တောင်ပိုင်းစစ်ဒေသ SOF ၏ အထူးစစ်ဆင်ရေး သင်တန်းဆင်းပွဲ
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
77

တောင်ပိုင်းစစ်ဒေသ SOF ၏ အထူးစစ်ဆင်ရေး သင်တန်းဆင်းပွဲ

ဇူလိုင် ၂၉ - ၂၀၂၄
0

(ဓါတ်ပုံသတင်း) တောင်ပိုင်းစစ်ဒေသတွင် SOF တပ်ဖွဲ့၏ အပတ်စဥ် ၆ အထူးစစ်ဆင်ရေး သင်တန်းဆင်းပွဲနှင့် တပ်ဖွဲ့ တည်ထောင်ခြင်း ၃ နှစ်ပြည့်အခမ်းအနားကို ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ သင်တန်းဆင်းပွဲတွင် အလံတော်နှင့် ကျဆုံးရဲဘော်များကို အလေးပြုခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှပေးပို့သော သဝဏ်လွှာကို ဖတ်ကြားခြင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန J2C အဖွဲ့ဝင်လူကြီးများနှင့် တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူးရဲဘော်စောရှားမှ သင်တန်းဆင်း ဂုဏ်ပြုစကားများပြောကြားခဲ့ကြောင်း သိရသည်။ SOF တပ်ဖွဲ့သည် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပြည်သူ့ ခုခံတွန်းလှန်စစ် စတင်သည့်အချိန်မှစ၍ မြို့ပြနှင့် ကျေးလက်စစ်ဆင်ရေးများစွာ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြသည်။ မင်းအောင်လှိုင်၏ စစ်မှုမထမ်းမနေရ စစ်သားစုဆောင်းခြင်းနှင့်

Continue Reading
ဂွမြို့နဲ့ ကျိန္တလီကြား စစ်ကောင်စီ စစ်ကြောင်းထိုးလို့ ဒေသခံပြည်သူများ နေရပ်စွန့်ခွာ
စစ်ရေး ရုပ်သံ သတင်း
1 min read
262

ဂွမြို့နဲ့ ကျိန္တလီကြား စစ်ကောင်စီ စစ်ကြောင်းထိုးလို့ ဒေသခံပြည်သူများ နေရပ်စွန့်ခွာ

ဇူလိုင် ၂၈ - ၂၀၂၄
0

Continue Reading
ချင်းအချင်းချင်း ပူးပေါင်းရန် CB ကို CNF ဖိတ်ခေါ်
စစ်ရေး သတင်း
1 min read
153

ချင်းအချင်းချင်း ပူးပေါင်းရန် CB ကို CNF ဖိတ်ခေါ်

ဇူလိုင် ၂၇ - ၂၀၂၄
0

(CNF က အာဏာရှင်ဆန်သော အစိုးရသစ် ဖွဲ့စည်းနေဟု CB က ပြန်ပြော) ချင်းတိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် ချင်းညီနောင်အဖွဲ့ CB ကို ချင်းအမျိုးသားတပ်ဦး CNF က ဖိတ်ခေါ်လိုက်ကြောင်း သိရသည်။ ချင်းပြည်ထဲက စစ်ကောင်စီများကို တိုက်ထုတ်ရန်နှင့် ချင်းပြည် ချင်းလူထုလက်ထဲသို့ အပြည့်အဝ ရောက်ရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ချင်းညီနောင်အဖွဲ့ CB ကို CNF နိုင်ငံခြားရေးတာဝန်ခံလည်းဖြစ် ချင်းလူ့အခွင့်အရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူးလည်းဖြစ်သည့် ဆလိုင်းဘွေလျန်မန်း က အာအက်ဖေနှင့် အင်တာဗျူးတစ်ခုတွင် ထည့်သွင်းပြောဆို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ ” ကျနော်တို့ NUG နဲ့တောင် ပေါင်းတာပဲ။ ကျနော်တို့ ချင်းညီကိုအချင်းချင်းကြားထဲမှာ တိုက်စရာခိုက်စရာအကြောင်းမရှိဘူး။ အဲဒါကြောင့်

Continue Reading
တောင်ကုတ် ကုလားရောင်ကမ်းခြေမှာ အရပ်ဝတ်ဖြင့် အလောင်း ၇ လောင်းတွေ့
စစ်ရေး သတင်း
1 min read
152

