မြန်မာ့စီးပွားရေး အလားအလာမကောင်းဟု ကမ္ဘာ့ဘဏ်ပြော
စီးပွားရေး သတင်း
1 min read
0

မြန်မာ့စီးပွားရေး အလားအလာမကောင်းဟု ကမ္ဘာ့ဘဏ်ပြော

ဒီဇင်ဘာ ၁၁ - ၂၀၂၄
1

သဘာဝဘေးအန္တရာယ်များ၊ ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ကျယ်ပြန့်သော အခြေခံစားသောက်ကုန် ပြတ်လပ်မှုများကြောင့် မြန်မာ့စီးပွားရေးမှာ ဆိုးဝါးစွာ ရိုက်ခတ်လျက်ရှိပြီး စီးပွားရေးမှာ အလားအလာ မကောင်းဖြစ်နေကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည်။ အကျပ်အတည်းများသည် မြန်မာ့စီးပွားရေးနှင့် ပြည်သူများကို ထိခိုက်နစ်နာစေပြီး မြန်မာ့ဂျီဒီဘီသည် လက်ရှိ ဘဏ္ဍာနှစ်အတွင်း ၂၀၂၅ မတ်လအတွက် စီးပွားရေးခန့်မှန်းချက်မှာ အနုတ် ၁ ရာခိုင်နှုန်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဒီဇင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယခင် ခန့်မှန်းချက်ထက် ပိုလျော့နည်းနေသည့်အတွက် ပြန်လည်ပြင်ဆင်ရမည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။ ကုန်ကြမ်းပြတ်လပ်မှု၊ လျှပ်စစ်ဓာတ်အား မလုံလောက်မှုနှင့် ပြည်တွင်းဝယ်လိုအား အားနည်းခြင်းကြောင့် ထုတ်လုပ်မှုကို ကန့်သတ်ထားသဖြင့် စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများမှာ တိုးတက်မှုမရှိဘဲ ဆက်လက်ကျဆင်းမည်ဟု

Continue Reading
မောင်တောကို AA သိမ်းပြီးနောက် ဘင်္ဂလားဒေ့ရှ်က နယ်စပ်ကို လုံခြုံရေးတင်းကျပ်
စီးပွားရေး သတင်း
1 min read
0

မောင်တောကို AA သိမ်းပြီးနောက် ဘင်္ဂလားဒေ့ရှ်က နယ်စပ်ကို လုံခြုံရေးတင်းကျပ်

ဒီဇင်ဘာ ၁၀ - ၂၀၂၄
0

(တက္ကနပ် ဒေသခံ ငါးဖမ်းသမားများကို နယ်စပ်ဧရိယာနှင့် ဝေးဝေးနေရန်နှင့် ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့သည် Jaliar ကျွန်းမှ St Martin’s ကျွန်းအထိ စောင့်ကြည့်နေ) ရခိုင်ပြည် မောင်တောမြို့ကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားသည့် သတင်းများကြောင့် ဘင်္ဂလားဒေ့ရှ် ကော့ဘဇားမြို့နယ် တက္ကနဖ် အူဇီလာမှာ နယ်စပ်လုံခြုံရေးကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က တင်းတင်းကျပ်ကျပ် ချထားလိုက်သည်။ မောင်တောမြို့သည် ကော့ဘဇားမြို့နယ် တက္ကနပ်မြို့နယ် Jaliapara ၏ အရှေ့တောင်ဘက်တွင် တည်ရှိပြီး အာရက္ခတပ်တော် AA သည် မောင်တောမြို့ကိုသိမ်းပိုက်ပြီးနောက် ရေကြောင်းခရီးသွားလာခွင့်ကို အကန့်အသတ်မရှိ ပိတ်ပင်ထားသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးလွတ်မြောက်နေ၍ AA က ယင်းကဲ့သို့ ပိတ်ပင်ခြင်းနှင့် ဘင်္ဂလားဒေ့ရှ်

Continue Reading
စစ်ကောင်စီ စစ်ကြောင်းများ တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းကို အကာအကွယ်ယူ၍ အမ်းကို ပြန်လည်ထိုးစစ်ဆင်
စီးပွားရေး သတင်း
1 min read
0

