စစ်တွေနှင့် ကျောက်ဖြူကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၊ လူနေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီး
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
0

စစ်တွေနှင့် ကျောက်ဖြူကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၊ လူနေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီး

မတ် ၇ - ၂၀၂၅
2

ရခိုင်ပြည်၊ စစ်တွေမြို့နယ် ဝါဘိုကျေးရွာနှင့် ကျောက်ဖြူမြို့နယ် ဦးကင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့၍ လူနေအိမ် ၂၀၀ ကျော်နီးလောင် ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။ ကျောက်ဖြူမြို့နယ် ဓညဝတီရေတပ်အနီးက ဦးကင်းကျေးရွာကို စစ်ကောင်စီက မတ်လ ၆ ရက် နေ့လယ်က ၁ ကြိမ်နှင့် ညနေပိုင်းတွင် ၁ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ယင်း ဦးကင်းကျေးရွာတွင် လူနေအိမ် ၁၇၀ ကျော်ရှိပြီး စစ်ကောင်စီဗုံးများကြောင့် ရွာလုံးကျွတ် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ “လူတွေတော့ အထိအခိုက်မရှိဘူး။ ပြီးခဲ့တဲ့ ၁၀ ရက်ကျော်လောက်ကစပြီး တိုက်ပွဲတွေကြောင့် တိမ်းရှောင်သွားကြတာ။ မနေ့က နေ့လယ်နဲ့ ညနေပိုင်းမှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

Continue Reading
သင်တန်းသား ၁၂၀ ကျော် ပါဝင်သော ABSDF နှင့် ပ.က.ဖ သင်တန်းဆင်းပွဲ
စစ်ရေး သတင်း
1 min read
0

သင်တန်းသား ၁၂၀ ကျော် ပါဝင်သော ABSDF နှင့် ပ.က.ဖ သင်တန်းဆင်းပွဲ

မတ် ၆ - ၂၀၂၅
1

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး -ABSDFနှင့် အမှတ် ၃ စစ်ကြောင်းနှင့် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြုလုပ်၍ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မတ်လ ၂ ရက်နေ့က ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ အခြေခံစစ်ပညာ သင်တန်းသည် ကာလ ၃လခွဲ ကြာမြင့်ခဲ့ပြီး အဆိုပါသင်တန်းတွင် သင်တန်းသားဦးရေ အယောက် ၁၂၀ကျော် သင်တန်းဆင်းခဲ့ပြီး မကဒတ တပ်ဖွဲ့ဝင်များက အလံကိုင်သစ္စာ ဆိုခဲ့ကြကြောင်း သိရသည်။

Continue Reading
AA ကို တိုက်ခိုက်မည်ဟု ကြွေးကြော်ထားသည့် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များနှင့် OIC အထူးကိုယ်စားလှယ်တွေ့ဆုံ
စစ်ရေး သတင်း
1 min read
0

AA ကို တိုက်ခိုက်မည်ဟု ကြွေးကြော်ထားသည့် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များနှင့် OIC အထူးကိုယ်စားလှယ်တွေ့ဆုံ

မတ် ၄ - ၂၀၂၅
0

အာရက္ခတပ်တော် AA ကို တိုက်ခိုက်မည်ဟု ကြွေးကြော်ထားသည့် RSO အပါအဝင် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များနှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အထူးကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သိရသည်။ OIC အထူးကိုယ်စားလှယ် Ibrahim Khairat သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများသို့ မကြာသေးခင်က သွားရောက်ခဲ့ပြီး မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များမှ တာဝန်ရှိသူများဖြင့် တွေ့ဆုံခဲ့သည်ဟု မတ်လ ၂ ရက်နေ့က Dhaka Tribune က ဖော်ပြသည်။ RSO ခေါင်းဆောင်အချို့၊ RSO နှင့်ဆက်စပ်နေသော မွတ်ဆလင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များနှင့် မွတ်ဆလင်အရေးတက်ကြွလှုပ်ရှားသူများတို့ဖြင့် တွေ့ဆုံခဲ့သည့်အကြောင်း OIC အထူးကိုယ်စားလှယ်က ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ၎င်း၏ လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။

Continue Reading
ဖျက်သိမ်းကြောင်း ကြေညာခဲ့သော YPDF သည် YA နှင့် ပေါင်းစည်းကြောင်း ကြေညာ
စစ်ရေး သတင်း
1 min read
0

