အကူအညီများ မျော်လင့်နေသော သံတွဲမြို့နယ်က စစ်ဘေးသင့် ပြည်သူများ (ဓါတ်ပုံသတင်း)
စစ်ရေး ဒုက္ခသည်အရေး ဓါတ်ပုံသတင်း သတင်း
0 min read
0

အကူအညီများ မျော်လင့်နေသော သံတွဲမြို့နယ်က စစ်ဘေးသင့် ပြည်သူများ (ဓါတ်ပုံသတင်း)

ဒီဇင်ဘာ ၁၀ - ၂၀၂၄
0

ကစဉ့်ကလျားဖြင့် ထွက်ပြေးခဲ့ရသော သံတွဲ၊ ငပလီ၊ ဂျိတ္တော၊ ကျိန္တလီ၊ ဂွမြို့နယ်က စစ်ဘေးသင့် ပြည်သူများမှာ စားနပ်ရိက္ခာများ ပြတ်လပ်မှုများနှင့် ကြုံနေရပြီး အရေးပေါ် အကူအညီများ ရရှိရေး မျော်လင့်နေကြောင်း သိရသည်။ သံတွဲ၊ ငပလီ၊ ဂျိတ္တော၊ ကျိန္တလီ၊ ဂွမြို့နယ်က ၆သောင်း နီးပါးသော စစ်ဘေးသင့် ပြည်သူများမှာ နီးစပ်ရာ ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် အဆောက်ဦးများတွင် နေထိုင်နေရပြီး ရိက္ခာများလည်း ပြတ်လပ် နေသည်။ တစ်ချို့ စစ်ဘေးသင့်ပြည်သူများမှာ မိမိနေအိမ်များ မီးလောင်ကျွမ်းခြင်းနှင့် လက်နက်ကြီးကျရောက်ပြီး ပျက်စီးသွားသော နေအိမ်များတွင် မနေထိုင်ရဲတော့ဘဲ လမ်းဘေးများတွင် တဲထိုးပြီး ရက်အကြာကြီး နေထိုင်နေရသည် ကိုလည်း တွေ့ရသည်။ တစ်ချို့

Continue Reading
ARSA ဖမ်းထားသည့် ရခိုင်လူမျိုး ၅ ဦးက ဘူးသီးတောင်၊ မောင်တောဒေသတွင် AA တပ်ပြန်ဆုတ်ရန် တောင်းဆို
စစ်ရေး သတင်း
1 min read
0

ARSA ဖမ်းထားသည့် ရခိုင်လူမျိုး ၅ ဦးက ဘူးသီးတောင်၊ မောင်တောဒေသတွင် AA တပ်ပြန်ဆုတ်ရန် တောင်းဆို

ဒီဇင်ဘာ ၁၀ - ၂၀၂၄
0

စစ်သွေးကြွ ARSA မွတ်ဆလင် လက်နက်ကိုင်တပ်ဖွဲ့က ရခိုင်ပြည် ရသေ့တောင်နှင့် ဘူးသီးတောင်ဒေသခံ အရပ်သား ၅ ဦးကို ဖမ်းဆီးပြီး နှိက်စက်ထားသည်ကို ဗီဒီယို တစ်ခုကို ARSA က ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ထားသည်။ အရပ်သား ၅ ဦး ဖမ်းဆီးခံရသည့် ရက်စွဲကို Western News က အတိအကျမသိရသေးသော်လည်း အဆိုပါ ဒေသခံ ၅ ဦးကို ARSA က ဖမ်းဆီးထားသည့် ရုပ်သံဖိုင်မှာ ဒီဇင်ဘာလ ၅ ရက်နေ့ကစ၍ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသည်။ ဖမ်းဆီးခံထားရသူ ၅ ဦးမှာ ARSA အဖွဲ့၏ ညှဉ်းပန်းနှိပ်စက်မှုဟု ယူဆရသည့် မျက်နှာတွင် သွေးထွက်သံယိုဒဏ်ရာများ၊ ဖူးရောင်နေသည့်

Continue Reading
AA ကို တိုက်ခိုက်ရန် စေလွှတ်လိုက်သော ခြေလျင်တပ်ရင်းများ လမ်းတွင် ထွက်ပြေး၊ တပ်ရင်းတစ်ချို့ စစ်ဆေးခံနေရ
စစ်ရေး သတင်း
1 min read
0

