တောင်ကုတ် ကင်းတောင်စံပြရွာ ဗုံးကြဲခံရ အရပ်သား ၄ ဦးသေဆုံး
ရခိုင်ပြည် တောင်ကုတ်မြို့နယ် ကင်းတောင်စံပြ ကျေးရွာကို ယနေ့ အောက်တိုဘာလ ၄ ရက် နံနက် ၂ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ၄ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိသည်။ တောင်ကုတ်မြို့ခံတစ်ဦးက ” ကျနော်တို့ နေတဲ့အပိုင်းက အဘိုးကြီးတစ်ယောက် အဒေါ်ကြီးတစ်ယောက်သေတယ်။ ပြီးတော့ ကလေးလေးတစ်ယောက်သေတယ်။ ရွာအထက်ပိုင်းက တစ်ယောက် သေတယ်။ ဒဏ်ရာရတဲ့သူတွေ အများကြီးပဲ အခု လမုဘက် ဆေးကုဖို့ ပို့ထားတယ်။ တိုက်ပွဲမရှိဘဲ စစ်ကောင်စီ ဗုံးလာကြဲတာလို့ သိရတယ်။ “ ဟု ပြောသည်။ သေဆုံးသူ ၄ ဦးထဲက ၃ ဦး၏အမည်မှာ ဦးလှတင် (၇၀ နှစ်)၊ ဒေါ်မြရီ
စစ်ကောင်စီက လားရှိုးမြို့ကို စစ်လေယာဉ်များဖြင့် ၄ ကြိမ် ထပ်မံ ဗုံးကြဲ
အာဏာသိမ်းစစ်ကောင်စီက ယနေ့ အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်း ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ လားရှိုးမြို့ကို လေယာဉ်များဖြင့် ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း MNDAA သတင်းရင်းမြစ်ထံမှ သိရသည်။ ယနေ့ နံနက် ၂ နာရီ ၁၃ မိနစ်အချိန်မှ စတင်ပြီး လားရှိုးမြို့ကို ဆက်တိုက် လေယာဉ်များဖြင့် ဗုံးကျဲနေခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ လေယာဉ်ဖြင့် ဗုံးကျဲမှု ၄ ကြိမ်ရှိနေပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ နံနက် ၂ နာရီ ၁၃ မိနစ်အချိန် ပထမအကြိမ် လေယာဉ်ဖြင့် ဗုံးကြဲခဲ့ပြီး ရပ်ကွက် ၈၊ ၁၂၁ အနောက်လမ်းကြားသို့ ဗုံးကျရောက် ပေါက်ကွဲခဲ့ကာ ကနဦးအနေဖြင့်
ကရင်နီဒေသက ရှမ်းတော်လှန်ရေးတပ် SSLRU တိုက်ခိုက်ရေးသင်တန်း
ကရင်နီဒေသက ရှမ်းပြည် (တောင်ပိုင်း) ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု SSLRU ၏ အပတ်စဉ် ၃ တိုက်ခိုက်ရေး တန်းမြှင့် စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာ ၁ ရက်တွင် ပြုလုပ်ခဲ့ကြသည်။ SSLRU မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် မဟာမိတ်တပ်ဖွဲ့ အသီးသီးမှ တာဝန်ရှိသူများ တက်ရောက် စကားပြောခဲ့ကြသည်။ သင်တန်းသား ရဲဘော်များက သစ္စဓိဌာန် ရွက်ဆိုကြပြီး တာဝန်ရှိသူများက သင်တန်းသားများအပေါ် ဂုဏ်ပြုမှတ်တမ်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မြေရှားထွက်သည့် ကချင် ဆော့လော်မြို့ကို KIA သိမ်းပိုက်
