ဂွမြို့နယ်မှာ စစ်ရှောင်နေသူတစ်ဦး အစာနင်ပြီး သေဆုံး
သတင်း
0 min read
94

ဂွမြို့နယ်မှာ စစ်ရှောင်နေသူတစ်ဦး အစာနင်ပြီး သေဆုံး

July 16, 2024
0

ရခိုင်ပြည် ဂွမြို့နယ်တွင် စစ်ရှောင်နေသူ ငပလီမြို့ဒေသခံ အသက် ၈၀ ကျော်အရွယ် အမျိုးသားတစ်ဦး အစာနင်ပြီး ယနေ့ နံနက်ပိုင်းက သေဆုံးသွားကြောင်း ကူညီရေးဆောင်ရွက်သူများက ပြောသည်။ အစာနင်ပြီး သေဆုံးသွားသူမှာ သံတွဲမြို့နယ် ငပလီမြို့ ဂျိတ္တော အမှတ် ၈ ရပ်ကွက်ဒေသခံ ဦးကျော်သန်းဖြစ်ကြောင်း သိရသည်။ ဂွဒေသခံတစ်ဦးက ” ဂွမြို့အဝင်ဂိတ်မှာ ရန်ကုန်ဘက်သွားဖို့ စောင့်ဆိုင်းနေရင်း ကောက်ညှင်းပေါင်း စားမိရာက အစာနင်ပြီး သေဆုံးသွားတာဖြစ်ပါတယ်။ ” ဟု ပြောသည်။ ဂွမြို့ပြည်သူ့ဆေးရုံက ဆေးစစ်ချက်များ ရယူပြီး မိသားစုဆန္ဒအရ ဂွမြို့သုဿာန်၌ မြေမြှုပ် သင်္ဂြိုလ်ပေးခဲ့ကြောင်း ဂွမြို့အခြေစိုက် ထာဝရမေတ္တာနာရေးကူညီမှုအသင်းက ယနေ့ ထုတ်ပြန်ထားသည်။ ဂွမြို့နယ်နှင့် ကျိန္တလီမြို့တွင် သံတွဲမြို့နယ်နှင့်

Continue Reading
သံတွဲနှင့် ဂွမြို့နယ်တွင် စစ်ရှောင်များအား ဆန်ဈေး မြှင့်တင်ရောင်းနေ
စစ်ရေး သတင်း
1 min read
112

သံတွဲနှင့် ဂွမြို့နယ်တွင် စစ်ရှောင်များအား ဆန်ဈေး မြှင့်တင်ရောင်းနေ

July 16, 2024
0

ရခိုင်ပြည် သံတွဲမြို့နယ်နှင့် ဂွမြို့နယ်တို့တွင် စစ်ဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့ပေးရန် အရပ်ဘက်အဖွဲ့များ ဆန်ဝယ်ယူရာတွင် ပုံမှန်ထက် ကျပ် နှစ်သောင်းကျော် ဈေးမြှင့်ဝယ်ယူရကြောင်း စုံစမ်းသိရသည်။ စစ်ရှောင်မဟုတ်သော ပြည်သူများ ဆန်ဝယ်ယူလျှင် ဆန်တစ်အိတ်ကို ကျပ် ၁၆၀,၀၀၀ ပေးရသော်လည်း စစ်ရှောင်များအတွက်ဟု ပြောဆို၍ ဝယ်ယူလျှင် ကျပ် ၁၈၀,၀၀၀ ကျော် ပေးရကြောင်း စစ်ရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။ ” သံတွဲမြို့နယ်မှာရော၊ ဂွမြို့နယ်တွေဘက်မှာရော စစ်ရှောင်တွေကို ထောက်ပံ့ဖို့ ဆန်သွားတာ။ ပုံမှန်က ဆန်တစ်အိတ်ကို ကျပ် ၁၆၀၀၀၀၀ ပဲ ပေးရတယ်။ စစ်ရှောင်တွေအတွက်လို့ ပြောပြီးဝယ်တာ။ ဈေးလျော့ပေးမလားပေါ့နော်။ မဟုတ်ဘူး။ ကျပ် ၁၈,၅၀၀၀ ပေးရတယ်။ ဘာဖြစ်လို့လဲ အကြောင်းပြချက်ကိုမရှိဘူး။ စစ်ရှောင်တွေအတွက်

