမ်းများ၊ စစ်အရာရှိနှင့် ပြည်သူ့စစ်ခေါင်းဆောင်များ၏ နေအိမ်များကို ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပြန်လည်အသုံးပြုမည်
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ထဲက စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်ထမ်းနေအိမ်များ၊ စစ်အရာရှိနှင့် စစ်သားများ၊ ပြည်သူ့စစ်ခေါင်းဆောင်များ၏ နေအိမ်များအားလုံးကို ချိတ်ပိတ်ထားပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းစဉ်များတွင် ပြန်လည်အသုံးပြုမည်ဟု သိရသည်။ MNDAA သတင်းရင်းမြစ်တစ်ဦးက “အခုဆိုရင် စာရင်းအရ သိရတဲ့ စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်ထမ်းတွေရဲ့ အိမ်တွေ၊ စစ်တပ်က လူတွေနဲ့ ပြည်သူ့စစ်ခေါင်းဆောင်တွေရဲ့ အိမ်တွေကို အတည်ပြု စုံစမ်းစစ်ဆေးပြီး နေအိမ်ချိတ်ပိတ်တာတွေ စလုပ်နေပြီ။ အဲဒီ ချိတ်ပိတ်ထားတဲ့ အိမ်တွေကလည်း နောက်ကျရင် ပြည်သူအကျိုးပြုအတွက် ပြန်သုံးဖို့ အစီအစဉ်ရှိပါတယ်။ အခု ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့တွေလည်း ပီပီပြင်ပြင် ဖွဲ့စည်းပြီးရင် အဲဒီလုပ်ငန်းကို ပိုပြီးတော့ အရှိန်မြှင့်လုပ်နိုင်မှာပါ” ဟု ပြောသည်။ ထို့ပြင် လားရှိုးအပါအဝင်
AA ထိုးစစ် ရခိုင်အဆုံး ဂွမြို့နယ်သို့ရောက်
(ကျိန္တလီရဲစခန်းအနီး စစ်ကောင်စီတပ်နှင့် AA တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီက ဗုံးကြဲနေ၍ မြို့ခံအများစု တိမ်းရှောင်) ဩဂုတ်လ ၁၀ ရက်နေ့ကစ၍ ဂွမြို့နယ် ကျိန္တလီမြို့ ချင်းကွင်းကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် AA တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ယမန်နေ့ ဩဂုတ်လ ၁၁ ရက် ညနေတွင် ကျိန္တလီမြို့ရဲစခန်းအား AA က ထိုးစစ်ဆင်တိုက်ခိုက်နေရာ လက်ရှိတွင် တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ ကျိန္တလီမြို့ရဲစခန်းအား AA က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ စစ်ကောင်စီကလည်း ရဲစခန်းအနီးက တောင်တန်းများနှင့် ရဲစခန်းဟောင်းအနီး တစ်ဝိုက်ကို ဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်က ဆိုသည်။ ” တိုက်ပွဲဖြစ်တာက ၂ ရက်လောက်ရှိပြီ။ ချင်းကွင်းကနေစတာ။ မနေ့က ရဲခန်းအနီးမှာ
စစ်တွေက မွတ်ဆလင် ၂၄ ဦးကို စစ်ကောင်စီဖမ်းဆီးသွား
ရခိုင်ပြည် စစ်တွေမြို့နယ်မှာ မွတ်ဆလင် ၂၄ ဦးကို စစ်ကောင်စီ ဖမ်းဆီးသွားပြီး မိသားစုဝင်များဖြင့် အဆက်အသွယ်လုပ်ခွင့် ခွင့်မပြုပေးဟု ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက ပြောသည်။ မွတ်ဆလင် ၂၄ ဦးမှာ ဩဂုတ်လ ၉ ရက်မှ ၁၁ ရက်အတွင်း ဖမ်းဆီးခံရပြီး ကုန်တန်း၊ အောင်မင်္ဂလာ ရပ်ကွက် အသက် ၂၇ နှစ်အောက် လူငယ်များဖြစ်ကြောင်း စုံစမ်းသိရသည်။ ကုန်တန်းရပ်ကွက် အကွက် (၅) မှ မွတ်ဆလင် ၄ ဦး၊ အောင်မင်္ဂလာရပ်ကွက် အကွက် (၁၀) မှ မွတ်ဆလင် ၇ ဦး၊ စစ်တွေမြို့ထဲရှိ ဘူးသီးတောင် စစ်ဘေးရှောင် မွတ်ဆလင် ၁၃ ဦး
ကျိန္တလီမြို့၏ စစ်ရေး နောက်ဆုံးအခြေအနေ
