ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ရှောင်ကလေးငယ်များ ပညာသင်ကြားနိုင်ရေး အခက်ခဲဖြစ်နေ
ပညာရေး သတင်း
0 min read
0

ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ရှောင်ကလေးငယ်များ ပညာသင်ကြားနိုင်ရေး အခက်ခဲဖြစ်နေ

ဒီဇင်ဘာ ၂၄ - ၂၀၂၄
0

ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်ကလေးငယ်များကို ဆက်လက် ပညာသင်ကြားနိုင်ရန် ငွေကြေးမလုံလောက်သည့် ခက်ခဲမှုများကို ရင်ဆိုင်နေရသည်ဟု အခမဲ့ပညာသင်ကြားပေးနေသော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ပြောသည်။ လင်းရောင်ခြည်ဖောင်ဒေးရှင်း၏ အခမဲ့ပညာသင်ကြားရေး အစီစဉ်ဖြင့် ပညာသင်ကြားလျှက်ရှိနေကြသည့် ပုဏ္ဏားကျွန်းဒေသက စစ်ဘေးရှောင်ကလေးငယ်များမှာ လက်ရှိထောက်ပံ့ရေးအခက်ခဲများကြောင့် ဆက်လက် ပညာသင်ကြားနိုင်ရန် အခက်အခဲဖြစ်နေကြခြင်းဖြစ်သည်။ တာဝန်ရှိသူတစ်ဦးက “စစ်ဘေးရှောင် ကလေးတွေကို ကျောင်း ၇ ကျောင်းခွဲပြီး အခမဲ့ပညာသင်ကြားရေး အစီစဉ်လုပ်ထားပါတယ်။ ပညာသင်ကြားရေးကာလ အစကနေ အခုချိန်ထိ ခက်ခက်ခဲခဲပဲ ရပ်တည်လာခဲ့ကြရတယ်ေပါ့နော်။ လက်ရှိမှာတော့ အခက်ခဲကပိုလာတယ်။ ငွေကြေးပိုင်းမလုံလောက်တော့တာတွေ ဖြစ်လာတဲ့အတွက် ကလေးတွေကို ဆက်လက်ပညာသင်ကြားပေးနိုင်ဖို့ အခက်ခဲရှိလာတာပါ” ဟု ပြောသည်။ လင်းရောင်းခြည်ဖောင်ဒေးရှင်းမှ ဦးစီး၍ ပုဏ္ဏားကျွန်းမြို့ဒေသတွင် စာသင်ဆောင်များဆောက်လုပ်ကာ စစ်ဘေးရှောင်ကလေးငယ် ၁၂၀၀ ကျော်ကို အခမဲ့ပညာသင်ကြားရေးနှင့်

Continue Reading