တရုတ်နိုင်ငံသည် မြန်မာအတွက် အိမ်နီးချင်းကောင်း နိုင်ငံမဟုတ်ဟု ISP စစ်တမ်းက ဖော်ပြ
နိုင်ငံရေး သတင်း
1 min read
768

တရုတ်နိုင်ငံသည် မြန်မာအတွက် အိမ်နီးချင်းကောင်း နိုင်ငံမဟုတ်ဟု ISP စစ်တမ်းက ဖော်ပြ

April 3, 2024
0

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အိမ်နီးချင်းကောင်း နိုင်ငံမဟုတ်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ (ISP Myanmar) က ယမန်နေ့ ဧပြီလ ၂ ရက်နေ့ထုတ် စစ်တမ်းတွင် ဖော်ပြထားသည်။  တရုတ်-မြန်မာဆက်ဆံရေးအပေါ် ISP Myanmar က မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်များကို အလွှာစုံက လူပေါင်း ၂၅၀ ဦးကို မေးခွန်း ၁၀၀ ဖြင့် မေးမြန်းကာ စစ်တမ်းကောက်ယူထားခြင်းဖြစ်သည်။  အလွှာစုံဖြစ်သည့် နိုင်ငံရေးနယ်ပယ်၊ အရပ်ဘက်အဖွဲ့အစည်းများ၊ စီးပွားရေးအသင်းအဖွဲ့အစည်းများ၊ ထင်ရှားကျော်ကြားသူများ၊ တိုင်းရင်းသားတော်လှန်ရေး EAOs နှင့် PDFs/LDFs တို့ကို မေးမြန်း စစ်တမ်းကောက်ယူထားခြင်းဖြစ်သည်။  ထိုစစ်တမ်းတွင် ဖြေဆိုသူအများစုက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် အိမ်နီးချင်းကောင်း နိုင်ငံမဟုတ်ဟု ပြောဆိုကြသည်။  ယခင်နှစ်ကလည်း

Continue Reading