တောင်ကုတ် ကုလားရောင်ကမ်းခြေမှာ အရပ်ဝတ်ဖြင့် အလောင်း ၇ လောင်းတွေ့

ဇူလိုင် ၂၆ - ၂၀၂၄
0

(ရခိုင်တောင်ပိုင်းတွင် အမည်မသိ အရပ်သားအလောင်းတွေ့သည်မှာ ၁၄ လောင်းရှိလာပြီ) ရခိုင်ပြည် တောင်ကုတ်မြို့နယ် ကုလားရောင်ကျေးရွာအနီး (အောင်မင်းချောင်) က ကမ်းခြေမှာ လက်နောက်ပြန်ကြိုးတုပ်၊ ခြေထောက်ကို သံကြိုးဖြင့် ချည်နှောင်ခံထားရသည့် အရပ်ဝတ်အင်္ကျီဖြင့် အလောင်း ၇ လောင်း တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရသည်။ အလောင်းများမှာ အားလုံး အမျိုးသားများဖြစ်ကြပြီး ခြေထောက်ကို ချည်နှောင်ထားသော သံကြိုးကို သော့ခတ်ထားကြောင်းလည်း ရွာသားတစ်ဦးက ပြောသည်။ ” မနေ့က တွေ့တာပါ။ ဘယ်က မျောလာတာလဲတော့ မသိဘူး။ အခု ရွာသားတွေ ဆယ်ယူပြီး သင်္ဂြိုလ်ပေးလိုက်ပါပြီ။ ခြေထောက်တွေမှာ သံကြိုးချည်ခံထားရတယ်။ သော့ပါ ခတ်ထားသေးတာ။ မျက်လုံးကို ပိတ်စဖြင့် အပိတ်ခံထားရတယ်။ လက်လည်း နောက်ပြန်ကြိုး

Continue Reading
မိုးကုတ်မြို့က သိမ်းဆည်းရမိသော စစ်ကောင်စီ လက်နက်များကို TNLA ထုတ်ပြန်
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
207

မိုးကုတ်မြို့က သိမ်းဆည်းရမိသော စစ်ကောင်စီ လက်နက်များကို TNLA ထုတ်ပြန်

ဇူလိုင် ၂၅ - ၂၀၂၄
0

မိုးကုတ်မြို့နယ်က စစ်ကောင်စီ၏ လပခ၊ ခလရ (၇၈၊ ၈၈၊ ၁၄၈) ဗျူဟာမှူးကြီးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ကို ဇူလိုင် ၂၄ ရက်နေ့တွင် တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အတွင်း ဇွန်လ ၂၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး သီတင်းပတ် (၄) ပတ်ကြာ တိုက်ခိုက်ခဲ့ရသည်။ မိုးကုတ်အနောက်ပိုင်းရှိ စစ်ကောင်စီတပ်စန်းများဖြစ်ကြသည့် ရွှေမျက်၀န်း၊ အေးစေတီးကုန်း၊ အာကာမိုး၊ ဒေါ်နန်းကြည်တောင်၊ ဗျူဟာကုန်း၊ ရွှေသာယာ၊ ပန်းသပြေ၊ ဖြူရောင်ကုန်း တပ်စခန်းများကို ဇွန်လ ၃၀ ရက်နေ့တွင် ရှင်းလင်းသိမ်းပိုက်ခဲ့ပြီးဖြစ်သည်။ ထို့နောက် မိုးကုတ်အရှေ့ပိုင်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတွင်

Continue Reading
လားရှိုးက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို MNDAA သိမ်းပိုက်
စစ်ရေး သတင်း
1 min read
220

လားရှိုးက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို MNDAA သိမ်းပိုက်

ဇူလိုင် ၂၅ - ၂၀၂၄
0

ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို ကိုးကန့်တပ် MNDAA က သိမ်းပိုက်လိုက်ပြီဟု ထုတ်ပြန်ကြေညာထားသည်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အား ယနေ့ ဇူလိုင်လ ၂၅ ရက် နံနက် ၄ နာရီတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAA က တရားဝင်ထုတ်ပြန်ထားသည်။ ” လားရှိုးမြို့ကို လုံးဝ လွတ်မြောက်ကြောင်း MNDAA တပ်၏ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာသည်။ လားရှိုးမြို့ လွတ်မြောက်ရေး တော်လှန်ရေး လှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်သည်။ ” ဟု MNDAA က ရေးသားထုတ်ပြန်ကြေညာထားသည်။ လားရှိုးမြို့တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်နေ၍ ဆက်သွယ်ရ ခက်ခဲနေကြောင်းသိရပြီး

Continue Reading
ဂွမြို့ကို AA မဝင်နိုင်ရန် စစ်ကောင်စီက တံတားများကို မိုင်းခွဲဖျက်ဆီးနေ
စစ်ရေး သတင်း
1 min read
390

ဂွမြို့ကို AA မဝင်နိုင်ရန် စစ်ကောင်စီက တံတားများကို မိုင်းခွဲဖျက်ဆီးနေ

ဇူလိုင် ၂၅ - ၂၀၂၄
0

ရခိုင်ပြည် ဂွမြို့နယ်ကို အာရက္ခတပ်တော် AA အလွယ်တကူ မဝင်ရောက်နိုင်ရန် သံတွဲ-ဂွကြားရှိ တံတား ၃ စင်းထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းခွဲဖျက်ဆီးနေကြောင်း သိရသည်။ ချင်းကွင်း၊ သရက်ပင်ကွင်း၊ ဆင်ဒင်ကလေး ရှိ တံတားများကို မိုင်းခွဲဖျက်ဆီးလိုက်ပြီး ဂွမြို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခံစစ်ပြင်ဆင်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ” သံတွဲ-ဂွကြားမှာရှိတဲ့ တံတားတွေကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးလိုက်တာ မှန်ပါတယ်။ ဂွမြို့ထဲမှာလည်း စစ်ရေးပြင်ဆင်မှု လုပ်နေပါတယ်။ ဂိတ်တိုးချတာ၊ လူအင်အားဖြည့်တာ၊ ဧရာဝတီဘက်က လာတဲ့ စစ်သင်္ဘောတွေ အသွားအပြန်လုပ်နေတာတွေရှိတယ်ဗျ။ ” ဟု ပြောသည်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ရခိုင်ပြည်က မြို့နယ်တိုင်းလိုလိုတွင် AA ထိုးစစ်အား ကာကွယ်ရန် ခေါင်းစဉ်ဖြင့်

