စစ်ကောင်စီ လမ်းပိတ်ထား၍ ရခိုင်ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကျန်းမာရေးစောင့်ရှောက်မှု ခံယူခွင့် မရကြ
သတင်း
1 min read
136

စစ်ကောင်စီ လမ်းပိတ်ထား၍ ရခိုင်ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကျန်းမာရေးစောင့်ရှောက်မှု ခံယူခွင့် မရကြ

ဇန်နဝါရီ ၁၅ - ၂၀၂၄
2

Western News| ဇန်နဝါရီ ၁၃ ရခိုင်ပြည်အတွင်း တိုက်ပွဲများ ပြင်းထန်ခြင်းနှင့်အတူ အာဏာသိမ်းစစ်ကောင်စီက ရေလမ်း၊ ကုန်းလမ်း ဆက်သွယ်ရေးများကို ပိတ်ပင်ထားသောကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများမှာ ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အရေး ဆုံးရှုံးနေကြသည်။ ကျေးလက်ဒေသရှိ ကိုယ်ဝန်ဆောင် အမျိုးသမီးများအားလုံးမှာ ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူခွင့် မရရှိကြဘဲ ကိုယ်ဝန်ဆောင်အမျိုး သမီးများအား ပေးသော ဆေးများမှာလည်း ကျေးလက် ကျန်းမာရေးဌာနများတွင် ပြတ်လပ်သွားကြပြီဟု စုံစမ်းသိရှိရသည်။ အထူးသဖြင့် ရခိုင်ပြည် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်နှင့် ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း ဒေသမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အရေး ဆုံးရှုံးနေကြခြင်းဖြစ်သည်။ မြောက်ဦးဒေသက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးက “မြို့ပေါ်မှာလည်း တိုက်ပွဲတွေဖြစ်လို့ ဆေးရုံဆေးခန်းတွေက

Continue Reading