စစ်ကောင်စီ သတ်ဖြတ်မှုကြောင့် ရခိုင်မှာ နှစ်လကျော်အတွင်း အရပ်သား ၄၅ ဦးသေဆုံး
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီ သတ်ဖြတ်မှုကြောင့် ရခိုင်မှာ နှစ်လကျော်အတွင်း အရပ်သား ၄၅ ဦးသေဆုံး

မတ် ၁၃ - ၂၀၂၅
1

အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှု၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ရခိုင်မှာ နှစ်လကျော်အတွင်း အရပ်သား ၄၅ ဦးသေဆုံးသွားကြောင်း သိရသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၁ ရက်နေ့အထိ ကောက်ယူထားသော စာရင်းအရ ရခိုင်ပြည်အတွင်း အမျိုးသမီး ၂၄ ဦးနှင့် အမျိုးသား ၂၁ ဦး သေဆုံးသွားခဲ့ရသည်ဟု AAPP က မတ်လ ၁၁ ရက်တွင် ပြောသည်။ ရခိုင်မှာ နှစ်လကျော်အတွင်း အရပ်သား ၄၅ ဦးသေဆုံးခဲ့သည်ကို AAPP က အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်ဟုလည်း ပြောဆိုထားသည်။ ထိုအထဲတွင် အသက် ၂ နှစ်အရွယ် ကလေးငယ် (အမျိုးသား) တစ်ဦးအပါအဝင်

Continue Reading
AA တိုက်နေသည့် ညောင်ကျိုးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့များမှာ ဥသျှစ်ပင်မြို့သို့ တပ်ဆုတ်
စစ်ရေး သတင်း
1 min read
0

AA တိုက်နေသည့် ညောင်ကျိုးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့များမှာ ဥသျှစ်ပင်မြို့သို့ တပ်ဆုတ်

မတ် ၁၂ - ၂၀၂၅
1

(ဒဏ်ရာရ စစ်ကောင်စီတပ်သား များပြား၍ ဆေးရုံတွင် ကုတင်မလုံလောက်ဖြစ်နေ) အာရက္ခတပ်တော် AA ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ထဲက ညောင်ကျိုးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဥသျှစ်ပင်မြို့သို့ ဆုတ်ခွာထွက်ပြေးနေကြောင်း သိရသည်။ ဥသျှစ်ပင် သတင်းရင်းမြစ်တစ်ဦးက ” AA ထိုးစစ်က ဥသျှစ်ပင်မြို့ထဲထိတော့ မရောက်သေးဘူး။ ဒါပေမယ့် မြို့နဲ့တော့ တော်တော်နီးနေပြီ။ စစ်ရေးကတော့ ပြင်းထန်နေတယ်။ စစ်ကားတွေ အတက်အဆင်းများတယ်။ တောင်ပေါ်က ဒဏ်ရာရတဲ့ စစ်သားတွေကို ပြန်သယ်ထုတ်နေတယ်။ ထိုးစစ်က ဥသျှစ်ပင်မြို့ဘက်ကို ဦးတည်လာနေပြီ ပြောလို့ရပါတယ်။ တပ်ဘက်ကတော့ လေ ကြောင်းတိုက်ခိုက်မှုရော လက်နက်ကြီးတွေ တစ်လျှောက်လုံး ပစ်ခတ်နေတယ်” ဟု ပြောသည်။ ညောင်ကျိုးတပ်စခန်းသိမ်းတိုက်ပွဲနှင့် ပန်းတောင်းမြို့နယ်အတွင်းက တိုက်ပွဲများမှာ ဇန်နဝါရီလကစ၍ ပိုမိုပြင်းထန်လာပြီး

Continue Reading
လက်ရှိ အောင်မြင်မှုသည် အစမ်းသာခံကာလဟု AA နှင့် TNLA ပြော
စစ်ရေး သတင်း
1 min read
0

