မောင်တောဒေသကို AA က အလုံးစုံထိန်းချုပ်ပြီးနောက် ရခိုင်ပင်လယ်ပြင်အတွင်း ဘင်္ဂလားဒေ့ရှ် ငါးဖမ်းဘုတ် ဆယ်နှင့်ချီ ဝင်ရောက်ငါးဖမ်းဆီးနေ
စီးပွားရေး သတင်း
1 min read
0

မောင်တောဒေသကို AA က အလုံးစုံထိန်းချုပ်ပြီးနောက် ရခိုင်ပင်လယ်ပြင်အတွင်း ဘင်္ဂလားဒေ့ရှ် ငါးဖမ်းဘုတ် ဆယ်နှင့်ချီ ဝင်ရောက်ငါးဖမ်းဆီးနေ

ဇန်နဝါရီ ၂၀ - ၂၀၂၅
1

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပင်လယ်ပြင် ထိစပ်နေသည့် ဘူးသီးတောင်၊ မောင်တောဒေသကို အာရက္ခတပ်တော် AA က အလုံးစုံထိန်းချုပ်ပြီးနောက် ရခိုင်ပိုင်နက် ပင်လယ်ပြင်အတွင်းသို့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းဘုတ်များ လေးဒါဇင်ထက်နမည်း ဝင်ရောက် ငါးဖမ်းနေကြသည်ဟု ဒေသခံများထံမှ သိရသည်။ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းဘုတ်များသည် တရားဝင် ဝင်ရောက်ငါးဖမ်းဆီးနေကြခြင်းမဟုတ်ကြောင်း မောင်တောမြို့ခံ ဦးကျော်တင်က ပြောသည်။ “ဘင်္ဂလားဒေ့ရှ်က ငါးဖမ်းဘုတ်တွေက တရားမဝင် လာရောက် ငါးခိုးဖမ်းနေကြပါတယ်။ ဘုတ်တွေ အများကြီးပါ။ ၄, ၅ ဆယ်လောက်တောင် ရှိပါမယ်။ နေ့လည်းဖမ်းနေတယ်။ ညလည်း ဖမ်းနေကြပါတယ်။ မောင်တောမြစ်ကမ်းကတောင် လှမ်းမြင်ရပါတယ်။ ဒီလို စည်းမဲ့ကမ်းမဲ့ ငါးဖမ်းနေတာကို ခွင့်မပြုသင့်ဘူး။ တာဝန်ရှိသူတွေ တားဆီးသင့်ပါတယ်” ဟု ပြောသည်။ ဘင်္ဂလားဒေ့ရှ်

Continue Reading
စစ်တွေကုလားတန်စီမံကိန်း သို့ အိန္ဒိယသံအမတ်ကြီးသွားရောက်ပြီး စစ်ကောင်စီနှင့် ဆွေးနွေး
စီးပွားရေး သတင်း
1 min read
0

စစ်တွေကုလားတန်စီမံကိန်း သို့ အိန္ဒိယသံအမတ်ကြီးသွားရောက်ပြီး စစ်ကောင်စီနှင့် ဆွေးနွေး

ဇန်နဝါရီ ၁၈ - ၂၀၂၅
0

ရခိုင်ပြည်အတွင်းက စစ်ကောင်စီ သိမ်းပိုက်ထားသော မြို့တစ်မြို့ ဖြစ်သော စစ်တွေမြို့က ကုလားတန်စီမံကိန်း ကို အိန္ဒိယသံအမတ်ကြီးသွားရောက်ပြီး စစ်ကောင်စီခန့်က ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ စစ်တွေမြို့ က ကုလားတန်ဆိပ်ကမ်း စီမံကိန်းကို အိန္ဒိယသံအမတ်ကြီး Abhay Thakur ဇန်နဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်နေ့တွေက သွားရောက်ခဲ့ပြီး ဦးထိန်လင်းနှင့် တွေ့ဆုံခဲ့ကြောင်း ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ယနေ့တွင် ထုတ်ပြန်သည်။ “လက်ရှိဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများအား ပြန်လည်သုံးသပ်ခြင်းအဖြစ် သံအမတ်ကြီး Abhay Thakur သည် စစ်တွေမြို့ ကုလားတန်ဆိပ်ကမ်း စီမံကိန်းသို့ သွားရောက်ခဲ့ကြောင်း” အိန္ဒိယ သံရုံးဖက်က ထုတ်ပြန်ပြောဆိုသည်။ သံအမတ်ကြီး Abhay

