စစ်တွေမြို့အဝင်က စစ်ကောင်စီ ဂိတ်စခန်းအချို့ကို AA က စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်
ရခိုင်ပြည်၊ စစ်တွေမြို့အဝင် ဟိုက်ဝေးလမ်းမပေါ်ရှိ စစ်ကောင်စီ၏ ဂိတ်စခန်းအချို့ကို အာရက္ခတပ်တော် AA က စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း စစ်တွေမြို့ခံ စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ အာရက္ခတပ်တော် AA မှ စစ်တွေမြို့အဝင်က စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများအား စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်မှာ တစ်လနီးပါး ရှိလာနေပြီဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။ “စစ်တွေမြို့အဝင်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းတွေက ရန်ကုန်-စစ်တွေ ဟိုက်ဝေးလမ်းမပေါ် ဘေးတစ်ဖက်တစ်ချက်စီမှာ ရှိတယ်။ အဓိက ပါဒလိတ်၊ အမြင့်ကျွန်း၊ ရွှေမင်းဂံ စတဲ့ နေရာတွေကို AA က အဓိက တိုက်ခိုက်နေတယ်” ဟု ပြောသည်။ အာရက္ခတပ်တော် AA က စနိုက်ပါပစ်ခတ် တိုက်ခိုက်မှုအပြင် လက်နက်ကြီးများဖြင့်လည်း