AA ကို တိုက်ခိုက်ရန် စေလွှတ်လိုက်သော ခြေလျင်တပ်ရင်းများ လမ်းတွင် ထွက်ပြေး၊ တပ်ရင်းတစ်ချို့ စစ်ဆေးခံနေရ

ဒီဇင်ဘာ ၁၀ - ၂၀၂၄
0

အာရက္ခတပ်တော် AA ကို ဆက်လက်တိုက်ခိုက်ရန်အတွက် ဧရာဝတီတိုင်းက ခြေလျင်တပ်ရင်း (၃) ရင်းနှင့် ရန်ကုန်တိုင်းက ခြေမြန်တပ်ရင်း (၁) ရင်းတို့ကို စေလွှတ်ထားကြောင်း တပ်တွင်း သတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရသည်။ စစ်ကောင်စီတပ်သည် ဧရာဝတီတိုင်းက ခြေလျင်တပ်ရင်း (၃) ရင်းနှင့် ရန်ကုန်တိုင်းက ခြေမြန်တပ်ရင်း (၁) ရင်းတို့ကို ပြီးခဲ့သည် နိုဝင်ဘာ လက ရခိုင်ဖက်ကို စေလွှတ်ခဲ့ရာတွင် တပ်သားများသည် ထွက်ပြေးသွားကြောင်း သိရသည်။ ယင်းတို့မှာ အနောက်တောင် တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ ၁၁၊ ခလရ ၅၁၊ ခလရ ၆၃နှင့် ရန်ကုန်တိုင်း လက်အောက်ခံ ခမရ ၅၃၂ တပ်များဖြစ်ကြပြီး အခြားတပ်ရင်းများမှာ

Continue Reading
တောင်ကုတ်မြို့ထဲကို စစ်ကောင်စီဗုံးကြဲ၊ နေအိမ် ၈ ဆောင်မီးလောင်
စစ်ရေး သတင်း
1 min read
0

တောင်ကုတ်မြို့ထဲကို စစ်ကောင်စီဗုံးကြဲ၊ နေအိမ် ၈ ဆောင်မီးလောင်

ဒီဇင်ဘာ ၁၀ - ၂၀၂၄
0

အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ရခိုင်ပြည် တောင်ကုတ်မြို့ကို အာဏာသိမ်း စစ်ကောင်စီက ယမန်နေ့ ဒီဇင်ဘာလ ၉ ရက်နေ့ ညနေပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့၍ လူနေအိမ် ၈ ဆောင်ထက်မနည်း မီးလောင်ပျက်စီးသွားကြောင်း သိရသည်။ ယမန်နေ့ ညနေ ၇ နာရီအချိန်တွင် စစ်ကောင်စီက ဂျက်ဖိုက်တစ်စီးနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကံပိုင်ရပ်ကွက်က လူနေအိမ် ၈ လုံးမီးလောင်သွားခြင်းဖြစ်သည်။ ဒီဇင်ဘာလ ၄ ရက်နေ့ကလည်း တောင်ကုတ်မြို့ထဲက လမ်းဆုံ၊ လမ်းခွများနှင့် မြို့ထွက်ပေါက်များကို ဂျက်ဖိုက်တာဖြင့် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ လူနေအိမ် ၁၅ ဆောင်ထက်မနည်းနှင့် ဘာသာရေးအဆောက်အဦးများ မီးလောင်ပျက်စီးသွားခဲ့ရသည်။ တောင်ကုတ်တက္ကသိုလ်က စစ်ကောင်စီ တပ်စခန်းအပါအဝင် တောင်ကုတ်မြို့ထဲက စစ်ကောင်စီ စစ်စခန်းများအားလုံးကို

Continue Reading
ဒုဗိုလ်မှူးကြီးနှင့် ဒုရဲမှူး အဆင့်အပါအဝင် စစ်ကောင်စီတပ်သား ၄၈၀ ခန့် NUG တပ်အလင်းဝင်
စစ်ရေး သတင်း
1 min read
0