စစ်ကောင်စီ စစ်ကြောင်းများ တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းကို အကာအကွယ်ယူ၍ အမ်းကို ပြန်လည်ထိုးစစ်ဆင်

ဒီဇင်ဘာ ၉ - ၂၀၂၄
1

အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော ရခိုင်ပြည် အမ်းမြို့ကို စစ်ကောင်စီ စစ်ကြောင်းများမှာ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းကို အကာအကွယ်ယူ၍ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်များက ပြောသည်။ အင်အားနှင့် လက်နက်ခဲယမ်းအများအပြားပါသော စစ်ကောင်စီ စစ်ကားအစီး ၂၀ မှာ ဒီဇင်ဘာလ ၈ ရက်နေ့က မကွေးတိုင်း ပဒါန်းမြောက်ဘက်မှ ကမြင်းကန်ဂိတ်သို့သွားပြီး ယင်းမှတစ်ဆင့် အမ်းမြို့သို့ ခြေလျှင်စစ်ကြောင်းထိုး၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) သို့ ဦးတည်လာကြောင်း သိရသည်။ သတင်းရင်းမြစ်တစ်ဦးက “သူတို့က တဆင့်ပြီးတဆင့် သွားတာ။ ခြေလျှင်စစ်ကြောင်းက တရုတ်ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းဘက်က သွားကြတယ်။ လမ်းခရီးမှာ AA က လာတိုက်မှာ ကြောက်လို့ ပိုက်လိုင်းကို အကာအကွယ်ယူထားတယ်။ လက်နက်ခဲယမ်းတွေကတော့ ကားအသေးတွေနဲ့ပါတယ်”

Continue Reading
ပုသိမ်ရောက် ရခိုင်စစ်ဘေးရှောင်များကို စစ်ကောင်စီမှ ငါးဖမ်းခွင့်ပိတ်ပင်ထား
စီးပွားရေး လူ့အခွင့်အရေး သတင်း
0 min read
0

ပုသိမ်ရောက် ရခိုင်စစ်ဘေးရှောင်များကို စစ်ကောင်စီမှ ငါးဖမ်းခွင့်ပိတ်ပင်ထား

ဒီဇင်ဘာ ၅ - ၂၀၂၄
0

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်ရောက် ရခိုင်စစ်ဘေးရှောင်များကို စစ်ကောင်စီ၏ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်များမှ ငါးဖမ်းခွင့်ပိတ်ပင်ထားကြောင်း ပုသိမ်ရောက် ရခိုင်စစ်ဘေးရှောင်များက ပြောသည်။ ငါးဖမ်းခွင့်ကို ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးတသီတင်းပတ်အတွင်းကနေ စတင်ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး ပုသိမ်ခရိုင်ရောက် ရခိုင်စစ်ရှောင်များမှာ အခက်တွေ့နေကြရကြောင်း ဂွမြို့ဒေသခံ စစ်ရှောင်တစ်ဦးက ပြောသည်။ “ကျနော်တို့ ငါးဖမ်း မဆင်းရဘူး။ ဒီမှာက ဧည့်သည်တွေကိုပဲ သပ်သပ် မဆင်းခိုင်းတာ။ ဒီမှာ ဧည့်သည်တွေကလည်း အကုန် ရခိုင်တွေပဲ။ ကျနော်တို့ ဒီဘက်ကို ငါးဖမ်းလှေတွေကိုယ်စီနဲ့ စစ်ရှောင်လာကြတာ။ အခု ငါးမဖမ်းရတော့ စားဝတ်နေရေး အရမ်းခက်ခဲနေကြတယ်” ဟု ပြောသည်။ ပုသိမ်ခရိုင်ဘက်ကို ရခိုင်ပြည် ဂွမြို့နယ်နှင့် သံတွဲမြို့နယ်မှ ဒေသခံများ အဓိက စစ်ရှောင်သွားခဲ့ကြခြင်းဖြစ်ပြီး စစ်ရှောင်အားလုံးနီးပါးမှာလည်း ငါးဖမ်းလုပ်ငန်းဖြင့်