ဖျက်သိမ်းကြောင်း ကြေညာခဲ့သော YPDF သည် YA နှင့် ပေါင်းစည်းကြောင်း ကြေညာ

မတ် ၄ - ၂၀၂၅
0

မတ် ၂ ရက်နေ့က ဖျက်သိမ်းကြောင်း ကြေညာခဲ့သော ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF က ယောတပ်တော် Yaw Army နှင့် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း မတ်လ ၃ ရက်နေ့က YA က ထုတ်ပြန်သည်။ YAနှင့် YPDF တို့ ပေါင်းစည်းရေးအတွက် ညှိနှိုင်းလာသည်မှာ ကြိမ်ဖန်များစွာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် လက်ရှိတွင် တစ်တည်းအဖြစ် အတူတည်ဆောက် တိုက်ပွဲဝင်သွားကြမည်ဟု YA က ပြောသည်။ အဆိုပါ စုပေါင်းနိုင်မှုသည် ယောအမျိုးသား တည်ဆောက်ရေး၊ ညီညွတ်ရေးအတွက် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်ပြီး စစ်အာဏာရှင်ကို ပိုမိုထိရောက်စွာ ထိုးနှက်တိုက်ခိုက်ရန် အင်အားတစ်ခုလည်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ “လက်ရှိအချိန်တွင် တော်လှန်ရေး၏

Continue Reading
ယူကရိန်းအတွက် အမေရိကန်၏ စစ်ရေးအကူအညီအားလုံး ရပ်ဆိုင်း
စစ်ရေး သတင်း
0 min read
0

ယူကရိန်းအတွက် အမေရိကန်၏ စစ်ရေးအကူအညီအားလုံး ရပ်ဆိုင်း

မတ် ၄ - ၂၀၂၅
0

ရုရှားနှင့် စစ်ဖြစ်နေသော ယူကရိန်းနိုင်ငံကို အမေရိကန်နိုင်ငံက ပေးနေသော စစ်ရေးအကူအညီများ အားလုံး ယာယီရပ်ဆိုင်းကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောသည်။ သမ္မတ ထရမ့်အမိန့်ဖြင့် ယူကရိန်းအကူအညီများ ချက်ချင်း ယာယီရပ်ဆိုင်းမည်ဟု အိမ်ဖြူတော်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ရိုက်တာ သတင်းဌာနက ယနေ့ မတ်လ ၄ ရက် နံနက်တွင် ဖော်ပြသည်။ ပြီးခဲ့သည့် အပတ်က ယူကရိန်း သမ္မတ ဇလန်းစကီးနှင့် ထရမ့်တို့ တွေ့ဆုံပြီးနောက်မှာ အမေရိကန်က ပေးနေသော စစ်ရေးအကူအညီများကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ ဇလန်းစကီးနှင့် ထရမ့်တို့ တွေ့ဆုံပွဲတွင် စကားများ ကတောက်ကဆ ဖြစ်ခဲ့ကြပြီး အမေရိကန်က ယူကရိန်းနိုင်ငံရှိ မြေရှားသတ္တု တူးဖော်ရေးကို တောင်းဆိုခဲ့သည်။ အိမ်ဖြူတော် အရာရှိက

Continue Reading
မိတ်ဆွေရင်း စိတ်ထားအမှန်ဖြင့် ကူညီပေးသည့် ULA/AA ကို CDF ကန်ပက်လက်က ကျေးဇူးတင်ကြောင်းပြော
စစ်ရေး သတင်း
1 min read
0

မိတ်ဆွေရင်း စိတ်ထားအမှန်ဖြင့် ကူညီပေးသည့် ULA/AA ကို CDF ကန်ပက်လက်က ကျေးဇူးတင်ကြောင်းပြော