လက်ရှိ အောင်မြင်မှုသည် အစမ်းသာခံကာလဟု AA နှင့် TNLA ပြော

မတ် ၁၁ - ၂၀၂၅
1

မြန်မာစစ်တပ်ထံမှ သိမ်းပိုက်ရရှိထားသော နယ်မြေများနှင့် စစ်ရေးအောင်မြင်မှုများသည် အစမ်းသပ်ခံ ကာလဖြစ်သည်ဟု အာရက္ခတပ်တော် AA နှင့် တအောင်းတပ် TNLA တို့က ပြောသည်။ ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်သော MNDAA ၏ ယနေ့ မတ်လ ၁၁ ရက်နေ့တွင် ကျရောက်သော ၃၆ နှစ်မြောက် တပ် တည်ထောင်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် AA နှင့် TNLA က ပြောဆိုထားခြင်းဖြစ်သည်။ “လာမည့်ကာလများ၌လည်း မိမိတို့အချင်းချင်းအကြား စုစည်းညီညွတ်မှုသည် ပို၍ အရေးကြီး လာမည်ဖြစ်သည့်အားလျော်စွာ မိမိတို့ လက်ရှိရရှိထားသော အောင်မြင်မှု၏ အသီးအပွင့်များ တာရှည်ခံပြီး ပိုမို ဖွံ့ဖြိုးလာစေရန် အစမ်းသပ်ခံကာလများလည်းဖြစ်သည်ဟု ရှုမြင်သုံးသပ်သည်” ဟု ပြောဆိုထားခြင်းဖြစ်သည်။

Continue Reading
ကျောက်ဖြူ စနဲမြို့က ပြည်သူ့ဆေးရုံကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်
စစ်ရေး သတင်း
1 min read
0

ကျောက်ဖြူ စနဲမြို့က ပြည်သူ့ဆေးရုံကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်

မတ် ၁၀ - ၂၀၂၅
2

ရခိုင်ပြည် ကျောက်ဖြူမြို့နယ် စနဲမြို့က ပြည်သူ့ဆေးရုံကြီးကို အာဏာသိမ်း စစ်ကောင်စီက ယနေ့ မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ကျောက်ဖြူမြို့အနီးရှိ စစ်ကောင်စီ၏ အမှတ် ၁၈ တောင်မော်ကြီး ရေတပ်စခန်းမှ သေခံဒရုန်းနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဆေးရုံပျက်စီးသွားကြောင်း သိရသည်။ “ဗုံးသီးတွေက ခွဲစိတ်ခန်းထဲတယ်။ တခြားခေါင်မိုးတွေလည်း ကျတယ်။ ခွဲစိတ်ခန်းကပျက်စီးသွားပြီးတော့ ခေါင်မိုးတွေ ပျက်စီးသွားတယ်။ နံနက် ၃ နာရီလောက်မှာ စစ်ကောင်စီက ဗုံးလာကြဲခဲ့တာဖြစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ ဓညဝတီရေတပ်အနီး တစ်ဝိုက်တွင် စစ်ကောင်စီတပ်နှင့် AA တို့်မှာ တိုက်ပွဲဖြစ်ပွားနေကြပြီး စစ်ကောင်စီဘက်က အရပ်သားနေ ကျေးရွာများ၊

Continue Reading
စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ဂွမြို့နယ်တွင် ဖခင်ဖြစ်သူ သေဆုံးပြီး သားသမီးနှစ်ဦး ပြင်းထန် ဒဏ်ရာရ
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ဂွမြို့နယ်တွင် ဖခင်ဖြစ်သူ သေဆုံးပြီး သားသမီးနှစ်ဦး ပြင်းထန် ဒဏ်ရာရ

မတ် ၁၀ - ၂၀၂၅
2

စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ တစ်စီးဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲမှုကြောင့် ရခိုင်ပြည်၊ ဂွမြို့နယ်က အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ဂွမြို့နယ် ဒေသခံများက Western News ကို ပြောသည်။ မတ် ၉ ရက်နေ့ နံနက်ပိုင်း ၁ နာရီကျော်တွင် ဂွမြို့နယ်၊ ဘဝင်ရွာကို ဂျက်ဖိုက်တာ တစ်စီးဖြင့် လာရောက်ဗုံးကြဲမှုကြောင့် အိပ်ပျော်နေသည့် မိသားစုများထဲမှ ဖခင်ဖြစ်သူမှာ သေဆုံးခဲ့ပြီး သမီးဖြစ်သူနှင့် သားဖြစ်သူတို့ ဒဏ်ရာ ရရှိခဲ့သည်။ ဂွဒေသခံတစ်ဦးက “ကျွန်တော် ခန့်မှန်းသလောက်ဆိုရင် ၁ နာရီ ၄၅ လောက်ရှိမယ်။ တစ်ကြိမ်လာကြဲတယ်။ နောက်တစ်ကြိမ်ကတော့ ၂နာရီ ဝန်းကျင်လောက်ရှိတယ်။ သူတို့က ဒုတိယအကြိမ်မှာ

