မြန်မာငွေကျပ် ၁ သိန်းကို ဘတ်ဈေး ၅၆၅ ဘတ်ရှိ၊ အမေရိကန် တစ်ဒေါ်လာ ကျပ် ၆၅၀၀ နီးပါးရှိ
ထိုင်း-မြန်မာငွေလဲ ဈေးနှုန်း ဘတ် ၆၀၀ အောက်မှာရှိနေပြီး အမေရိကန်တစ်ဒေါ်လာ ၆၅၀၀ နီးပါးအထိ ထိုးတက်သွားကြောင်း ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။ ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့ နံနက် ၉ နာရီ ပေါက်ဈေးအရ ထိုင်းဘတ်ငွေ ၅၆၅ ဘတ်လျှင် မြန်မာငွေကျပ် ၁ သိန်းရရှိပြီး မြန်မာကျပ်ငွေ ၁ သိန်းလျှင် ထိုင်းဘတ် ၅၂၅ ဘတ်သာ ရရှိကြောင်း ငွေလဲလုပ်ကိုင်သူများထံမှ သိရသည်။ ဖော်ပြပါ ငွေလဲဈေးနှုန်းသည် ထိုင်းနိုင်ငံအတွင်း လူသိများသည့် The Hobby Myanmar ၏ နံနက် ၉ နာရီ အဖွင့်ဈေးနှင့် Western News က
ရန်ကုန်မြို့၏ စက်သုံးဆီပြတ်လပ်မှုအခြေအနေ
(မြန်မာတစ်နိုင်ငံလုံး စက်သုံးဆီပြတ်လပ်မှု အဆိုးရွားဆုံးသို့ရောက်ရှိ) (ဓါတ်ပုံသတင်း) မြန်မာတစ်နိုင်ငံလုံးတွင် စက်သုံးဆီပြတ်လပ်မှု အခြေအနေဆိုးရွားနေပြီး ရန်ကုန်ရှိ ဆီဆိုင်များရှေ့တွင် ညအိပ်စောင့်ဆိုင်း တန်းစီနေရသည်အထိ စက်သုံးဆီပြတ်လပ်နေသည်။ ဇူလိုင် ၂၇ ရက်မှစတင်ပြီး တစ်နိုင်ငံလုံးတွင် စက်သုံးဆီပြတ်လပ်မှုများ စတင်ခဲ့ရာမှ ယခု ရက်ပေါင်း ၂၀ နီးပါး ရှိလာချိန်အထိ စက်သုံးဆီပြတ်လပ်မှုမှာ ပြေလည်ခြင်းမရှိဘဲ တစ်နေ့တစ်ခြား ပိုမိုဆိုးဝါးလာနေသည်။ ယခု ဩဂုတ်လ ဒုတိယအပတ်အခြေအနေသည် အဆိုးရွားဆုံး စက်သုံးဆီပြတ်လပ်မှုများဖြစ်ပေါ်နေပြီး ဆီဆိုင်များတွင် နံနက်ပိုင်းသာ စက်သုံးဆီ ဝယ်ယူရရှိနိုင်တော့သည်။ ရန်ကုန်မြို့မှ ပြည်သူတစ်ဦးက “ကျနော် မနက် ၂ နာရီ ထပြီး ဆီတန်းစီတာ။ ကိုယ့်ရှေ့မှာ ကားက အစီး ၃၀ လောက်ရှိနေတယ်။ သူတို့ကို
ဒေါ်လာ ၈၅၅ သန်းတန် တကောင်းနီကယ် စက်ရုံ ကိစ္စ NUG နှင့် တရုတ်ဆွေးနွေးနေဟုဆို
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ တရုတ်အစိုးရပိုင် China Nonferrous Metal Mining and Construction က ရင်းနှီးမြှုပ်နှံထားသော အမေရိကန်ဒေါ်လာ ၈၅၅ သန်းတန် တကောင်းနီကယ်စက်ရုံကို NUG ၏ PDF တပ်များက သိမ်းပိုက်ထားကြောင်း သိရသည်။ တရုတ်နိုင်ငံသားများနှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ပေးထားပြီး NUG နှင့် တရုတ်အကြား ဆွေးနွေးနေကြောင်း သိရသည်။ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က “ကျနော်တို့ စိုးမိုးထိန်းချုပ်နယ်မြေထဲမှာ ရှိနေပြီးတော့ ကျနော်တို့က လုံခြုံရေးယူပေးထားတယ်ဆိုတာမှန်ပါတယ်။ ဒါပေမယ့် ကျန်တဲ့ကိစ္စတွေကတော့ အသေးစိတ်ပြောလို့ မရသေးဘူး။ ” ဟု ပြောသည်။ တကောင်း နီကယ်စီမံကိန်းကို တရုတ်အစိုးရပိုင် China Nonferrous