Continue Reading
ရခိုင်တွင် ယခုနှစ်စပါးအထွက်နှုန်း ကျဆင်းဟု လယ်သမားများပြော
စီးပွားရေး သတင်း
0 min read
0

ရခိုင်တွင် ယခုနှစ်စပါးအထွက်နှုန်း ကျဆင်းဟု လယ်သမားများပြော

ဒီဇင်ဘာ ၃ - ၂၀၂၄
1

ရခိုင်တွင် ယခု ၂၀၂၄ ခုနှစ်အတွင်း စိုက်ပျိုးသည့် မိုးစပါးအထွက်နှုန်းမှာ သိသာစွာကျဆင်းကြောင်း လယ်ယာလုပ်ကိုင်သူများက ပြောသည်။ ယခုနှစ် မိုးစပါးများ၏ သီးထွက်နှုန်းမှာ အလွန်နည်းပြီး ယခင်နှစ်များထက် ထက်ဝက်နှုန်းခန့်ကျဆင်းမှုရှိကြောင်း မြောက်ဦးမှ လယ်သမားတစ်ဦးက ပြောသည်။ “ဒီနှစ် အထွက်နှုန်းက တော်တော်ကိုကျပါတယ်။ စပါး အနှံတွေတော့ ထွက်လာတယ်။ အဆန်အပါတဲ့ အခွံတွေပဲ များပါတယ်။ အရင်နှစ်ကနဲ့ဆိုရင် တစ်ဝက်လောက်ကို ကျတယ်လို့ ပြောလို့ရတယ်” ဟု ပြောသည်။ ယခင်နှစ်များတွင် တစ်ဧကကို နို့ဆီဘူး ၅၂ ဘူးဆန့် တောင်းနှင့် တောင်း ၁၂၀ ကျော်ခန့် အထွက်နှုန်းရှိကြသော်လည်း ယခုနှစ်တွင် တောင်း ၇၀ ကျော်ခန့်လောက်သာ ထွက်ရှိခြင်းဖြစ်ကြောင်း သိရသည်။ လယ်သမားများမှာ

Continue Reading
ရခိုင်က ကဏန်းများကို ဘင်္ဂလားဒေ့ရှ်တင်ပို့နေ၊ သို့သော် ဈေးကောင်းမရဟုဆို
စီးပွားရေး သတင်း
1 min read
0

ရခိုင်က ကဏန်းများကို ဘင်္ဂလားဒေ့ရှ်တင်ပို့နေ၊ သို့သော် ဈေးကောင်းမရဟုဆို

ဒီဇင်ဘာ ၂ - ၂၀၂၄
1

တိုက်ပွဲများနှင့် စစ်ကောင်စီ၏ လမ်းကြောင်းပိတ်ဆို့မှုများကြောင့် ယခင်က တရုတ်သို့ တင်ပို့နေသည့် ရခိုင်ပြည်က ကဏန်းများကို လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နေကြောင်း သိရသည်။ ပြီးခဲ့သည့် နှစ်လကျော်ကစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နယ်စပ်မှတစ်ဆင့် တင်ပို့နေသော်လည်း ဈေးနှိမ်ခံရ၍ တရုတ်ကဲ့သို့ ဈေးကောင်းမရရှိကြောင်း ကဏန်းအရောင်းအဝယ်လုပ်သူများက ပြောသည်။ လက်ရှိ ကဏန်းပေါက်စျေးမှာ တစ်ကီလိုကို ကျပ် ၅၀၀၀ ခန့်သာရရှိပြီး စျေးအလွန်နည်းကြောင်း ကဏန်းအရောင်းအဝယ်ပြုလုပ်သူတစ်ဦးက ပြောသည်။ “အရင် တရုတ်ဘက်ကို တင်ပို့တယ်။ အဲ့ဒီတုန်းက တစ်ကီလို ၂ သောင်းကျော်လောက် အေးဆေးရတယ်။ အခု ဘင်္ဂလဘဖက်ကိုပဲ ပို့လို့အဆင်ပြေတော့ အဲ့ဘက်ကိုပဲ ပို့နေရတာ။ စျေးက မကောင်းဘူး။ တစ်ကီလို ၅၀၀၀ ပဲ ပေးတယ်။

