ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းအမျိုးသားတပ်ဦး CNA က ဝမ်းမြောက်ကြောင်း ထုတ်ပြန်
စစ်ရေး သတင်း
1 min read
0

ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းအမျိုးသားတပ်ဦး CNA က ဝမ်းမြောက်ကြောင်း ထုတ်ပြန်

ဧပြီ ၁၀ - ၂၀၂၅
1

ချင်းပြည်နယ်က စစ်ကောင်စီ ထိန်းချုပ်ထားသည့် ဖလမ်းမြို့ကို ချင်းညီနောင်တပ်ဖွဲ့က ဧပြီလ ၉ ရက်နေ့က အလုံးစုံ သိမ်းပိုက်ရရှိခဲ့ပြီးနောက် CNA က ဝမ်းမြောက်ကြောင်း ထုတ်ပြန်လာသည်။ ချင်းညီနောင်အဖွဲ့နှင့် သဘောထား မတိုက်ဆိုင်သောအဖွဲ့ဖြစ်သည့်ချင်းပြည်နယ်၏ တော်လှန်ရေးတပ်ဖွဲ့ CNA (ချင်းအမျိုးသားတပ်ဦး) က ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ယနေ့ ဧပြီလ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။ “ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့တို့၏ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့သော ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုနှင့် ၎င်းစစ်ဆင်ရေးတွင် ပူးပေါင်းပါဝင်ကြသော ချင်းညီနောင် အဖွဲ့ဝင်များနှင့် မဟာမိတ်တပ်ဖွဲ့များအားလုံးအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင် အပ်ပါသည်” ဟု CNA က ဆိုသည်။ မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်ကျဆုံးပြီး စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီ

Continue Reading
စစ်ကိုင်း ဝန်းသိုမြို့ ဗုံးကြဲခံရမှု ကလေးအပါအဝင် လူ ၃၀ နီးပါး သေဆုံး
စစ်ရေး သတင်း
1 min read
0

စစ်ကိုင်း ဝန်းသိုမြို့ ဗုံးကြဲခံရမှု ကလေးအပါအဝင် လူ ၃၀ နီးပါး သေဆုံး

ဧပြီ ၁၀ - ၂၀၂၅
1

စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် နမ်းခမ်းကျေးရွာကို အာဏာသိမ်း စစ်ကောင်စီက လေကြောင်းဗုံးကြဲမှု နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့၍ ကလေးငယ်များအပါအဝင် လူပေါင်း ၃၀ နီးပါး သေဆုံးကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ဝန်းသိုမြို့နယ် နမ်းခမ်းကျေးရွာကို ယမန်နေ့ ဧပြီလ ၉ ရက် နေ့လယ် ၃ နာရီအချိန်ခန့်တွင် တစ်ကြိမ်နှင့် ညနေ ၆ နာရီအချိန့်က တစ်ကြိိမ် စုစုပေါင်း ၂ ကြိမ် အာဏာသိမ်း စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “နေ့လယ် တကြိမ် ညနေ တစ်ကြိမ် အကြမ်းဖက် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ ကလေးတွေလည်း တော်တော်များများသေတယ်။ လူကြီးတွေလည်း သေသွားတယ်။ အားလုံး ၃၀ လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။

Continue Reading
ဖလမ်းမြို့ကို သိမ်းပိုက် လိုက်ပြီးဟု ချင်းညီနောင် စစ်ဆင်ရေးက ထုတ်ပြန်
စစ်ရေး သတင်း
1 min read
0

ဖလမ်းမြို့ကို သိမ်းပိုက် လိုက်ပြီးဟု ချင်းညီနောင် စစ်ဆင်ရေးက ထုတ်ပြန်

ဧပြီ ၉ - ၂၀၂၅
0

ဧပြီလ ၉ ရက်နေ့တွင် ဖလမ်းမြို့နယ်တစ်ခုလုံးကို ချင်းညီနောင် စစ်ဆင်ရေး က အပြီးသတ် သိမ်းပိုက် ရရှိလိုက်ပြီး ဖြစ်ကြောင်း ယနေ့ ဧပြီ ၉ ရက်နေ့တွင် သတင်း ပြန်လာသည်။ ချင်းညီနောင်စစ်ဆင်ရေး Operation CB အဖြစ် ဖလမ်းမြို့ သိမ်းစစ်ဆင်ရေးကို ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင်စတင်ခဲ့ပြီး ၅ လအကြာတွင် သိမ်းပိုက် ရရှိခဲ့ခြင်း ဖြစ်သည်။ ဖလမ်းမြို့ မကျစေရေး စစ်ကောင်စီဖက်၏ ခလရ ၂၆၈ တပ်ရင်း အင်အားအပြင် ခလရ ၈၉ မှ စစ်ကူ အင်အား ၁ဝဝ ဝန်းကျင်နှင့် တပ်မ ၇၇

