နောင်ချိုကို ပေါင် ၃၀၀ ဗုံးအပါအဝင် ဗုံး ၁၁ လုံးဖြင့် တိုက်ခိုက်
စစ်ရေး သတင်း
1 min read
0

နောင်ချိုကို ပေါင် ၃၀၀ ဗုံးအပါအဝင် ဗုံး ၁၁ လုံးဖြင့် တိုက်ခိုက်

အောက်တိုဘာ ၂၉ - ၂၀၂၄
0

ရှမ်းမြောက် တအောင်းဒေသ နောင်ချိုမြို့ကို အာဏာသိမ်း စစ်ကောင်စီက ပေါင် ၃၀၀ ဗုံးအပါအဝင် ဗုံး ၁၁ ဖြင့် လာရောက်တိုက်ခဲ့ကြောင်း TNLA က ပြောသည်။ အောက်တိုဘာလ ၂၇ ရက် ညနေ ၈ နာရီခန့်အချိန်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီ သေဆုံးသူ ၁ ဦးနှင့် ဒဏ်ရာရရှိသူ ၁ ဦးရှိခဲ့ကြောင်း သိရသည်။ ဗုံး ၁၁ လုံးထဲတွင် ပေါင် ၃၀၀ ဗုံးနှစ်လုံးပါဝင်ပြီး ည ၇ နာရီ ၄၅ မိနစ်နှင့် ၈ နာရီ ၁၅ မိနစ်ကြား သပြေရပ်ကွက်ကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ

Continue Reading
အညာဒေသမှာ အခြေချပြီး စစ်ဆင်ရေးဖော်တော့မည်ဟု BPLA ကွက်ကဲရေးမှူးပြော
စစ်ရေး သတင်း
1 min read
0

အညာဒေသမှာ အခြေချပြီး စစ်ဆင်ရေးဖော်တော့မည်ဟု BPLA ကွက်ကဲရေးမှူးပြော

အောက်တိုဘာ ၂၈ - ၂၀၂၄
0

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA သည် အညာဒေသမှာ အခြေချပြီး စစ်ဆေင်ရေးများ ဖော်ဆောင်တော့မည်ဟု တာဝန်ရှိသူက ထုတ်ပြောလာသည်။ BPLA ကွက်ကဲရေးမှူး မောင်ဆောင်းခ က ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဖေ့စ်ဘုတ်လူမှုကွန်ရက်မှတစ်ဆင့် ပြည်သူများအား ထုတ်ပြန်အသိပေးခဲ့သည်။ “ပြည်သူတွေကို အသိပေးချင်တာတခုက BPLA ဟာ မကြာခင် အညာဒေသမှာ အခြေချပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်လာနိုင်တော့မယ် ဆိုတာပါပဲ။ အညာလူထုကလည်း ကျနော်တို့ကို ကြိုဆိုမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်” ဟု ရေးသားထုတ်ပြန်ခဲ့သည်။ BPLA အဖွဲ့သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခြင်းကို လက်မခံရာမှ နွေဦးတော်လှန်ရေးနှင့်အတူ ဖြစ်ပေါ်လာသော တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်ပြီး

Continue Reading
၁၀၂၇ နေ့ အထိမ်းအမှတ် “ရန်ကုန်မှာပြန်ဆုံမယ်” လှုပ်ရှားမှု ဂျပန်နိုင်ငံတွင်ပြုလုပ်
နိုင်ငံရေး သတင်း
1 min read
0

၁၀၂၇ နေ့ အထိမ်းအမှတ် “ရန်ကုန်မှာပြန်ဆုံမယ်” လှုပ်ရှားမှု ဂျပန်နိုင်ငံတွင်ပြုလုပ်

အောက်တိုဘာ ၂၈ - ၂၀၂၄
0

ဂျပန်နိုင်ငံတွင် ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် “ရန်ကုန်မှာ ပြန်ဆုံမယ်” လှုပ်ရှား ပြုလုပ်ခဲ့ကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်း) မှတာဝန်ရှိသူတစ်ဦးက ပြောသည်။ အောက်တိုဘာ ၂၇ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ စစ်ကောင်စီသံရုံး၊ ဂျပန်လွှတ်တော်၊ ကုလသမဂ္ဂတက္ကသိုလ်နှင့် အထင်ကရ နေရာများတွင် “ရန်ကုန်မှာပြန်ဆုံမယ်” စာတန်းပါ အင်္ကျီများဝတ်ဆင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။ “ရန်ကုန်မှာပြန်ဆုံ မယ်” လှုပ်ရှားမှုကို ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်း) နှင့် Revolution Tokyo Myanmar – R.T.M တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ စစ်တပ်မှ ကျူးလွန်နေသည့် စစ်ရာဇဝတ်မှု မှတ်တမ်းများအား အထူး အလေးအနက်ထား အရေးယူရန်လည်း

