ဂွမြို့နယ်က အရေပြားရောဂါ ဖြစ်ပွားနေသည့် ပြည်သူ ၄၀၀၀ ခန့်မှာ ဆေးဝါးများ အကူအညီလိုအပ်နေ
ရခိုင်ပြည် ဂွမြို့နယ်က အရေပြားရောဂါ ဝေဒနာ ခံစားနေရသည့် ဒေသခံပြည်သူ ၄၀၀၀ ခန့်မှာ ဆေးဝါးများ အကူအညီ လိုအပ်နေကြောင်း ကူညီပေးနေသည့်အဖွဲ့ထံမှ သိရသည်။ အမျိုးသား ၁၇၉၀ ကျော်၊ အမျိုးသမီး ၂၀၀၀ ကျော်တို့ဖြစ်ပြီး ယင်းအထဲတွင် အသက် ၁၀ နှစ်အောက် ကလေး ၆၀၀ နှင့် အသက် ၁၀ နှစ်နှင့် ၁၈ နှစ်ကြား ကလေး ၆၀၀၁ ဦးပါဝင်ကြောင်း ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ပြောသည်။ “မြေပြင် ဆေးဝါးကုသရေးနဲ့ ထောက်ပံ့ကူညီရေးတွေကို တခြား အသင်းအဖွဲ့တွေနဲ့ ကြိုးစားဆောင်ရွက်နေပါတယ်။ လုံလောက်တဲ့ ဆေးဝါးမရှိလို့ ကုသမှုမှာ ခက်ခဲနေပါတယ်။ ဆေးