တော်လှန်ရေးခရီးကြမ်းနှင့် ရခိုင်လူထု
ကမ္ဘာ့သမိုင်းတစ်လျှောက် အဖိနှိပ်ခံလူတန်းစားများမှာ ၎င်းတို့၏အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရန် တော်လှန်ရေး တစ်ရပ်ကိုအမြဲဆင်နွှဲကြရလေ့ရှိတတ်သည်။ မျက်မှောက်ခေတ်တွင်လည်း ထိုကဲ့သို့ပုံစံတူ တော်လှန်ရေးများ ဆက်လက်ပေါ်ပေါက်လျှက်ရှိနေကြဆဲပင်။ ရခိုင်ပြည်၌ လက်ရှိကြုံနေရသည့် တိုက်ပွဲများမှာလည်း အဖိနှိပ်ခံရမှုများမှ ပေါ်ပေါက်လာခဲ့သည့် တော်လှန်ရေးတိုက်ပွဲများပင်ဖြစ်သည်။ လက်ရှိတွင် တော်လှန်ရေးအားဦးဆောင်နေသည့် အာရက္ခတပ်တော် AA မှာ တချို့တစ်ဝက်သော စစ်ရေးအောင်မြင်မှုများကို ရရှိထားပြီးဖြစ်သည်။ အဆိုပါ စစ်ရေးအောင်မြင်မှုများနှင့်အတူ ပူးတွဲရရှိလာသည့် ရလဒ်များလည်းရှိနေပြီး အဆိုပါရလဒ်များကို ပြည်သူများအနေဖြင့် ခံစားကြရသည်များလည်းရှိကာ ခံစားခွင့်မရကြသည်များလည်း ရှိနေသည်။ တော်လှန်ရေးတစ်ရပ် အောင်မြင်နိုင်ရေးမှာလည်း ဒေသနေလူထု၏ ပူးပေါင်းပါဝင်နိုင်မှုနှင့် ခံနိုင်ရည်ရှိမှုတို့မှာ အဓိကကျသည့် အချက်ထဲတွင် ပါဝင်နေသည်။ ယင်းအပြင် လုပ်ပိုင်ခွင့်ရှိသူများ၏ ပြည်သူအပေါ် စိတ်စေတနာထားရှိမှု အတိုင်းတာမှာလည်း အရေးပါသည်။ အဆိုပါအခြေနေအရပ်ရပ်တို့မှာ တော်လှန်ရေးဆင်နွှဲလျှက်ရှိနေသည့် ရခိုင်ဒေသတွင်