ဗျိုင်းဖြူရွာသားများကို စစ်ကောင်စီက ထောင်တွင်းရုံး ပြောင်းထုတ်
စစ်ကောင်စီ၏ ဖမ်းဆီးတရားစွဲဆိုမှုကို ခံထားရသည့် ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာသားများမှာ စစ်တွေမြို့နယ်တရားရုံး၌ အမှုရင်ဆိုင်နေရာကနေ စစ်တွေအကျဉ်းထောင်ရုံးသို့ ပြောင်းထုတ်လိုက်ကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက ပြောသည်။ ဖမ်းဆီးခံထားရသူများထဲမှ တစ်ဦး၏ မိသားစုဝင်က “ဒီအပါတ်ရုံးချိန်းမှာ ရုံးထုတ်တာ တရားရုံးမှာ မဟုတ်တော့ဘူး။ ထောင်မှာပဲ ရုံးထုတ်တယ်။ ရုံးချိန်းလာတဲ့သူတွေက ထောင်ဝမှာပဲ နေကြရတယ်။ နောက်ထပ်ရုံးချိန်နေ့ကိုတော့ အထဲတစ်ယောက်က ထွက်လာပြီးပြောခဲ့တယ်” ဟုပြောသည်။ ဗျိုင်းဖြူရွာသားများကို စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီးခဲ့ပြီးနောက် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုကာ ခံပြသက်သေများအား စစ်ဆေးနေကြောင်း သိရသည်။ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များမှာ အမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာ တိကျသေချာစွာ မသိရကြောင်း နောက်ထပ် မိသားစုဝင်အမျိုးသမီးတစ်ဦးက ပြောသည်။ “ကျမတို့ ဘာမှမသိပါဘူး။ သက်သေ
BREAKING NEWS – စစ်တွေ ဆတ်ရိုးကျက အရပ်သား ၆၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
(စစ်တွေမြို့ခံ ” စတန (နိုင်) ” မဟုတ်သူများကို ရွေးဖမ်းနေ) ယမန်နေ့ ဩဂုတ်လ ၅ ရက်နေ့ ညက စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက် ကယ်ဆယ်ရေး အကွက် (၂) မှ အမျိုးသမီးများ အပါအဝင် အရပ်သား ၆၇ ဦးခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း စစ်တွေသတင်းရင်းမြစ်က ဆိုသည်။ ဖမ်းဆီးခံ အရပ်သားများကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်းနှင့် ငွေပေးသူများကို ပြန်လည်လွှတ်ပေးနေကြောင်း သတင်းရင်းမြစ်က ဆိုသည်။ ” မနေ့ည ၁၀ နာရီမှာ ဆတ်ရိုးကျ အကွက် ၂ ကို ဝင်စစ်တာ။ ၁ နာရီကျော်လောက်မှ ပြီးတယ်။
စစ်တွေမြို့မှာ အရပ်သားတွေကို စစ်ကောင်စီက ဖမ်းချင်တိုင်းဖမ်းနေ
(တကျော့ပြန်တိုက်ပွဲကာလ ဖမ်းဆီးခံရသူ စစ်တွေမှာ အရပ်သား ၁,၀၀၀ ကျော်ရှိလာ)
စစ်တွေမြို့တွင် စစ်ကောင်စီ ဖမ်းဆီးမှု ဆက်ရှိနေသေး