Continue Reading
ရခိုင် လွတ်မြောက်နယ်မြေက ကုန်ဈေးနှုန်းများကို AA အုပ်ချုပ်ရေးအဖွဲ့မှ ကြပ်မတ်ရန် လိုအပ်နေ
စီးပွားရေး သတင်း
1 min read
0

ရခိုင် လွတ်မြောက်နယ်မြေက ကုန်ဈေးနှုန်းများကို AA အုပ်ချုပ်ရေးအဖွဲ့မှ ကြပ်မတ်ရန် လိုအပ်နေ

ဇန်နဝါရီ ၁၄ - ၂၀၂၅
1

(ကြက်သွန်နီ နှစ်လုံးကို ကျပ် ၅၀၀ နှင့်အထက်ကိုပေးပြီး ဝယ်ယူနေရ) အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားသော ရခိုင်ပြည်အတွင်းက မြို့နယ် ၁၄ ခုတွင် ကုန်ဈေးနှုန်းများ မြင့်တက်လာသည်မှာ တစ်ရက်ထက်တစ်ရက် ပိုပိုဆိုးရွားလာပြီး ကြပ်မတ်ရန်လိုအပ်နေ ကြောင်း ဒေသခံများမှ ပြောသည်။ ကုန်ပစ္စည်းသယ်သူများနှင့် ဈေးဆိုင်သည်များမှာ သတ်မှတ်ထားသော ဈေးနှုန်းများမရှိဘဲ အခြေအနေအပေါ်မူတည်ပြီး ဈေးမြှင့်တင်ရောင်းချခြင်းကြောင့် ရခိုင်လွတ်မြောက်နယ်မြေက ကုန်ဈေးနှုန်းများမှာ ကျလာခြင်းမရှိဘဲ တက်လာသည်ကိုပဲ တွေ့ရသည်ဟု ရသေ့တောင်ဒေသခံ တစ်ဦးက ပြောသည်။ “ကုန်သည်တွေရော၊ ဈေးဆိုင်သည်တွေရော လူအခြေအနေကြည့်ပြီး ကြုံရင်ကြုံသလို ဈေးမြှင့်တင် ရောင်းကြတယ်။ ဦးရာလူစနစ်နဲ့ ဈေးမြှင့်တင်ရောင်းနေကြတယ်။ ပစ္စည်းတစ်ခုကို ဈေးကွက်မှာ ဈေးဆိုင်ခန်းမှာ အရင်ဆုံး ရောင်းနိုင်တဲ့ ကုန်သည်တွေက ဈေးအကြီးကြီးနဲ့

Continue Reading
KTV ဖွင့်လှစ်ရန်ကြိုးပမ်းသော ဗကသများအဖွဲ့ချုပ် ဥက္ကဌနှင့် ဘဏ္ဍာရေးတာဝန်ခံကို ရာထူးမှ ဖယ်ရှား
စီးပွားရေး သတင်း
1 min read
0

KTV ဖွင့်လှစ်ရန်ကြိုးပမ်းသော ဗကသများအဖွဲ့ချုပ် ဥက္ကဌနှင့် ဘဏ္ဍာရေးတာဝန်ခံကို ရာထူးမှ ဖယ်ရှား

ဇန်နဝါရီ ၆ - ၂၀၂၅
1

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ကိုအောင်ပြည့်စုံဖြိုးနှင့် ဘဏ္ဍာရေးတာဝန်ခံ ကိုရှိုင်းဝဏ္ဏအောင်ကို ဗကသများအဖွဲ့ချုပ်ဘဏ္ဍာငွေအတွက် KTV ဖွင့်လှစ်ရှာဖွေ၍ ရာထူးမှ ထုတ်ပယ်ရေးယူလိုက်ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။ ဗကသများအဖွဲ့ချုပ်ဥက္ကဌအဖြစ် တာဝန်ယူထားသော ကိုအောင်ပြည့်စုံဖြိုးသည် ဗကသများအဖွဲ့ချုပ် ဘဏ္ဍာငွေ ရှာဖွေရန်ရည်ရွယ်ချက်ဖြင့် KTV လုပ်ငန်းဖွင့်လှစ်နိုင်ရန် ကြိုးပမ်းမှုတွင် ပါဝင်ခဲ့ကြောင်း စစ်ဆေးသိရှိရကြောင်း ဖော်ပြထားသည်။ အဆိုပါလုပ်ရပ်သည် ဗကသများ အဖွဲ့ချုပ်၏ စည်းမျဉ်းဥပဒေ၊ မူဝါဒစံနှုန်း၊ ဂုဏ်သိက္ခာကို ချိုးဖောက်ညှိုးနွမ်းစေ သည့်အတွက် ကိုအောင်ပြည့်စုံဖြိုးကို ဗကသများအဖွဲ့ချုပ် ဥက္ကဌ တာဝန်မှ ထုတ်ပယ်အရေးယူလိုက်ကြောင်း ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့က ဆိုသည်။ ကိုအောင်ပြည့်စုံဖြိုးအနေဖြင့် ဆက်စပ်ပတ်သတ်ခဲ့သည့် KTV လုပ်ငန်းပတ်သတ်မှုကိုလည်း တစ်ပါတည်း စွန့်ပယ်ရန် ဗကသများအဖွဲ့ချုပ်က ပြောဆိုထားသည်။ အဆိုပါလုပ်ငန်းမှ

