Fortify Rights ဖော်ထုတ်သည့် စစ်သုံ့ပန်းများ ကွပ်မျက်ခံရမှူ အာရက္ခတပ်တော် AA ဝန်ခံ
(စစ်သုံ့ပန်းများအပေါ် ကျူးလွန်ခဲ့သည့် တပ်မှူးနှင့်ပါဝင်ပတ်သက်သူများကို အရေးယူထားပြီဟုဆို) အာရက္ခတပ်တော် AA အနေဖြင့် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို လည်လှီးသတ်ဖြတ် ကွပ်မျက်ခဲ့သည်ဟု လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းရေးအဖွဲ့ Fortify Rights မှ ဇန်နဝါရီလ ၂၃ ရက်တွင် ဖော်ထုတ်ထားသည်။ AA တပ်ဖွဲ့ဝင်အချို့က စစ်သုံ့ပန်း နှစ်ဦးကို မြေကျင်းတစ်ခုရှေ့တွင် လည်လှီးသတ်ဖြတ်ခြင်း၊ ခုတ်ထစ်ခြင်းပြုလုပ်သည့် ဗီဒီယိုဖိုင်အား လက်ခံရရှိထားသည်ဟု Fortify Rights က ဆိုသည်။ “အရပ်သားတွေ သို့မဟုတ် ဖမ်းဆီးထားသော ရန်သူ့တပ်သားတွေကို ညှဉ်းပန်းနှိပ်စက်ပြီး တရား လက်လွတ်ကွပ်မျက်တာ စစ်ရာဇဝတ်မှုမြောက်ပါတယ်။ ဖမ်းဆီးရမိသော ရန်သူ့တပ်သားများကို စစ်သုံ့ပန်းများအဖြစ် ဂုဏ်သိက္ခာရှိရှိ ဆက်ဆံသင့်ပြီး ဂျီနီဗာကွန်ဗင်းရှင်းရဲ့ ကာကွယ်စောင့်ရှောက်မှု တွေပေးကာ စစ်ရာဇဝတ်မှုတွေ
ကျောက်တော် ဗုံးကြဲခံရမှု သေဆုံးသူ ၈ ဦးထက်မနည်းရှိဟု ကနဦး သိရ
ရခိုင်ပြည် ကျောက်တော်မြို့ လူနေရပ်ကွက်များနှင့် ဈေးကို စစ်ကောင်စီက ယနေ့ ဇန်နဝါရီလ ၁၁ ရက် နံနက် ၉ နာရီကျော်အချိန်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဆေးရုံသွားရောက်ခဲ့သည့် ဒေသခံတစ်ဦးက “သေဆုံးသူ ၈ ဦးလောက်ရှိတယ်လို့ ပြောတယ်။ အတိအကျတော့ မသိရသေးဘူး။ အဲထက်လည်း ပိုကောင်းပိုနိုင်ပါတယ်။ ဒဏ်ရာရသူက ၂၀ လောက်တောင်ရှိတယ်လို့ ပြောတယ်။ တာဝန်ရှိသူတွေ ထုတ်ပြန်လာမယ်ထင်ပါတယ်” ဟု ပြောသည်။ ကျောက်တော်မြို့သည် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည့် မြို့နယ်ထဲက တစ်ခုဖြစ်သည်။ ကျောက်တော်မြို့သည် အာရက္ခတပ်တော် AA ထိန်းချုပ်သိမ်းပိုက်ထားသော မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ဟည်။ အာရက္ခတပ်တော် AA ကလည်း
ရခိုင်အရေးကို သတိရှိရှိဖြင့် ဖြေရှင်းရန် ICC ကို တရုတ်ပြော
နိုင်ငံတကာရာဇဝတ်ခုံရုံး ICC က မွတ်ဆလင်နှင့်ပတ်သက်ပြီး ရခိုင်ပြည်အရေးကို ဖြေရှင်းရာတွင် သတိရှိရှိဖြင့် ဖြေရှင်းရန် တရုတ်အစိုးရက ပြောသည်။ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ မော်နင်း (Mao Ning) က နိုဝင်ဘာလ ၂၈ ရက် ပေကျင်းမြို့မှာ ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်အရေးကို ပြောကြားခဲ့ခြင်းဖြစ်သည်။ ရှုတ်ထွေးလှသည့် ရခိုင်ပြည်အရေးကို ဖြေရှင်းရာမှာ သတိနှင့်ဖြေရှင်းရမည်ဖြစ်သလို အပြုသဘောဆောင်သည့် အခန်းကဏ္ဍကနေ တရုတ်က ပါဝင်ဆောင်ရွက်မည်ဟု မော်နင်းက ဆိုသည်။ “ရခိုင်အရေးမှာ ရှုပ်ထွေးလှတဲ့ သမိုင်းကြောင်းတွေ၊ လူမျိုးရေးနဲ့ ဘာသာရေးနောက်ခံတွေ ရှိပြီး ဘက်ပေါင်းစုံက ချဉ်းကပ်ပြီး သတိရှိရှိ ဖြေရှင်းဖို့ လိုပါတယ်။ မြန်မာနိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံဟာ ရခိုင်ပြည်တွင်း
ပြည်သူအပေါ် ကျူးလွန်ထားသည့် ရာဇဝတ်မှုများအတွက် စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ၃ ဦးကို AA က စစ်ဆေးစီရင်နေ
စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားသော စစ်ကောင်စီ၏ ဗိုလ်မှူးချုပ် ၃ ဦးနှင့် အခြားသော တပ်အရာရှိများကို ပြည်သူအပေါ် ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ စစ်ဆေးနေပြီး ကျူးလွန်သည့်ပြစ်မှု အပေါ် လိုက်၍ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း ULA/AA ပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုထားသည်။ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့အပါအဝင် အခြားသော တပ်အရာရှိများကို AA က ဖမ်းဆီးရရှိခဲ့သည်။ ယင်းအပြင် ဘူးသီးတောင် အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်မှ စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အပေါင်းအပါများကို ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းတွင် AA က
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သံတွဲမှာ အပြစ်မဲ့ပြည်သူ ၃ ဦး ဒဏ်ရာရ
ရခိုင်ပြည် သံတွဲမြို့ပေါ်ကို ယမန်နေ့ ဒီဇင်ဘာလ ၁၉ ရက် ည ၁၁ နာရီကျော်အချိန်တွင် စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့အရပ်သားပြည်သူ ၃ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။ စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စီးဖြင့် သံတွဲမြို့ပေါ် အမှတ် (၁) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ စံပယ်လမ်းထိပ်နှင့် မြေစာရင်းရုံးတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် အမှတ် (၁) ရပ်ကွက်က အသက် ၅၅ နှစ်အရွယ် ဒေါ်တင်တင်ချို၊ အသက် ၆၃ နှစ်အရွယ် ဦးရဲအောင်နှင့် အသက် ၈၅ နှစ်အရွယ် ဒေါ်အုန်းမြင့်တို့က ဒဏ်ရာရရှိသွားကြသည်။ အမှတ် (၁) ရပ်ကွက်က လူနေအိမ်နှစ်ဆောင်
စစ်ကောင်စီအား ထောက်ပံ့နေသည့် တရုတ် AVIC ကုမ္ပဏီကို မိတ်ဖက်ရင်းနှီးမြှုပ်နှံသူအဖြစ်မှ ရပ်ဆိုင်းရန် Airbus ကုမ္ပဏီကို အရပ်ဘက်အဖွဲ့ ၃၀၀ ကျော် တောင်းဆို
အာဏာသိမ်း စစ်ကောင်စီ စစ်ရာဇဝတ်မှု နေ့စဉ်ကျူးလွန်နေသော စစ်လေယာဉ်များကို ထောက်ပံ့ပေးနေသေည့် တရုတ် Aviation Industry Corporation of China (AVIC) ကုမ္ပဏီနှင့် ဆက်ဆံရေး အဆုံးသတ်ရန် Airbus ကုမ္ပဏီ CEO ထံသို့ မြန်မာတော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော်က အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုခဲ့ကြောင်း သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့တာဝန်ရှိသူက ပြောကြားသည်။ AVIC ကုမ္ပဏီသည် စစ်ကောင်စီအတွက် စစ်လေယာဉ်များကို ရောင်းချခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းများကို ပြုလုပ်ပေးနေသည်။ မြန်မာနိုင်ငံသည် အီးယူ၏ စစ်လက်နက်ရောင်းချမှု ပိတ်ပင်ရေးပြဋ္ဌာန်းချက် ချမှတ်ခံထားရသည်။ Airbus ကုမ္ပဏီအနေဖြင့် စစ်တပ်၏ လက်နက်ပွဲစားကုမ္ပဏီကို ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုများပေးအပ်နေခြင်းနှင့် ဆက်ဆံနေခြင်းသည် အန္တရာယ်ကို ဖိတ်ခေါ်နေခြင်းဖြစ်ကြောင်း အိတ်ဖွင့်ပေးစာက
နောင်ချိုမြို့နယ် ဆမ္မဆယ်ရွာ လက်နက်ကြီးပစ်ခတ်ခံရ၍ အရပ်သား ၃ ဦး ထိမှန်