Continue Reading
စစ်ကိုင်းက အင်းတော်မြို့ကို KIA ဦးဆောင်သော တော်လှန်ရေးအဖွဲ့က သိမ်းပိုက်ရရှိ
စစ်ရေး သတင်း
1 min read
0

စစ်ကိုင်းက အင်းတော်မြို့ကို KIA ဦးဆောင်သော တော်လှန်ရေးအဖွဲ့က သိမ်းပိုက်ရရှိ

ဧပြီ ၈ - ၂၀၂၅
1

စစ်ကိုင်းတိုင်းဒေသက အင်းတော်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဦးဆောင်သော တော်လှန်ရေးအဖွဲ့က ဧပြီလ ၇ ရက်နေ့တွင် သိမ်းပိုက်ရရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ အင်းတော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီထံမှ လက်နက်ကြီး အမြောက်များ၊ လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ ဖမ်းဆီး သိမ်းဆည်းရမိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောသည်။ “မနေ့က ဧပြီလ ၇ ရက်နေ့ ညပိုင်းမှာ အင်းတော်မြို့ကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီ။ စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းဆီးရရှိတယ်။ ၁၂၀ မမ ၊ ၁၂၂ လက်နက်ကြီးတွေနဲ့ လက်နက်ခဲယမ်းတွေ အများကြီးရပါတယ်” ဟု ပြောသည်။ အင်းတော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်ပြီးနောက်

Continue Reading
စစ်တွေမြို့ခံများ ရန်ကုန်သို့ နေအိမ်ပြောင်းရွှေ့မှု များလာ
စစ်ရေး သတင်း
1 min read
0

စစ်တွေမြို့ခံများ ရန်ကုန်သို့ နေအိမ်ပြောင်းရွှေ့မှု များလာ

ဧပြီ ၈ - ၂၀၂၅
0

ယခုရက်ပိုင်းအတိုးအတွင်း ရခိုင်ပြည် စစ်တွေမြို့ပေါ်က ငွေကြေးတတ်နိုင်သည့် ဒေသခံပြည်သူများမှာ ရန်ကုန်မြို့သို့ နေအိမ်ပြောင်းရွှေ့မှု များပြားလာကြောင်း စစ်တွေမြို့ခံများက ပြောသည်။ စစ်တွေမြို့သည် ရခိုင်ပြည်၏ မြို့တော်ဖြစ်ပြီး လက်ရှိ ကျန်ရှိနေသော ရခိုင်ပြည် သုံးမြို့နယ်အထဲမှ အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားဆဲ ဖြစ်သော မြို့တစ်ခုလည်းဖြစ်သည်။ မိုးရာသီကာလ တိုက်ပွဲပြင်းထန်လာမည်ဟု သတင်းထွက်ပေါ်နေ၍ ငွေကြေးတတ်နိုင်သည့် မြို့ခံများမှာ နေအိမ်မှာ ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများအားလုံးကို ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြောသည်။ “မြို့ခံတွေ အဓိက ရန်ကုန်မှာ မိသားစုရှိတဲ့ သူတွေ၊ ပိုက်ဆံရှိတဲ့သူတွေက နေအိမ်တွေက ဆိုင်ကယ်တွေ၊ ရေခဲသေတ္တာတွေ၊ ကားတွေ၊ အိမ်သုံးပရိဘောဂတွေနဲ့ တခြား ရွှေ့ပြောင်းလို့ရတဲ့ ပစ္စည်းတွေ အကုန်လုံးကို ပြောင်းရွှေ့နေကြပါတယ်။

Continue Reading
“စစ်ကိုင်းငလျင်” ကို “မန္တလေးငလျင်” ဟု ရေးသား သုံးစွဲ ရမည်ဟု စစ်ကောင်စီက ဖိအားပေးလာ
စစ်ရေး သတင်း
1 min read
0