Continue Reading
ရခိုင်မှာ ကွမ်းသီးများ ဈေးကောင်းရနေ
စီးပွားရေး သတင်း
0 min read
0

ရခိုင်မှာ ကွမ်းသီးများ ဈေးကောင်းရနေ

ဇန်နဝါရီ ၃ - ၂၀၂၅
1

ရခိုင်မှာ ယခုနှစ်အတွင်း ကွမ်းသီးများစျေးကောင်းရရှိနေကြောင်း ကွမ်းသီးစိုက်ပျိုးသူများထံမှ သိရသည်။ ယခုနှစ် ကွမ်းသီးတစ်မောင်း(၂၅ ပိဿာ) ကို ကျပ် ၂၅၀၀၀၀ ခန့် စျေးရှိနေပြီး ပြီးခဲ့သည့်နှစ်ကထက် ၅ ဆခန့်စျေးပိုရနေခြင်းဖြစ်သည်ဟု ကွမ်းသီးခြံစိုက်ပျိုးသူတစ်ဦးက ပြောသည်။ “ဒီနှစ် တစ်မောင်းကို ကျပ် ၂၅၀၀၀၀ လောက်ရနေပါတယ်။ အရင်နှစ်ကတော့ ၅ သောင်းလောက်ပဲရခဲ့တယ်။ စျေးကောင်းနေတော့ အဆင်ပြေတာပေါ့လေ” ဟု ပြောသည်။ ပြီးခဲ့သည့်နှစ်များက ကွမ်းသီးစျေးနှုန်းမှာလည်း တစ်မောင်း(၂၅ ပိဿာ) ကို ကျပ် ၅ သောင်းမှ ၁ သိန်းခန့်အထိသာ အများဆုံးရရှိကြကာ ယခုနှစ်အတွင်းတွင်မူ စျေးအများဆုံးရရှိနေခြင်းဖြစ်သည်။ ကွမ်းသီးစျေးကောင်းရနေခြင်းမှာ ကွမ်းသီးအထွက်နှုန်းကျဆင်းမှုကြောင့်လည်းဖြစ်သည်ဟု ကွမ်းသီးခြံစိုက်ပျိုးသူများကဆိုကြသည်။ “မိုခါမုန်တိုင်း နောက်ပိုင်း အထွက်နှုန်းတွေက အရင်လိုမကောင်းတော့ဘူး။

Continue Reading
ရခိုင်တွင် ယခုနှစ်ဆောင်းသီးနှံများ စျေးကောင်းရနေ
စီးပွားရေး သတင်း
1 min read
0

ရခိုင်တွင် ယခုနှစ်ဆောင်းသီးနှံများ စျေးကောင်းရနေ

ဇန်နဝါရီ ၁ - ၂၀၂၅
1

ရခိုင်တွင် ယခု ၂၀၂၄ ခုနှစ်စိုက်ပျိုးသည့် ဆောင်းသီးနှံများမှာ စျေးကောင်းရရှိနေကြောင်း ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများထံမှ သိရသည်။ ယခုနှစ် ဆောင်းသီးနှံများမှာ ယခင်နှစ်များထက် အနည်းငယ်ခန့်စျေးပိုရနေပြီး တချို့သီးနှံများဆိုလျှင် ယခင်နှစ်များထက် ၂ ဆခန့် စျေးပိုရနေခြင်းဖြစ်သည်ဟု မြောက်ဦးမြို့နယ်မှ ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူတစ်ဦးကပြောသည်။ “ဒီနှစ်တော့ သီးနှံတွေနည်းနည်းစျေးကောင်းရနေပါတယ်။ တချို့သီးနှံတွေက စျေးနည်းနည်းပဲပိုတယ်။ တချို့ကျတော့ ၂ ဆ၊ ၂ ဆ ကျော်လောက်စျေးပိုရနေတာတွေရှိတယ်။ အဓိက ငရုတ်ဟာ ဒီနှစ်စျေးကောင်းအရဆုံးဖြစ်နေတယ်” ဟုပြောသည်။ ဆောင်းသီးနှံများ ပြီးခဲ့သည့်နှစ်များက ၂၅၀၀ ကျပ်သာရှိခဲ့သည့် ရိုးရိုးငရုတ်သီး ၁ ပိဿကို လက်ရှိ ၁၀၀၀၀ ကျပ်၊ ကျပ် ၁ သောင်းဝန်းကျင်သာရှိခဲ့သည့် ကျောက်စိမ်းငရုတ်သီး ၁

