စစ်ကောင်စီက အပစ်ရပ်ကြေညာပြီးနောက် ရခိုင် ကျောက်ဖြူကို ဒရုန်းဖြင့်ဗုံးကြဲ(စစ်ဘေးရှောင် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရ)
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီက အပစ်ရပ်ကြေညာပြီးနောက် ရခိုင် ကျောက်ဖြူကို ဒရုန်းဖြင့်ဗုံးကြဲ(စစ်ဘေးရှောင် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရ)

ဧပြီ ၂၅ - ၂၀၂၅
0

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် ရေနံတောင်ကျေးရွာကို စစ်ကောင်စီက ဧပြီလ ၂၄ ရက် နေ့လယ်ပိုင်းတွင် အသေခံဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ စစ်ဘေးရှောင်ပြည်သူ ၁ ဦးသေဆုံးပြီ ၁ ဦး ဒဏ်ရာရရှိသွားသည်။ ငလျင်အကြောင်းပြု၍ ယာယီအပစ်ရပ်ကာလ စစ်ကောင်စီက သက်တမ်းတိုးသည့် နောက်တစ်ရက်မှာ ရခိုင်ပြည် ကျောက်ဖြူမြို့က အရပ်သားကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ စစ်ကောင်စီ၏ အသေခံဒရုန်းဗုံးကြဲမှုကြောင့် ရေနံတောင်ကျေးရွာမှာ စစ်ဘေးရှောင်နေသော ကုလဘာရွာက အသက် ၂၆ နှစ်အရွယ် ဒေါ်မယာဉ်နု မှာ သေဆုံးခဲ့ရပြီး အသက် ၇၆ နှစ်အရွယ် ဦးလှစံမှာ ဒဏ်ရာရရှိသွားသည်။ စစ်ကောင်စီက ရေနံတောင်ကျေးရွာကို နေ့လယ် ၂ နာရီ ၅၆ မိနစ်မှာ တစ်ကြိမ်၊

Continue Reading
ရှမ်းပြည်တပ်မတော် တည်ထောင်ခြင်း ၆၁ နှစ်ပြည့် အခမ်းအနားကျင်းပ
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
0

ရှမ်းပြည်တပ်မတော် တည်ထောင်ခြင်း ၆၁ နှစ်ပြည့် အခမ်းအနားကျင်းပ

ဧပြီ ၂၅ - ၂၀၂၅
1

ရှမ်းပြည်တပ်မတော် (SSA) တည်ထောင်ခဲ့ခြင်း (၆၁) နှစ်ပြည့် အခမ်းအနားကို ယနေ့ ဧပြီလ (၂၄) ရက်နေ့မှာ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဗဟိုဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ (SSPP/SSA) တို့က ဂုဏ်ပြုသဝဏ်လွှာ များပေးပို့ခဲ့ကြသည်။ ယင်းအပြင် ရှမ်းပြည်တပ်မတော် (SSA) တွင် ငွေရတု ရွှေရတု ဆုချီးမြှင့်ရန် ထိုက်တန်သူများအချို့အား ဆုချီးမြှင့်ပေးခဲ့ပြီးနောက် စစ်ကြောင်း (၁၇) ကြောင်း စစ်အင်အား (၃၀၀၀) ဦးကျော်ခန့်က စစ်ရေးပြခဲ့ကြသည်။ ထိုအခမ်းအနားကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နာယက ဗိုလ်ချုပ်ကြီး စေထင် ဦးဆောင်သည့် ဗဟိုကော်မတီဝင်များ၊

Continue Reading
မပေါက်ကွဲသေးသည့် ဗုံးသီးတစ်လုံး ဆွဲနှုတ်ရာမှ အသက် ၄၅ နှစ်ရွယ်ရှိ အမျိုးသား တစ်ဦးသေဆုံး
စစ်ရေး သတင်း
0 min read
0

မပေါက်ကွဲသေးသည့် ဗုံးသီးတစ်လုံး ဆွဲနှုတ်ရာမှ အသက် ၄၅ နှစ်ရွယ်ရှိ အမျိုးသား တစ်ဦးသေဆုံး

