ကယန်းလူမျိုးမှာ တပ်မတော်တည်ထောင်ဖွဲ့စည်း
စစ်ရေး သတင်း
1 min read
0

ကယန်းလူမျိုးမှာ တပ်မတော်တည်ထောင်ဖွဲ့စည်း

အောက်တိုဘာ ၃၀ - ၂၀၂၄
0

(NUG ကို ပြည်ထောင်စုအစိုးရ အဖြစ် အသိအမှတ်ပြုဟုဆို) ကယား (ကရင်နီ) ဒေသက ကယန်းလူမျိုးများမှာ Kayan National Army ကယန်းအမျိုးသားတပ်မတော် ကို ဖွဲ့စည်းတည်ထောင်လိုက်ကြောင်း အောက်တိုဘာလ ၂၉ ရက်တွင် ထုတ်ပြန်အသိပေးခဲ့သည်။ ကယန်းအမျိုးသားတပ်မတော် – Kayan National Army (KNA) သည် ကယန်းတိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုပြီး ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက် နံနက်ပိုင်းက ဖယ်ခုံမြို့နယ်အတွင်းရှိ ကယန်းဒေသ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ကြသည်။ လွိုင်ကော်၊ ဒီမောဆို၊ မိုးဗြဲ၊ ဖယ်ခုံနှင့် အခြား ကယန်းဒေသများတွင် ပြန့်ကြဲနေသော ကယန်းလက်နက်ကိုင်တပ်ဖွဲ့များကို စုစည်းပေါင်းစပ်ထားသည့်

Continue Reading
မန္တလေးပြည်သူ့တပ် အချုပ်ဆောင် ထပ်မံ ဗုံးကြဲခံရ၊ စစ်သုံ့ပန်း ဗိုလ်မှူးအပါအဝင် ၄ ဦးသေပြီး ၁ ဦးဒဏ်ရာရ
စစ်ရေး သတင်း
1 min read
0

မန္တလေးပြည်သူ့တပ် အချုပ်ဆောင် ထပ်မံ ဗုံးကြဲခံရ၊ စစ်သုံ့ပန်း ဗိုလ်မှူးအပါအဝင် ၄ ဦးသေပြီး ၁ ဦးဒဏ်ရာရ

အောက်တိုဘာ ၃၀ - ၂၀၂၄
0

မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင် ယနေ့ အောက်တိုဘာလ ၃၀ ရက်တွင် ထပ်မံဗုံးကြဲတိုက်ခိုက်ခံရပြီး သုံ့ပန်း ဗိုလ်မှူးတစ်ဦး အပါအဝင် ၄ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။ စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများထားရှိ အချုပ်ဆောင်ကို ယနေ့ နံနက် ၁ နာရီတွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခဲ့ခြင်းဖြစ်ကြောင်း MDY PDF က ထုတ်ပြန်ထားသည်။ အောက်တိုဘာလ ၂၈ ရက် ညနေ ၆ နာရီခွဲအချိန်ကလည်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်သုံ့ပန်း အချုပ်ဆောင်ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခဲ့သည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘီလူးစစ်ကြောင်းမှ စစ်သုံ့ပန်းများနှင့် အခြားစစ်သုံ့ပန်းများ ထားရှိရာ

Continue Reading
အမ်းတိုက်ပွဲ လေကြောင်းပစ်ကူပေးရန် စစ်ကောင်စီက မကွေးနှင့် ပုသိမ်လေဆိပ်ကို အသုံးပြုနေ
စစ်ရေး သတင်း
1 min read
0

အမ်းတိုက်ပွဲ လေကြောင်းပစ်ကူပေးရန် စစ်ကောင်စီက မကွေးနှင့် ပုသိမ်လေဆိပ်ကို အသုံးပြုနေ