ကချင်ပြည်နယ် ဆော့လော်မြို့ကို စစ်ကောင်စီထံက ကချင်လွတ်လပ်ရေးတပ် KIA က သိမ်းပိုက်လိုက်ပြီဟု သတင်းရင်းမြစ်များက ပြောသည်။ ဆော့လော်မြို့ကို ယနေ့ အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၇ နာရီကျော်အချိန်က KIA ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီး ဆော့လော်မြို့သည် မြေရှားသတ္တုထွက်သည့် မြို့တစ်မြို့လည်းဖြစ်သည်။ မြေရှားသတ္တုထွက်သည့် ဆော့လော်မြို့ကို သိမ်းပိုက်နိုင်ရန် KIA ပူးပေါင်းတပ်ဖွဲ့များသည် စက်တင်ဘာလ ၂၉ ရက်နေ့က စတင်ပြီး စစ်ကောင်စီတပ်များကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဆော့လော်မြို့သည် ကချင်အထူးဒေသ ၁ တွင် ပါဝင်ပြီး စစ်ကောင်စီ (မြန်မာစစ်တပ်) က ပြည်သူ့စစ်အဖွဲ့များဖြင့် ပူးပေါင်းအုပ်ချုပ်ထားသော မြို့လည်းဖြစ်သည်။ ဆော့လော်မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ကြီးပစ်မှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများ
လားရှိုးမြို့ထဲ စစ်ကောင်စီ သတင်းပေးများရှိနေဟု ဆို
ကိုးကန့်တပ် MNDAA သိမ်းပိုက်ထားသော ရှမ်းမြောက်ဒေသ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ရာတွင် သတင်းပေးများ၏ အချက်အလက်များကို အသုံးပြုတိုက်ခိုက်နေကြောင်း သိရသည်။ ပစ်မှတ်များကို တည့်တည့် ပစ်ခတ်တိုက်ခိုက်နိုင်ခြင်းမှာ တည်နေရာ မြေပုံနှင့်တကွ သတင်းပေးများကြောင့် စစ်ကောင်စီက ရွေးချယ်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။ “လေယာဉ်နဲ့ ဗုံးကြဲမှုတွေမှာ လားရှိုးထဲကနေ ပေးပို့တဲ့ အချက်အလက်တွေအပေါ် မူတည်ပြီးတော့ တိုက်ခိုက်ခဲ့တယ်လို့ ပြန်သိရပါတယ်။ လားရှိုးထဲမှာ တပ်သတင်းပေး ရှိနေတဲ့ သဘောပဲ။ လားရှိုးမြို့ကွက်နဲ့ မြေပုံက တပ်ဘက်မှာ ရှိပါတယ်။ အထဲက သတင်းပေးက ပြောတဲ့ နေရာကို တည်နေရာ သတ်မှတ်ရွေးချယ်ပြီး လေကြောင်း ပစ်မှတ်ပြန်ရွေးတယ်လို့ သိရတယ်။” ဟု ပြောသည်။
ပလက်ဝဒေသခံ ၁၄ ဦးကို AA က ဖမ်းထားဟုဆို
(ULA/AA ပြောခွင့်ရ ဦးခိုင်သုခ တုံ့ပြန်ခြင်းမရှိပေ) CDF-Paletwa (ပလက်ဝ ကာကွယ်ရေးတပ်) ကို ထောက်ပံ့သည်ဟုဆိုကာ ပလက်ဝမြို့နယ် ကျေးရွာလေးရွာက အရပ်သား ၁၄ ဦးကို အာရက္ခတပ်တော် AA က ဖမ်းဆီးထားကြောင်း Global Khumi Organization (GKO) က စက်တင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။ စက်တင်ဘာလ ၁၇ ရက်တွင် င/ရှားကျေးရွာမှ ဦးလင်းဝိုက်၊ ဦးထိန်လင်း၊ ဦးအောင်မ၊ ဦးပန်မြတ်ထိုက်နှင့် ဦးယက်ရယ် (Yeh Ray) နှင့် ချင်းဒေါက်ကျေးရွာမှ ဦးနန်းဘဲ၊ ဦးကျော်လှအောင်တို့ကို AA က ဖမ်းဆီးသွားသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ ကုန်းတော်အုပ်စု ရေချမ်းသာကျေးရွာမှ ၃