ရခိုင်ပြည် စစ်တွေမြို့တွင် လူငယ်များကို အဓိက ပစ်မှတ်ထားကာ နေ့ညမရွေး မတရားဖမ်းဆီးမှုများကို စစ်ကောင်စီက ဆက်လက် လုပ်နေသေးကြောင်း ပိတ်မိနေသည့် စစ်တွေဒေသခံများက ပြောသည်။ ၆၀ ရာခိုင်နှုန်းခန့်ရှိသော စစ်တွေမြို့က ဒေသခံပြည်သူများမှာ တကျော့ပြန်တိုက်ပွဲစသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ မေလ နောက်ဆုံးထား၍ မြို့ကိုစွန့်ခွာ စစ်ရှောင်သွားကြပြီး ကျန်ရှိဒေသခံများထဲမှ လူငယ်အများအပြားကို အာဏာသိမ်း စစ်ကောင်စီက ဆက်တိုက် ဖမ်းဆီးနေခြင်းဖြစ်သည်။ စစ်တွေမြို့အတွင်း ဖမ်းဆီးခံ သက်ကြီးရွယ်အချို့နှင့် အမျိုးသမီး အချို့ အပါအဝင် လူငယ်အရေအတွက်မှာ ထောင်ဂဏန်းကို ကပ်သွားပြီဟု Western News ၏ မှတ်တမ်းမှတ်ရာ စာရင်းအရ သိရသည်။
စစ်တွေနှင့် ကျောက်ဖြူတွင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်ဆောက်လုပ်နေ
ရခိုင်ပြည် ကျောက်ဖြူနှင့် စစ်တွေမြို့တွင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်များ စတင်ဆောက်လုပ်နေပြီဟု ဒေသခံများကပြောသည်။ ကျောက်ဖြူတွင် သင်္ကြန်မဏ္ဍပ်ကို ပင်လယ်ကမ်းနားလမ်းဘက်တွင် ဆောက်လုပ်နေကြောင်း ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။ ” မဏ္ဍပ်ဆောက်နေတာ ၃ ရက်လောက်ရှိပြီ။ ကမ်းနားလမ်းဘက်မှာ ဆောက်နေတာပါ။ လူလည်းမရှိဘဲ ဘယ်သူနဲ့များ သင်္ကြန်ကျမလဲမသိပါဘူး။ ကျောက်ဖြူကလူတွေက စစ်ဖြစ်မှာတွေကြောက်တာကြောင့် မြို့ကနေထွက်သွားကြတာ မြို့မှာလူတွေတောင် သိပ်မကျန်တော့ဘူး” ဟု ပြောသည်။ စစ်တွေမြို့တွင်လည်း မဏ္ဍပ်ကို ပြည်နယ်အစိုးရရုံးရှေ့တွင် ဆောက်လုပ်နေပြီး ပြီးစီးမှုမရှိသေးဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။ ” မဏ္ဍပ်ဆောက်နေကြတယ်။ ပြီးတော့မပြီးသေးဘူး။ ဒီနေ့လည်း ဆက်ဆောက်နေကြတာတွေ့တယ်။ ဘယ်ဖျော်ဖြေမှုတွေပါလဲတော့ သေချာလည်းမသိပါဘူး။ မဏ္ဍပ်ဆောက်နေကြတာပဲတွေ့တာ” ဟု ပြောသည်။ စစ်ကောင်စီက ရခိုင်တွင် ရိုးရာသင်္ကြန်ကျင်းပနိုင်ရန် ပြီးခဲ့သည့်
စစ်တွေကလက်နက်ကြီး ထိမှန်သော ပေါက်တောပြည်သူ ၆ ဦး
ယမန်နေ့ ဧပြီလ ၂ ရက်နေ့ နေ့လယ်က စစ်တွေမြို့ရှိ စစ်ကောင်စီ၏ အမှတ် ၁၂ ရဲတပ်ရင်းမှ လှမ်းပစ်ခတ်သော လက်နက်ကြီးကြောင့် ပေါက်တောမြို့နယ် မော်ထုပ်ကြီးကျေးရွာမှ အမျိုးသမီး ၃ ဦးအပါအဝင် အရပ်သား ၆ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။ ၎င်းတို့မှာ အသက် ၆၃ နှစ်အရွယ် ဒေါ်ကင်ယုံမေ၊ အသက် ၆၂ နှစ်အရွယ် ဦးမဲခေါက် (ခ) ဦးအောင်ဇံဖြူ၊ အသက် ၄၈ နှစ်အရွယ် ဦးကျော်နုဖြူ၊ အသက် ၃၅ နှစ်အရွယ် ဒေါ်ခိုင်ရွှေဝင်း၊ အသက် ၂၇ နှစ်အရွယ် ဒေါ်စန္ဒာဝင်းနှင့် အသက် ၂၃ နှစ်အရွယ် ကိုဇော်ဝင်းလှိုင်တို့ ဖြစ်ကြသည်။