အောက်တိုဘာ ၃၀ - ၂၀၂၄
0

(လေဆိပ် လက်လွှတ်လိုက်ရ၍ စစ်ကူအင်အားကို ရဟတ်ယာဉ်ဖြင့်သာ ပို့ဆောင်နိုင်) တိုက်ပွဲပြင်းထန်နေသော အမ်းမြို့တွင် လေဆိပ်ကို AA နှင့် တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့ ထိန်းချုပ်ထားသည့်အတွက် စစ်ကောင်စီမှာ မကွေးလေဆိပ်နှင့် ဧရာဝတီ ပုသိမ်လေဆိပ်ကို အဓိက အသုံးပြု တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ” စစ်ကောင်စီဟာ အမ်းလေဆိပ်ကို လုံးဝ အသုံးပြုလို့ မရတော့ဘူး။ လေဆိပ် ပတ်ပတ်လည်ကနေ AA က ပိတ်ဆို့ ပစ်ခတ်နေတယ်။ စစ်ကောင်စီ လေယာဉ်တွေ ဆင်းသက်လို့မရအောင် တောက်လျှောက် ပစ်ခတ်နေတာ။ အဲဒီတော့ စစ်ကောင်စီဟာ မကွေးလေဆိပ်နဲ့ ပုသိမ်လေဆိပ်ကို အဓိက အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကို ပစ်ကူပေးနေတယ်။ ” ဟု

Continue Reading
ပအိုဝ်း PNA က စစ်အင်အား ထပ်ပြ
စစ်ရေး
1 min read
0

ပအိုဝ်း PNA က စစ်အင်အား ထပ်ပြ

အောက်တိုဘာ ၃၀ - ၂၀၂၄
0

ပအိုဝ်းအမျိုးသားတပ်မတော် PNA က အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို အင်အား နှစ်သောင်းကျော်ပြုလုပ်ခဲ့ကြောင်း ယနေ့ စက်တင်ဘာလ ၃၀ ရက်တွင် ထုတ်ပြန်သည်။ အရေအတွက် မည်မျှကို စစ်သင်တန်းပေး၍ သင်တန်းအောင်ပွဲ ပြုလုပ်ခြင်းကို အသေးစိတ် ထုတ်ပြန်ခြင်းမရှိသော်လည်း စစ်အင်အား နှစ်ကျောင်ဖြင့် ပြုလုပ်ခဲ့သည်ဟု ဓါတ်ပုံနှင့်တကွ ထုတ်ပြန်ထားသည်။ အဆိုပါ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို စစ်ကော်မတီ ဒုတိယ ဥက္ကဌ ဖြားပီတာထွန်းနိုင်၊ ဒုတိယ စစ်ဦးစီးချုပ် ဦးခွန်နေဝင်းထွန်းနှင့် ဖြားဗွာခမ်း၊ သူရိယခမ်း၊ စင်းသင်းကောင်ခယ် စသည့် အကြီးအကဲများက တက်ရောက် အမှားစကားပြောခဲ့ကြသည်။ ဩဂုတ်လ ၂၁ ရက်နေ့ကလည်း အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို အင်အား ၁၀,၀၀၀ ဖြင့် ပြုလုပ်ခဲ့ကြသည်။ ပအိုဝ်းအမျိုးသားတပ်မတော်

Continue Reading
လားရှိုးမြို့ သာသနာ ၂၅၀၀ တောင်ကုန်းနှင့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဗုံးကြဲ
စစ်ရေး သတင်း
1 min read
0

လားရှိုးမြို့ သာသနာ ၂၅၀၀ တောင်ကုန်းနှင့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဗုံးကြဲ

အောက်တိုဘာ ၂၉ - ၂၀၂၄
0

ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ သာသနာ ၂၅၀၀ တောင်ကုန်းနှင့်ဘုန်းကြီးကျောင်း စစ်လေယာဉ်ဖြင့် ဗုံးကြဲသွားခဲ့ကြောင်း လားရှိုးအခြေစိုက် ဒေသသတင်းရင်းမြစ်၏ ပြောဆိုချက်နှင့် လေကြောင်းကင်းထောက် NAS ၏ ထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၅၈ မိနစ်အချိန် လားရှိုးမြို့၊ ရပ်ကွက် ၁၁၊ အောင်စေတနာလမ်းအတွင်းသို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့ပြီး ထိခိုက်သူမရှိသော်လည်း နေအိမ်တချို့ပျက်စီးခဲ့သည်။ “အောင်စေတနာလမ်းထဲက အိမ်ရှေ့ကျတယ်။ လူအထိအခိုက်မရှိပါဘူး။ အဲဒီအိမ်က အရင်တစ်ခေါက်ကလည်း ကျထားတဲ့အိမ်ပါ။ လူအထိအခိုက်မရှိပါဘူး” ဟု လားရှိုးအခြေစိုက် ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။ ထို့ပြင် အောက်တိုဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီ

Continue Reading
အာရက္ခတပ်တော် AA က အမ်း နပခ ကို အရပ်လေးမျက်နှာ ပိတ်ဆို့၍ တိုက်ခိုက်နေ
စစ်ရေး သတင်း
1 min read
0