ဒုဗိုလ်မှူးကြီးနှင့် ဒုရဲမှူး အဆင့်အပါအဝင် စစ်ကောင်စီတပ်သား ၄၈၀ ခန့် NUG တပ်အလင်းဝင်

ဒီဇင်ဘာ ၁၀ - ၂၀၂၄
0

အာဏာသိမ်း စစ်ကောင်စီတပ် (မြန်မာစစ်တပ်) က ဒုဗိုလ်မှူးကြီးနှင့် ဒုရဲမှူးအဆင့်မှ အရာရှိအဆင့်ဆင့်၊ အောက်ဆုံးတပ်သားအထိ ၄၇၅ ဦး ယခုနှစ်အတွင်း အလင်းဝင်လာကြကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်သည်။ စစ်ကောင်စီတပ်သား ၄၇၅ ဦးမှာ ယခုနှစ် အစောကပိုင်းကစ၍ နိုဝင်ဘာလအတွင်းအထိ ဝင်လာကြသော စာရင်းဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ယနေ့ ဒီဇင်ဘာလ ၁၀ ရက် ပြောကြားခဲ့ခြင်းဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သွေးထွက်သံယိုမှု နည်းနိုင်သမျှနည်းနည်းဖြင့် တော်လှန်ရေးအောင်မြင်နိုင်ရေးရှေးရှုပြီး ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်မှုကော်မတီကို ဖွဲ့စည်းဆောင်ရွက်ထားကြောင်း ဆိုသည်။ အဆိုပါ ကော်မတီက စစ်ကောင်စီ၏ စစ်ခေါင်းဆောင်များနှင့် လမ်းခွဲပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာမည့် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို စိစစ်လက်ခံကူညီပေးလျက်ရှိကြောင်း

Continue Reading
နောင်ချိုမြို့နယ် ဆမ္မဆယ်ရွာ လက်နက်ကြီးပစ်ခတ်ခံရ၍ အရပ်သား ၃ ဦး ထိမှန်
စစ်ရေး သတင်း
1 min read
0

နောင်ချိုမြို့နယ် ဆမ္မဆယ်ရွာ လက်နက်ကြီးပစ်ခတ်ခံရ၍ အရပ်သား ၃ ဦး ထိမှန်

ဒီဇင်ဘာ ၁၀ - ၂၀၂၄
0

ရှမ်းမြောက် တအောင်းဒေသ နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာတွင် စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၃ ဦး ထိမှန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ဆမ္မမဆယ်ကျေးရွာကို စစ်ကောင်စီက ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် လက်နက်ကြီး ကျည်သုံးလုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း တအောင်းတပ် TNLA က ယနေ့ ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။ ထိုလက်နက်ကြီးကြောင့် ကျေးရွာအတွင်းရှိ အမှတ် (၁) သကြားစက်ရုံဝန်းတွင် (၁)လုံး၊ စက်ရုံဘေးတွင် (၂) လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး စက်ရုံဝန်ထမ်း အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၁) ဦး ထိမှန်ဒဏ်ရာရရှိသွားကြောင်း TNLA

Continue Reading
နခခ ၅ က ထွက်ပြေးသွားသော စကခ ၁၅ ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းအား ဖမ်းဆီးရမိ
စစ်ရေး သတင်း
1 min read
0

နခခ ၅ က ထွက်ပြေးသွားသော စကခ ၁၅ ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းအား ဖမ်းဆီးရမိ

ဒီဇင်ဘာ ၉ - ၂၀၂၄
0

ရခိုင်ပြည် မောင်တောမြို့စောင့်တပ် အမှတ် ၅ နယ်ခြားစောင့်တပ်စခန်း (နခခ ၅) ထဲက အင်အား ၁၅၀ ခန့်ဖြင့် ထွက်ပြေးလွတ်မြောက်သွားသော စကခ ၁၅ ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းအား အာရက္ခတပ်တော် AA က ဖမ်းဆီးလိုက်ပြီဟု သိရသည်။ မွတ်ဆလင်တပ်သားများနှင့်အတူ ထွက်ပြေးသွားသော ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ယမန်နေ့ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်း ၅ နာရီခန့်တွင် တိုက်ပွဲအတွင်းမှာ ဖမ်းဆီးရမိခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။ “တိုက်ပွဲထဲမှာ ဖမ်းမိရတာပါ။ တိုက်ပွဲက တိုက်လို့တိုက်လို့ သွားတာ။ သူရိန်ထွန်းက ထွက်ပြေးသွားတာဆိုတော့လေ။ မနေ့က ညနေ ၅ နာရီလောက်မှာ တိုက်ပွဲထဲမှာ ဖမ်းမိပါတယ်။

