စစ်ကောင်စီ ဗုံးကြဲ၍ တောင်ကုတ်မြို့မဈေး ပျက်စီး
ရခိုင်ပြည် တောင်ကုတ်မြို့မဈေးကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်၍ ဈေးတစ်ခုလုံး ပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။ ဒီဇင်ဘာလ ၃ ရက် ည ၈ နာရီခန့်တွင် စစ်ကောင်စီ လေကြောင်းက ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးထက်မနည်း တိုက်ခိုက်ခဲ့၍ မြို့မဈေးမှာ ရစရာမရှိအောင် ပျက်စီးသွားခြင်းဖြစ်သည်။ တောင်ကုတ်မြို့မဈေးမှာ ဈေးဆိုင်ခန်းပေါင်း ၆၀ ခန့်ရှိပြီး ဈေးဆိုင်းခန်းအားလုံးမှာ ပျက်စီးသွားကြောင်းနှင့် ညဈေးတန်းလည်း ဗုံးကြဲတိုက်ခိုက်ခံရ၍ ဆိုင်ခန်းပေါင်း ၂၀ ကျော် ပျက်စီးသွားသည်။ ယင်းအပြင် စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်၍ တောင်ကုတ်မြို့ထဲက လူနေအိမ်အများစုမှာလည်း ပျက်စီးသွားပြီး အထူးသဖြင့် ဂူတာရပ်ကွက်၊ လျှပ်စစ်လမ်းနှင့် သိမ်တောင်ရပ်ကွက်တို့တွင် အပျက်အစီးများကြောင်း သိရသည်။
၂၀၂၅ မတ်လကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်း စစ်ကောင်စီ ထုတ်ပြန်
နိုင်ငံအနှံ့တိုက်ပွဲပြင်းထန်နေချိန် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းကို အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ယနေ့ ဒီဇင်ဘာ ၄ ရက်တွင် ထုတ်ပြန်ကြေညာသည်။ လာမည့် ၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့အထိ တက္ကသိုလ်ဝင်စာမေးပွဲကို ကျင်းပပြုလုပ်သွားမည်ဟု စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန် အသိပေးထားသည်။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ/ပထဝီဝင်၊ ရူပဗေဒ/သမိုင်း၊ ဇီဝဗေဒ/ဘောဂဗေဒ စသည့် ဘာသာရပ်များကို အစဉ်လိုက်အတိုင်း ဖြေဆိုရမည်ဖြစ်ပြီး အချိန်က နံနက် ၉ နာရီမှ ၁၂ နာရီအထိ သတ်မှတ်ထားကြောင်း သိရသည်။ ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်အတွက်
အင်အား အများအပြားဖြင့် စစ်ကောင်စီတပ်သားများ စစ်တွေနှင့် ကျောက်ဖြူသို့ စစ်သင်္ဘောဖြင့် ထွက်ခွာလာ
လက်နက်ခဲယမ်းအပါအဝင် စက်သုံးဆီ၊ စားသောက်ကုန်များနှင့် စစ်မှုထမ်း တပ်သားသစ်အများအပြားဖြင့် ရန်ကုန်၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်းမှ ရခိုင်သို့ စစ်တပ် ထောက်ပို့ရေယာဉ် ၁ စီး ထွက်ခွာလာကြောင်း ခိုင်လုံသော သတင်းရင်းမြစ်အရ သိရသည်။ အဆိုပါရေယာဉ်သည် ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်း (ခေါ်) The Myanmar Terminal-TMT ဆိပ်ကမ်းမှ ကျောက်ဖြူ (သို့မဟုတ်) စစ်တွေသို့ ဦးတည် ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီ ရေတပ် ထောက်ပို့ရေယာဉ် ပြည်တော်အေး (၃) သင်္ဘောသည် လက်နက်ခဲယမ်း၊ စက်သုံးဆီ၊ စားသောက်ကုန်များ အပါအဝင် စစ်မှုထမ်း တပ်သားသစ်များနှင့်
စီမံကိန်းသစ်များကို ခွင့်ပြုရာတွင် မိမိတို့ တာဝန်ယူသည့်ကာလအတွင်း ပြီးပြတ်နိုင်မည့် စီမံကိန်းများကိုသာ ခွင့်ပြုမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံအတွင်း စီမံကိန်းအသစ်များ ဖော်ဆောင်ရာတွင် မူနှင့် သဘောတူညီချက် ရယူရန်လိုအပ်ခြင်းကို ချပြပြောဆိုလာသည်။ ယမန်နေ့ ဒီဇင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပသည့် စစ်ကောင်စီ၏အစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံအတွင်း စီမံကိန်းအသစ်များ ဖော်ဆောင်မည်ဆိုပါက သဘောတူညီချက် ရယူရမည်ဟု မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။ “မိမိတို့ တာဝန်ယူသည့် ကာလအတွင်း