(အင်တာဗျူး) ဩဂုတ်လ ၁၀ ရက်နေ့က စတင်ခဲ့သည့် ရခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့သိမ်းတိုက်ပွဲမှာ ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့တွင် စစ်ကောင်စီနှင့် AA တိုက်ပွဲ ပြင်းထန်နေကြသည်။ ကျိန္တလီမြို့ နယ်မြေရဲစခန်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့ကစ၍ စစ်ကောင်စီသည် လေကြောင်းက ဗုံးကြဲခုခံတိုက်ခိုက်နေပြီး ယနေ့တွင် အကြိမ်ရေ ပြင်းပြင်းထန်ထန် ခုခံခဲ့ကြောင်း သိရသည်။ မြေပြင် AA တပ်ဖွဲ့ဝင်များ၏ ကြိုတင်သတိပေးချက်များနှင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျိန္တလီမြို့ခံ အများစုမှာ ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီး အနည်းစု ကျန်ရှိနေသေးသည်။ ကျိန္တလီမြို့၏ ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့
လားရှိုး အထင်ကရနေရာများတွင် အထူးဒေသအလံနှင့် MNDAA အလံများ လွှင့်တင်
ရှမ်းပြည်နယ်၊ လားရှိုးမြို့ တဝိုက်ရှိ အထင်ကရ နေရာများတွင် မဟာမိတ်တပ်ဖွဲ့ နိုင်ငံရေးဌာန လုပ်ငန်းအဖွဲ့မှ အထူးဒေသအလံနှင့် MNDAA တပ်မတော်အလံများ လွှင့်တင်ခဲ့ကြောင်း သိရသည်။ လားရှိုး လွတ်မြောက်ရေး လှုပ်ရှားမှု ပြီးဆုံးသည်နှင့် သြဂုတ်လ ၈ ရက်နေ့တွင် မဟာမိတ်တပ်ဖွဲ့ နိုင်ငံရေးဌာန အလုပ်အဖွဲ့သည် ပြည်ထောင်စု မြန်မာနိုင်ငံ အထူးဒေသ (၁) အလံနှင့် မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် အလံကို နောင်မွန်မှ လားရှိုးလမ်းတစ်လျှောက် ဟိုပိတ်ဒေသနှင့် ယူနိုင်ဒေသကဲ့သို့ အရေးကြီး အထင်ကရ နေရာများတွင် လွှင့်တင်ခဲ့သည်။ မှတ်တိုင် တစ်ခုစီတွင် လွှင့်တင်ထားသော အထူးဒေသအလံများနှင့် MNDAA တပ်မတော်အလံများသည် တော်လှန်ရေးစိတ်ဓာတ်နှင့် ယုံကြည်ချက်
ကျောက်ဖြူ Posco ရုံးဝန်ထမ်းများကို ရန်ကုန်လေဆိပ်တွင် စစ်ကောင်စီ ဖမ်းဆီးနေ
ရခိုင်ပြည် ကျောက်ဖြူမြို့နယ် ရွှေသဘာဝဓာတ်ငွေ့ ကမ်းလွန်လုပ်ကွက်တွင် ရေနံနှင့် သတဘာဝဓာတ်ငွေ့ တူးဖော်ခြင်းလုပ်နေသည့် Posco International E & P ကုမ္ပဏီရုံးတွင် လုပ်ကိုင်နေသည့် ဝန်ထမ်း ၄ ဦး အိမ်အပြန် ရန်ကုန်လေဆိပ်တွင် ယခု ရက်ပိုင်းအတွင်း ထပ်မံ ဖမ်းဆီးခံရကြောင်း ဖမ်းဆီးခံထားရသူများနှင့် နီးစပ်သူများက ပြောကြားသည်။ Posco International E&P မှ ဝန်ထမ်း ၃ ဦးကို ဇူလိုင်လအတွင်းကလည်း စစ်ကောင်စီတပ်က ရက္ခိုင့်တပ်တော် AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးသွားခဲ့ဖူးပြီး ထပ်မံ၍ ၄ ဦးကို ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးခံရသူများနှင့် နီးစပ်သူတစ်ဦးက “ POSCO INTERNATIONAL
မြောက်ဦးဟိုတယ်ရှေ့ ဗုံးကြဲခံရ၊ ၄ ဦးထက်မနည်းသေဆုံး
ရခိုင်ပြည် မြောက်ဦးမြို့ထဲ မြောက်ဦးဟိုတယ်ရှေ့ကို အာဏာသိမ်း စစ်ကောင်စီက ယနေ့ ဩဂုတ်လ ၁၀ ရက် နေ့လယ် ၁၂ နာရီခွဲကျော်အချိန်တွင် တိုက်လေယာဉ်ဖြင့် ဗုံးတစ်လုံးကြဲချခဲ့ကြောင်း မြို့ခံများက ပြောသည်။ စစ်ကောင်စီ ဗုံးကြောင့် ခရီးသွားလာနေသော တုတ်တုတ်ပေါ်ကျရောက်၍ ယာဉ်မောင်းအပါအဝင် ခရီးသည်စုစုပေါင်း ၄ ဦးထက်မနည်း သေဆုံးသွားကြောင်း မြို့ခံများထံမှ ကနဦး သတင်းရရှိသည်။ ” နေ့လယ် ၁၂ နာရီခွဲကျော်လောက်ကပါ။ ဗုံးလာကြဲတာ။ မြောက်ဦးဟိုတယ်ရှေ့နဲ့ နဝရတ်ဟိုတယ်ရှေ့ကို ကျပါတယ်။ လမ်းမှာ ခရီးသည်နဲ့ သွားနေတဲ့ တုတ်တုတ်ပေါ်ကို ထိတယ်လို့ ပြောတယ်။ ၄ ဦးလား၊ ၅ ဦးလား မသိဘူး။ ပွဲချင်းပြီး သေသွားတယ်။ တော်တော်လေး
