စစ်သည် ၃ ဦးအပါအဝင် လူငယ် ၂၄ ဦးကို စစ်ကောင်စီက တရုတ်သို့စေလွှတ်
စစ်ရေး သတင်း
1 min read
85

စစ်သည် ၃ ဦးအပါအဝင် လူငယ် ၂၄ ဦးကို စစ်ကောင်စီက တရုတ်သို့စေလွှတ်

August 28, 2024
0

စစ်မှုထမ်းမိသားစုဝင်များ၏ သားသမီးများပါဝင်သော လူငယ် ၂၁ ဦးနှင့် ဂုဏ်ထူးပါသော စစ်သည် လူငယ် ၃ ဦး စုစုပေါင်း ၂၄ ဦးကို တရုတ်နိုင်ငံသို့ စစ်ကောင်စီက စေလွှတ်လိုက်ကြောင်း ဝါဒဖြန့်နိုင်ငံပိုင်သတင်းစာက ယနေ့ ဩဂုတ်လ ၂၈ ရက်တွင် ဖော်ပြသည်။ အဆိုပါ လူငယ်များကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ရေးချုပ်ရုံးမှ ဗိုလ်မှူးကြီးသူရိန်ထွန်းဦးဆောင်ပြီး စစ်ကောင်စီက တရုတ်ပြည်သို့ လေ့လာရေးခရီးအဖြစ် စေလွှတ်လိုက်ကြောင်း ဆိုသည်။ လူငယ် ၂၄ ဦးထဲတွင် စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်းမိသားစုဝင် သား၊ သမီးများမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး နိုင်ငံတော်အဆင့် ဘက်စုံပညာထူးချွန်လူငယ် ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူ ၅ ဦး၊ အမှတ်အများဆုံးရရှိသော

Continue Reading
စစ်ကောင်စီထံ စစ်မှုမထမ်းလို၍ ပြည်သူ ၁၂ ဦး မိမိကိုယ်ကို အဆုံးစီရင်
စစ်ရေး သတင်း
1 min read
89

စစ်ကောင်စီထံ စစ်မှုမထမ်းလို၍ ပြည်သူ ၁၂ ဦး မိမိကိုယ်ကို အဆုံးစီရင်

July 9, 2024
0

(သတ်သေ စာရင်းထဲ ရခိုင် မာန်အောင်က လူငယ်တစ်ဦးလည်း ပါဝင်) အာဏာသိမ်း စစ်ကောင်စီက နိုင်ငံတဝှမ်း စစ်ရှုံးနေချိန် တပ်အင်အား ပြန်လည်ဖြည့်ဆည်းရန် နိုင်ငံအတွင်းက လူငယ်များကို စစ်မှုထမ်းရန် အတင်းအဓမ္မခေါ်ယူပြီးနောက် ပြည်သူ ၁၂ ဦး မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း သိရသည်။ ပြည်သူ့ထောက်ခံချက်မပါသော စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ပြဌာန်းပြီး နိုင်ငံအတွင်းက လူငယ် ၅၆၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီးနောက် ပြည်သူ ၁၂ ဦးမှာ အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်ဟု Spring Revolution Database (SRD) ၏ အစီရင်ခံစာအရ သိရသည်။ စစ်ကောင်စီက ယခုနှစ် ၆ လတာ ကာလအတွင်း တနိုင်ငံလုံးအတိုင်းအတာဖြင့် အရပ်သား ပြည်သူ

Continue Reading
မာန်အောင်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွာသားဘက်က မရပ်ဘဲ စစ်ကောင်စီဘက်က ရပ်တည်ပေးနေ
သတင်း
1 min read
394

မာန်အောင်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွာသားဘက်က မရပ်ဘဲ စစ်ကောင်စီဘက်က ရပ်တည်ပေးနေ

April 5, 2024
0

ရခိုင်ပြည် မာန်အောင်မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှာ ရွာသားဘက်က မရပ်တည်ပေးဘဲ အာဏာသိမ်း စစ်ကောင်စီဘက်မှ ရပ်တည်ပေးနေ၍ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရွာသားများကြား ပဋိပက္ခဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။  အာဏာသိမ်းစစ်ကောင်စီသည် မာန်အောင်မြို့နယ်အတွင်း အသက် ၁၈ နှစ်နှင့် ၄၅ နှစ်အတွင်းရှိသော လူငယ်များကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကတစ်ဆင့် အတင်းအဓ္ဓမခေါ်ယူနေပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကလည်း စစ်ကောင်စီ ခိုင်းသည့်အတိုင်း ရပ်ရွာအတွင်း လိုက်လံခေါ်ယူနေကြောင်း ဒေသခံရွာသားများက ပြောဆိုကြသည်။  အိုးဝေကျေးရွာဒေသခံတစ်ဦးက ” ကျနော်တို့ရွာမှာ အုပ်ချုပ်ရေးမှူးက ကျေးရွာသားတွေနဲ့အတူ ရှိမနေဘူး။ သူကိုယ်တိုင်က ရွာသားတွေကို စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်ပြီး ခြိမ်းခြောက်တာတွေလုပ်နေတယ်။ အခုရက်ပိုင်းအတွင်းမှာကိုက စာရင်းပေးရတော့မယ်ဆိုတော့ ဒီကလူတွေက ရှောင်နေကြပြီ။ ရှောင်နေတဲ့ဆိုပေမယ့် ကျနော်တို့က လွတ်လွတ်လပ်လပ်သွားလာခွင့်လည်း ရထားတာမဟုတ်ဘူး။ အသက်အန္တာရာယ်ကြားထဲမှာပဲ

Continue Reading
စစ်ထဲဆွဲခေါ်ခံရသည့် မွတ်ဆလင်တစ်ဦး ဝက်သားမစား၍ နှိပ်စက်ခံရပြီးသေဆုံး
သတင်း
1 min read
810

စစ်ထဲဆွဲခေါ်ခံရသည့် မွတ်ဆလင်တစ်ဦး ဝက်သားမစား၍ နှိပ်စက်ခံရပြီးသေဆုံး

April 2, 2024
0

စစ်မှုထမ်းဥပဒေကြောင့် စစ်ထဲ အတင်းဆွဲခေါ်ခံရသည့် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် ဥက္ကံမြို့ မီးလောင်စခန်းကျေးရွာမှ အစ္စလမ်ဘာသာဝင် မွတ်ဆလင်တစ်ဦး ဝက်သားမစား၍ဟုဆိုကာ စစ်ကောင်စီတပ်သားများမှ ဝိုင်းဝန်းနှိပ်စက်ကြပြီး သေဆုံးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။  အမာနွတ်လာ မှာ စစ်မှုထမ်းရန် မဲပေါက်၍ စစ်ကောင်စီတပ်သားများမှ မတ်လ ၂၉ ရက်နေ့က လာရောက်ခေါ်ယူသွားပြီး စစ်သင်တန်းတက်ရောက်နေချိန် ထမင်းစားရာ၌ ဝက်သားကို ရိုက်နှိက်ကာ စားခိုင်းခဲ့သည်ဟု ဆိုသည်။  အမာနွတ်လာမှာ ပါးစပ်က သွေးထွက်အောင်အထိ စစ်ကောင်စီတပ်များ၏ ဝိုင်းဝန်းရိုက်နှက်မှုကို ခံရ၍ မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့ မင်္ဂလာဒုံစစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေသွားရသည်ဟု ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။ ” စစ်ကောင်စီ ခေါ်သွားတုန်းက အကောင်းကြီးပါ။

Continue Reading