ချင်းတော်လှန်ရေး တပ်ဖွဲ့အချင်းချင်း လက်နက်ဖြင့် မဖြေရှင်းဖို့ သဘောတူ
စစ်ရေး သတင်း
1 min read
155

ချင်းတော်လှန်ရေး တပ်ဖွဲ့အချင်းချင်း လက်နက်ဖြင့် မဖြေရှင်းဖို့ သဘောတူ

September 22, 2024
0

ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင်အချင်းချင်း သဘောထားကွဲမှုရှိပါက လက်နက်ဖြင့် မဖြေရှင်းဖို့ ဒေသခံအဖွဲ့အစည်းများ သဘောတူညီမှု ရရှိခဲ့ကြောင်း ဇိုပြန်လည်ပေါင်းစည်းရေးအဖွဲ့အစည်း (Zo Re-Unification Organization – ZORO) သတင်းထုတ်ပြန်သည်။ ဇိုပြန်လည်ပေါင်းစည်းရေး အဖွဲ့အစည်း ZORO၏ ဦးဆောင်မှုဖြင့် စက်တင်ဘာ ၂၁ ရက်နေ့က ချင်းပြည်အစိုးရအဖွဲ့၊ ချင်းအမျိုးသားတပ်ဦး CNFနှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC/ချင်းညီနောင် CB အဖွဲ့တို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ယင်းတွေ့ဆုံဆွေးနွေးမှုများတွင် အချက် ၅ ချက်ကို ကနေဦး သဘောတူခဲ့ကြပြီး ချင်း-ကူကီး-မီဇိုး မျိုးနွယ်စုများသည် ဆင်းသက်လာရာမျိုးနွယ်စု၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းအစဉ် အလာတူညီသော သေအတူရှင်မကွဲနေထိုင်လာခဲ့ကြသည့်

Continue Reading
တိုက်ပွဲပြင်းလာ၍ ဖားကန့်ပြည်သူများ မြို့ကိုစွန့်ခွာ
စစ်ရေး သတင်း
1 min read
30

တိုက်ပွဲပြင်းလာ၍ ဖားကန့်ပြည်သူများ မြို့ကိုစွန့်ခွာ

September 20, 2024
0

(သတင်းတို) ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်များအကြား စစ်ရေးတင်းမာနေပြီး မြို့ခံပြည်သူများ စျေးဆိုင်များပိတ်ထားကာ စတင်ပြောင်းရွှေ့နေကြပြီဟု သိရသည်။ စက်တင်ဘာ လဆန်းပိုင်းမှစပြီး ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် KIA ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာခဲ့ရာမှ ယခုအခါ မြို့ပေါ်တွင်ပါ စစ်ရေးတင်းမာလာနေသည်။ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်လာသဖြင့် ပြည်သူများထိခိုက်သေဆုံးမှုများ ရှိလာ၍ ဖားကန့်မြို့ပြည်သူများမှာ စတင်တိမ်းရှောင်မှုများ လုပ်လာကြပြီး စျေးဆိုင်များမှာလည်း ပိတ်ထားကြသည်။ ဒေသပြည်သူတစ်ဦးက “ဒီကနေ့မှာပဲ KIA/KPDF တွေ မြို့ကို ဝိုင်းပတ်ထားတယ်။ ဖားကန့်မြို့ကတော့ တပ်လှန့်လိုက်တဲ့ အနေအထား ရောက်သွားပါပြီ။ မြို့နေလူထုလည်း အမြန်ဆုံး မြို့ကိုခွာနေကြပါတယ်။ အတော်များများ ကျန်နေပါသေးတယ်။ ကျန်နေသူတွေလည်း စိုးရိမ်စိတ်တွေနဲ့

Continue Reading
စစ်ကောင်စီ စစ်သင်္ဘော ၈ စီးကို KIA သိမ်းပိုက်ရရှိ
စစ်ရေး သတင်း
1 min read
48

