မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝ ကာကွယ်နိုင်သည့် သုံးဖက်မြင် စစ်ဆင်နိုင်စွမ်းရှိသော ရေတပ်ဖြစ်နေပြီဟု မင်းအောင်လှိုင်ပြော
စစ်ရေး သတင်း
1 min read
0

မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝ ကာကွယ်နိုင်သည့် သုံးဖက်မြင် စစ်ဆင်နိုင်စွမ်းရှိသော ရေတပ်ဖြစ်နေပြီဟု မင်းအောင်လှိုင်ပြော

ဒီဇင်ဘာ ၂၅ - ၂၀၂၄
0

တပ်မတော်(ရေ)ကို တည်ဆောက်ရာတွင် ပထမအဆင့်ဖြစ်သည့် မြန်မာ့ပင်လယ်ပြင်သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝ ကာကွယ်နိုင်သည့် သုံးဖက်မြင်စစ်ဆင်နိုင်စွမ်းရှိသော တိုက်ပွဲဝင်အသင့် ရေတပ် (Three Dimensional Combat Ready Navy) အဖြစ်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။ ဒီဇင်ဘာ ၂၄ ရက်တွင် ကျရောက်သော (၇၇) နှစ်မြောက် တပ်မတော် (ရေ) နှစ်ပတ်လည်နေ့ စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားတွင် မင်းအောင်လှိုင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းသည် ၁၂၆၀ ရေမိုင် ရှည်လျားပြီး ကျွန်းပေါင်း ၁၄၀၀ ကျော်ရှိကာ ရေပေါ်ရေအောက် အဖိုးတန်သယံဇာတများ၊ ပင်လယ်ကမ်းရိုးတန်း သဘာဝ အလှတရားများစွာတို့ဖြင့် ပြည့်နှက်လျက်ရှိကြောင်း သိရသည်။ ထိုကဲ့သို့

Continue Reading