Continue Reading
ထိုင်းရေလုပ်သားများကို မြန်မာစစ်တပ် ပစ်ခတ်မှု ထိုင်းအစိုးရ ကန့်ကွက်
စီးပွားရေး နိုင်ငံရေး သတင်း
1 min read
0

ထိုင်းရေလုပ်သားများကို မြန်မာစစ်တပ် ပစ်ခတ်မှု ထိုင်းအစိုးရ ကန့်ကွက်

ဒီဇင်ဘာ ၃၀ - ၂၀၂၄
2

(မြန်မာစစ်တပ်က ထိုင်းရေလုပ်သား ၃၁ ဦးကို ဖမ်းဆီးထား) ထိုင်းရေပိုင်နက်အတွင်း ငါးဖမ်းနေသော ထိုင်းငါးဖမ်းစက်လှေ ၃ စီးကို မြန်မာစစ်သင်္ဘောများက ပစ်ခတ်ဖမ်းဆီး၍ ထိုင်းရေလုပ်သား ၁ ဦးသေဆုံးပြီး ၃၁ ဦးမှာ ဖမ်းဆီးခံထားရကြောင်း ထိုင်းသတင်းဌာန The Nation က ဖော်ပြသည်။ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်စောစောပိုင်း ထိုင်းရေပိုင်နက်အတွင်း သွားလာနေသော ထိုင်းငါးဖမ်းစက်လှေ ၃ စီးကို မြန်မာစစ်သင်္ဘောများက ပစ်ခတ်ဖမ်းဆီးသွားသည်ဟု သိရသည်။ လတ်တလော သတင်းများအရ မြန်မာစစ်တပ်က ထိုင်းငါးဖမ်းစက်လှေ နှစ်စင်းကို မြန်မာရေပိုင်နက်အတွင်းသို့ ဖမ်းဆီးသွားပြီး သင်္ဘောသား နှစ်ဦးမှာလည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းကဖော်ပြသည်။ ယနေ့ နံနက် ၃

Continue Reading
အမေရိကန်ဒေါ်လာ သန်းပေါင်း သောင်းနှင့်ချီသော တရုတ်စီမံကိန်းများကို AA ထိန်းချုပ်
စစ်ရေး စီးပွားရေး သတင်း
1 min read
0

အမေရိကန်ဒေါ်လာ သန်းပေါင်း သောင်းနှင့်ချီသော တရုတ်စီမံကိန်းများကို AA ထိန်းချုပ်

ဒီဇင်ဘာ ၂၈ - ၂၀၂၄
0

ရခိုင်ပြည်အတွင်းရှိသော တရုတ်စီမံကိန်းများထဲမှ အမေရိကန်ဒေါ်လာ သန်းပေါင်း သောင်းနှင့်ချီတန်ဖိုးရှိသော တရုတ်စီမံကိန်း ၁၀ ခုကို အာရက္ခတပ်တော် AA က ထိန်းချုပ်ထားကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ပြောသည်။ ရခိုင်ပြည်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း စုစုပေါင်း ၁၁ ခုရှိသည့်အနက် ၁၀ ခုကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်အထိ အချက်အလက်တွေအရ အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားကြောင်း ISP Myanmar က ယနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် ထုတ်ပြန်ပြောဆိုထားခြင်းဖြစ်သည်။ အမေရိကန်ဒေါ်လာ ၁၀၉၀ သန်းရှိသော သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ အမေရိကန်ဒေါ်လာ ၁၁၀၀၀ သန်းရှိသော

Continue Reading
ရခိုင်ဒေသမှာ ကုန်စည်စီးဆင်းရာလမ်းကြောင်းများ ကျပ်တည်းနေဆဲ
စီးပွားရေး သတင်း
1 min read
0