စစ်ကောင်စီ စစ်သင်္ဘော ၈ စီးကို KIA သိမ်းပိုက်ရရှိ

September 20, 2024
0

(ဓါတ်ပုံသတင်း) မြန်မာစစ်တပ် (စစ်ကောင်စီ) ၏ တိုက်ခိုက်ရေး စစ်သင်္ဘော ၈ စီးကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး ယင်းစစ်သင်္ဘောများကို ဖောက်ခွဲ ဖျက်ဆီးရန်သာရှိကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။ “ဗန်းမော် မြလယ်ဘက်မှာ စစ်သင်္ဘော ၄ စီးရတယ်။ ရွှေကူအထက် မြစ်ကျဉ်းမှာ ၂ စီးရတယ်။ ထီးချိုင့် မြတောင်မှာ ၂ စီးရတယ်။ စုစုပေါင်း ၈ စီးရတယ်။ ဖောက်ခွဲဖျက်ဆီးဖို့ပဲရှိပါတယ်” ဟု ဆိုသည်။ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်း ကချင်ပြည်နယ်၊ ရွှေကူမြို့မှ ဗန်းမော်သို့ ဆန်တက်လာသော စစ်ကောင်စီသင်္ဘော ၇ စီးကို KIA

Continue Reading
ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီ ဗုံးကြဲမှု အဖွဲ့ ၃၁၆ ဖွဲ့က ပြင်းထန်စွာကန့်ကွက်
စစ်ရေး သတင်း
0 min read
98

ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီ ဗုံးကြဲမှု အဖွဲ့ ၃၁၆ ဖွဲ့က ပြင်းထန်စွာကန့်ကွက်

September 17, 2024
0

ကရင်နီပြည် (ကယား) ဖယ်ခံမြို့နယ်က အပြစ်မဲ့အရပ်သားပြည်သူများ စစ်ရှောင်နေသော ဘန်ကောက်စစ်ရှောင်စခန်းကို စက်တင်ဘာလ ၅ ရက်နေ့က စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ ဗုံးကြောင့် စစ်ရှောင်ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး စစ်ရှောင်ပြည်သူ ၂၀ ကျော် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြသည်။ စစ်ရှောင်အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ဖြိုခွဲခြင်းဖြစ်ပြီး ထိုဗုံးကြဲတိုက်ခိုက်မှုကိုလည်း ကရင်နီအရပ်ဘက်အဖွဲ့အစည်းများ၊ မြန်မာအရပ်ဘက်အဖွဲ့အစည်းများနှင့် တော်လှန်ရေးအင်အားစုများ စုစုပေါင်း ၃၁၆ ဖွဲ့က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ထားကြသည်။ ၃၁၆ ဖွဲ့က စက်တင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီသည် လူသားမျိုးနွယ်များနှင့် တိုင်းရင်းသားပြည်သူများအပေါ် နေ့စဉ် ရာဇဝတ်မှုများ ကျူးလွန်နေသည်ဟု

Continue Reading
လေကြောင်းက ဗုံးကြဲမှုကြောင့် လားရှိုးမြို့နယ် နန်ဘိုင်းကျေးရွာမှ အရပ်သား ၅ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ
စစ်ရေး သတင်း
1 min read
44

လေကြောင်းက ဗုံးကြဲမှုကြောင့် လားရှိုးမြို့နယ် နန်ဘိုင်းကျေးရွာမှ အရပ်သား ၅ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ

September 17, 2024
0

စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်နှင့် ဆက်စပ်နေသော နန်ဘိုင်းကျေးရွာမှ အရပ်သား ၅ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိကြောင်း MNDAA က သတင်းထုတ်ပြန်သည်။ စက်တင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီအချိန် စစ်ကောင်စီတပ်က လားရှိုးမြို့နယ်နှင့် ဆက်စပ်နေသော သိန္နီခရိုင် သံလွင်လျင်ဟိုမြို့နယ် နန်ဘိုင်းရွာ လူနေအိမ်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “အရပ်သားပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ သုံးဦးမှာ ဒဏ်ရာအပြင်းအထန် ရရှိကြောင်း ” MNDAA က ဖော်ပြသည်။ ထို့ပြင် စက်တင်ဘာလ

Continue Reading
■ ရခိုင်မှာ တိုက်ပွဲကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေကို အခုချိန်ထိ ပြန်မဆောက်နိုင်သေး
စစ်ရေး ဗီဒီယိုသတင်း သတင်း
1 min read
79

■ ရခိုင်မှာ တိုက်ပွဲကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေကို အခုချိန်ထိ ပြန်မဆောက်နိုင်သေး

September 16, 2024
0

(ရခိုင်မှာ အဆောက်အဦး ၃,၀၀၀ ထက်မနည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေ ခန့်မှန်းပြော)