Continue Reading
တရုတ်အစိုးရပိုင်ဘဏ်က ကန်ဒေါ်လာ သန်း၂၀၀ နီးပါး စစ်ကောင်စီ ချေးယူမည်
စီးပွားရေး သတင်း
1 min read
0

တရုတ်အစိုးရပိုင်ဘဏ်က ကန်ဒေါ်လာ သန်း၂၀၀ နီးပါး စစ်ကောင်စီ ချေးယူမည်

နိုဝင်ဘာ ၂၅ - ၂၀၂၄
1

တရုတ်အစိုးရပိုင် China EXIM Bank က အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါးကို အတိုးမဲ့ချေးငွေဖြင့် အာဏာသိမ်းစစ်ကောင်စီက ချေးယူသွားမည်ဟု တရုတ်နှင့်စစ်ကောင်စီကြား အပြန်အလှန် သဘောတူညီမှုစာချုပ်အရ သိရသည်။ စစ်ကောင်စီ အကောင်အထည်ဖော်မည့် စီမံကိန်းနှစ်ခုအတွက် တရုတ်အစိုးရက အတိုးမဲ့ချေးငွေ ထုတ်ပေးမည်ဖြစ်သည်။ အာဏာသိမ်းစစ်ကောင်စီက အချက်အလက်စင်တာ စီမံကိန်း (e-GIDC- e-Government Integrated Data Center Project) နှင့် မော်တော်ယာဉ်များကို မှတ်ပုံတင်သည့် နည်းပညာစနစ် (RFID- Developing Vehicle Registration by Radio Frequency Identification System) စီမံကိန်းတို့ကို အကောင်အထည်ဖော်မည်ဖြစ်သည်။ e-Government အချက်အလက်စင်တာ စီမံကိန်းအတွက် China

Continue Reading
ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ဒေါ်နယ်ထရမ့်နှင့် ဖုန်းဆက်စကားပြော
စီးပွားရေး သတင်း
1 min read
0

ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ဒေါ်နယ်ထရမ့်နှင့် ဖုန်းဆက်စကားပြော

နိုဝင်ဘာ ၂၀ - ၂၀၂၄
1

(ထိုင်းနိုင်ငံသည် အမေရိကန်နှင့်လက်တွဲရန် အဆင်သင့်ရှိနေ) ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ထရာ (Paetongtarn Shinawatra) က Trump နှင့် တယ်လီဖုန်းဆက် စကားပြောခဲ့ပြီး အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ‘ငါလုပ်နိုင်တာမှန်သမျှ မင်းငါ့ကိုပြောပြပါ’ ဟု ပြောဆိုခဲ့ကြောင်း သိရသည်။ ၀န်ကြီးချုပ် ပေထုန်တန် သည် အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump နှင့် ဖုန်းခေါ်ဆိုခဲ့ကြောင်း ၎င်း၏ရုံးက ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်က ပြောကြားခဲ့ပြီး ၎င်းတို့နှစ်ဦးစလုံး၏ အုပ်ချုပ်ရေးပိုင်းကို အချင်းချင်း ပံ့ပိုးပေးမည်ဟု ကတိပြုခဲ့သည်။ စက်တင်ဘာလတွင် တက်လာပြီး ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံး ၀န်ကြီးချုပ်ဖြစ်သည့် မစ္စ ပေထုန်တန်က ၎င်း၏ နိုင်ငံသည်

Continue Reading
AA က သိမ်းပိုက်ထားသည့် မြို့နယ်များသို့ စက်သုံးလောင်စာဆီနှင့် ဆေးဝါးများ ရောက်ရှိခြင်း မရှိစေရေး စစ်ကောင်စီက ညွှန်ကြား
စီးပွားရေး သတင်း
1 min read
0

