ပုဏ္ဏားကျွန်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် မိသားစု ၃ ဦး သေဆုံး၊ ၁၄ ထိခိုက် ဒဏ်ရာရ
အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကောင်စီ လေကြောင်းက ယမန်နေ့ မတ်လ ၂၅ ရက် ညနေပိုင်းတွင် ဗုံးကြဲမှုကြောင့် မိသားစုများ သေဆုံး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ကျေးရွာကို ညနေ ၇ နာရီကျော်အချိန်တွင် ပေါင် ၅၀၀ ဗုံးအသုံးပြုပြီး ဂျက်ဖိုက်တာ တစ်စီးဖြင့် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများ က ပြောသည်။ ပုဏ္ဏားကျွန်း ဒေသခံတစ်ဦးက “အောင်ဖြူပြင်ရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံး ၃ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တယ်။ မိသားစု ၃ ဦးသေဆုံးပြီးတော့ ၁၄ ဦးထက်မနည်း ဒဏ်ရာရသွားတယ်။ နေအိမ်တွေလည်း ပျက်စီးသွားတယ်”
ALP နှင့် စစ်ကောင်စီတို့ စစ်တွေမြို့နယ်တွင် စစ်သားစုဆောင်းရေးများ ထပ်မံ လုပ်ဆောင်နေ
ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALPနှင့် ပြည်နယ် စစ်ကောင်စီတို့ အဖွဲ့သည့် စစ်တွေမြို့နယ်တွင် အရပ်သားများကို စစ်သားစုဆောင်းရေးများ ထပ်မံ လုပ်ဆောင်နေကြောင်း သိရသည်။ စစ်သားစုဆောင်းရေးများကို ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALPနှင့် စစ်တွေမြို့အတွင်း ရပ်ကွက်များတွင် လုပ်ဆောင်နေခြင်းဖြစ်ပြီး စစ်ကောင်စီကမူ စစ်တွေမြို့နယ်က ကျေးရွာများ ကို လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း မြို့ခံများက ပြောသည်။ စစ်တွေမြို့နယ်၊ ဘုမေ၊ သက္ကယ်ပြင်၊ ဓားပိုင်၊ ဆေးသမား၊ ခေါင်းဒုက္ကာနှင့် အောင်မင်္ဂလာရပ်ကွက်တို့က မွတ်ဆလင်များကို စစ်ကောင်စီက ကျေးရွာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် စစ်မှုထမ်းရန်အတွက် စာရင်း ကောက်ခံခဲ့ကြောင်း သိရသည်။ စစ်တွေမြို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးက “စာရင်းတွေ
အိန္ဒိယ၊ အင်ဖာထောင်မှ ဖမ်းဆီးခံ မြန်မာအမျိုးသမီးနှင့် ကလေးငယ် ၂၇ ဦး လွတ်မြောက်လာ(ထောင်အတွင်း ၁၂၀ ဦးခန့် ကျန်ရှိနေသေး)
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ အင်ဖာအကျဥ်းထောင်မှာ ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား ၂၇ဦး ပြန်လည် လွတ်မြောက်လာသော်လည်း နောက်ထပ် ပြန်မလွတ်သေးဘဲ ၁၂၀ခန့် ရှိနေသေးကြောင်း သိရသည်။ ၎င်းတို့ အားလုံးသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် အိန္ဒိယ နယ်စပ်ဖြတ်ကျော် နေထိုင်မှုနှင့် ဖမ်းဆီး အကျဉ်းကျခံနေရသော သူများ ဖြစ်ကြောင်း India for Myanmar က Western News ကို ပြောသည်။ အင်ဖာ အကျဥ်းထောင်မှာ အမျိုးသမီး ၂၀ဦး၊ ကလေး ၇ ဦးကို မြန်မာ စစ်တပ်ဆီသို့ လွှဲပြောင်းပေးလိုက်ကြောင်း ဖမ်းဆီးခံသူများအရေး ကူညီပေးနေသော India for Myanmar တာဝန်ရှိသူ
စစ်တပ်နှင့် အတူ လက်တွဲနေသည့် “ALP” စစ်တွေတွင် ပါတီနှစ်ပတ်လည်နေ့ ကျင်းပ