ပြီးပြတ်အောင်ဆောင်ရွက်နိုင်မည့် စီမံကိန်းများကိုသာ ဆောင်ရွက်ကြစေလိုပြီး လုပ်ငန်းများပြီးစီးအောင်ဆောင်ရွက်ရန်လည်း တာဝန်ယူရန် လိုကြောင်း” ဟု ပြောဆိုခဲ့သည်။ အကျိုးရှိမည့် စီမံကိန်းများကိုသာ ခွင့်ပြုပေးမည်ဖြစ်ပြီး သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်မည့် စီမံကိန်းများကိုသာ ခွင့်ပြုပေးမည်ဟု မင်းအောင်လှိုင်က ဆိုသည်။ စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှုများ လုပ်ဆောင်ရသည့် ဝန်ကြီးဌာနများမှာလည်း အကျိုးအမြတ်ကို
စစ်ရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် လိုလားကြောင်း MNDAA ပြော
(သို့သော်လည်း စစ်ကောင်စီက နိုင်ငံအနှံ့ ဝေဟင်နှင့် မြေပြင် ထိုးစစ်အား ရပ်တန့်ရန်လိုအပ်) ကိုးကန့်တပ် MNDAA က အာဏာသိမ်း စစ်ကောင်စီနှင့် စစ်ရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းလိုကြောင်း ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ပြောသည်။ စစ်ဘေးဒုက္ခဒဏ်ကို ပြင်းထန်စွာခံစားနေရသည့် အပြစ်မဲ့ပြည်သူလူထု၏ အကျိုးအကို ငဲ့ညှာထောက်ထားခြင်း၊ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းလိုခြင်းနှင့် ပြည်တွင်းစစ်ရေးပဋိပက္ခများကို လက်တွေ့ကျကျဖော်ဆောင်နိုင်ရေးအတွက်ဟု MNDAA က ထုတ်ပြန်ထားသည်။ MNDAA ၏ ထုတ်ပြန်ချက်မှာ မြန်မာပြည်ထဲက ခွဲထွက်ပြီး နိုင်ငံတော်သစ်ထူထောင်ခြင်းကို ပြုလုပ်မည်မဟုတ်ဟု စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တောင်းဆိုခြင်းသာဖြစ်ကြောင်း ပြောဆိုထားသည်။ MNDAA အနေဖြင့် နိုင်ငံတော်အချုပ်အခြာအာဏာနှင့် နိုင်ငံပိုင်နယ်မြေ တည်တံ့ ခိုင်မြဲရေးကို တစိုက်မတ်မတ်
ချင်းပြည် မင်းတပ်နှင့် ဖလမ်းတွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်
(စစ်ကောင်စီ စစ်စခန်းအချို့ကို ချင်းညီနောင်တပ်ဖွဲ့ သိမ်းပိုက်ထား) ချင်းပြည်နယ် မင်းတပ်မြို့နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီ စစ်စခန်းအချို့ကို သိမ်းပိုက်ရရှိထားကြောင်း ချင်းညီနောင်တပ်ဖွဲ့ထံမှ သိရသည်။ မင်းတပ်မြို့နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲ နိုဝင်ဘာလ ၉ ရက်နေ့ကစ၍ ချင်းညီနောင်တပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်နေပြီး ယခု ဒီဇင်ဘာလအထိမှာ မြို့တွင်းက စစ်ကောင်စီ စစ်စခန်းအချို့ကို သိမ်းပိုက်ရရှိထားပြီဟု သိရသည်။ ချင်းညီနောင်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “လက်ရှိချိန်ထိ စစ်ရေး ဖော်ဆောင်နေဆဲပါ။ တိုက်ပွဲက ပြင်းထန်ဆဲမို့ တရားဝင်သတင်းထုတ်ပြန်ဖို့ အစီအစဉ်မရှိသေးပါဘူး” ဟု ပြောသည်။ အာဏာသိမ်း စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်တိုက်ခိုက်မှု တောက်လျှောက်ရှိနေသေးကြောင်းနှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အသေအပျောက်များလျှက်ရှိပြီး အရှင်ဖမ်းမိသည့် သုံ့ပန်းများလည်း
လူမှုကွန်ရက်အသုံးပြုသူ ၁၈၄၀ ဦးကို စစ်ကောင်စီ ဖမ်းဆီးထား
စစ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုများနှင့် တော်လှန်ရေး အဖွဲ့အစည်းများကို ထောက်ခံအားပေးသည့် ရေးသားမှုများ၊ ပြောဆို ဆက်သွယ်မှုများကြောင့် ဖမ်းဆီးခံရသူ ၁၈၄ဝ ဦး ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ အရေအတွက်မှာ၂၀၂၂ ခုနှစ်၊ ဖေဖော်ရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ကောက်ယူထားသော အချက်အလက်များဖြစ်ကြောင်း Data for Myanmar က ယနေ့ ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်ထားသည်။ ဖမ်းဆီးခံရသူ ၁၈၄၀ ဦးထဲတွင် ၈၉၆ ဦးက ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းဒေသက ဖြစ်ပြီး ၃၆ ရာခိုင်နှုန်းရှိသော အရေအတွက်မှာ
