စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် မန္တလေးက ပြည်သူများ မဲနှိုက်နေရ
အာဏာသိမ်း စစ်ကောင်စီ၏ အတင်းဓမ္မ ဖိအားပေး ခိုင်းစေမှုများကြောင့် မန္တလေးကပြည်သူလူထုများမှာ စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် မဲနှိုက်ရွေးချယ် ခံနေရကြောင်း သိရသည်။ လာမည့် ဧပြီလအတွင်း စတင်မည့် စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် မန္တလေးက ပြည်သူများကို ခေါ်ယူနေခြင်းဖြစ်ပြီး ယနေ့ မတ်လ ၂၄ ရက်တွင် စတင်မဲနှိုက် ရွေးချယ်ခံနေရကြောင်း ဒေသခံများက ပြောသည်။ မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက်ရုံး၊ ဓမ္မာရုံနှင့် သတ်မှတ်ထားသော နေရာများတွင် စစ်ကောင်စီအဖွဲ့မှ မန္တလေး လူငယ်များကို မဲနှိုက်ရွေးချယ်နေပြီး မဲလာနှိုက်ကြရန်လည်း လော်စပီကာများဖြင့် လိုက်လံအော်ခေါ်နေသည်။ မဟာနွယ်စဉ်ရပ်ကွက်ဒေသခံတစ်ဦးက “စစ်မှုထမ်း မဲနှိုက်ခိုင်းဖို့ စာတွေ ဝေတယ်။ လော်စပီကာနဲ့လည်း လိုက်အော်တယ်။
ရခိုင်မှာ တစ်အိမ်တစ်ယောက်ကျ AA က စစ်မှုထမ်းခေါ်ယူမည်ဟု သတင်းထွက်
အာရက္ခတပ်တော် AA က ရခိုင်ပြည်အတွင်း တစ်အိမ်တစ်ယောက်ကျ စစ်မှုထမ်းခေါ်ယူသွားမည်ဟု ဒေသခံပြည်သူများကြားတွင် သတင်းထွက်ပေါ်နေသည်။ ယခင်က အလျဉ်းသင့်သလို စစ်မှုထမ်းများ ခေါ်ယူခဲ့သော်လည်း လာမည့် လများတွင် တစ်အိမ်တစ်ယောက်ကျ မဖြစ်မနေ စစ်မှုထမ်း ခေါ်ယူသွားမည်ဟု မြေပြင်တာဝန်ရှိသူများက ပြည်သူများအား သတင်းစကားပါးထားကြောင်း စုံစမ်းသိရသည်။ စစ်မှုထမ်းခေါ်ယူရန် အာရက္ခတပ်တော် AA တွင် မြို့နယ်အလိုက် ခေါ်ယူရေးကော်မတီ ဖွဲ့စည်းထားပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံပြောဆိုနေခြင်းနှင့် မကြာခင်ခေါ်ယူတော့မည်ဟုလည်း အမည်မဖော်လိုသည့် ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။ “မဖြစ်မနေ တစ်အိမ်တစ်ယောက်ကျ ဝင်ရမယ်ဆိုပြီး ပြောပါတယ်။ မိသားစုထဲက တစ်ယောက်ယောက် တပ်ထဲဝင်ထားတာရှိတယ်ဆိုရင်တော့ ထပ်ဝင်စရာ မလိုတော့ဘူးတဲ့။ ရွာမှာ အစည်းဝေးခေါ်ပြီးပြောတယ်။ ကျနော်တို့ ရွာနည်းတူ တခြားရွာတွေလည်း ဒီအတိုင်းပဲကြားပါတယ်။
စစ်တွေအကျဉ်းထောင်တွင် စစ်မှုထမ်း ခေါ်မည်ဟု သတင်းထွက်နေ၍ စိုးရိမ်နေကြ
(လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆိုးရွားနေ) အကျဉ်းသား၊ အကျဉ်းသူ ၁၁၀၀ ကျော်ရှိသော စစ်တွေ အကျဉ်းထောင်တွင် စစ်ကောင်စီက စစ်မှုထမ်း ခေါ်မည်ဟု သတင်းများ ထွက်ပေါ်နေ၍ အကျဉ်းသားများနှင့် မိသားစုဝင်များ စိုးရိမ်နေကြကြောင်း စုံစမ်း သိရသည်။ စစ်တွေ အကျဉ်းထောင်အတွင်း အကျဉ်းကျနေသော ရဲပြေး၊ စစ်ပြေးနှင့် အမှုရင်ဆိုင်နေရသော အကျဉ်းသားများ အမှုကျ အကျဉ်းသားများကို ထောင်အာဏာပိုင်များက စာရင်းကောက်ယူမှုများရှိနေကြောင်း Western News က စုံစမ်း သိရသည်။ စစ်တွေထောင်တွင် အကျဉ်းကျနေသော ရဲပြေး၊ စစ်ပြေးနှင့် အကျဉ်းသားများ စစ်မှုထမ်းရန်အတွက် စာရင်းကောက်ယူမှု ရှိကြောင်း မကြာသေးခင်က စစ်တွေမြို့နယ်သို့ ရုံးထုတ်လာသည့် တရားရင်ဆိုင်နေသူများက ပြောပြသည်။ “ရဲပြေး၊ စစ်ပြေးနဲ့
စစ်တွေ ဒုက္ခသည်စခန်းများက ဒုက္ခသည် လူငယ်များကို စစ်ကောင်စီက စစ်မှုထမ်းခေါ်ယူရန် ပြင်ဆင်နေ
အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်ပြည် စစ်တွေမြို့ထဲက စစ်ဘေးရှောင်စခန်းများမှ ဒုက္ခသည်လူငယ်များအား စစ်မှုထမ်းခေါ်ယူရန် ပြည်နယ်အစိုးရကနေတစ်ဆင့် ပြင်ဆင်နေကြောင်း ဒုက္ခသည်များထံမှ သိရသည်။ စစ်တွေမြို့က ဘုန်းတော်ကြီးကျောင်း ၅၃ ကျောင်းတွင် စစ်ရှောင်စခန်းများ ဖွင့်လှစ်ထားပြီး စစ်ဘေးဒုက္ခသည် အရေအတွက် ၁ သောင်းခန့်ရှိကြောင်း ကူညီစောင့်ရှောက်ပေးနေသူများက Western News ကို ပြောသည်။ ဖေဖော်ဝါရီလ ပထမ အပတ်ကစ၍ စစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်တို့သည် ဧည့်စာရင်း စစ်ဆေးသည့် အဆင့်ထက် ကျော်လွန်ပြီး အသက် ၁၄ နှစ်မှ ၄၅ နှစ်အတွင်းရှိ အမျိုးသားများအား စာရင်းပြုစုကာ သီးသန့်ခေါ်ယူ တွေ့ဆုံခြင်းများ ပြုလုပ်နေသည်ဟု မြို့ခံတစ်ဦးက ပြောသည်။ “ဖေဖော်ဝါရီလ ပထမ
ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်နှစ်ဦး အပါအဝင် မြိုလူမျိုး ၁၇ ဦးကို စစ်မှုထမ်းရန် အာရက္ခတပ်တော် AA က ဖမ်းဆီးခေါ်ဆောင်သွား
ရခိုင်ပြည် မောင်တောမြို့နယ် မြောက်ပိုင်းဒေသ ခုံတိုင်ကျေးရွာက ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၊ ကလေးငယ်နှစ်ဦး အပါအဝင် မြိုလူမျိုး ၁၇ ဦးကို စစ်မှုထမ်းရန် အာရက္ခတပ်တော် AA က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ ဖေဖော်ဝါရီလ ၇ ရက် ည ၈ နာရီခွဲလောက်မှာ အာရက္ခတပ်တော် AA အင်အား ၁၀၀ ကျော်လောက်က ကျေးရွာကို ဝိုင်းရံ ပိတ်ဆို့ပြီး စစ်မှုထမ်းရန်အတွက် ကျေးရွာအတွင်း မြိုလူမျိုး ၁၇ ဦးကို ဖမ်းဆီးခေါ်ဆောင်းသွားခြင်း ဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။ ယင်းခုံတိုင်ကျေးရွာသည် မောင်တောမြို့နှင့် မိုင် ၃၀ ခန့် ကွာဝေးပြီး အိမ်ခြေ ၁၈၆ အိမ်ခြေရှိသည့်