အာဏာသိမ်း စစ်ကောင်စီနှင့် ပူပေါင်းဆောင်ရွက်နေသော ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP က ပါတီနှစ်ပတ်လည်နေ့ကို စစ်တွေမြို့မှာ ကျင်းပြခဲ့ကြသည်။ ၃ နှစ်မြောက် နှစ်ပတ်လည်နေ့ကို အစိုးရ NCA-S EAO၊ ပြည်နယ် တာဝန်ရှိသူများ နိုင်ငံရေးပါတီများ အားဖိတ်ကြား၍ လူ ၅၀၀ခန့်ဖြင့် အခမ်းအနားကျင်းပရန် စီစဉ်ခဲ့သော်လည်း စစ်ရေးအခြေအနေကြောင့် ဖျက်သိမ်းခဲ့ရကြောင်း ဆိုသည်။ အခမ်းအနားကို နေရာ ၂ခု ခွဲပြီး မတ်လ ၂၀ရက်နှင့် ၂၁ ရက်တို့တွင် ၂ရက်တာ ကျင်းပပေးခဲ့ပြီး အခမ်းအနားတွင် တပ်မှူး၊ တပ်ဗိုလ်များအစည်းအဝေးကို မတ်လ ၂၂ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း ဆိုသည်။ ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ရခိုင်ပြည်
ရခိုင်က မြို့နှစ်မြို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီး
အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော ရခိုင်ပြည် ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်တို့ကို မတ်လ ၂၂ ရက် နံနက် ၃ နာရီဝန်းကျင်နှင့် နံနက် ၉ နာရီဝန်းကျင်တို့တွင် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်ခဲ့သည်။ ပုဏ္ဏားကျွန်းမြို့နယ် ကျော်ဇံကျေးရွာကို ယနေ့ နံနက် ၉ နာရီဝန်းကျင်က ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်လာရောက်ကာ ဗုံး ၄ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးသွားခဲ့သည်။ ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက “ကျော်ဇံရွာကို စစ်ကောင်စီက ဗုံး ၃၊ လေးလုံးလောက် ကြဲသွားတယ်။ ဒီနေ့ မနက် ၉ နာရီလောက်ပဲ။ ဘယ်လောက် ထိခိုက်ပျက်စီးသွားသလဲကိုတော့ မသိရသေးဘူး” ဟု ပြောသည်။
စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် မန္တလေးက ပြည်သူများ မဲနှိုက်နေရ
အာဏာသိမ်း စစ်ကောင်စီ၏ အတင်းဓမ္မ ဖိအားပေး ခိုင်းစေမှုများကြောင့် မန္တလေးကပြည်သူလူထုများမှာ စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် မဲနှိုက်ရွေးချယ် ခံနေရကြောင်း သိရသည်။ လာမည့် ဧပြီလအတွင်း စတင်မည့် စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် မန္တလေးက ပြည်သူများကို ခေါ်ယူနေခြင်းဖြစ်ပြီး ယနေ့ မတ်လ ၂၄ ရက်တွင် စတင်မဲနှိုက် ရွေးချယ်ခံနေရကြောင်း ဒေသခံများက ပြောသည်။ မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက်ရုံး၊ ဓမ္မာရုံနှင့် သတ်မှတ်ထားသော နေရာများတွင် စစ်ကောင်စီအဖွဲ့မှ မန္တလေး လူငယ်များကို မဲနှိုက်ရွေးချယ်နေပြီး မဲလာနှိုက်ကြရန်လည်း လော်စပီကာများဖြင့် လိုက်လံအော်ခေါ်နေသည်။ မဟာနွယ်စဉ်ရပ်ကွက်ဒေသခံတစ်ဦးက “စစ်မှုထမ်း မဲနှိုက်ခိုင်းဖို့ စာတွေ ဝေတယ်။ လော်စပီကာနဲ့လည်း လိုက်အော်တယ်။
ဖမ်းဆီးခံ မြန်မာ နိုင်ငံသားများကို စစ်ကောင်စီထံသို့ မလွှဲပြောင်းရန် CRPH က တင်ပြ
တရားမဝင် ဝင်ရောက်လာသည့် မြန်မာပြည်သူများကို ဖမ်းဆီး၍ စစ်ကောင်စီထံသို့ ပြန်လည် လွှဲပြောင်းခြင်း မပြုလုပ်ရန် ထိုင်းလွှတ်တော်၏ မြန်မာ့အရေး ဆွေးနွေးပွဲတွင် တင်ပြ တောင်းဆိုခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ထိုင်းလွှတ်တော်တွင် ကျင်းပပြုလုပ်ခဲ့သော မြန်မာ့အရေး ဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ မတ်လ ၂၂ ရက်နေ့မှ မတ်လ ၂၃ ရက်နေ့အထိ “ထိုင်းနိုင်ငံ၏ နယ်စပ်တစ်လျှောက်၌ လုံခြုံရေး မြှင့်တင်ခြင်းနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း အခန်းကဏ္ဍ” ဆွေးနွေးပွဲတွင် ထိုသို့ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ အောက်လွှတ်တော် အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားရေးဆိုင်ရာ မဟာဗျူဟာနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမြဲတမ်းကော်မတီနှင့် လူ့အခွင့်အရေးဆိုင်ရာ
