ရခိုင်မှာ ၁၉ ရက်အတွင်း စစ်ကျန်ဗုံးသီးနှင့် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၁ ဦးနှင့် ခြေထောက်ပြတ်ပြီး ဒဏ်ရာရရှိသူ ၁၂ ဦးရှိ
စစ်ရေး သတင်း
1 min read
0

ရခိုင်မှာ ၁၉ ရက်အတွင်း စစ်ကျန်ဗုံးသီးနှင့် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၁ ဦးနှင့် ခြေထောက်ပြတ်ပြီး ဒဏ်ရာရရှိသူ ၁၂ ဦးရှိ

ဧပြီ ၁၄ - ၂၀၂၅
0

အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော ရခိုင်ပြည်က မြို့နယ်များတွင် စစ်ကောင်စီ ထောင်ထားခဲ့သော မြေမြှုပ်မိုင်းများနှင့် စစ်ကျန်ဗုံးသီးများကြောင့် ၁၉ ရက်အတွင်းမှာ အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ခြေထောက်ပြတ်ပြီး ပြင်းထန်ဒဏ်ရာရနေသူ ၁၂ ဦးရှိကြောင်း သိရသည်။ စစ်ကျန်လက်နက်ပစ္စည်းများနှင့် မြေမြှုပ်မိုင်းကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးသူများအား Western News မှ ၂၀၂၅ မတ်လ ၂၆ ရက်ကနေ ဧပြီလ ၁၃ ရက်နေ့အထိ စုစည်းထားချက် စာရင်းအရ သိရသည်။ ယခု ထိခိုက်ဒဏ်ရာရခြင်းနှင့် သေဆုံးသွားသူမှာ အာဏာသိမ်း စစ်ကောင်စီ တပ်စွဲထားသော နေရာများ၊ တပ်ရင်းများနှင့် သွားလာလှုပ်ရှားခဲ့သော နေရာများသို့ သွားရောက်ခြင်းမှ ထိခိုက်သေဆုံးကြခြင်းဖြစ်သည်။ ရခိုင်ပြည်က ဒေသခံပြည်သူများမှာ

Continue Reading
စစ်ကောင်စီ ကြိုးပမ်းနေသည့် ရွေးကောက်ပွဲမှာ မပါဝင်ရန်နှင့် မထောက်ပံ့ရန် ချင်းပြည်သူများကို ICNCC သတိပေး
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီ ကြိုးပမ်းနေသည့် ရွေးကောက်ပွဲမှာ မပါဝင်ရန်နှင့် မထောက်ပံ့ရန် ချင်းပြည်သူများကို ICNCC သတိပေး

ဧပြီ ၁၄ - ၂၀၂၅
0

အာဏာသိမ်း စစ်ကောင်စီက အတင်းအဓမ္မကျင်းပရန် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲမှာ ချင်းပြည်သူလူထုများအနေဖြင့် ပါဝင်းခြင်း၊ ထောက်ပံ့ပေးခြင်းများကို မပြုကြရန် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC က သတိပေးထားသည်။ ယမန်နေ့ ဧပြီလ ၁၃ ရက်တွင် ICNCC အဖွဲ့ တည်ထောင်နေ့ ၄ နှစ်ပြည့် အထိမ်းအမှတ် ထုတ်ပြန်ချက်တွင် ချင်းပြည်သူများအား ကြိုတင်သတိပေးအပ်သည်ဟု ဖော်ပြထားခြင်းဖြစ်သည်။ စစ်ကောင်စီက အတင်းအဓမ္မ ကျင်းပရန် ကြိုးစား စီစဉ်နေသည့် ရွေးကောက်ပွဲမှာ ချင်းပြည်အတွင်း လုံးဝ ကျင်းပနိုင်မည် မဟုတ်၍ ချင်းပြည်သူများအနေဖြင့် ပူးပေါင်းပါဝင် ထောက်ပံ့ခြင်းများ မလုပ်ဆောင်ကြရန် ICNCC က သတိပေးထားခြင်းဖြစ်သည်။ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC

Continue Reading
ကျောက်တော် ဗုံးကြဲခံရမှု မြင်ကွင်း၊ အမျိုးသမီး ၃ ဦး ဒဏ်ရာရ
စစ်ရေး သတင်း
1 min read
0