“စစ်ကိုင်းငလျင်” ကို “မန္တလေးငလျင်” ဟု ရေးသား သုံးစွဲ ရမည်ဟု စစ်ကောင်စီက ဖိအားပေးလာ

ဧပြီ ၈ - ၂၀၂၅
0

ပြီးခဲ့သည့် မတ် ၂၈ ရက်နေ့တွင် စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကို “မန္တလေးငလျင်ကြီး” ဟု ခေါ်ဝေါ် ရေးသား သုံးစွဲ ရမည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်လာသည်။ သတင်းမီဒီယာများအနေဖြင့်လည်း စစ်ကောင်စီက သတ်မှတ်ထားသည့်အတိုင်း မန္တလေး ငလျင်ကြီးဟု သာ သုံးစွဲရန်လည်း စစ်ကောင်စီပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။ “မှတ်တမ်းပြုစုရာမှာ၊ ဖော်ပြချက်တွေ ဖော်ပြရာမှာ၊ ရည်ညွန်းပြောဆိုရာမှာ တူညီလွယ်ကူစေရန်အတွက် မန္တလေး ငလျင်ကြီးဟု သတ်မှတ်ခေါ်ဝေါ်သုံးစွဲသွားမှာ ဖြစ်ကြောင်း အသိပေး ထုတ်ပြန်အပ်ပါတယ်။ မီဒီယာများအနေနဲ့ကလည်း ဒီငလျင်ကြီးကို ရည်ညွန်းခေါ်ဝေါ် သုံးစွဲသတင်းရေးသားရမှာပါ “ဟုပြောဆိုသည်။ မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန် စစ်ကိုင်းမြို့၏

Continue Reading
စစ်ကောင်စီက အပစ်ရပ်ကတိကို ချိုးဖောက်ပြီး AA အား တိုက်ခိုက်နေ
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီက အပစ်ရပ်ကတိကို ချိုးဖောက်ပြီး AA အား တိုက်ခိုက်နေ

ဧပြီ ၇ - ၂၀၂၅
0

အာဏာသိမ်း စစ်ကောင်စီက အပစ်ရပ်ကတိကို ချိုးဖောက်ပြီး ရခိုင်၊ ပဲခူးနှင့် ဧရာဝတီတို့တွင် အာရက္ခတပ်တော် AA အား ပစ်ခတ်တိုက်ခိုက်နေကြောင်း AA မှ ဧပြီလ ၅ ရက်တွင် ထုတ်ပြန်ထားသည်။ စစ်ကောင်စီသည် ငလျင်ကယ်ဆယ်ရေးကို အကြောင်းပြု၍ ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ အပစ်ရပ်စဲကြောင်း ထုတ်ပြန်ထားသည်။ သို့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်ကို တိုက်ခိုက်နေကြောင်းနှင့် ရခိုင်ပြည် စစ်တွေမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ခိုက်နေသည်ဟု သိရသည်။ ဧပြီလ ၅ ရက်နေ့က စစ်တွေနှင့် ကျောက်ဖြူမြို့နယ်ရှိ AA တပ်ဖွဲ့ဝင်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရော့ဗုံးများဖြင့် တိုက်ခိုက်ခြင်း၊ လေကြောင်းတိုင်းခိုက်ခြင်းနှင့်

Continue Reading
TNLA ထိန်းချုပ်ထားသော နောင်ချိုမြို့နယ်ကို စစ်ကောင်စီက အဆိပ်ငွေ့ဗုံးများဖြင့် တိုက်ခိုက်
စစ်ရေး သတင်း
1 min read
0

TNLA ထိန်းချုပ်ထားသော နောင်ချိုမြို့နယ်ကို စစ်ကောင်စီက အဆိပ်ငွေ့ဗုံးများဖြင့် တိုက်ခိုက်