Continue Reading
AA ထံ စစ်ဆုံးရှုံးနေသည့် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာနေ
စစ်ရေး
1 min read
0

AA ထံ စစ်ဆုံးရှုံးနေသည့် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာနေ

အောက်တိုဘာ ၂၈ - ၂၀၂၄
0

ရခိုင်တွင် စစ်ပွဲတိုင်းအရှုံးနှင့် ရင်ဆိုင်နေရသည့် အာဏာသိမ်းစစ်ကောင်စီတပ်သည် မြေပြင်ထိုးစစ်နှင့် ခံစစ်များကို မလုပ်ဆောင်နိုင်တော့ဘဲ လေကြောင်းမှ ပေါင် ၅၀၀ ရှိသည့် ဗုံးသီးများဖြင့် ယခုရက်ပိုင်းအတွင်း ဆက်တိုက် ဗုံးကြဲနေသည်။ စစ်ကောင်စီတပ်သည် ခံစစ်နှင့် ထိုးစစ်မှာ ရခိုင်တွင် အရှုံးနိမ့်သွားပြီး လေကြောင်းကသာ တိုက်ခိုက်မှုများ ပိုလုပ်နေလာကြောင်း မြို့အချို့မှာလည်း ခံစစ်အတွက် ပြင်းပြင်းထန်ထန် ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း ရခိုင်က စစ်ရေး စောင့်ကြည့်နေသူတစ်ဦးက ပြောသည်။ “စစ်ကောင်စီက ခံစစ်နဲ့ ထိုးစစ်က လုံးဝ ရှုံးသွားပြီ၊ ရာခိုင်နှုန်းပြည့် ရှုံးသွားပြီးလို့ ပြောလို့ ရပါတယ်။ လက်ရှိထိန်းချုပ်ထားတဲ့ နေရာကလည်း သိပ်မရှိတော့ဘူးလေ၊ စစ်ကောင်စီတပ်က အရမ်းအရေးပါတဲ့ နေရာတွေကို AA ဖက်က ပတ်ပတ်

Continue Reading
ရေဘေးသင့်ပြည်သူများကို ထောက်ပံ့မည့် ရန်ပုံငွေရှာဖွေရေး ကမ်ပိန်း ဧရာဝတီလူငယ်များပြုလုပ်
ဒုက္ခသည်အရေး သတင်း
1 min read
0

ရေဘေးသင့်ပြည်သူများကို ထောက်ပံ့မည့် ရန်ပုံငွေရှာဖွေရေး ကမ်ပိန်း ဧရာဝတီလူငယ်များပြုလုပ်

အောက်တိုဘာ ၂၈ - ၂၀၂၄
0

ရေဘေးသင့်ပြည်သူများ၊ CDM ပြည်သူ့ဝန်ထမ်းများ၊ စစ်ဘေးရှောင်ပြည်သူများ၊ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူများအား ကူညီထောက်ပံ့မည့်အစီအစဉ် ကမ်ပိန်း (Campaign) လှုပ်ရှားမှုကို ဧရာဝတီလူငယ်များသမဂ္ဂ AYU နှင့် ပြည်သူ့ဝန်ထမ်းများသမဂ္ဂတို့ ပူးပေါင်း ပြုလုပ်နေကြသည်။ ပြည်သူ့လိုအပ်ချက်နှင့် တော်လှန်ရေးလိုအပ်ချက်များအား ဖြည့်ဆည်းရန် ကမ်ပိန်းအမည်ကို “သဘာဝဘေးကိုအတူတူကျော်၊ ဖက်ဆစ်တပ်ကိုလည်း တူတူဆော်” ဆိုသည့် ဆောင်ပုဒ်ပေးထားကြောင်း သိရသည်။ AYU တာဝန်ရှိသူတစ်ဦးက “တိုင်ဖွန်းမုန်တိုင်း ယာဂီရဲ့ဒဏ်ကြောင့် ရေကြီးရေလျှံမှုဒဏ်ကို ဒေသတော်တော်များများမှာ အပြင်းအထန် ခံစားခဲ့ရပါတယ်။ ပြန်အစားထိုးမရနိုင်တဲ့ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမှုတွေ ကြီးမားခဲ့သလို ကံကောင်းထောက်မစွာ အသက်ရှင်သန်ကျန်ရစ်ခဲ့သူတွေအတွက်လည်း စားနပ်ရိက္ခာ၊ သောက်ရေသန့်၊ ဆေးဝါးနဲ့ အသုံးအဆောင်ပစ္စည်း လိုအပ်ချက်တွေ ကြီးမားနေပါတယ်၊ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းမှာလည်း အကူအညီများစွာ လိုအပ်နေပါတယ်” ဟု

