စစ်ကောင်စီက အာဏာသိမ်းကာလ ထပ်မံ သက်တမ်းတိုး
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီက အာဏာသိမ်းကာလ ထပ်မံ သက်တမ်းတိုး

ဇန်နဝါရီ ၃၁ - ၂၀၂၅
0

မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်း စစ်အုပ်ချုပ်ရေးကာလကို နောက်ထပ် ၆ လ ထပ်မံသက်တမ်းတိုးလိုက်ကြောင်း သိရသည်။ အာဏာသိမ်း ကာလ ၄ နှစ်ပြည့်ပြီးနောက်မှာ ထပ်မံ သက်တမ်းတိုးခြင်းဖြစ်သည်။ မိမိကိုယ်ကို ယာယီသမ္မတ ခန့်အပ်ထားသော မင်းအောင်လှိုင်က ပြည်လုံးကျွတ် ရွေးကောက်ပွဲကျင်းပရန် လက်ရှိ နိုင်ငံတော်၏အခြေအနေများမှာ တည်ငြိမ်ရန် လိုအပ်နေသည့်အတွက်ဟု အကြောင်းပြသည်။ စစ်အုပ်ချုပ်ရေးကို ထပ်မံ ၆ လသက်တမ်းတိုးမြှင့်ပြီး အာဏာအား မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်ထံသို့ လွှဲပြောင်းထားကြောင်း အမျိုးသားကာကွယ်ရေးနှ င့်လုံခြုံရေးကောင်စီက ယနေ့ နံနက်ပိုင်းတွင် ကြေညာခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က

Continue Reading
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဟောင်း မိမိကိုယ်ကို သတ်သေရန်ကြံစည်
မှုခင်း သတင်း
1 min read
0

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဟောင်း မိမိကိုယ်ကို သတ်သေရန်ကြံစည်

ဒီဇင်ဘာ ၁၁ - ၂၀၂၄
0

စစ်အုပ်ချုပ်ရေးအမိန့်မှာ သမ္မတနှင့်အတူ ပါဝင်ခဲ့သည့် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဟောင်း မိမိကိုယ်ကို သတ်သေရန် ကြံစည်ကြိုးပမ်းခဲ့ကြောင်း သိရသည်။ ကာကွယ်ရေးဝန်ကြီးဟောင်း Kim Yong-hyun သည် ဆူပူသောင်းကျန်းမှု စွဲချက်ဖြင့် ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရစဉ် သူ့အသက်ကို သတ်ရန် ကြိုးပမ်းခဲ့သော်လည်း လက်ရှိအခြေအနေမှာ တည်ငြိမ်နေကြောင်း တရားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ပြောကြားထားသည်။ Kim သည် ဆိုးလ်အရှေ့ပိုင်းရှိ Dongbu ထိန်းသိမ်းရေးစင်တာရှိ ရေချိုးခန်းအတွင်း အတွင်းခံအဝတ်အစားများ ချည်နှောင်ထားသည့် ကြိုးဖြင့် မိမိကိုယ်ကို ကြိုးဆွဲချရန် ကြိုးစားနေသည်ကို တွေ့ရှိခဲ့ရသည်။ “ဆေးဘက်ဆိုင်ရာအဖွဲ့ရဲ့ ကုသမှုက သူဟာ ပုံမှန်မဟုတ်တဲ့ အခြေအနေမှာ တည်ငြိမ်နေတယ်ဆိုတာကို ပြသခဲ့ပြီး လက်ရှိမှာတော့ ပုံမှန်အခြေအနေအောက်မှာပဲ ထိန်းသိမ်းထားပါတယ်။”

Continue Reading
တောင်ကိုရီးယား သမ္မတကို တရားစွဲရန် အဆိုပြုချက် မအောင်မြင်
နိုင်ငံရေး သတင်း
1 min read
0

တောင်ကိုရီးယား သမ္မတကို တရားစွဲရန် အဆိုပြုချက် မအောင်မြင်

ဒီဇင်ဘာ ၈ - ၂၀၂၄
0

ယမန်နေ့ ဒီဇင်ဘာလ ၇ ရက် စနေနေ့က ပြုလုပ်ခဲ့သည့် တောင်ကိုရီးယား သမ္မတ ယွန်းဆက်ယိုး ကို တရားစွဲရန် အဆိုပြုချက် မအောင်မြင်ခဲ့ကြောင်း သိရသည်။ သမ္မတ ပါတီဖြစ်သည့် ပြည်သူ့စွမ်းအားပါတီမှ လွှတ်တော်အမတ်များက ယင်းစွပ်စွဲချက်ကို ကန့်ကွက်မဲပေးခဲ့ကြသည်။ အတိုက်အခံပါတီ၏ တရားစွဲမှုအောင်မြင်ရန် သမ္မတပါတီဖြစ်သော ပြည်သူ့စွမ်းအားပါတီကနေ ထောက်ခံမဲ ၈ မဲ လိုအပ်ခဲ့ကြောင်း သိရသည်။ ပြည်သူ့စွမ်းအားပါတီ ခေါင်းဆောင်ဖြစ်သော ဟန်ဒေါင်ဟွန်းက သောကြာနေ့ ဒီဇင်ဘာ ၆ ရက်တွင် သမ္မတ ယွန်းကို ရာထူးက ရပ်ဆိုင်းရန် တောင်းဆိုခဲ့သည်။ ယင်းအပြင် သမ္မတယွန်း ဆက်လက်တည်ရှိမှုက အန္တရာယ်မြင့်မားသည့်အကြောင်း ပြောကြားခဲ့သည်။ သမ္မတ ယွန်းကမူ စနေနေ့ ဒီဇင်ဘာ

Continue Reading