Continue Reading
မြန်မာတွင် စစ်ဘေးရှောင် ကလေးငယ် ၁သန်းခန့် ရှိကြောင်း ကုလပြော
နိုင်ငံရေး သတင်း
1 min read
59

မြန်မာတွင် စစ်ဘေးရှောင် ကလေးငယ် ၁သန်းခန့် ရှိကြောင်း ကုလပြော

June 14, 2024
0

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးရသူ သုံးသန်းကျော်ရှိနေပြီး ယင်းအနက် တစ်သန်းခန့်မှာ ကလေးငယ်များဖြစ်ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက် စာရင်းများအရသိရသည်။ လက်နက်ကိုင်တိုက်ပွဲများ ပြင်းထန်လာသည့်နှင့်အမျှ မြန်မာနိုင်ငံတွင် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ဦးရေသည်လည်း စံချိန်တင်မြင့်တက်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ထံမှ သိရသည်။ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူများအနက် သုံးပုံတစ်ပုံမှာ ကလေးငယ်များဖြစ်ကြပြီး တိုက်ပွဲများကြောင့် ၎င်းတို့၏ အနာဂတ်များ ပျောက်ဆုံးသွားကြရကြောင်း UNOCHA က ဇွန်လ ၁၀ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကလည်း စစ်အာဏာသိမ်းပြီးနောက်တွင် မြန်မာနိုင်ငံ၌ နက်နဲရှုပ်ထွေးသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း ယနေ့ ဇွန်လ ၁၃

Continue Reading
စစ်ရှောင် ရခိုင်အမျိုးသမီးများ၏ စစ်ဘေးကာလ အခက်အခဲများ
အင်တာဗျူး
1 min read
179

စစ်ရှောင် ရခိုင်အမျိုးသမီးများ၏ စစ်ဘေးကာလ အခက်အခဲများ

March 23, 2024
1

ရခိုင်ပြည်၌ လတ်တလောဖြစ်ပွားနေသည့် စစ်ပွဲများကြား ရုန်းကန်လှုပ်ရှားနေကြရသည့် အနယ်နယ်အရပ်ရပ်မှ စစ်ဘေးရှောင်အမျိုးသမီးများ၏ ဘဝအခြေနေများကို Western News မှ မေးမြန်းစုစည်းတင်ပြထားခြင်းဖြစ်သည်။ကြမ်းတမ်းသည့် စစ်ဘေးကာလများကို ရခိုင်အမျိုးသမီးများ မည်ကဲ့သို့ရင်ဆိုင်နေကြရသည်နှင့် မည်သည့်အခက်ခဲများ တွေ့ကြုံနေရပြီး မည်ကဲ့သို့ ဖြတ်ကျော် ဖြေရှင်းနေရသည်ကို သိရှိရမည်ဖြစ်သည်။ ပုဏ္ဏားကျွန်း စစ်ရှောင်အမျိုးသမီး(မြောက်ဦးမြို့ကို ထွက်ပြေးတိမ်းရှောင်လာသူ) ” ပုဏ္ဏားကျွန်းက တစ်ခြားမြို့နယ်တွေထက် စစ်ရှောင်ကာလက ပိုများနေတယ်လို့ ပြောရမယ်။ မြို့တွင်း ဘာတိုက်ပွဲမှ မဖြစ်ခင်ကတည်းက မြို့ကို လက်နက်ကြီးပစ်ခတ်တာတွေ လုပ်တာကြောင့် မြို့ကိုစွန့်ခဲ့ကြရပြီ။ အခုထိလည်း မပြန်ကြရသေးဘူး။ အခက်ခဲလို့ပြောရင် ဒီကာလမှာအားလုံးက အခက်ခဲတွေပဲ။ ကျမမှာ ၉ နှစ်အောက် ကလေး ၃ ယောက်ရှိတယ်။ ယောက်ကျားကလည်း အနားမှာမရှိဘူး။ နိုင်ငံခြားမှာ

Continue Reading