ရှမ်းမြောက် တအောင်းဒေသ နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာတွင် စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၃ ဦး ထိမှန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ဆမ္မမဆယ်ကျေးရွာကို စစ်ကောင်စီက ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် လက်နက်ကြီး ကျည်သုံးလုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း တအောင်းတပ် TNLA က ယနေ့ ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။ ထိုလက်နက်ကြီးကြောင့် ကျေးရွာအတွင်းရှိ အမှတ် (၁) သကြားစက်ရုံဝန်းတွင် (၁)လုံး၊ စက်ရုံဘေးတွင် (၂) လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး စက်ရုံဝန်ထမ်း အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၁) ဦး ထိမှန်ဒဏ်ရာရရှိသွားကြောင်း TNLA
တောင်ကုတ်မှာ စစ်ကောင်စီ ဗုံးကြဲ၍ အရပ်သား ၂ ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာ
ရခိုင်ပြည် တောင်ကုတ်မြို့နယ် ခရိုင်ကျေးရွာကို အာဏာသိမ်း စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်၍ အပြစ်မဲ့အရပ်သား ၂ ဦးသေဆုံးပြီး ၁၉ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ခရိုင်ကျေးရွာကို ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၃ နာရီကျော်အချိန်တွင် ဗုံး ၄ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ခရိုင်ကျေးရွာသည် တောင်ကုတ်မြို့ထဲ တိုက်ပွဲပြင်းထန်နေခြင်းကြောင့် မြို့ပေါ်ဒေသခံများအပါအဝင် အခြားသော အရပ်သားပြည်သူများ စစ်ရှောင်နေကြသော ကျေးရွာလည်းဖြစ်သည်။ သတင်းအပြည့်အစုံကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး လတ်တလောတွင် ထိခိုက်ဒဏ်ရာရရှိသူများထဲမှာ စိုးရိမ်ရသူများပါဝင်နေပြီး အရေးပေါ်ဆေးကုသမှုများကို ခံယူနေရသည်ဟု သတင်းရင်းမြစ်များက ပြောဆိုကြသည်။
စစ်ကောင်စီ ဗုံးကြဲ၍ သံတွဲမှာ အရပ်သား ၈ ဦး ဒဏ်ရာရ
ရခိုင်ပြည် သံတွဲမြို့နယ် နန်းချောင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်၍ အပြစ်မဲ့အရပ်သားပြည်သူ ၈ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီခန့်က ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ နန်းချောင်းကျေးရွာသည် အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာဖြစ်ပြီး စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသော ရွာလည်းဖြစ်သည်။ ဒဏ်ရာရရှိသူများမှာ မအေးသန္တာထွေး (၁၇ နှစ်)၊ မောင်ခန့်ပိုင်စိုး (၁၇ နှစ်)၊ မအိမြင့်မြတ်ဖြိုး (၁၇ နှစ်)၊ ကိုအောင်ခန့်ကျော် (၂၄ နှစ်)၊ ဦးကျော်လင်းသူ (၄၀ နှစ်)၊ ဒေါ်ငယ်မရီး (၅၀ နှစ်)၊ ဦးမောင်ရိုင်သိန်း (၅၈ နှစ်) ဒေါ်ခင်၀င်း (၇၁ နှစ်) တို့ဖြစ်သည်။ ပြီးခဲ့သည့်
စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ရခိုင်မှာ နိုဝင်ဘာလအတွင်း ၂၀ ဦး သေဆုံး
အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှု၊ သေနတ်ပစ်ခတ်မှုတို့ကြောင့် ရခိုင်ပြည်မှာ ယခု နိုဝင်ဘာလအတွင်း သေဆုံးသူ ၂၀ ဦးအထိရှိကြောင်းကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောသည်။ နိုဝင်ဘာလ ၁ ရက်ကနေ ၂၆ ရက်နေ့အထိ AAPP က စာရင်းကောက်ယူထားပြီး သေဆုံးသူများထဲတွင် အမျိုးသမီး ၉ ဦးနှင့် အမျိုးသား ၁၁ ဦးပါဝင်ကြောင်းနှင့် ထိုအထဲတွင် အသက် ၁၈ နှစ်အောက် ကလေး ၆ ဦးပါဝင်ကြောင်း သိရသည်။ သေဆုံးသူ ၂၀ ဦးထဲက ၁၉ ဦးမှာ အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသလို ကျန်