အော်ရီဒူး မြန်မာက ဝန်ထမ်း ၁၀၀ ကျော်ကို ခြိမ်းခြောက်ပြီး အလုပ်ကထုတ်ပယ်
မြန်မာနိုင်ငံမှ ဆက်သွယ်ရေးအော်ပရေတာ တစ်ခုဖြစ်သော အော်ရီဒူး မြန်မာ (Ooredoo Myanmar) က ဝန်ထမ်း ၁၀၀ ကျော်ကို ခြိမ်းခြောက်အကျပ်ကိုင်ပြီး အလုပ်က ထုတ်ပယ်ခဲ့ကြောင်း သိရသည်။ ဝန်ထမ်းများကို အာမခံ (Insurance) လိမ်လည်သည်ဟု စွပ်စွဲ၍ အလုပ်က ထုတ်ပယ်ခြင်းဖြစ်ပြီး အလုပ်ထွက်စာတွင် လက်မှတ်မထိုးသော ဝန်ထမ်းများကို တရားရုံးတိုင်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဝန်ထမ်းများက ပြောသည်။ အတင်းအကျပ် အလုပ်ထုတ်ခံရသည့် ဝန်ထမ်းတစ်ဦးက “လက်မှတ်မထိုးပေးရင် တရားရုံးကနေ တိုင်စာပို့မယ်။ လူလိမ်ပါ ဆိုပြီးတော့ သက်ဆိုင်ရာကို အကြောင်းကြားမယ်ဆိုပြီးတော့ပါ။ ထုတ်တဲ့ အရေအတွက်ကတော့ Ooredoo Contact Center Mandalay မှာပဲ အယောက် ၇၀ လောက် ရှိပါမယ်။
ထိုင်းမှာ ရွှေ့ပြောင်း ဆောက်လုပ်ရေး လုပ်သား ၁၀၀ ကျော် လစာမရဖြစ်နေ
ထိုင်းနိုင်ငံ နွန်ထပူလီမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀၀ ကျော် လုပ်ခလစာ မရသည်မှာ တစ်လကျော်နေပြီဟု သိရသည်။ ဆောက်လုပ်ရေး တာဝန်ခံ (ဖိုးလမောင်း) ဆိုသူက လုပ်ခလစာမရှင်ပေး၍ အလုပ်သမားများမှာ WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ထံ တိုင်ကြားထားကြောင်း သိရသည်။ WAG တာဝန်ရှိသူ ကိုမုန်တိုင်းက “ ကျွန်တော်တို့အဖွဲ့ကို လာရောက်တိုင်ကြားတာနဲ့ ပတ်သက်ပြီး နောက်ဆုံး ဖြေရှင်းတာပေးတာ မကြာမှီ ရက်ပိုင်မှာ အခု အလုပ်သမား ၁၀၀ ကျော်ကို အမြန်ဆုံး ရှင်းပေးနိုင်အောင် စီစဉ်ပေးမယ်လို့တော့ ကျွန်တော်တို့ သွားရောက်ညှို့နှိုင်းချိန်မှာ တာဝန်ရှိသူက ပြောတယ်” ဟု ပြောသည်။ အလာတူ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ထိုင်းနိုင်ငံ
ရခိုင်မှာ ငွေထုတ်ဈေး ၅ ရာခိုင်းနှုန်းထက် ပိုတောင်းလျှင် ဖမ်းမည်ဟု AA ပြင်ဆင်နေ
ငွေထုတ်ခနှုန်းထား ကမောက်ကမ ဖြစ်နေသော ရခိုင်ပြည်တွင် ဘဏ်များကလွဲ၍ ပြင်ပငွေလွှဲငွေထုတ်ဆိုင်များ၊ လုပ်ငန်းများနှင့် ငွေကြေးဝန်ဆောင်မှုပြုလုပ်သူများအနေဖြင့် ကျပ်ငွေ ၁ သိန်းအပေါ် ၅ ရာခိုင်နှုန်းထက် အပိုတောင်းခံပါက ဖမ်းဆီးအရေးယူသွားမည်ဟု သိရသည်။ ရခိုင်ပြည်က မြို့နယ်တိုင်းလိုလိုတွင် ကျပ်ငွေ ၁ သိန်းထုတ်ယူလျှင် ဆိုင်ရှင်အား ကျပ် ၂၅၀၀၀ အထိ ပေးနေရပြီး ၂၅ ရာခိုင်နှုန်းအထိ ပေါက်ဈေးရှိနေ၍ အချိန်မီ ထိန်းသိမ်းနိုင်ရန် AA ၏ မြေပြင်တာဝန်ရှိသူများက ပြင်ဆင်နေကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။ ” အထက်က လာတာလား ဘာလားတော့ မသိဘူး။ AA ရဲ့ မြေပြင် အုပ်ချုပ်ရေးအဖွဲ့တွေက ငွေလွှဲငွေထုတ် အဆင်မပြေဖြစ်နေတာကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့လို့
တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၆၀ ကျော် ထိုင်းနိုင်ငံတွင် ဖမ်းဆီးမိ
ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းကြောင်းမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၆၀ ကျော်အားယခုတစ်ပတ်အတွင်းတွင် ဖမ်းဆီး ရရှိခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာနများတွင် ဖော်ပြထားသည်။ အဆိုပါ တရားမဝင် ဝင်ရောက်လာသူများထဲမှ ၈၄ဦးသည် ဇူလိုင်လ ၂၃ ရက်နေ့ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၊ နောင်တချို ကျေးရွာတွင် ဖမ်းဆီးခံရရှိခြင်းဖြစ်ပြီး ယင်းအထဲတွင် အမျိုးသား ၇၃ ဦး၊ အမျိုးသမီး ၉ ဦးနှင့် ကလေး ၂ ဦးတို့ ပါဝင်သည်။ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၈၄ ဦးသည် မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ရန် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၅သောင်းမှ ၆သောင်းအကြား ပေးခဲ့ရကြောင်း သတင်းများတွင်
ထိုင်းမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၃၀၀ ကျော် အကြောင်းမဲ့ အလုပ်ထုတ်ခံရ
ထိုင်းနိုင်ငံ မဟာချိုင် စက္ကူစက်ရုံမှာ မြန်မာရွှေ့ပြောင်း လုပ်သား ၃၀၀ ကျော် အကြောင်းမဲ့ အလုပ်ထုတ်ခံရပြီး နစ်နာကြေးညှိနှိုင်းမှု အားလုံး အဆင်မပြေသေးဟုသိရပါတယ်။
ထိုင်းနိုင်ငံ မဟာချိုင် စက္ကူစက်ရုံမှ မြန်မာရွှေ့ပြောင်း လုပ်သား ၃၀၀ ကျော် အကြောင်းမဲ့ အလုပ်ထုတ်ခံရ၊ နစ်နာကြေး ညှိနှိုင်းမှု အားလုံး အဆင်မပြေသေး
ထိုင်းနိုင်ငံ မဟာချိုင်မြို့တွင် ရှိသည့် တရုတ်နှင့် ထိုင်းနိုင်ငံသားပိုင် စက္ကူစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် တရားဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၃၀၀ ကျော်ကို အကြောင်းပြချက် မရှိဘဲ အလုပ်ထုတ်ပယ် လိုက်သည်။ ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်နေ့က အဆိုပါ အလုပ်သမားများကို စက်ရုံဘက်က ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ အလုပ်ထုတ်လိုက်ပြီး အလုပ်သမားများမှာ အခက်ခဲများဖြစ်ပေါ်နေကြောင်း ယင်းစက်ရုံရှိ အလုပ်သမားများက ပြောသည်။ အလုပ်ထုတ်ခံရသည့် အလုပ်သမား အမျိုးသမီး တစ်ဦးက “ကြိုတင် အကြောင်းကြားတာမျိုးမဟုတ်ဘဲ အခုလို ရုတ်တရက် အလုပ်ထုတ်တော့ အလုပ်သမားတွေဖက်မှာ အများကြီး နစ်နာတာပေါ့။ အခုလည်း အဖွဲ့စည်းတွေနဲ့ ချိတ်ဆက်ပြီး ဖြေရှင်းမှပဲ လုပ်သက်အလိုက် နာနာကြေးနဲ့