Continue Reading
စစ်ရေးဖော်ဆောင်လာ၍ PNLO အဖွဲ့မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ နုတ်ထွက်
စစ်ရေး သတင်း
1 min read
69

စစ်ရေးဖော်ဆောင်လာ၍ PNLO အဖွဲ့မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ နုတ်ထွက်

September 16, 2024
0

NCA ကို ချိုးဖောက်ပြီး အာဏာသိမ်းစစ်ကောင်စီကို ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လာသည်ဟုဆိုကာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (ခွဲထွက်) PNLO (AD) မှ အပြီးအပိုင်နုတ်ထွက်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။ PNLO ခွဲထွက်အဖွဲ့ကို လက်ရှိ ဗိုလ်မှူးကြီးခွန်သူရိန် ဦးဆောင်နေပြီး မလွှဲမရှောင်သာ တာဝန်ရှိလာသည့်အတွက် နုတ်ထွက်ရခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက စက်တင်ဘာလ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ” NCA ကို ထိန်းသိမ်းလိုက်နာပြီး ပြည်သူလူထုအကျိုးကို ကြိုးပမ်းဆောင်ရွက်နေချိန်မှာပင် လက် ရှိဥက္ကဌဖြစ်သူသည် စုပေါင်းဦးဆောင်မူ- အရမဟုတ်ဘဲ တဦးတယောက်သောသဘောထားဆန္ဒဖြင့် “မူဝါဒ” အလွှဲသုံးစားပြုလုပ်သည့်အတွက် NCA မှ သွေဖီ၊ ချိုးဖောက်ပြီး ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်လာခြင်း၊ စစ်ရေးဖော်ဆောင်လာခြင်း၊ PNO/PNA နှင့် SAC

Continue Reading
စစ်တွေ ရွှေပြားနှင့်တရားသီးစု ရပ်ကွက်က ဒေသခံ ၁၅၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီးသွား
နိုင်ငံရေး သတင်း
1 min read
84

စစ်တွေ ရွှေပြားနှင့်တရားသီးစု ရပ်ကွက်က ဒေသခံ ၁၅၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီးသွား

September 14, 2024
0

ရခိုင်ပြည် စစ်တွေမြို့ ရွှေပြားရပ်ကွက်က အပြစ်မဲ့အမျိုးသား ၁၀၀ ကျော်နှင့် တရားသီးစုရပ်ကွက်က အမျိုးသမီးအပါအဝင် အရပ်သား ၅၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ စက်တင်ဘာလ ၁၃ ရက် နေ့လယ်တွင် ဖမ်းဆီးသွားကြောင်း မြို့ခံများထံမှ သိရသည်။ အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ ရွှေပြားရပ်ကွက်တွင် တစ်အိမ်ဝင်တစ်အိမ်ထွက်ဖမ်းဆီးခြင်းနှင့် လမ်းသွားလမ်းလာများပါ ဖမ်းဆီးပြီး ကား ၅ စီးဖြင့် ခေါ်ဆောင်သွားကြောင်း သတင်းရင်းမြစ် မြို့ခံတစ်ဦးက ပြောသည်။ ” နေ့လယ် ၄ နာရီ ဝန်းကျင်လောက်မှာ သူတို့ကားနဲ့ ရောက်လာကြတယ်။ ဖမ်းတာက ခြေကျင်လျှောက်ပြီးဖမ်းကြတာ။ လမ်းသွားလမ်းလာတွေကိုလည်း ဖမ်းတယ်။ တစ်နေရာရာမှာထိုင်ပြီး တွေ့ရင်လည်း ဖမ်းသွားတယ်။ နေအိမ်တွေကိုလည်း ဝင်ဖမ်းတယ်။ တွေ့တဲ့လူ ဒီအတိုင်းဖမ်းသွားတာပဲ”

Continue Reading
ဧပြီလမှ ဇွန်လအတွင်း စစ်ဆင်ရေးနှင့် တိုက်ပွဲဖော်ဆောင်မှုများ
စစ်ရေး သတင်း
1 min read
21