ကောလင်းကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား ၇ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်းဒေသ ကောလင်းမြို့နယ် ဥက္ကံကျေးရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၍ အပြစ်မဲ့အရပ်သားပြည်သူ ၇ ဦးသေဆုံးသွားပြီး ၄ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။ ယမန်နေ့ စက်တင်ဘာလ ၃၀ ရက် နေ့လယ် ၁၂ နာရီခန့်က ဥက္ကံကျေးရွာ အရှေ့အိုင်ကြီး လမ်းခွဲနေရာကို စစ်ကောင်စီ ဗုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း ကောလင်းခရိုင် အမှတ် ၂ တပ်ရင်းက ပြောသည်။ စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စီးဖြင့် ပေါင် ၅၀၀ ဗုံး ၄ လုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်းဆိုသည်။ ကောလင်းမြို့နယ် ဥက္ကံကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ လုံးဝမရှိသော ကျေးရွာဖြစ်ပြီး စစ်ကောင်စီက အရပ်သားများအပေါ် ဦးတည်ပစ်မှတ်ထားခြင်းသာ ဖြစ်ကြောင်း သိရသည်။
တအောင်းဒေသမှာ ဗုံးကြဲခံရ၍ တစ်လအတွင်း သေဆုံးသူ ၂၆ ဦးရှိပြီး ၄၁ ဦး ဒဏ်ရာရ
ရှမ်းမြောက် TNLA ထိန်းချုပ်ထားသော တအောင်းဒေသကို အာဏာသိမ်း စစ်ကောင်စီက ဗုံးဆက်တိုက် တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အပြစ်မဲ့အရပ်သားပြည်သူ သေဆုံးသူ ၂၆ ဦးနှင့် ၄၁ ဦး ပြင်းထန်ဒဏ်ရာများ ရရှိကြသည်။ အဆိုပါ ထိခိုက် သေဆုံးသူ အရပ်သားပြည်သူ အရေအတွက်မှာ စက်တင်ဘာလ တစ်လအတွင်း သေဆုံးခြင်းဖြစ်ပြီး ကုန်ခဲ့သည့် စက်တင်ဘာလ ၂၈ ရက်မှ ၃၀ ရက် သုံးရက်အတွင်း ၄ ဦးသေဆုံးခဲ့ပြီး ၁၁ ဦးအထိ ဒဏ်ရာရရှိခြင်းဖြစ်သည်။ သေဆုံးသူများထဲတွင် ကလေးငယ်များ၊ အမျိုးသမီး ၁၀ ဦးထက်မနည်း ပါဝင်ကြောင်း တအောင်းတပ် TNLA ကဆိုသည်။ အာဏာသိမ်း စစ်ကောင်စီ လေတပ်သည် အဘက်ဘက်မှ
စစ်ကောင်စီ လေကြောင်း ဗုံးကြဲ၍ ရခိုင်မှာ ၃ ရက်အတွင်း အရပ်သား ၁၈ ဦး အစုလိုက်အပြုံလိုက်သေဆုံး
အာဏာသိမ်း စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရခိုင်ပြည် တောင်ကုတ်၊ မြေပုံနှင့် သံတွဲမြို့နယ်တွင် ၃ ရက်အတွင်း ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၁၈ ဦး အစုလိုက်အပြုံလိုက် သေဆုံးပြီး ၃၆ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြသည်။ ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက် ၈ နာရီခန့်က သံတွဲမြို့ပေါ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ၁၄ ဦး သေဆုံးကာ ၂၅ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြခြင်းဖြစ်သည်။ သံတွဲဒေသခံတစ်ဦးက “မြို့တော်ခန်းမနဲ့ ဌာနဆိုင်ရာရုံးတွေကို ဗုံးကြဲခဲ့တာ။ ကလေးတွေ၊ အမျိုးသမီးတွေ အစုလိုက် အပြုံလိုက်သေကြတယ်။ တော်တော် စာနာတရားကင်းမဲ့တာပဲ။