ဧပြီ ၂၅ - ၂၀၂၅
0

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်မှာ ဧပြီလ ၂၄ ရက်နေ့က မပေါက်ကွဲသေးသည့် ဗုံးသီးတစ်လုံးအား ဒေသခံ အမျိုးသားတစ်ဦးက သွားရောက်ဆွဲနှုတ်ယူရာတွင် သေဆုံးသွားကြောင်း သိရသည်။ တောင်ကုတ်မြို့နယ်၊ အောင်ဆိပ်တဲစု‌ကျေးရွာအနီး လယ်ဂျိူင်တောင်တွင် မပေါက်ကွဲဘဲ ကျန်နေသည့် ကျောက်ကြားထဲညှပ်နေသော ဗုံးသီးတစ်လုံးကို သွားရောက်ဆွဲနှုတ်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားခြင်းဖြစ်သည်။ ဖြစ်စဉ်မှာ သေဆုံးသွားသူသည် သားဖြစ်သူနှင့်အတူ စစ်ကောင်စီတပ် ယာယီစခန်းချ နေထိုင်ခဲ့သော အောင်ဆိပ်တဲစု‌ကျေးရွာအနီး လယ်ဂျိူင်တောင်တွင် သားဖနှစ်ယောက်မှာ တောရှင်းလင်းရာမှ ပေါက်ကွဲမှုဖြစ်၍ သေဆုံးခြင်း ဖြစ်သည်။ သေဆုံးသူသည် အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး တောင်ကုတ်မြို့နယ် စေတီကွင်းကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်သည်။ မြို့ပေါ်အပါအဝင် ကျေးလတ်နေ ပြည်သူများမှာ မြေမြှုပ်မိုင်း၊ စစ်ကျန်လက်နက်များနှင့် ပတ်သက်၍ အသိပညာရရှိမှု

Continue Reading
ပဲခူး ပုဂံကွဲက အိမ်လေးစုစခန်းကို အာရက္ခတပ်တော် AA က အင်အား ၁၅၀၀ နှင့် သိမ်းပိုက်ခဲ့
စစ်ရေး သတင်း
1 min read
0

ပဲခူး ပုဂံကွဲက အိမ်လေးစုစခန်းကို အာရက္ခတပ်တော် AA က အင်အား ၁၅၀၀ နှင့် သိမ်းပိုက်ခဲ့

ဧပြီ ၂၅ - ၂၀၂၅
0

ပဲခူးတိုင်းနှင့် ရခိုင်အစပ် ပန်းတောင်း – တောင်ကုတ်လမ်းပိုင်းရှိ အာဏာသိမ်း စစ်ကောင်စီ၏ အိမ်လေးစုစခန်းကို အာရက္ခတပ်တော် AA က အင်အား ၁၅၀၀ နှင့် ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီ ပုဂံကွဲစခန်းမှ အလင်းဝင်ရောက်လာသည့် တပ်သားမင်းခန့်၏ ပြောပြချက်ရုပ်သံကို ကျောင်းသားလက်ရုံးတပ်တော် SAF က ယမန်နေ့ ဧပြီလ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။ ၂၀၂၅ ဖေဖော်ဝါရီလအတွင်းက တောင်ကုတ်- ပန်းတောင်းကားလမ်းအနီး လေးအိမ်စု စခန်းတိုက်ပွဲတွင် AA က အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခဲ့ကြောင်း အလင်းဝင်ရောက်လာသည့် မင်းခန့်က ပြောသည်။ “ည ၁၀ နာရီလာက်ပဲ ရှိအုံးမယ်။ ကျွန်တော်တို့ ကင်းစောင့်နေတဲ့ချိန်မှာ

Continue Reading
ဟားခါးမြို့သိမ်းတိုက်ပွဲအတွက် ချင်းလူငယ်များ လာရောက်ပူးပေါင်းကြရန် CDF – Hakha ဖိတ်ခေါ်
စစ်ရေး သတင်း
1 min read
0

ဟားခါးမြို့သိမ်းတိုက်ပွဲအတွက် ချင်းလူငယ်များ လာရောက်ပူးပေါင်းကြရန် CDF – Hakha ဖိတ်ခေါ်