အာရက္ခတပ်တော် AA က အမ်း နပခ ကို အရပ်လေးမျက်နှာ ပိတ်ဆို့၍ တိုက်ခိုက်နေ

အောက်တိုဘာ ၂၉ - ၂၀၂၄
0

(စစ်ကောင်စီ တပ်သားများ ပြေးစရာမြေမရှိတော့ဟုဆို) ရခိုင်ပြည် အမ်းမြို့သိမ်းတိုက်ပွဲတွင် အာရက္ခတပ်တော် AA ဖက်က အောင်မြင်မှုများနှင့်အတူ စစ်ရေးအသာစီးရနေပြီး စစ်ကောင်စီဖက်လည်း လေကြောင်းပစ်ကူပေး အပြင်းအထန် ခုခံနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ အမ်းမြို့တွင် စစ်ကောင်စီ (မြန်မာစစ်တပ်) အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိပြီး ဗျူဟာကုန်းများအပါအဝင် စစ်ကောင်စီတပ်ရင်း ၁၀ ကျော်ရှိသည်။ ထိုအထဲက နပခ ဌာနချုပ်၏ အဓိက အရေးပါသော တောဟိန်းတောင်ဗျူဟာကုန်း၊ စွေ့ချောင်းဗျူဟာကုန်း၊ မဲတောင်ဗျူဟာကုန်းများကို AA က သိမ်းပိုက်ထားပြီး အမ်းမြို့ထဲက ဆက်လက် ထိုးစစ်ဆင်တိုက်ရာ တပ်ရင်းတပ်စခန်း ၅ ခုထက်မနည်းကို သိမ်းပိုက်ထားကြောင်း ဒေသခံ ကိုမျိုးလွင်က ပြောသည်။ “အမ်းမြို့ ထွက်ပေါက် ၄

Continue Reading
အမ်းတိုက်ပွဲပြင်းထန်နေ၊ AA လက်နက်ကြီးကျည်ထိ၍ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ဒဏ်ရာပြင်းထန်
စစ်ရေး သတင်း
1 min read
0

အမ်းတိုက်ပွဲပြင်းထန်နေ၊ AA လက်နက်ကြီးကျည်ထိ၍ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ဒဏ်ရာပြင်းထန်

အောက်တိုဘာ ၂၉ - ၂၀၂၄
0

စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ ရခိုင်ပြည် အမ်းမြို့နယ်၏ အရပ်လေးမျက်နှာစလုံးတွင် အာရက္ခတပ်တော် AA ပူးပေါင်းတော်လှန်ရေးဖွဲ့က ပိတ်ဆို့တိုက်ခိုက်နေ၍ အမ်းတိုက်ပွဲမှာ အပြင်းထန်ဆုံးအဆင့်သို့ ရောက်ရှိနေကြောင်း အမ်းဒေသခံ တက်ကြွလှုပ်ရှားသူ ကိုမျိုးလွင်က ပြောသည်။ ယနေ့ အောက်တိုဘာလ ၂၉ ရက် နေ့လယ် ၂ နာရီခွဲအချိန်က အမ်းမြို့ စစ်ကောင်စီခန့် လေယာဉ်ကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ လက်နက်ကြီးကျည်ထိမှန်၍ ပြင်းထန်ဒဏ်ရာ ရသွားကြောင်း သိရသည်။ ကိုမျိုးလွင်က ” စစ်ကောင်စီခန့် လေယာဉ်ကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူး လေယာဉ်ဗုံးကြဲသံ၊ လက်နက်ကြီးသံများကို နေအိမ်အပြင်ထွက်ပြီး ကြည့်နေစဉ် ထိမှန်သွားတာဖြစ်ပါတယ်။ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့က ပစ်ခတ်လိုက်တာ ထင်ပါတယ်။ အသေးစိတ်ကိုတော့ နောက်မှ ပြန်ပြောပါမယ်။ ” ဟု ပြောသည်။

Continue Reading
မြန်မာ့စစ်ရေးပဋိပက္ခ ၃ လအတွင်း အမျိုးသမီး ၂၀၀ နီးပါး သေဆုံးခဲ့ရ
စစ်ရေး အမျိုးသမီးကဏ္ဍ
1 min read
0

