ပြည်တွင်းပြည်ပ၏ ဝင်ရောက်စွက်ဖက် ထိုးနှက်မှုများကို ခံနေရကြောင်း မင်းအောင်လှိုင်ပြော
နိုင်ငံအတွင်းမှာ ပြည်တွင်းပြည်ပ အန္တရာယ်များနှင့် ဝင်ရောက်စွက်ဖက်မှုများဖြင့် ကြုံတွေ့နေရကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။ ဒီဇင်ဘာလ ၂၀ ရက် ညနေက နေပြည်တော်မှာ ကျင်းပခဲ့သည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနား မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသာမက မဟာဗျူဟာ အချက်အချာကျသည့် ကမ္ဘာ့နိုင်ငံငယ် အများစုသည်လည်း ယင်းအခြေအနေနှင့် ကြုံနေရကြောင်းလည်း မင်းအောင်လှိုင်က ဆိုသည်။ “ထိုကဲ့သို့အဖက်ဖက်မှ ထိုးနှက်တိုက်ခိုက်နေမှုများအပေါ် ပြည်သူလူထု၊ အစိုးရ၊ တပ်မတော်တို့၏ ပေါင်းစည်းအား၊ ညီညွတ်သောစိတ်ဓာတ်တို့ ဖြင့် ကာကွယ်ရန်လိုကြောင်း” ဟုလည်း ပြောဆိုခဲ့သည်။ တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် ယခုအမျိုးသားအားကစား ပွဲတော်ကြီးကို ယခုကဲ့သို့ကျင်းပနိုင်၊ စုစည်းနိုင်ခဲ့ခြင်းမှာလည်း နိုင်ငံကို လုံခြုံအောင် ကာကွယ်ပေးနေသည့် သူရဲကောင်းများရှိနေခြင်းကြောင့်ပင် ဖြစ်သည်ဟုလည်း