Continue Reading
ပတ္တမြားမြေ မိုးကုတ်မြို့နယ်ကို တအောင်းတပ် TNLA သိမ်းပိုက်ရရှိ
စစ်ရေး ရုပ်သံ သတင်း
1 min read
192

ပတ္တမြားမြေ မိုးကုတ်မြို့နယ်ကို တအောင်းတပ် TNLA သိမ်းပိုက်ရရှိ

ဇူလိုင် ၂၅ - ၂၀၂၄
0

Continue Reading
မန္တလေးတိုင်း မိုးကုတ်မြို့ကို TNLA သိမ်းပိုက်
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
108

မန္တလေးတိုင်း မိုးကုတ်မြို့ကို TNLA သိမ်းပိုက်

ဇူလိုင် ၂၅ - ၂၀၂၄
0

မန္တလေးတိုင်း ပတ္တမြားနယ်မြေ မိုးကုတ်မြို့ကို တအောင်းတပ် TNLA က ယမန်နေ့ ဇူလိုင်လ ၂၄ ရက် ညနေ ၅ နာရီတွင် သိမ်းပိုက်နိုင်ခဲ့ပြီဟု ထုတ်ပြန်ထားသည်။ မိုးကုတ်မြို့သည် တအောင်းဒေသ TNLA ၏ တပ်မဟာ (၂) ဒေသထဲတွင် ပါဝင်ပြီး စစ်ကောင်စီတပ်စခန်း အားလုံးကို တိုက်ခိုက်ရှင်းလင်းလိုက်ပြီဟု သိရသည်။ မိုးကုတ်မြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက် ဖြတ်တောက်ခံထားရသည့်အတွက် အဝေးရောက် ဒေသခံများမှာ မိသားစုဆွေမျိုးများဖြင့် လတ်တလောတွင် အဆက်အသွယ်ပြတ်တောက်နေကြသည်ဟု သိရသည်။ မိုးကုတ်မြို့ခံ အသက် ၅၇ နှစ်ရှိ အမျိုးသမီးကြီးတစ်ဦးက ” မနက်ပိုင်းလောက်မှာ ကတည်းက သေနတ်သံတွေတိတ်သွားတယ်။ လက်နက်ကြီးသံ တစ်ချက်တစ်ချက် ကြားရတယ်။ လေယာဉ်သံကြားရတယ်။

Continue Reading
စစ်တွေ ဗျိုင်းဖြူရွာက နေအိမ်များ ဖြိုဖျက်ခံနေရ
စစ်ရေး သတင်း
0 min read
194

စစ်တွေ ဗျိုင်းဖြူရွာက နေအိမ်များ ဖြိုဖျက်ခံနေရ

ဇူလိုင် ၂၄ - ၂၀၂၄
0

ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာက နေအိမ်များကို သူခိုးများနှင့် အနီးအနားကျေးရွာမှ ဒေသခံများ လာရောက် ဖြိုဖျက်ဆီးနေကြကြောင်း ဗျိုင်းဖြူရွာသားများက ပြောသည်။ မေလ နောက်ဆုံးအပတ်တွင် ရွာလုံးကျွတ် ဖမ်းသတ်ဖြတ်ခံရပြီးနောက် အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများမှာ စစ်တွေမြို့ထဲ၌ ရွှေ့ပြောင်းနေထိုင်ကြရသည်။ စစ်ကောင်စီက ဗျိုင်းဖြူရွာသားများကို ဖမ်းဆီးသတ်ဖြတ်ပြီး ကျန်ရှိ အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကိုလည်း ရွာထဲ၌ ပြန်လည်နေထိုင်ခွင့် မပေးဘဲ ကန့်သတ်ထားသည်။ ရွာထဲ လူမရှိ၍ သူခိုးများနှင့် အနီးအနားကျေးရွာက ဒေသခံများမှာ နေအိမ်များကို ဖြိုဖျက်ကာ တစစီဆွဲဖြဲယူနေကြသည်ဟု ဗျိုင်းဖြူရွာသား အမျိုးသမီးတစ်ဦးက ပြောသည်။ ” အခုရွာထဲက နေအိမ်တွေ အဖြိုခံနေကြရပါတယ်။ သူတို့ လိုအပ်တာတွေ ဖြိုဖျက်ပြီး ယူနေကြတာပါ။

Continue Reading