Continue Reading
ဘုတလင်တွင် စစ်တပ်က အရပ်သားများကို ခေါင်းဖြတ်သတ်ဖြတ်မှုများ ကုလလုံခြုံရေးကောင်စီတွင် တင်ပြ၊ ထိရောက်သော အရေးယူမှုမရှိလျှင် ဆက်လက်ကျူးလွန်နေမည်ဟု ဦးကျော်မိုးထွန်း သတိပေး
စစ်ရေး သတင်း
1 min read
0

ဘုတလင်တွင် စစ်တပ်က အရပ်သားများကို ခေါင်းဖြတ်သတ်ဖြတ်မှုများ ကုလလုံခြုံရေးကောင်စီတွင် တင်ပြ၊ ထိရောက်သော အရေးယူမှုမရှိလျှင် ဆက်လက်ကျူးလွန်နေမည်ဟု ဦးကျော်မိုးထွန်း သတိပေး

အောက်တိုဘာ ၂၈ - ၂၀၂၄
0

စစ်ကိုင်းတိုင်း၊ ဘုတလင်တွင် စစ်တပ်က ပြည်သူများကို ခေါင်းဖြတ်သတ်ဖြတ်မှုများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခေါင်းဖြတ်ကာ ခန္ဓာကိုယ်အစိတ်အပိုင်းများ ခုတ်ထစ်ပြီး ခြံစည်းရိုးတွင် ချိတ်ဆွဲခဲ့သော လူမဆန်သော ယင်းလုပ်ရပ်များကို ထိရောက်သော အရေးယူမှုမရှိလျှင် စစ်တပ်က ဆက်လက်ကျူးလွန်နေမည်ဟု ၎င်းက သတိပေးလိုက်သည်။ အောက်တိုဘာလ ၂၅ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ “Women, Peace and Security: Women Building Peace in a Changing Environment”ခေါင်းစဉ်ဖြင့် တံခါးဖွင့်အစည်းအဝေးအတွင်း ဦးကျော်မိုးထွန်း ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၉

Continue Reading
စစ်ကောင်စီကို လေယာဉ်ဆီနှင့် လက်နက်ရောင်းချမှု အလျင်အမြန်ပိတ်ဆို့ အရေးယူရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို Fortify Rights အဖွဲ့ တောင်းဆို
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီကို လေယာဉ်ဆီနှင့် လက်နက်ရောင်းချမှု အလျင်အမြန်ပိတ်ဆို့ အရေးယူရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို Fortify Rights အဖွဲ့ တောင်းဆို

အောက်တိုဘာ ၂၆ - ၂၀၂၄
0

စစ်ကောင်စီထံ လေယာဉ်လောင်စာဆီနှင့် စစ်လက်နက် တင်ပို့မှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အလျင်အမြန်ပိတ်ဆို့ အရေးယူပေးရန်အတွက် အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် Fortify Rights က အောက်တိုဘာလ ၂၄ ရက်နေ့တွင် တောင်းဆိုလိုက်သည်။ အရပ်သားများကို ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်အပေါ်တားဆီးနိုင်ရေးအတွက် စစ်ကောင်စီကို လေယာဉ်ဆီနှင့် လက်နက်ရောင်းချမှု အမြန်ဆုံးရပ်တန့်ရန် Fortify Rights အဖွဲ့က ပြောသည်။ Fortify Rights လူ့အခွင့်အရေးဆိုင်ရာ တာဝန်ခံ ချစ်ဆိုင်းက “စစ်ကောင်စီက ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူတွေကို ညှာတာမှုကင်းမဲ့စွာ သတ်ဖြတ်နေ တာတွေကို ဆက်လက်လုပ်ဆောင်နေချိန်မှာ ကုလသမဂ္ဂအနေနဲ့ကတော့ ကြည့်နေဆဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေနဲ့ အာဏာရှင်တွေရဲ့ အကြမ်းဖက် အုပ်စိုးမှုကို

Continue Reading
၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်ကြောင့် ပြင်ဦးလွင်ကို စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်
စစ်ရေး သတင်း
1 min read
0

၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်ကြောင့် ပြင်ဦးလွင်ကို စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