ဧပြီ ၆ - ၂၀၂၅
0

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီက အဆိပ်ငွေ့ဗုံး ၃ လုံး လာရောက်ကြဲချခဲ့ကြောင်း တအာင်းတပ် TNLA မှ ယနေ့ ဧပြီ ၆ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။ ယမန်နေ့ ဧပြီ ၅ ရက်နေ့ နေ့လယ် ၂ နာရီတွင် တောင်ခမ်းကျေးရွာရှိ အမှတ် ၉၀၂ တပ်စခန်းအနီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံးများဖြင့် ကြဲချခဲ့ခြင်းဖြစ်သည် TNLA က ပြောသည်။ ထို့အပြင် ဧပြီလ ၅ ရက်နေ့ ည ၁၀ နာရီ ၁၁ မိနစ်၀န်းကျင်အချိန် စစ်ကောင်စီတပ်က နောင်ချိုမြိုနယ်၊ နောင်လင်ကျေးရွာနှင့် နမ့်ဆောင်ဟူးကျေးရွာကို ဂျက်ဖိုက်တာဖြင့် ပေါင်

Continue Reading
စစ်ကောင်စီက ချင်းပြည်တောင်ပိုင်းကို ဗုံးကြဲတိုက်ခိုက်
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီက ချင်းပြည်တောင်ပိုင်းကို ဗုံးကြဲတိုက်ခိုက်

ဧပြီ ၃ - ၂၀၂၅
0

(လူနေအိမ်များအပါအဝင် အစိုးရအဆောက်အဦး ၂၀ ခန့်ပျက်စီးသွား) ချင်းပြည် တောင်ပိုင်းဒေသရှိ ကန်ပက်လက်မြို့နယ်ကို ယမန်နေ့ ဧပြီ ၂ ရက်နေ့တွင်ဂျက်ဖိုက်တာဖြင့် အကြိမ်ကြိမ် ဗုံးကြဲချခဲ့သည်ဟု ကန်ပက်လက်မြို့နယ် ပြည့်သူအုပ်ချုပ်ရေးအဖွဲ့မှ ဧပြီလ ၂ ရက်တွင် ထုတ်ပြန်သည်။ အာဏာသိမ်း စစ်ကောင်စီ ယာယီ အပစ်ရပ်ကြေညာသည့် ဧပြီလ ၂ ရက်တွင် ချင်းပြည်တောင်ပိုင်းကို ယမန်နေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ်တွင် ဂျက်ဖိုက်တာဖြင့် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကန်ပက်လက်မြို့ထဲက လူနေအိမ်များ အပါအဝင် အစိုးရအဆောက်အဦး ၂၀ ခန့်ပျက်စီးသွားသည်ဟု ကန်ပက်လက်မြို့နယ် ပြည့်သူအုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။ အရပ်သားပြည်သူ့နေအိမ် ၅

Continue Reading
စစ်ကောင်စီ အပစ်ရပ် အပြီး ယနေ့တွင် စစ်တွေနှင့် ကျောက်ဖြူကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲနေ
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီ အပစ်ရပ် အပြီး ယနေ့တွင် စစ်တွေနှင့် ကျောက်ဖြူကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲနေ

ဧပြီ ၃ - ၂၀၂၅
0

စစ်ကောင်စီက အပစ်ရပ်ကြောင်း ကြေညာပြီးနောက် ရခိုင်ပြည် စစ်တွေမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်က ကျေးရွာအချို့ကို ဂျက်တိုက်လေယာဉ်နှင့် လက်နက်ကြီး၊ ဒရုန်း၊ စက်တပ် လေထီးများဖြင့် ဗုံးကြဲခဲ့သည်။ ယနေ့ ဧပြီ ၃ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ကျောက်ဖြူမြို့ နယ်ထဲက ကျေးရွာ အချို့ကို တိုက်ပွဲ တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာတစ်စီးနှင့် လာရောက် ဗုံးကြခဲ့သလို ဒရုန်း၊ စက်တပ်လေထီးများဖြင့် တိုက်ခိုက်ခဲ့သည်။ ကျောက်ဖြူမြို့ခံတစ်ဦးက “ကျောက်ဖြူဖက်မှာတော့ နေတိုင်းလိုလို လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိတယ်။ ဒီနေ့ကတော့ နည်းနည်း ထူးခြားပါတယ်။ ဒီနေ့မှာ ဂျက်တစ်စီးနဲ့ သုံးကြိမ်ကြိမ်တိုင်တိုင် လာပြီးတော့ ဗုံးကြဲသွားပါတယ်။ ရန်ကုန်- ကျောက်ဖြူ ကားလမ်းတစ်လျောက်မှာ

Continue Reading