စစ်ကောင်စီတပ်သား ၃၈ ဦးကို ရှင်းလင်းနိုင်ခဲ့ဟု ကျောင်းသားလက်ရုံးတပ် ပြော
ကုန်ခဲ့သည့် နိုဝင်ဘာလအတွင်း ရခိုင်၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့က အာဏာသိမ်း စစ်ကောင်စီတပ်သား ၃၈ ဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်းနှင့် ၁၀ ဦးမှာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ကျောင်းသားလက်ရုံးတပ်တော် SAF က ဒီဇင်ဘာလ ၂ ရက်တွင် ထုတ်ပြန်သည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ ရခိုင်ပြည် အမ်းတိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၃၀ ခန့် နှင့် ကျောင်းသားလက်ရုံးတပ်တော်အပါအဝင် မဟာမိတ်တပ်များဖြင့် အမ်း-ပဒန်းလမ်းပိုင်းတနေရာတွင် နိုဝင်ဘာလ၂၄ ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးသွားပြီး ၁၄ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်းနှင့် လက်နက်ငယ် နှစ်လက်နှင့်အတူ ခဲယမ်းပစ္စည်းများကုငိလည်း သိမ်းဆည်းရရှိခဲ့ကြောင်း SAF က ဆိုသည်။ စစ်ကိုင်းတိုင်း
ထိုင်းငါးဖမ်းစက်လှေများကို ပစ်ခတ်ဖမ်းဆီးခဲ့ဟု စစ်ကောင်စီ ဝန်ခံ
ထိုင်းငါးဖမ်းစက်လှေများကို မြန်မာရေတပ်က လုပ်ထုံးလုပ်နည်းနှင့်အညီ ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဝန်ခံပြောဆိုထားသည်။ ထိုင်းအစိုးရနှင့် ထိုင်းမီဒီယာများ ပြောဆိုသလို ထိုင်းရေပိုင်နက်အတွင်းသို့ မြန်မာရေတပ်က ဝင်ရောက်ဖမ်းဆီးခြင်းမျိုးမဟုတ်ဘဲ မြန်မာ့ရေပိုင်နက်အတွင်းသို့ ထိုင်းငါးဖမ်းစက်လှေများက ကျူးကျော်ဝင်ရောက် ငါးဖမ်းခြင်းကြောင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု ၎င်းက တုန့်ပြန်ထားသည်။ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက “မြန်မာရေတပ်က ထိုင်းရေပိုင်နက်ထဲ ဝင်ရောက်ပြီး ငါးဖမ်းစက်လှေကို ဖမ်းဆီးခဲ့တာ မဟုတ်ပါဘူး။ မြန်မာ့ရေပိုင်နက်ထဲ ဝင်ရောက်ငါးဖမ်းနေတဲ့ ထိုင်းငါးဖမ်းစက်လှေတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီပဲ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ထိခိုက်သေဆုံးမှုများ မရှိခဲ့ပါဘူး” ဟု ပြောသည်။ ကော့သောင်းမြို့နယ် ကြက်မောင်ကျွန်း မြောက်ဘက်ထိပ် အရှေ့အမြောက်ဘက် ၃ မိုင်ခန့်အကွာ မြန်မာ့ရေပိုင်နက်အတွင်း
စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် တအောင်းဒေသမှာ နိုဝင်ဘာလအတွင်း အရပ်သား ၃၈ ဦးသေဆုံးပြီး ၇၀ ဦးဒဏ်ရာရ
အာဏာသိမ်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရှမ်းမြောက် တအောင်းဒေသမှာ ကုန်ခဲ့သည့် နိုဝင်ဘာလအတွင်း အပြစ်မဲ့အရပ်သားပြည်သူ ၃၈ ဦးသေဆုံးခဲ့ရပြီး ၇၀ ဦးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကာ နေအိမ် ၁၃၀ လုံး ထိခိုက်ပျက်စီးသွားကြောင်း တအောင်းတပ် TNLA က ယနေ့ ထုတ်ပြန်သည်။ နောင်ချိုမြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် ဒေသခံ ၁၆ ဦးသေဆုံးပြီး ဦးဇင်း နှစ်ပါး အပါအဝင် ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၅၇ လုံးနှင့် ကား ၈ စီး ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။ မိုးကုတ်မြို့ အရှေ့ပိုင်းနှင့် အနောက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်မှ ဂျက်ဖိုတ်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