မတ် ၃ - ၂၀၂၅
0

အပတ်စဉ် ၁ စစ်ပညာသင်တန်းနှင့် လက်နက်များ ထောက်ပံ့ကူညီပေးသော အာရက္ခတပ်တော် ULA/AA ကို အထူးကျေးဇူးတင်ကြောင်း Chin Defence Force – Kanpetlet တပ်ဖွဲ့က မတ်လ ၁ ရက်နေ့ ထုတ်ပြန် ပြောဆိုသည်။ CDF ကန်ပက်လက်၏ အပတ်စဉ် ၁ စစ်သင်တန်း အောင်မြင်စွာ ပြီးမြောက်နိုင်ရေးအတွက် အာရက္ခတပ်တော်က အစမှအဆုံးထိ ကူညီထောက်ပံ့ပေးခဲ့ကြောင်း CDF ကန်ပက်လက်တပ်က ဆိုသည်။ ညီရင်းအစ်ကို အိမ်နီးနားချင်းမိတ်ဆွေရင်း ပကတိ စိတ်ထားအမှန်ဖြင့် ပံ့ပိုးကူညီပေးခဲ့သော မိတ်ဖက်အဖွဲ့အစည်း တစ်ခုဖြစ်သည့် ULA/AA ကို အထူးကျေးဇူးတင်ရှိကြောင်း CDF ကန်ပက်လက်က ထုတ်ပြန်ထားခြင်းဖြစ်သည်။ CDF ကန်ပက်လက်၏ အပတ်စဉ် ၁

Continue Reading
မင်းအောင်လှိုင် ရုရှားခရီးစဉ် လုံခြုံရေးကို အရပ်ဘက်ကမဟုတ်ဘဲ စစ်တပ်ကအရာရှိများက တာဝန်ယူ
စစ်ရေး သတင်း
1 min read
0

မင်းအောင်လှိုင် ရုရှားခရီးစဉ် လုံခြုံရေးကို အရပ်ဘက်ကမဟုတ်ဘဲ စစ်တပ်ကအရာရှိများက တာဝန်ယူ

မတ် ၃ - ၂၀၂၅
0

ယနေ့ မတ်လ ၃ ရက်နေ့တွင် စတင်ထွက်ခွာသည့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရုရှားခရီးစဉ် လုံခြုံရေးကို အရပ်ဘက်ဝန်းထမ်းများက မဟုတ်ဘဲ စစ်တပ်အရာရှိများက တိုက်ရိုက်တာဝန်ယူကြောင်း သိရသည်။ မင်းအောင်လှိုင်သည် ရုရှားခရီးစဉ်ကို ၃ ရက်ကြာ သွားရောက်မည်ဖြစ်ပြီး ယနေ့ နံနက်က နေပြည်တော်က စတင်ထွက်ခွာသွားပြီဟု သိရသည်။ ၎င်း၏ ခရီးစဉ်အတွက် လုံခြုံရေး အခြံအရံများကို ယခင်က အရပ်ဘက်ဝန်ထမ်းများမှ တာဝန်ယူခဲ့ရသော်လည်း လက်ရှိတွင် စစ်တပ်က အရာရှိများကိုယ် တိုက်ရိုက် တာဝန်ယူရကြောင်း နေပြည်တော် တပ်တွင်း သတင်းရင်းမြစ်များက ပြောသည်။ “ဒီတစ်ခေါက် ရုရှားခရီးစဉ်မှာ လုံခြုံရေးအတွက် အထူးစိုးရိမ်လို့ အရပ်ဘက် ဝန်ထမ်းတွေကို အသုံးပြုတာ အတော်ကိုနည်းပါတယ်။ စစ်ဘက်ကပဲ

Continue Reading
ယောတပ် YPDF ကို အပြီးအပိုင် ဖျက်သိမ်း
စစ်ရေး သတင်း
1 min read
0

ယောတပ် YPDF ကို အပြီးအပိုင် ဖျက်သိမ်း

မတ် ၃ - ၂၀၂၅
0

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF ကို အပြီးအပိုင်ဖျက်သိမ်းကြောင်း ယမန်နေ့ မတ်လ ၂ ရက်တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဌ ရဲဘော်ယောလေးက ထုတ်ပြန်အသိပေးထားကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ယောတပ်တော် YA က ယောဒေသတွင် ယောတပ်တော်အဖြစ် ဖွဲ့စည်းသွားရန် ဖိတ်ခေါ်ပြီးနောက် YPDF ကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။ ယောတပ်တော် YA နှင့် YPDF ပေါင်းစည်းနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပြီး အခြေခံမူများ သဘောတူထားသည်ဟု ရဲဘော်ယောလေးက ပြောဆိုထားသည်။ စုစည်းညီညွတ်မှုဖြင့် လက်တွေ့ကျသော စစ်ရေး၊ နိုင်ငံရေး တနည်းအားဖြင့် ယောအမျိုးသားနိုင်ငံရေးကို အကောင်အထည်ဖော်ဆောင်ရာတွင် YPDF တပ်ဖွဲ့အမည်ဖြင့် ဆက်လက်တည်ရှိရန် မလိုအပ်တော့ကြောင်း ယုံကြည်မိသည်ဟု