ဧပြီ ၂၄ - ၂၀၂၅
0

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့သိမ်းတိုက်ပွဲဆင်နွှဲရန်အတွက် ပြည်တွင်းပြည်ပမှာ ရောက်ရှိနေကြသည့် ချင်းလူငယ်များအနေဖြင့် လာရောက်ပူးပေါင်းပေးကြရန် ချင်းလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည့် CDF – Hakha က ဧပြီလ ၂၃ ရက်နေ့မှာ အသိပေးထုတ်ပြန်ခဲ့သည်။ ၂၀၂၅ ခုနှစ်အတွင်းမှာ ဟားခါးမြို့သိမ်းစစ်ဆင်ရေးကို ဆင်နွှဲနိုင်ရန် ကြိုတင် ပြင်ဆင်မှုများပြုလုပ်နေသည်ဟု CDF-Hakha တာဝန်ရှိသူက ပြောသည်။ “အခုဆိုရင် ချင်းပြည်နယ်မှာ‌ နောက်ဆုံး လက်ကျန်မြို့လို ဖြစ်‌နေပြီပေါ့နော်။ ကျွန်တော်တို့ ခံယူချက်ကတော့ ဟားခါးမြို့သိမ်းဖို့ဆိုရင် ဟားခါးမြို့နယ်သူ၊ မြို့နယ်သားတွေမှာ အဓိက တာဝန်ရှိတယ်လို့ ခံယူတာပေါ့နော်။ ဆိုတော့ ဟားခါးမြို့နယ်က လူငယ်အားလုံးကို ဖိတ်ခေါ်တယ်” ဟု ပြောသည်။ ဟားခါးမြို့သိမ်းတိုက်ပွဲမှာ ပူးပေါင်းပါဝင်လာသည့် လူငယ်များသည် CDF – Hakha

Continue Reading
အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန် စစ်ကောင်စီကို အမေရိကန် ထပ်ပြော
စစ်ရေး သတင်း
1 min read
0

အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန် စစ်ကောင်စီကို အမေရိကန် ထပ်ပြော

ဧပြီ ၂၄ - ၂၀၂၅
0

အာဏာသိမ်း စစ်ကောင်စီအနေဖြင့် နိုင်ငံတစ်ဝန်း ပြုလုပ်နေသော အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်နှင့် မတရားဖမ်းဆီးထားသူများ အားလုံးကို ပြန်လွှတ်ပေးရန် အမေရိကန်နိုင်ငံက ထပ်မံပြောဆိုသည်။ ဧပြီလ ၂၂ ရက်က ကမ္ဘောဒီယားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ၃၇ ကြိမ်မြောက် အမေရိကန်-အာဆီယံ ဆွေးနွေးပွဲမှာ အမေရိကန်ပြည်ထောင်စု အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို၏ အကြီးတန်းအရာရှိ Sean O’Neill က ပြောဆိုခြင်းဖြစ်သည်။ အမေရိကန်အနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နှင့်အညီ မြန်မာနိုင်ငံ အမှန်တကယ် ဒီမိုကရေစီလမ်း ကြောင်းသို့ လွယ်ကူချောမွေ့စွာ ပြန်လည်ရောက်ရှိရေး အာဆီယံနှင့်အနီးကပ် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောသည်။ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများကို စစ်တပ်က ချက်ချင်းရပ်တန့်ရန်၊ မတရား ဖမ်းဆီးထားသူများကို လွှတ်ပေးရန်နှင့် လူသားချင်း စာနာထောက်ထားမှု

Continue Reading
AA နှင့်ဆက်သွယ်၍ဆိုပြီး ဧရာဝတီမှာ စီးပွားရေးလုပ်ငန်းရှင် ၉ ဦးအပါ ၁၁ ဦး ဖမ်းဆီးခံထားရ
စစ်ရေး သတင်း
1 min read
0

AA နှင့်ဆက်သွယ်၍ဆိုပြီး ဧရာဝတီမှာ စီးပွားရေးလုပ်ငန်းရှင် ၉ ဦးအပါ ၁၁ ဦး ဖမ်းဆီးခံထားရ

ဧပြီ ၂၄ - ၂၀၂၅
0

အာရက္ခတပ်တော် AA နှင့် ဆက်သွယ် ထောက်ပံ့၍ဆိုပြီး ဧရာဝတီတိုင်းဒေသ ငါးသိုင်းချောင်းမြို့မှာ စီးပွားရေးလုပ်ငန်းရှင် ၉ ဦး အပါအဝင် ၁၁ ဦး ဖမ်းဆီးခံထားရကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။ အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ရခိုင်ပြည်သို့ ကုန်ပစ္စည်းများတင်ပို့ပြီး AA အား ထောက်ပံ့ ပေးသည်ဟု စွပ်စွဲချက်ဖြင့် အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့ကို ဖမ်းဆီး စစ်ဆေးနေကြောင်း ဆိုသည်။ ၎င်းတို့ကို ဧပြီလ ၁၉ ရက်မှ ၂၁ ရက်အတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ငါးသိုင်းချောင်းမြို့က နာမည်ကြီး ပွဲရုံတစ်ခုဖြစ်သည့် ရွှေပြည်အေးပွဲရုံမှ လုပ်ငန်းရှင်များ ပါဝင်ကြသည်။ စီးပွားရေးလုပ်ငန်းရှင် ၉ ဦးအပါအဝင်