ကျောက်တော် ဗုံးကြဲခံရမှု မြင်ကွင်း၊ အမျိုးသမီး ၃ ဦး ဒဏ်ရာရ

ဧပြီ ၁၃ - ၂၀၂၅
0

အာဏာသိမ်း စစ်ကောင်စီက ကျောက်တော်မြို့ပေါ် ရပ်ကွက်များကို ယနေ့ ဧပြီလ ၁၃ ရက် နံနက်ပိုင်းတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ကျောက်တော်မြို့ထဲက ရွှေကျောင်းဘုန်းတော်ကြီးကျောင်းအနီး ရပ်ကွက်နှစ်ခုကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲသွားခြင်းဖြစ်သည်။ အသက် ၁၀ နှစ်အရွယ် မချစ်နှင်းဝေ၊ အသက် ၂၇ နှစ်အရွယ် မကျီကျီဝင်းနှင့် အသက် ၃၄ နှစ်အရွယ် မဦးသန်းမေတို့မှာ ဒဏ်ရာ ရရှိသွားခဲ့သည်။ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး လူနေအိမ် ၅ လုံးထက်မနည်းလည်း ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။ အာဏာသိမ်း စစ်ကောင်စီသည် အပစ်ရပ်ထားကြောင် ကြေညာထားသော်လည်း ကတိကို ချိုးဖောက်ပြီး သင်္ကြန်အကြိုနေ့ ယနေ့တွင် ကျောက်တော်မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Continue Reading
သင်္ကြန်အကြိုနေ့မှာ ကျောက်တော်မြို့ကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သားများ ထိခိုက်၊ နေအိမ်များပျက်စီး
စစ်ရေး သတင်း
0 min read
0

သင်္ကြန်အကြိုနေ့မှာ ကျောက်တော်မြို့ကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သားများ ထိခိုက်၊ နေအိမ်များပျက်စီး

ဧပြီ ၁၃ - ၂၀၂၅
0

ရခိုင်ပြည် ကျောက်တော်မြို့ပေါ်မှ ရပ်ကွက်များကို အာဏာသိမ်း စစ်ကောင်စီက သင်္ကြန်အကြိုနေ့ ယနေ့ ဧပြီလ ၁၃ ရက် နံနက် ၉ နာရီခွဲအချိန်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီက ဂျက်ဖိုက်တာ တိုက်လေယာဉ် တစ်စီးဖြင့် ဗုံးကြဲတိုက်ခဲ့ခြင်းဖြစ်ပြီး ကလေးငယ် ၁ ဦးအပါအဝင် အရပ်သား ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကာ လူနေအိမ်များလည်း ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။ ဒေသခံတစ်ဦးက “အကြမ်းဖက် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့ ကြဲချခဲ့တာ။ လမ်းတစ်နဲ့ ရွာမဘက်တွေမှာ ရွှေကျောင်းအနီးပေါ့ ကျရောက်ပေါက်ကွဲခဲ့တယ်။ ကလေး ၁ ဦးနဲ့ နောက်တစ်ဦး ဒဏ်ရာ ရတယ်လို့ သိရတယ်။ သေဆုံးသူမရှိဘူးလို့တော့

Continue Reading
ဒီပဲယင်း ကျခတ်ရွာ ဘုန်းကြီးကျောင်းကို လေယာဉ်ဖြင့် ဗုံးကြဲမှု ကိုရင် ၃ ပါးနှင့် အရပ်သား ၆ ဦးသေဆုံး
စစ်ရေး သတင်း
1 min read
0

ဒီပဲယင်း ကျခတ်ရွာ ဘုန်းကြီးကျောင်းကို လေယာဉ်ဖြင့် ဗုံးကြဲမှု ကိုရင် ၃ ပါးနှင့် အရပ်သား ၆ ဦးသေဆုံး

ဧပြီ ၁၂ - ၂၀၂၅
0

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကျခတ်ရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကိုရင် ၃ ပါး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ ယနေ့ ဧပြီလ ၁၂ ရက်နေ့ မွန်းလွဲ ၂နာရီ အချိန်ခန့်တွင် ဒီပဲယင်းနယ် ကျခတ်ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က တံတားဦး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ကျခတ်ကျေးရွာ ဘုန်းကြီးကျောင်း၌ ရှိနေသော ကိုရင် ၃ ပါး၊ ကျောင်းသား ၁ ဦး၊ ကပ္ပိယ အဘိုးအို ၁ ဦးနှင့် ‌အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး နောက်ထပ်

Continue Reading
ကြံသာရွာရှိ စစ်ကောင်စီစခန်းကို တော်လှန်ရေး ပူးပေါင်းအဖွဲ့ သိမ်းပိုက်
စစ်ရေး သတင်း
1 min read
0