Continue Reading
AAနှင့် ပူးပေါင်း တပ်ဖွဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ ဒုတပ်ရင်းမှူး တစ်ဦး သေဆုံး
စစ်ရေး သတင်း
1 min read
0

AAနှင့် ပူးပေါင်း တပ်ဖွဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ ဒုတပ်ရင်းမှူး တစ်ဦး သေဆုံး

မတ် ၂ - ၂၀၂၅
0

အာရက္ခတပ်တော် AA ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့များမှ တိုက်ခိုက်မှုကြောင့် ပဲခူးတိုင်း၊ ပဒါန်းမြို့နယ်၊ ညောင်ကျိုးတိုက်ပွဲ၌ စစ်ကောင်စီ၏ ဒုတပ်ရင်းမှူး ဗိုလ်မှူးသန့်ဇော်ဟိန်း သေဆုံးသွားခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးတိုက်ပွဲ၌ စစ်ကောင်စီတပ်ဘက်မှ စစ်တက္ကသိုလ်အပတ်စဥ် ၅၀ ကျောင်းဆင်းဖြစ်သည့် အသက် ၃၆ နှစ်အရွယ် ဗိုလ်မှူးသန့်ဇော်ဟိန်း အပါအဝင် စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့သည်။ ဗိုလ်မှူးသန့်ဇော်ဟိန်း၏ ရက်လည်ဆွမ်းသွပ် တရားနာကို မတ်လ ၁ ရက်နေ့ က နေပြည်တော် ပျဥ်းမနားမြို့ ရှိ အုန်းတောပရိယတ္တိစာသင်တိုက်၌ ပြုလုပ်ခဲ့ပြီး ၎င်း၏ မိခင်ဖြစ်သူကလည်း လူမူကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။ ဗိုလ်မှူးသန့်ဇော်ဟိန်း၏

Continue Reading
မောင်တော ကျီးကန်းပြင်ဌာနချုပ်ဟောင်း အဆောက်အအုံ ဗုံးကြဲခံရမှု ထိခိုက် သေဆုံးမှု မရှိ
စစ်ရေး သတင်း
1 min read
0

မောင်တော ကျီးကန်းပြင်ဌာနချုပ်ဟောင်း အဆောက်အအုံ ဗုံးကြဲခံရမှု ထိခိုက် သေဆုံးမှု မရှိ

မတ် ၂ - ၂၀၂၅
0

အာရက္ခတပ်တော် AA သိမ်းပိုက် ထိန်းချုပ်ထားသော ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်းက ကျီးကန်းပြင်ဌာနချုပ်ဟောင်း အဆောက်အအုံကို စစ်ကောင်စီ လေကြောင်းကနေ တိုက်ခိုက်ခဲ့သော်လည်း လူထိခိုက် သေဆုံးမှု မရှိကြောင်း သိရသည်။ မတ် ၁ ရက်နေ့ ယနေ့ နံနက် ၁၂ နာရီကျော်မှာ ကျီးကန်းပြင်ဌာနချုပ်ဟောင်း အဆောက်အအုံနှင့် အနီးတစ်ဝိုက်ကို စစ်ကောင်စီ လေကြောင်းက ပေါင် ၅၀၀ ဗုံးဖြင့် နှစ်ကြိမ်တိုင်တိုင် လာရောက် ဗုံးကြဲခဲ့ကြောင်း AA သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “အဆောက်အအုံ တစ်ဝိုက် လာပြီးတော့ ဗုံးကြဲသွားတာပါ။ ကျွန်တော်တို့ သွားကြည့်သလောက်တော့ အဆောက်အအုံကတော့ တော်တော်လေးကို ပျက်စီးသွားပါတယ်။ တစ်ယောက်မှ ထိခိုက်တာတွေ မရှိဘူး။ အဲ့ဒီမှာ လူတွေကို

Continue Reading