Continue Reading
အရပ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ကို သတ်ဖြတ်သော ပျူစောထီးများနှင့် SNA တပ်ဖွဲ့ဝင် ၃၀ ကျော် ဖမ်းဆီး အရေးယူ
စစ်ရေး သတင်း
1 min read
0

အရပ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ကို သတ်ဖြတ်သော ပျူစောထီးများနှင့် SNA တပ်ဖွဲ့ဝင် ၃၀ ကျော် ဖမ်းဆီး အရေးယူ

ဧပြီ ၂၃ - ၂၀၂၅
0

အရပ်သားများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို သတ်ဖြတ်ခဲ့သော ထွေ/အုပ်ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးများနှင့် SNA တပ်ဖွဲ့ဝင်များ အပါအဝင် တရားခံ ၃၀ ကျော်ကို ဖမ်းဆီး အရေးယူ ထားကြောင်း သိရသည်။ ၎င်းတို့ကို စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို သိမ်းပိုက်တိုက်ပွဲမှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီး ရရှိခဲ့ခြင်း ဖြစ်ပြီး အားလုံးကို တိုင်းဌာနချုပ်သို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်က ပြောဆိုသည်။ ကျူးလွန်ခဲ့သူများမှာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးများ၊ SNA တပ်ဖွဲ့ဝင်များ၊ ထွေ/အုပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများအပါအဝင် စစ် တပ်ဒေါက်တိုင် ၃၀ ကျော် ကို ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးထားသူများမှာ ပြည်သူ့

Continue Reading
လွတ်မြောက်နယ်မြေသွားသည့် စစ်တွေဒေသခံ ၃၀ ကျော် ဖမ်းဆီးခံရ
သတင်း
1 min read
0

လွတ်မြောက်နယ်မြေသွားသည့် စစ်တွေဒေသခံ ၃၀ ကျော် ဖမ်းဆီးခံရ

ဧပြီ ၂၃ - ၂၀၂၅
0

အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ပေါက်တောမြို့နယ်သို့ သွားရောက်သည့် စစ်တွေဒေသခံ ၃၄ ကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်က ဖမ်းဆီးသွားကြောင်း သိရသည်။ ယမန်နေ့ ညနေပိုင်းတွင် ပေါက်တောမြို့နယ်သို့ သွားရောက်နိုင်ရန် စစ်တွေမြို့ မိဇံရပ်ကွက် ကိုရီးယားဆိပ်ကမ်းတွင် စက်လှေသို့ သွားရောက်စဉ် စစ်ကောင်စီတပ်ဖွဲ့နှင့် ALP တပ်ဖွဲ့ဝင်တို့က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ပြန်လွတ်လာသည့် ဒေသခံများက ပြောသည်။ “မနေ့က ညနေ ၄ နာရီကျော်လောက်မှာ ပွဲစားက စက်လှေသို့ ဆင်းလာဖို့ ခေါ်တယ်။ ကိုရီးယားဆိပ်ကမ်းမှာ စက်လှေက စောင့်နေတယ်။ စက်လှေသို့ ဆင်းဖို့ လုပ်နေတဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်

Continue Reading
MNDAA က လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်ပေးရေး တရုတ်ပါဝင်ခဲ့
စစ်ရေး သတင်း
1 min read
0

MNDAA က လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်ပေးရေး တရုတ်ပါဝင်ခဲ့

ဧပြီ ၂၃ - ၂၀၂၅
0

ကိုးကန့်တပ် MNDAA က လားရှိုးမြို့ကို အာဏာသိမ်း စစ်ကောင်စီထံ ပြန်ပေးရေးမှာ တရုတ်အစိုးရက ပါဝင်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ပြောခွင့်ရက ယမန်နေ့ ဧပြီလ ၂၂ ရက်တွင် အတည်ပြုထားသည်။ MNDAA က လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တို့ကို သိမ်းပိုက်ပြီးနောက် အာဏာသိမ်း စစ်ကောင်စီထံ ပြန်ပေးရန် တရုတ်အစိုးရက MNDAA ကို ဖိအားပေးခဲ့သည်။ လားရှိုးမြို့အား စစ်ကောင်စီထံ လွှဲပြောင်းရာတွင်လည်း တရုတ်အစိုးရက ကြားဝင်သက်သေအနေဖြင့် ရှိနေခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ပြောခွင့်ရ Mr. Guo Jiakun က ဆိုသည်။ လားရှိုးမြို့ကို MNDAA က ၂၀၂၄ ဩဂုတ်လ ၃ ရက်နေ့က သိမ်းပိုက်ခဲ့ပြီး ၉

Continue Reading