အာဏာသိမ်း စစ်ကောင်စီက စစ်မှုထမ်းအတွက် လူငယ် ၁သောင်း သုံးထောင်နီးပါးကို ဖမ်းဆီးခဲ့
အာဏာသိမ်း စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် ၁ မှ အပတ်စဉ် ၁၀ ကာလအတွင်း အရပ်သားပြည်သူ လူငယ် ၁၂၆၅၅ ဦး ကို ဖမ်းဆီးခဲ့ကြောင်း Spring Revolution Database (SRD) က ပြုစုထားသော အစီရင်ခံစာအရ သိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်သူ့ စစ်မှုထမ်းဥပဒေကို အာဏာတည်သည်ဟု စစ်ကောင်စီက ကြေညာခဲ့ပြီး နောက် ၂၀၂၄ ခုနှစ် မေလမှစတင်၍ စစ်မှုထမ်း အပတ်စဉ် ၁ စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ယင်းနောက်တွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ၂၀၂၅
ငွေကျပ်နှစ်သိန်း၊ ဆန်နှစ်အိတ်ပေးပြီး စစ်တွေက မွတ်ဆလင်များကို စစ်မှုထမ်းရန် စစ်ကောင်စီ စည်းရုံးပြီး အခြေခံစစ်ပညာသင်တန်းပေးနေ
ရခိုင်ပြည် မြို့တော် စစ်တွေမြို့တွင်းမြို့ပြင်ရှိ မွတ်ဆလင်ရပ်ကွက်၊ ကျေးရွာများတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မွတ်ဆလင်လူငယ်များကို စစ်မှုထမ်းရန် အတင်းအဓမ္မခေါ်ယူနေသလို ငွေနှင့်ဆန်ပေးပြီး စည်းရုံးခေါ်ယူမှုများလည်း ရှိကြောင်း မွတ်ဆလင်အသိုင်းအဝိုင်းထံမှ သိရသည်။ စစ်တွေမြို့ထဲက မွတ်ဆလင်ရပ်ကွက်ဖြစ်သည့် အင်ဘာလာ (ခေါ် ) အောင်မင်္ဂလာ ရပ်ကွက်၊ ဘုမေရပ်ကွက်နှင့် သဲချောင်းကျေးရွာတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မွတ်ဆလင် လူငယ်များကို စည်းရုံးခေါ်ယူနေသည်ဟု မွတ်ဆလင်လူငယ်တစ်ဦးက ပြောသည်။ “တစ်လကို ငွေကျပ် နှစ်သိန်းပေးမယ်။ ဆန်နှစ်အိတ်ပေးမယ်။ စစ်မှုထမ်းကြဖို့ ခေါ်နေပါတယ်။ အရင်က တစ်လမှာ ငွေကျပ် ၁၂၀,၀၀၀ ပဲပေးတာ။ အခု လစာတိုးထားတယ်ဆိုပြီး စည်းရုံးနေတာပါ။ လိုက်တဲ့သူလည်းရှိသလို မလိုက်တဲ့သူလည်း ရှိကြပါတယ်” ဟု ပြောသည်။ စစ်တွေမြို့မှာရှိသည့်