Continue Reading
စစ်ကောင်စီအဖွဲ့ဝင်များ ၁၃ ဦးနှင့် ဌာနဆိုင်ရာ အဖွဲ့ ၃ ခုကို ကနေဒါက ဒဏ်ခတ်ပိတ်ဆို့ အရေးယူ
စစ်ရေး မှုခင်း သတင်း
1 min read
0

စစ်ကောင်စီအဖွဲ့ဝင်များ ၁၃ ဦးနှင့် ဌာနဆိုင်ရာ အဖွဲ့ ၃ ခုကို ကနေဒါက ဒဏ်ခတ်ပိတ်ဆို့ အရေးယူ

မတ် ၈ - ၂၀၂၅
2

ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကို ထိခိုက်စေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခြင်းအတွက် မြန်မာစစ်ကောင်စီအဖွဲ့ဝင် ၁၃ ဦးနှင့် အဖွဲ့အစည်း ၃ ခုကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်သည်။ စစ်ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသော ဝန်ကြီး၊ ဒုဝန်ကြီး ၁၃ ဦးနှင့် ဌာနဆိုင်ရာ အဖွဲ့ ၃ ခုကို ကနေဒါနိုင်ငံ အစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေး ယူကြောင်း ယနေ့ မြန်မာစံတော်ချိန် မတ်လ ၈ ရက်နေ့တွင် ကြေညာလိုက်သည်။ ဒဏ်ခတ်ပိတ်ဆို့ ခံရသူများတွင် စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဝန်ကြီး ကံဇော်၊ ဝန်ကြီး ကိုကိုလှိုင်၊ ဆက်သွယ်ရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်၊

Continue Reading
ညောင်ကျိုးသိမ်းတိုက်ပွဲ AA နှင့် စစ်ကောင်စီ အပြင်းအထန် တိုက်ခိုက်နေ
စစ်ရေး သတင်း
1 min read
0

ညောင်ကျိုးသိမ်းတိုက်ပွဲ AA နှင့် စစ်ကောင်စီ အပြင်းအထန် တိုက်ခိုက်နေ

မတ် ၈ - ၂၀၂၅
1

ရခိုင်-ပဲခူးကားလမ်း (တောင်ကုတ်-ပန်းတောင်းလမ်း) ရခိုင်ရိုးမခြေဆင်းရှိ ညောင်ကျိုးစခန်းသိမ်းတိုက်ပွဲကို AAနှင့် စစ်ကောင်စီတို့မှာ အပြင်းအထန် တိုက်ခိုက်နေပြီး စစ်ကောင်စီဖက်က အင်အား ဖြည့်တင်းနေကြောင်း သိရသည်။ စစ်ကောင်စီက လက်နက်ကြီးများဖြင့် အခိုင်အမာ အထိုင်ချထားသော ညောင်ကျိုးတပ်စခန်းကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး မှော်ဘီတပ်နယ် တပ်ရင်းများမှ အင်အားရာချီကို ဖြည့်တင်းနေသည်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “တိုက်ပွဲက ပြင်းသထက် ပြင်းလာနေတယ်။ AA ရဲ့ ထိုးစစ်တိုက်ခိုက်မှုကလည်း မရပ်ဘူး။ စစ်ကောင်စီကလည်း အသည်းအသန် ခုခံနေတယ်။ စစ်ကောင်စီဘက်က အကျအဆုံးများလို့ လေကြောင်းပစ်ကူတာကို တောက်လျှောက်ပေးနေရတယ်လို့ သိရတယ်။ မှော်ဘီတပ်နယ် တပ်ရင်းများမှ အင်အားရာချီကို ဖြည့်တင်နေတယ်” ဟု ပြောသည်။ အာရက္ခတပ်တော် AA က

Continue Reading
ကျောက်ဖြူကို စစ်ကောင်စီ ထပ်မံဗုံးကြဲ၊ နေအိမ် ၃၅ ဆောင် မီးလောင်ပြာကျ
စစ်ရေး သတင်း
1 min read
0