သပိတ်ကျင်းက ခလရ ၁၄၈ တပ်ရင်းနှင့် စစ်စခန်း ၅ ခုကို TNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
(သပိတ်ကျင်းမြို့ကို သိမ်းပိုက်ရန် သင်တန်းကျောင်း စစ်စခန်း ၂ ခုနှင့် လက်ရုံးတပ် ၁ ခုသာကျန်ရှိ) မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ၏ ခလရ ၁၄၈ တပ်ရင်းနှင့် စစ်စခန်း ၅ ခုကို TNLA ၊ မိုးကုတ်ဗျူဟာနှင့် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များ၏ ထုတ်ပြန်ချက်နှင့် ပြောဆိုချက်များအရ သိရသည်။ ဩဂုတ်လ ၉ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် TNLA နှင့် မိုးကုတ်ဗျူဟာ အပါအဝင် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များက စစ်ကောင်စီ၏ အမှတ် ၁၄၈ ခြေလျင်တပ်ရင်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။ “ခလရ-၁၄၈ တပ်ရင်းကို
စစ်ကောင်စီ ပစ်ထားခဲ့သော တပ်ဖွဲ့ဝင် ၁၃ ဦးကို MNDAA ရှာဖွေကယ်ထုတ်
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် စစ်ကောင်စီ ပစ်ထားခဲ့သော သေလုမြောပါးဖြစ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ ၁၃ ဦးကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အတွင်း ဘန်ကာအောက်တွင် ပုန်းအောင်းနေစဉ် MNDAA က တွေ့ရှိပြီး ကယ်တင် ဆေးကုသပေးထားကြောင်း သိရသည်။ သြဂုတ်လ ၈ ရက်က လားရှိုးအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို မဟာမိတ်တပ် စစ်ဆေးရာ ဘန်ကာတစ်ခုအောက်တွင် ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးကို တွေ့ရှိခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။ ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘန်ကာအောက်တွင် ပုန်းအောင်းကာ ရှင်သန်နေသေးပြီး ရက်အတန်ကြာဆာလောင်မှု၊ အအေးမိခြင်းနှင့် အနာပိုးဝင်ခြင်းတို့ကို ခံစားရ၍ သေလုမြောပါးဖြစ်နေကြောင်း MNDAA က ဆိုသည်။ ယင်းနောက် MNDAA တပ်ဖွဲ့က ဒဏ်ရာရရှိသူများကို ကျန်းမာရေးဆိုင်ရာ
စစ်တွေအကျဉ်းထောင်ဂိတ်စောင့်များ ထောင်ဝင်စာတွေ့သူများထံမှ ငွေတောင်းယူနေ
ရခိုင်ပြည် စစ်တွေမြို့ရှိ စစ်တွေအကျဉ်းထောင်တွင် ထောင်ဝင်စာတွေ့သူ မိသားစုဝင်များ ဂိတ်စောင့်များအား ငွေပေးနေရကြောင်း ထောင်ဝင်စာတွေ့သူများက ပြောဆိုကြသည်။ အကျဉ်းကျနေသော မိသားစုဝင်ကို အစေားအသောက်များ ပေးလိုပါက ဂိတ်စောင့်အား ပိုက်ဆံပေးပြီးမှ လက်ခံကြကြောင်း ထောင်ဝင်စာသွားတွေ့သူ စစ်တွေဒေသခံတစ်ဦးက ပြောသည်။ “ကိုယ့်မိသားစုဝင်ကို ဆေးနဲ့ လိုတာလေးတွေ ပေးချင်ရင် အရင်လို ဒီအတိုင်း ပေးထားခဲ့လို့ မရတော့ဘူး။ ပေးမယ့် ပစ္စည်းတွေကို ဂိတ်မှာ ပိုက်ဆံပေးပြီးထားခဲ့ရတယ်။ သူတို့က ပိုက်ဆံမပေးရင်လက်မခံဘူး။ မပို့ပေးဘူး” ဟု ပြောသည်။ ထောင်ဂိတ်စောင့်အား ပေးရသည့် ငွေကြေးမှာ ကျပ် ၅ ထောင်ကနေ ၁ သောင်းအထိဖြစ်ပြီး ထောင်ဝင်စာတွေ့သူတိုင်း၊ အကြိမ်တိုင်း ပေးနေကြရသည်ဟု သိရသည်။ ထောင်ဝင်စာ လာတွေ့သူများကို