စစ်မှုထမ်း ကိစ္စ ငွေကြေးတောင်းယူခဲ့သည့် ရွှေဘိုမြို့နယ်ရဲမှူး အပါအဝင် ဝန်ထမ်းများကို အရေးယူ
အသက် ၂၄ နှစ်ရွယ်ရှိ လူငယ်တစ်ဦးကို စစ်မှုထမ်းရန်ဟုဆိုကာ ဖမ်းဆီး၍ ငွေကျပ် သိန်း ၁၃၀ တောင်းယူခဲ့သည့် ရွှေဘိုမြို့နယ် ရဲမှူး အပါအဝင် ဝန်ထမ်း ၃ဦးကို ဖမ်းဆီးအရေးယူ လိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် နယ်အုပ်ချုပ်ရေးမှူး ကျော်နိုင်၊ မြို့နယ်ရဲမှူး သန်းဇော်တို့ ဦးဆောင်သည့် ဧည့်စာရင်းစစ်ဆေးရေးအဖွဲ့က ရွှေဘိုမြို့ အမှတ် ၄ ရပ်ကွက်အတွင်း ဧည့်စာရင်းလိုက်လံစစ်ဆေးခဲ့ပြီး လူငယ်တစ်ဦးကို စစ်ဆေးခဲ့သည်။ စစ်ဆေးစဉ် မောင်ကျော်မင်းခန့်၊ အသက် ၂၄ နှစ်၊ အဘ ဦးကိုကိုလေး၊ ကျောက်မြစ်ကျေးရွာနေထိုင်သူသည် ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိဘဲ ရောက်ရှိနေထိုင်သဖြင့် ပြည်သူ့စစ်မှုထမ်းစာရင်းသွင်းမည်ဟုဆိုကာ မြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ ၎င်း၏ မိဘများထံသို့
မောင်တောက မြိုလူမျိုးများ စစ်မှုထမ်း ဖမ်းဆီးမှုကိစ္စ အာရက္ခတပ်တော် AA ဝန်ခံ
ရခိုင်ပြည် မောင်တောမြို့နယ်က မြိုလူမျိုးများကို AA က စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ယူသွားခြင်းအပေါ် အာရက္ခတပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခက ဇန်နဝါရီလ ၂၃ ရက်တွင် ဟုတ်မှန်ကြောင်း ဝန်ခံပြောဆိုလိုက်သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ကစပြီး မောင်တောမြို့နယ် ကျေးရွာ ၁၀ ရွာမှ လူပေါင်း ၉၁ ဦး အာရက္ခတပ်တော် AA က စစ်မှုထမ်းရန် ခေါ်ယူသွားသည်ဟု မိသားစုဝင်များနှင့် မြိုအချို့က Western News ကို ပြောဆိုထားသည်။ မြိုလူမျိုးများအား စစ်မှုထမ်းရန် ခေါ်ယူခြင်းရှိမရှိနှင့် ပတ်သက်၍ မီဒီယာများမေးမြန်းမှုအပေါ် ULA/AA ပြောခွင့်ရ ဦးခိုင်သုခက ယခုလိုတုန့်ပြန် ပြောဆိုထားသည်။ “ဘူးသီးတောင်၊
မောင်တောဒေသမှ မြိုလူမျိုး ၉၀ ကျော် စစ်မှုထမ်းရန် AA ဖမ်းဆီးခေါ်ဆောင်သွား
အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်မှ မြိုလူမျိုး ၉၁ ဦးကို AA က စစ်မှုထမ်းရန် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ခေါ်ဆောင်ခြင်း ခံရသည့် မြိုတိုင်းရင်းသားများက Western News ကို ပြောသည်။ မောင်တောမြို့နယ် မြောက်ပိုင်းက သီဟိုအေး၊ ကိုင်းကြီး၊ သစ်တုံနားခွဆုံ၊ နန်းရာကိုင်း၊ ရွေတိုင်၊ လေးမြိုကေသီ စသည့် ကျေးရွာများက အသက် ၁၃ နှစ်မှ ၅၀ အတွင်းရှိ မြိုအမျိုးသား ၉၀ ကျော်ကို အာရက္ခတပ်တော် AA က ခေါ်ဆောင်သွားကြောင်း သိရသည်။ ဒေသခံ မြိုတစ်ဦးက “ဒီဇင်ဘာလ ၂၄ ရက်နေ့ကစပြီး တပ်တော်က စစ်မှုထမ်းဖို့ဆိုပြီး