အောက်တိုဘာ ၂၆ - ၂၀၂၄
0

မနက်ဖြန် အောက်တိုဘာ ၂၇ ရက်သည် မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့ဖြစ်၍ အာဏာသိမ်း စစ်ကောင်စီသည် ပြင်ဦးလွင် တိုက်ခိုက်ခံရမည်ကို စိုးရိမ်ပြီး လုံခြုံရေး တိုးမြှင့်ထားသည်။ စစ်ကောင်စီက လုံခြုံရေးအပြည့်ဖြင့် တပ်လှန့်ထားပြီး ယနေ့ နံနက်ပိုင်းတွင် ဖုန်းလိုင်းတချို့နှင့် Wi-Fi အင်တာနက်လိုင်းတချို့ ပြတ်တောက်သွားကြောင်း တပ်သတင်းရင်းမြစ်နှင့် ဒေသခံ ပြည်သူများက ပြောသည်။ “၁၀၂၇ နှစ်ပတ်လည်ရှိလို့ လုံခြုံရေး တိုးမြှင့်ထားတယ်” ဟု ပြင်ဦးလွင်မှ တပ်သတင်းရင်းမြစ်က ဆိုသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့၌ စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကြောင့် စစ်ကောင်စီမှာ အလွန်အထိနာခဲ့ပြီး လောက်ကိုင်၊

Continue Reading
ဂွမြို့နယ် တိုင်ကျိုးမှာ AA နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်နေ
စစ်ရေး သတင်း
1 min read
0

ဂွမြို့နယ် တိုင်ကျိုးမှာ AA နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်နေ

အောက်တိုဘာ ၂၅ - ၂၀၂၄
0

ရခိုင်ပြည် ဂွမြို့နှင့် ၁၅ မိုင်အကွာ တိုင်ကျိုးကျေးရွာအနီးတွင် ယနေ့ အောက်တိုဘာလ ၂၅ ရက်နံနက်ပိုင်းကစ၍ AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေကြကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ တိုင်ကျိုးကျေးရွာမှာ ကုလားပြင် (ရတနာမြိုင်) နှင့် ကမ်းသာယာကမ်းခြေကြားတွင်ရှိပြီး တိုက်ပွဲများကြောင့် ရွာသားများမှာ အလုအယက် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။ ” တိုင်ကျိုးဆိုတဲ့ ရွာအနီးမှာ အခု လောလောဆယ် တိုက်ပွဲဖြစ်နေပါတယ်။ ဒီနေ့ မနက်ပိုင်းက စပြီးဖြစ်နေကြတာပါ။ ရွာသားတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရတာပေါ့။ ဘယ်လိုတွေတောင် ဖြစ်နေပြီလဲ အသေးစိတ်မသိရပါဘူး။ အဲဒီနဲ့ ၇ မိုင်အကွာလောက်နေ လှမ်းပြီး သတင်းတွေ ကြားနေရပါတယ်။ တိုက်ပွဲက အရမ်းပြင်းထန်နေလို့ မိသားစုတွေကို

Continue Reading
စစ်အာဏာရှင်စနစ် ကျရှုံးရမည်ဟု KIO ဥက္ကဌပြော
စစ်ရေး သတင်း
1 min read
0

စစ်အာဏာရှင်စနစ် ကျရှုံးရမည်ဟု KIO ဥက္ကဌပြော

အောက်တိုဘာ ၂၅ - ၂၀၂၄
0

မြန်မာစစ်တပ်ဦးဆောင်သော စစ်ကောင်စီ၏ အာဏာရှင်စနစ် ဧကန်မုချ ကျရှုံးရမည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုလိုက်သည်။ ယနေ့ အောက်တိုဘာ ၂၅ ရက်တွင် ကျရောက်သည့် KIO တည်ထောင်နေ့ ၆၄ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား မိန့်ခွန်းတွင် ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုခဲ့ခြင်းဖြစ်သည်။ လက်ရှိ စစ်အာဏာရှင်တော်လှန်ရေးသည် မြန်မာပြည်သူတစ်ရပ်လုံး ပါဝင်ထောက်ခံသော တော်လှန်ရေးဖြစ်ပြီး စစ်အာဏာရှင်စနစ် ဧကန်မုချကျဆုံးမည်ဟု ပြောသည်။ နွေဦးတော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များဖြင့် ဆက်လက် လက်တွဲသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ဆိုသည်။ ပြည်သူ့စစ်အဖွဲ့များအနေဖြင့်လည်း စစ်တပ်လက်အောက်ခံအဖြစ်မှ ရုပ်သိမ်းပြီး KIO နှင့်အတူ ပူးပေါင်းကြရန် ၎င်းက သတိပေးသည်။ KIO

Continue Reading