ဧပြီလမှ ဇွန်လအတွင်း စစ်ဆင်ရေးနှင့် တိုက်ပွဲဖော်ဆောင်မှုများ

September 13, 2024
0

၂၀၂၄ ခုနှစ်၊ ဒုတိယ (၃) လတာအတွင်း လက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီအကြား တိုက်ပွဲဖော်ဆောင်မှုသည် စုစုပေါင်း ၁၇၄၁ အကြိမ်ရေထိရှိခဲ့ပြီး ရှမ်း (အရှေ့) ဒေသတွင်သာ တိုက်ပွဲ (လုံးဝ) ဖြစ်ပွားခြင်းမရှိခဲ့သည်ကို တွေ့ရှိရသည်။ တော်လှန်ရေးအင်အားစုများအနေဖြင့် မြို့ပေါင်း (၁၀) မြို့ကို ကချင်၊ ကရင်၊ ချင်း၊ စစ်ကိုင်းနှင့် ရခိုင်စစ်မျက်နှာများတွင် သိမ်းယူနိုင်ခဲ့သည်။ ထို့ပြင် စစ်ရေးလှုပ်ရှားမှုအများဆုံး ဒေသ (၄) ခုမှာ စစ်ကိုင်း၊ ရခိုင်၊ ကချင်နှင့် မန္တလေးဒေသများဖြစ်ပြီး မန္တလေးဒေသတွင်မူ ၁၀၂၇ စစ်ဆင်ရေး (အပိုင်း-၂) နှင့်အတူ ရှမ်း-မန်းစစ်ဆင်ရေးကို စစ်ရှိန်မြှင့်လာခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားမှုနှုန်း မြင့်တက်လာခဲ့သည်ကို တွေ့ရသည်။ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများပြားလာခဲ့ပြီး ဒဏ်ရာရသူ

Continue Reading
ရခိုင်က ထိန်းချုပ်နယ်မြေများတွင် ဒေသခံပြည်သူများ၏ လူမှုစီးပွားလည်ပတ်မှု ခက်ခဲနေကြဆဲ
စစ်ရေး စီးပွားရေး နိုင်ငံရေး သတင်း
1 min read
26

ရခိုင်က ထိန်းချုပ်နယ်မြေများတွင် ဒေသခံပြည်သူများ၏ လူမှုစီးပွားလည်ပတ်မှု ခက်ခဲနေကြဆဲ

September 12, 2024
0

ရခိုင်ပြည်အတွင်း သိမ်းပိုက်ထိန်းချုပ်ထားသော နယ်မြေများတွင် ဒေသခံပြည်သူများ၏ စားဝတ်နေရေးနှင့် လူမှုစီးပွား လည်ပတ်မှုမှာ ခက်ခဲနေကြဆဲဖြစ်ကြောင်း မြို့ခံများက ပြောဆိုကြသည်။ သိမ်းပိုက်ထိန်းချုပ်ကာလ ၆ လခန့်ကြာလာသည့် ရခိုင်ပြည်ထဲက မြို့များမှာ ကုန်စည်ဈေးများ အဆမတန်မြင့်မားနေခြင်း၊ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းမရခြင်း၊ ဌာနဆိုင်ရာရုံးများနှင့် ဆေးရုံဆေးခန်းများ ပုံမှန်လည်ပတ်နိုင်ခြင်း မရှိသေး၍ ဒေသခံပြည်သူများမှာ တစ်ရက်တာ ရှင်သန်လည်ပတ်ခြင်းကို ခက်ခက်ခဲခဲ ရုန်းကန်နေရကြောင်း သိရသည်။ ထိန်းချုပ်မြို့များမှာ ကုန်စည်ဈေးများသည် တိုက်ပွဲကာလထက် ပိုမြင့်တက်နေခြင်းနှင့် ကုန်သွယ်ရေးလမ်းကြောင်းများ မရှိခြင်းကြောင့်ဖြစ်သည်ဟု ကျောက်တော်မြို့ခံ စက်သုံးဆီအရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။ “တိုက်ပွဲဒဏ်တွေကို အခုမှ ပိုခံစားမိသလိုဖြစ်နေတယ်။ တိုက်ပွဲဖြစ်တုန်းက ဒီလောက်ထိမခက်ခဲခဲ့ဘူး။ ကုန်စျေးတက်ရင်လည်း တိုက်ပွဲပြီးရင် ပြန်ကျသွားမှာပဲဆိုပြီး တွေးခဲ့ကြတယ်။ ဒါပေမယ့် စျေးကပြန်မကျတဲ့အပြင် ပိုတောင်မြင့်လာသေးတယ်။

Continue Reading