Continue Reading
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် မကျရေး ပေါင် ၁၀၀၀ ဗုံးအသုံးပြု၍ စစ်ကောင်စီ ခုခံနေ
စစ်ရေး သတင်း
1 min read
0

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် မကျရေး ပေါင် ၁၀၀၀ ဗုံးအသုံးပြု၍ စစ်ကောင်စီ ခုခံနေ

ဒီဇင်ဘာ ၉ - ၂၀၂၄
0

ရခိုင်ပြည် အမ်းမြို့နယ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် မကျရေးအတွက် အာရက္ခတပ်တော် AA ၏ ထိုးစစ်များကို အာဏာသိမ်း စစ်ကောင်စီက ပေါင် ၁၀၀၀ ဗုံးအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုဖြင့် ပြန်လည်ခုခံနေကြောင်း သိရသည်။ အာရက္ခတပ်တော် AA သည် အမ်းလေဆိပ်အပါအဝင် အမ်းမြို့ထဲက ဌာနဆိုင်ရာရုံး အားလုံးနှင့် တပ်ရင်းတပ်ဖွဲ့ စစ်စခန်း ၃၀ ကျော်ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ အမ်းမြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရုံးရှိရာ ခြံဝန်း (ဂွင်) တစ်နေရာသာ ကျန်ရှိတော့ကြောင်းနှင့် ဆက်လက်ပြီး သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA က ဆိုသည်။ “အဲဒီ နပခ ခြံဝန်း

Continue Reading
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးလွတ်မြောက်နေ၍ ရခိုင်ပိုင်နက် နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာခြင်း AA ပိတ်ပင်
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးလွတ်မြောက်နေ၍ ရခိုင်ပိုင်နက် နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာခြင်း AA ပိတ်ပင်

ဒီဇင်ဘာ ၈ - ၂၀၂၄
0

(စကခ ၁၅ ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း အင်အား ၁၅၀ ခန့်ဖြင့် ထွက်ပြေးလွတ်မြောက်နေ) မောင်တောဒေသတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မွတ်ဆလင်လက်နက်ကိုင်များ ထွက်ပြေးလွတ်မြောက်နေ၍ ရခိုင်ပိုင်နက် နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာခွင့်များကို အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်ကြောင်း အာရက္ခတပ်တော် AA က ယနေ့ ဒီဇင်ဘာ ၈ ရက်တွင် ထုတ်ပြန်အသိပေးထားသည်။ မောင်တောဒေသတွင် တစ်ခုတည်းကျန်ရှိနေသော အမှတ် ၅ နယ်ခြားစောင့်တပ်စခန်း (နခခ ၅) ကို AA က ယနေ့ ဒီဇင်ဘာလ ၈ ရက် နံနက် ၉ နာရီခွဲအချိန်တွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။ နခခ ၅ ထဲက စစ်ကောင်စီတပ်သားများ၊ စစ်ကောင်စီနှင့်

Continue Reading
မောင်တောမှာ တစ်ခုတည်းကျန်ရှိသော နခခ ၅ ကို AA သိမ်းပိုက်လိုက်ပြီ
စစ်ရေး သတင်း
1 min read
0

မောင်တောမှာ တစ်ခုတည်းကျန်ရှိသော နခခ ၅ ကို AA သိမ်းပိုက်လိုက်ပြီ

ဒီဇင်ဘာ ၈ - ၂၀၂၄
0

ရခိုင်ပြည် မောင်တောမြို့နယ်တွင် စစ်ကောင်စီအတွက် တစ်ခုတည်းကျန်ရှိနေသော နယ်ခြားစောင့်တပ်စခန်း နခခ ၅ မြို့စောင့်တပ်ကို အာရက္ခတပ်တော် AA က ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် အပြီးသတ်သိမ်းပိုက်ပြီဖြစ်ကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်သည်။

Continue Reading