ရခိုင်ဒေသမှာ ကုန်စည်စီးဆင်းရာလမ်းကြောင်းများ ကျပ်တည်းနေဆဲ

ဒီဇင်ဘာ ၂၃ - ၂၀၂၄
0

ရခိုင်တွင် စားသောက်ကုန်၊ လူသုံးကုန်အပါအဝင် ကုန်ပစ္စည်းများသယ်ယူလျှက်ရှိနေသည့် ကုန်စည်စီးဆင်းရာလမ်းကြောင်းများမှာ ကျပ်တည်းလျှက်ရှိနေဆဲဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။ ရခိုင်ဒေသသည် ပြည်မနှင့်ဆက်သွယ်သည့် ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ခံလိုက်ရပြီးနောက် ရခိုင်ပြည်အတွင်း ရရာနည်းလမ်းများဖြင့် ကုန်စည်များကို ပြည်တွင်းသို့တင်သွင်းနေကြရသည်။ ကုန်စည်များကို ရရာနည်းလမ်းဖြင့် သယ်ယူရသည်ဆိုသည့်အတိုင်း လမ်းကြောင်းများတွင် လွန်စွာအကျပ်တည်းဖြင့်ကြုံတွေ့ကြရသည်ဟု ပြည်မဘက်မှ ရရာနည်းလမ်းဖြင့် ကုန်စည်များချနေသည့် ကုန်သည်အမျိုးသမီတစ်ဦးက ပြောသည်။ “ကုန်ချရတာက အမြဲတမ်းအခက်ခဲနဲ့ပါပဲ။ စစ်ကောင်စီက သိရင်သိသလို လမ်းကြောင်းတွေကို ပိတ်တယ်။ ရခိုင်ကုန်သည်တွေဆို တွေ့ရင်ဖမ်းတယ်။ ကုန်ပစ္စည်းတချို့ရဖို့ကို လနဲ့ချီအချိန်ပေးပြီး စောင့်ကြရတယ်။ ဒါတောင် လမ်းမှာ အသိမ်းခံရရင်ဆုံးပြီပဲ။ အခုလည်း ဖုန်းလိုင်းပြတ်နေတာနဲ့ဆို ကုန်တွေချရတာ တကယ့်ကိုအဆင်မပြေချက်ပဲ” ဟု ပြောသည်။ ယင်းအပြင် ယခုလပိုင်းအတွင်း လမ်းကြောင်းများ အလွန်ကျပ်တည်းလာမှုကြောင့်

Continue Reading
AA အခွန်ပြေစာဖြင့် မောင်တောဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်ကို ဆန်တင်ပို့
စီးပွားရေး သတင်း
1 min read
0

AA အခွန်ပြေစာဖြင့် မောင်တောဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်ကို ဆန်တင်ပို့

ဒီဇင်ဘာ ၁၉ - ၂၀၂၄
1

(ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များနှင့် AA တို့ ညှိနှိုင်းထားခြင်းမရှိ၍ဟုဆိုကာ ဆန်ရောင်းချခွင့် မရရှိသေးပေ) ဘင်္ဂလားဒေ့ရှ်-ရခိုင်နယ်စပ် မောင်တောဒေသကို ဒီဇင်ဘာလ ၁၀ ရက်နေ့က အာရက္ခတပ်တော် AA မှ ထိန်းချုပ်ပြီးနောက် မောင်တောဆိပ်ကမ်းကတစ်ဆင့် ဘင်္ဂလားဒေ့ရှ် တက္ကနပ်ဆိပ်ကမ်းသို့ ဆန်ကုန်သွယ်နေပြီဖြစ်ကြောင်း သိရသည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များနှင့် အာရက္ခတပ်တော် AA တို့သည် ကုန်သွယ်ရေးကိစ္စရပ်များကို သဘောတူညီမှုများ ဆွေးနွေးထားခြင်းမရှိသည့်အတွက် ရခိုင်ကုန်သည်များမှာ ဆန်ရောင်းချခွင့် မရရှိကြပေ။ မက်ထရစ် ၁၉ တန်အလေးချိန်ရှိသော လုံးကြီး ဆန်အိတ် ၃၈၀ တင်ဆောင်လာသည့် တက်နေထွန်း အမည်ရှိ ဆန်ဘုတ်တစ်စီးသည် AA အခွန်ပြေစာဖြင့် ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် မောင်တောဆိပ်ကမ်းမှတစ်ဆင့်

Continue Reading