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘန်ကောက် BIMSTEC ထိပ်သီးအစည်းအဝေးသို့ တက်မည်
အာဏာသိမ်း စစ်ခေါင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပမည့် BIMSTEC အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများက ယနေ့တွင် ဖော်ပြသည်။ မင်းအောင်လှိုင်သည် ဘင်္ဂလားပင်လယ်အော် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဧပြီလ ၃ ရက်မှ ၄ ရက်အထိ ဘန်ကောက်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ သိရသည်။ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (BIMSTEC)၏ ၆ ကြိမ်မြောက် ဘင်္ဂလားပင်လယ်အော် ထိပ်သီးအစည်းအဝေးတွင် ပါဝင်မည်ဟု သတင်းရင်းမြစ်က အတည်ပြုထားသည်။ အာဏာသိမ်း စစ်ခေါင်းဆောင်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်အစိုးရခေါင်းဆောင်၏ ပထမဦးဆုံးအကြိမ် ထိုင်းနိုင်ငံ ဘန်ကောက်သို့ လာရောက်ခြင်းလည်း
တောင်ကုတ်နှင့် သံတွဲမှာ မြေမြှုပ်မိုင်း နင်းမိပြီး အရပ်သားနှစ်ဦး ထပ်မံ ထိခိုက် ဒဏ်ရာရ
ရခိုင်ပြည်၊ တောင်ကုတ်နှင့် သံတွဲမြို့နယ်တို့မှာ စစ်ကျန်မြေမြှုပ်မိုင်း နင်းမိပြီး အရပ်သားနှစ်ဦး ပြင်းထန် ထိခိုက် ဒဏ်ရာ ရရှိသွားပြီး အရေးပေါ် ဆေးကုသမှုများ ခံယူနေရကြောင်း ဒေသခံများက ပြောသည်။ မတ် ၂၁ ရက်နေ့ ညနေ ၅ နာရီအချိန်လောက်က တောင်ကုတ်မြို့နယ်၊ ရန်ခိုရွာက အသက် ၇၃ နှစ်အရွယ်ရှိ ဦးကျော်မြင့် မှာ ရွာရှိ စာသင်ကျောင်းအနီးကို အလုပ်ကိစ္စတစ်ခုကြောင့် သွားလာရာမှာ မြေမြှုပ်မိုင်း နင်းမိခြင်း ဖြစ်သည်။ ဦးကျော်မြင့်မှာ ညာဖက်ခြေထောက်နှင့် ညာဖက်ဆီးအိမ်မှာ ပြင်းထန် ဒဏ်ရာ ရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။ ထို့အပြင် မတ် ၂၀ ရက်နေ့ နံနက်ပိုင်းကလည်း သံတွဲမြို့နယ်၊
ထရမ့်အမိန့်ဖြင့် အမေရိကန် ပြည်နှင်ဒဏ်ပေးလိုက်သော မြန်မာနှစ်ဦးကို စစ်ကောင်စီ လက်ခံ
သမ္မတ ထရမ့် အမိန့်ဖြင့် အမေရိကန်နိုင်ငံက ပြည်နှင်ဒဏ်ပေးလိုက်သော မြန်မာနိုင်ငံသား နှစ်ဦးကို အာဏာသိမ်း စစ်ကောင်စီက လက်ခံကြောင်း မတ်လ ၂၁ ရက်နေ့က ထုတ်ပြန်သည်။ အမေရိကန်အစိုးရသစ်၏ မူဝါဒအရ လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့် ငြိစွန်းသူများ၊ ပြစ်မှုကျူးလွန်ထားသော နိုင်ငံခြားသားများကို ပြည်နှင်လျက်ရှိရာ မြန်မာများလည်း ပါဝင်နေသည်။ ပထမဆုံး အသုတ်အနေဖြင့် ပြည်နှင်ခံရသော မြန်မာနှစ်ဦးမှာ မတ်လ ၁၉ ရက်နေ့နှင့် မတ်လ ၂၈ ရက်နေ့တို့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဟု စစ်ကောင်စီက ဆိုသည်။ ရာဇဝတ်မှုများ ကျူးလွန်သော ရွှေ့ပြောင်းနေထိုင်သူများကို အမေရိကန်အစိုးရ အဆက်ဆက်က မကြာခဏဆိုသလို မူရင်း မိခင်နိုင်ငံများသို့ ပြန်လည် ပို့ဆောင်မှုများရှိကြောင်း သိရသည်။ အမေရိကန်ရောက်