စစ်တွေ ခံစစ်အတွက် စစ်မှုထမ်း မွတ်ဆလင် ၁၀၀၀ ကျော် ပြင်ဆင်ထား၊စစ်ကောင်စီက မွတ်ဆလင်များကို စစ်မှုထမ်းရန် ဆက်လက်ခေါ်ယူနေ
အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားသော ရခိုင်ပြည်၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်များတွင် စစ်ကောင်စီတပ်ဖွဲ့များ အလုံးအရင်းဖြင့် တိုးမြှင့် ချထားပြီး ခံစစ် အသင့်အနေထား ပြင်ဆင်ထားကြောင်း သိရသည်။ ယင်းမြို့ထဲတွင် ရခိုင်ပြည်၊ မြောက်ပိုင်း လက်ကျန် မြို့နယ်ဖြစ်သော စစ်တွေမြို့နယ်မှာ မွတ်ဆလင် စစ်သင်တန်းဆင်း ၁၀၀၀ ကျော်ဖြင့် စစ်တွေမြို့အတွင်း တပ်ရင်းများကို ပို့ဆောင်ထားပြီး ထိုးစစ်ကို ခုခံရင် ပြင်ဆင်နေကြောင်း သတင်းရင်းမြစ်က ပြောသည်။ စစ်တွေမြို့နယ်ရှိ ဘုမေ၊ ဘာဆာ၊ သဲချောင်း၊ သက္ကယ်ပြင်၊ ဘောဒူဖ၊ အုန်းတောကြီးစသည့်ကျေးရွာ အပါအဝင် ဒုက္ခသည်စခန်းတို့မှ မွတ်ဆလင်တွေကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က စစ်သင်တန်းတက်ရောက်စေရန် စစ်ကောင်စီက ခေါ်ယူခဲ့ခြင်းဖြစ်သည်။ အုန်းတောကြီးကျေးရွာ
■ မဲနှိက်ခြင်း၊ ပိုက်ဆံပေးခြင်းကို ခွင့်မပြုတော့ဘဲ ရန်ကုန်တွင် လူငယ်အမျိုးသားများ မှန်သမျှ မဖြစ်မနေ စစ်မှုထမ်းရမည်ဟု စစ်ကောင်စီ အကျပ်ကိုင်လာ
ရန်ကုန်တိုင်းဒေသတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိ လူငယ်အမျိုးသားများ မှန်သမျှ မဖြစ်မနေ စစ်မှုထမ်းရမည်ဟု စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက မိသားစုဝင်များကို ခေါ်ယူ ပြောဆိုနေသည်။ ယခင်ကဲ့သို့ မဲနှိက်ခြင်း၊ ပိုက်ဆံပေးခြင်းများတို့ဖြင့် စစ်မှုထမ်း ကင်းလွတ်ခွင့် ခွင့်ပြုတော့မည် မဟုတ်ကြောင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ပြောသည်။ ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ သာကေတမြို့နယ်၊ ဒေါပုံမြို့နယ် အပါအဝင် မြို့နယ်များအားလုံးတွင် သတ်မှတ်အသက်အရွယ် လူငယ်များအားလုံး စစ်မှုထမ်းရမည်ဟု ရပ်ကျေးအုပ်ချုပ်ရေးမှူးက ပြောဆိုနေခြင်းဖြစ်သည်။ စစ်မှုထမ်းရန် အမည်စာရင်း အသွင်းခံထားရသူ သာကေတမြို့နယ်က လူငယ်တစ်ဦးက “အရင်လို ငွေနဲ့ အစားထိုးလို့မရတော့ဘူး။ လူရှာရတာလည်း ခက်လာပြီ။ အဲဒါကြောင့် ကိုယ့်အလှည့်ရောက်ရင် မဖြစ်မနေ