AA က သိမ်းပိုက်ထားသည့် မြို့နယ်များသို့ စက်သုံးလောင်စာဆီနှင့် ဆေးဝါးများ ရောက်ရှိခြင်း မရှိစေရေး စစ်ကောင်စီက ညွှန်ကြား

နိုဝင်ဘာ ၁၇ - ၂၀၂၄
0

ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် AA က သိမ်းပိုက်ထားသည့် မြို့နယ်များသို့ စက်သုံးလောင်စာဆီနှင့် ဆေးဝါးများ ရောက်ရှိခြင်း မရှိစေရေး စစ်ကောင်စီက ပြည်နယ်အား အထူးညွှန်ကြားထားကြောင်း စုံစမ်း သိရသည်။ အဆိုပါ ဒေသများသို့ စက်သုံးလောင်စာဆီများ လုံး၀ ရောက်ရှိခြင်းမရှိစေရေး ဆီအရောင်းဆိုင်များနှင့် ကုမ္ပဏီများကို စစ်ကောင်စီက စည်းကမ်းချက်နှင့်အမိန့်များ ချမှတ်ပြီး အထူးတင်းကြပ်မှုများ လုပ်ဆောင်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များနှင့် ဆီကိုယ်စားလှယ်များက ပြောသည်။ ရခိုင်က အမည်မဖော်လိုသည့် ကုန်သည်တစ်ဦးက “အခုက ဘာမှ သယ်ဆောင်ခွင့်တွေ မပေးတော့တာပါ။ စစ်တွေနဲ့ ကျောက်ဖြူက လေကြောင်းလိုင်းတွေ ရှိတယ်။ အဲ့ဒါကလည်း သယ်ဆောင်ခွင့်မပေးတော့ဘူး။ အထူးသဖြင့် ရေကြောင်းက လုံးဝ သယ်ဆောင်ခွင့် မပေးတော့ပါ။ တစ်လောကတောင် ပစ္စည်းတွေ

Continue Reading
Meta ကုမ္ပဏီပိုင် Facebook ကို စည်းကမ်း ချိုးဖောက်မှုဖြင့် အီးယူက အမေရိကန် ဒေါ်လာ ၈၄၆ သန်းဒဏ်ရိုက်
စီးပွားရေး သတင်း
1 min read
0

Meta ကုမ္ပဏီပိုင် Facebook ကို စည်းကမ်း ချိုးဖောက်မှုဖြင့် အီးယူက အမေရိကန် ဒေါ်လာ ၈၄၆ သန်းဒဏ်ရိုက်

နိုဝင်ဘာ ၁၆ - ၂၀၂၄
0

အမေရိကန် စီးပွားရေးလုပ်ငန်းစု Meta ကုမ္ပဏီပိုင် Facebook ကို စည်းကမ်းချိုးဖောက်မှုဖြင့် ဥရောပသမဂ္ဂ EU က အမေရိကန် ဒေါ်လာ ၈၄၆ သန်းဒဏ်ရိုက်ခဲ့ကြောင်း အဲလ်ဂျာဇီးယား သတင်းဌာန ကဖော်ပြသည်။ မက်တာ (Meta)၏ အွန်လိုင်းရောင်းဝယ်ရေးဝန်ဆောင်မှု ပလက်ဖောင်း Facebook Marketplace သည် ဥရောပသမဂ္ဂ၏ ယှဉ်ပြိုင်မှုဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်ခဲ့မှုကြောင့် ယူရိုငွေ ၇၉၇ဒသမ ၇၂ သန်း (အမေရိကုန် ဒေါ်လာ ၈၄၆သန်း) ဒဏ်ကြေးပေးဆောင်ဖို့ အမိန့်ချခဲ့ခြင်း ဖြစ်သည်။ Facebook Marketplace သည် လူမှုကွန်ရက် ကိုအသုံးချပြီး ဈေးကွက်ကို မညီမျှမှုဖြစ်မှုအပြင် အွန်လိုင်းပေါ်မှာ ကုန်ပစ္စည်းရောင်းချသူတွေကြား မတရားသဖြင့် ကုန်သွယ်မှုဖြစ်စေမှုကြောင့် ယင်းကဲ့သို့

Continue Reading