ကြံသာရွာရှိ စစ်ကောင်စီစခန်းကို တော်လှန်ရေး ပူးပေါင်းအဖွဲ့ သိမ်းပိုက်

ဧပြီ ၁၂ - ၂၀၂၅
0

Western News|ဧပြီ ၁၂ စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကြံသာရွာမှာရှိသည့် စစ်ကောင်စီအခြေစိုက်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဧပြီ ၁၁ရက်နေ့တွင် သိမ်းပိုက်နိုင်ကြောင်း ကျောင်းသားတပ်မတော် ABSDF က ထုတ်ပြန်သည်။ အဆိုပါ စစ်ကောင်စီ တပ်စခန်းကို ကျောင်းသားတပ်မတော် အမှတ် (၃) စစ်ကြောင်း၊ တပ်ရင်း (၁၂)၊ KKG-CDF၊ ဟံသာ၀တီ (ပကဖ)၊ CDF.-SIYIN၊ ကလေးခရိုင်ခရိုင်စစ်ဒေသ ထန်တလန် DRအဖွဲ့များဖြင့်ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ကလေး – ဂန့်ဂေါ ကားလမ်းတွင်ရှိသည့် ကြံသာကျေးရွာသည် ပျူစောထီးအားကောင်းစိုးမိုးသည့် ကျေးရွာ ဖြစ်ပြီး တိုက်ပွဲအတွင်း ကြံသာကျေးရွာအပြင် ဟံသာဝတီ၊ မြောက်ခင်ရန်းကျေးရွာတို့မှ ပျူစောထီးအများ အပြား ပါဝင်တိုက်ခိုက်ကြကြောင်း သိရသည်။

Continue Reading
သင်္ကြန်ကာလအတွင်း စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီး အန္တရာယ် သတိထားရန် လိုအပ်
စစ်ရေး သတင်း
1 min read
0

သင်္ကြန်ကာလအတွင်း စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီး အန္တရာယ် သတိထားရန် လိုအပ်

ဧပြီ ၁၂ - ၂၀၂၅
2

သင်္ကြန်ကာလအတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများ လုပ်လာနိုင်ရန်၍ အထူး သတိထားရန် လိုအပ်နေကြောင်း လေကြောင်း အန္တရာယ် စောင့်ကြည့်သူများက ပြောသည်။ အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော မြို့နယ်များတွင် အချိန် မရွေး၊ နေရာမရွေး လေကြောင်းနှင့် လက်နက်ကြီးများဖြင့် အကြောင်မဲ့ ပစ်ခတ်လာနိုင်ကြောင်း စောင့်ကြည့် ဒေသခံများက ပြောသည်။ စစ်ကောင်စီ လက်ရှိ ထိန်းချုပ်ထားသော စစ်တွေ၊ ကျောက်ဖြူ မာန်အောင်မြို့နယ်များက စစ်ကောင်စီ၏ တပ်စခန်းများနှင့် လေကြောင်းတို့က ပစ်ခတ်လာနိုင်ကြောင်း လေကြောင်း အန္တရာယ် စောင့်ကြည့်နေသူတစ်ဦးက ကပြောသည်။ “ပုံမှန် ရက်တွေတောင် လေကြောင်း တိုက်ခိုက်မှု ဗုံးကြဲမှုတွေက လုပ်နေတာ။ ဒီလို အခါကြီး ရက်ကြီး

Continue Reading
ဖလမ်းမြို့ကို သိမ်းပြီးနောက် တီးတိန်မြို့ကို ဆက်လက်သိမ်းပိုက်မည်ဟု ချင်းညီနောင် ပြော
စစ်ရေး သတင်း
1 min read
0

ဖလမ်းမြို့ကို သိမ်းပြီးနောက် တီးတိန်မြို့ကို ဆက်လက်သိမ်းပိုက်မည်ဟု ချင်းညီနောင် ပြော