မြန်မာ့စစ်ရေးပဋိပက္ခ ၃ လအတွင်း အမျိုးသမီး ၂၀၀ နီးပါး သေဆုံးခဲ့ရ

အောက်တိုဘာ ၂၉ - ၂၀၂၄
0

မြန်မာ့စစ်ရေးပဋိပက္ခအတွင်းက အမျိုးသမီးများမှာ ငြိမ်းချမ်းရေးနှင့် လူမှုဘဝအပေါ် စိန်ခေါ်မှုများစွာ ရှိနေပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာအထိ ၃ လအတွင်း အမျိုးသမီး ၁၉၆ ဦးသေဆုံးခဲ့ကြောင်းနှင့် ၁၆၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်ကောင်စီက ဖုန်း၊ အင်တာနက် ဆက်သွယ်လိုင်းများ ဖြတ်တောက်ထား၍ ကိန်းဂဏန်းများမှာ မြေပြင်တွင် ပိုများပြားနိုင်ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ဆိုသည်။ အာဏာသိမ်း စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်လာခြင်းကြောင့် အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနှင့် လူမှုဘဝလုံခြုံရေး အခြေအနေသည် အန္တရာယ်ရှိသော အနေအထားတွင် ရှိလာနေသည်။ အမျိုးသမီးများသည် ၎င်းတို့၏ မိသားစုများကို ကာကွယ်စောင့်ရှောက်နေရသည့်အပြင် တော်လှန်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ

Continue Reading
ဟားခါးတိုက်ပွဲ စစ်ကောင်စီလက်နက်ကြီးကျည် ပြည်သူ ၄ ဦးကိုထိ
စစ်ရေး သတင်း
0 min read
0

ဟားခါးတိုက်ပွဲ စစ်ကောင်စီလက်နက်ကြီးကျည် ပြည်သူ ၄ ဦးကိုထိ

အောက်တိုဘာ ၂၉ - ၂၀၂၄
0

ချင်းပြည်နယ် မြို့တော် ဟားခါးမြို့မှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့က စ၍ တိုက်ပွဲဖြစ်ပွားနေကြသည်။ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်သော လက်နက်ကြီးများမှာ အပြစ်မဲ့အရပ်သားပြည်သူ ၄ ဦးကို ထိခိုက်သွားပြီး အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦးပါဝင်သည်။ ဟားခါးမြို့ရုန်းတောင်အခြေစိုက် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များမှာ မြို့သစ်ရပ်ကွက်သို့ ကျရောက်ပေါက်ကွဲခဲ့၍ အရပ်သားများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။ ဟားခါးမြို့က စစ်ကောင်စီတပ်ရင်းများကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မြို့ထဲသို့ ဆုတ်ခွာသွားကြောင်း သိရသည်။ ဆုတ်ခွာသွားသော တပ်ဖွဲ့ဝင်များမှာ မြို့ထဲက စစ်ကောင်စီတပ်ရင်းများဖြင့် ပူးပေါင်းကာ တော်လှန်ရေးတပ်ဖွဲ့အား ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေ၍ ဟားခါးတိုက်ပွဲမှာ

Continue Reading
ရခိုင်မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦးကို ဘင်္ဂလားဒေ့ရှ်က ပြန်ပို့
စစ်ရေး
1 min read
0

ရခိုင်မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦးကို ဘင်္ဂလားဒေ့ရှ်က ပြန်ပို့

အောက်တိုဘာ ၂၉ - ၂၀၂၄
0

အာရက္ခတပ်တော် AA ၏ တိုက်ခိုက်မှုကြောင့် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦးကို ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံသို့ ယနေ့ ပြန်ပို့လိုက်ပြီးဖြစ်ကြောင်း ဒေသသတင်းဌာနကများက ရေးသားသည်။ အလားတူ မြန်မာနိုင်ငံတွင် အကျဉ်းကျခံနေရသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၈၅ ဦးသည် ၎င်းတို့၏ အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံနေရပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများအရ သိရသည်။ ဘင်္ဂလားဒေ့ရှ်၊ Cox’s Bazar ဒုတိယကော်မရှင်နာ Mohammad Salahuddin က “မြန်မာ့အကျဉ်းထောင်တွေမှာ အကျဉ်းကျခံနေရတဲ့ ဘင်္ဂလားဒေ့ရှ် ၈၅ ဦးဟာ ပြစ်ဒဏ်တွေ ကျခံပြီးတာနဲ့ ဘင်္ဂလားဒေ့ရှ်ကို ပြန်သွားမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ

Continue Reading