ကျောက်ဖြူကို စစ်ကောင်စီ ထပ်မံဗုံးကြဲ၊ နေအိမ် ၃၅ ဆောင် မီးလောင်ပြာကျ

မတ် ၈ - ၂၀၂၅
1

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ကို စစ်ကောင်စီက မတ်လ ၇ ရက် နေ့လယ်ပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကြတ္တိန်ရွာက နေအိမ် ၃၅ ဆောင်ထက်မနည်း မီးလောင်ပြာကျသွားကြောင်း သိရသည်။ နေ့လယ် ၂ နာရီခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးနှင့် သစ်ပုတ်တောင်တိုက်နယ်က ကြတ္တိန်ကျေးရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဒေသခံတစ်ဦးက “ဟိုတနေ့ကလည်း ဦးကင်းရွာကို လေကြောင်းကနေ ဗုံးကြဲခဲ့တယ်။ မနေ့ကလည်း ထပ်ပြီး ကြတ္တိန်ရွာကို ဗုံးကြဲတိုက်ခိုက်တယ်။ တော်ပါသေးတယ်။ အရပ်သားတွေ စောစောစီးစီး နေရာရွှေ့ပြောင်းထားလို့။ ဒါပေမယ့် ဖုန်းဆက်လိုင်း အဆက်အသွယ်မရသေးတော့ လူထိခိုက်မှုရှိလားမရှိဘူးလားတော့ မသိရသေးဘူး” ဟု ပြောသည်။ မတ်လ ၆ ရက် နေ့လယ်နှင့် ညနေပိုင်းတွင် ဦးကင်းကျေးရွာကို စစ်ကောင်စီသည် လေကြောင်းကနေ

Continue Reading
သောင်းနှင့်ချီသော ပြည်သူများ စစ်တွေမြို့ထဲတွင် ပိတ်မိနေ
စစ်ရေး သတင်း
1 min read
0

သောင်းနှင့်ချီသော ပြည်သူများ စစ်တွေမြို့ထဲတွင် ပိတ်မိနေ

မတ် ၇ - ၂၀၂၅
1

တိုက်ပွဲများနှင့် စစ်ကောင်စီ၏ လက်နက်ကြီး လေကြောင်းပစ်ခတ်မှု အန္တရာယ်များကြောင့် စစ်တွေမြို့ထဲက သောင်းနှင့် ချီသော ပြည်သူများမှာ ဘေးလွတ်ရာကို ပြောင်းရွှေ့လိုကြသော်လည်း ခေါ်ယူမည့်သူမရှိ၍ ပိတ်မိနေကြသည်ဟု ဒေသခံများထံမှ သိရသည်။ စစ်တွေမြို့အနီး စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲမှာ တစ်ရက်ထက် တစ်ရက် ပြင်းထန်လာနေပြီး စစ်ရှောင်ပြည်သူ ၈၀၀၀ ကျော်အပါအဝင် အခြေခံအလုပ်သမားများနှင့် ဆင်ခြေဖုံးရပ်ကွက် ဒေသခံပြည်သူ သောင်းချီမှာ တိုက်ပွဲနှင့် ဝေးရာကို တိမ်းရှောင်ရန် ဆန္ဒရှိနေကြသည်။ “ပိုက်ဆံရှိတဲ့ သူတွေက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကို သွားပြီး ထွက်ပြေးနိုင်တယ်။ ကျမတို့လို ဆွေးမရှိ မျိုးမရှိ ဆင်းရဲသားတွေ၊ အလုပ်သမားတွေက ဘယ်ကို သွားရမလဲ မသိဘူး။

Continue Reading
စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် နှစ်လအတွင်း အမျိုးသမီး ၁၁၀ ကျော် သေဆုံး
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် နှစ်လအတွင်း အမျိုးသမီး ၁၁၀ ကျော် သေဆုံး

မတ် ၇ - ၂၀၂၅
2

အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု များကြောင့် ၂၀၂၅ နှစ်လအတွင်း အမျိုးသမီး ၁၁၈ ဦး သေဆုံးသွားကြောင်း AAPP က ပြောသည်။ မြန်မာပြည်တွင်း အခြေအနေနှင့် ပတ်သက်ပြီး ယမန်နေ့ မတ်လ ၆ ရက်နေ့က နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ရာတွင် ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။ သေဆုံးခဲ့ရသည့် အမျိုးသမီး ၁၁၈ ဦးထဲတွင် အသက် ၃ နှစ်အရွယ် မိန်းကလေးနှစ်ဦးအပါအဝင် အသက် ၁၈ နှစ်အောက်ကလေးငယ် ၁၇ ဦး ပါဝင်ပြီး ဇန်နဝါရီလ ၁ ရက်မှ မတ်လ ၆ ရက်နေ့အထိ AAPP က စာရင်းကောက်ယူထားခြင်းဖြစ်သည်။

Continue Reading