ဧပြီ ၁၁ - ၂၀၂၅
0

ဧပြီလ ၉ ရက်နေ့က ချင်းပြည်နယ်အတွင်း ဖလမ်းမြို့ကို သိမ်းပိုက်ပြီးနောက် တီးတိန်မြို့နယ်ကို ဆက်လက် တိုက်ခိုက် သိမ်းပိုက်သွားမည်ဟု ချင်းညီနောင်တပ်ဖွဲ့က တရားဝင် ပြောဆိုလိုက်သည်။ ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုအပေါ် ဧပြီလ ၉ ရက်နေ့က Facebook လူမှုကွန်ရက်စာမျက်နှာက Live လွှင့်ပြောကြားရာတွင် တီးတိန်မြို့ကို ဆက်လက်သိမ်းပိုက်မည်ဟု ချင်းအမျိုးသား ကာကွယ်ရေးတပ် (CNO/CNDF) အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းက ပြောသည်။ “ချင်းပြည်ထဲမှာ တီးတိန်မြို့ကိုလည်း ထပ်ပြီးမှ ဝင်ရောက်ဖို့ရှိတယ်။ ၂၀၂၄ မှာ စစ်ကောင်စီ ကင်းစင်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ၆၀ ရာခိုင်နှုန်းပဲပြီးခဲ့တယ်။ ၄ နေရာရခဲ့တယ်” ဟု ပြောသည်။ ချင်းပြည်နယ်မှာ မြို့ ၉ မြို့ရှိပြီး ၆

Continue Reading
တပ်မ ၇၇ တပ်မမှူး အောင်သက်ဦးသည် ရန်ကုန်ပြည်သူများအား ပစ်ခတ်သတ်ဖြတ်မှုတွင် ဦးဆောင်ခဲ့သူဖြစ်ဟုဆို
စစ်ရေး သတင်း
1 min read
0

တပ်မ ၇၇ တပ်မမှူး အောင်သက်ဦးသည် ရန်ကုန်ပြည်သူများအား ပစ်ခတ်သတ်ဖြတ်မှုတွင် ဦးဆောင်ခဲ့သူဖြစ်ဟုဆို

ဧပြီ ၁၁ - ၂၀၂၅
0

တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးထားသည့် စစ်ကောင်စီ၏ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးသည် ၂၀၂၁ ခုနှစ်အတွင်း ရန်ကုန်ပြည်သူများကို ပစ်ခတ်သတ်ဖြတ်မှုတွင် ဦးဆောင်ပါဝင်ခဲ့သူဖြစ်ကြောင်း စစ်အာဏာရှင် တော်လှန်သူများက ပြောသည်။ စစ်ကောင်စီ၏ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးကို စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲမှာ KIA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ အမှတ် ၁ စစ်ဗျူဟာအဖွဲ့မှ စစ်ဗျူဟာမှူးအဖြစ် ဗိုလ်မှူးချုပ် အောင်သက်ဦးက တာဝန်ထမ်းဆောင်ခဲ့ပြီး ရန်ကုန်မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်ရာတွင် အဓိက ဦးဆောင်ပါဝင်ခဲ့ကြောင်း စစ်အာဏာရှင် တော်လှန်နေသူတစ်ဦးက ပြောသည်။ “သူ့ရဲ့ နောက်ကြောင်းရာဇဝင်ကို

Continue Reading
AA ၏ အာရက္ခအိမ်မက် အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရန် ညီနောင်မဟာမိတ်အဖွဲ့များ ဆန္ဒပြု
စစ်ရေး သတင်း
1 min read
0

AA ၏ အာရက္ခအိမ်မက် အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရန် ညီနောင်မဟာမိတ်အဖွဲ့များ ဆန္ဒပြု

ဧပြီ ၁၀ - ၂၀၂၅
0

ယနေ့ ဧပြီလ ၁၀ ရက်တွင် ကျရောက်သော အာရက္ခတပ်တော် AA ၏ ၁၆ နှစ်မြောက် တပ်တည်ထောင်နေ့ နှစ်ပတ်လည်အခမ်းအနားမှာ ညီနောင်မဟာမိတ် ကိုးကန့်တပ် MNDAA နှင့် တအောင်းတပ် TNLA တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ကြသည်။ အာရက္ခတပ်တော် AA က အကောင်အထည်ဖော်နေသော အာရက္ခအိမ်မက် အမြန်ဆုံး အလုံးစုံ အကောင်အထည်ဖော်နိုင်ပါစေကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ဂုဏ်ပြုသဝဏ်လွှာတွင် ဆန္ဒပြုထားကြသည်။ အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်ရေးခရီးကြမ်းတွင် အာရက္ခအိမ်မက် ကို အကောင်အထည်ဖော်ရန် မရပ်မနား ကြိုးပမ်းနေကြေသော ရခိုင်သူရဲကောင်းများကို လေစားဂုဏ်ယူပါကြောင်းလည်း ညီနောင်မဟာမိတ် MNDAA နှင့် TNLA တို့က ပြောသည်။ အာရက္ခတို့၏ နိုင်ငံရေးရည်မှန်းချက်သည် ရခိုင်ပြည်သူများ၏

Continue Reading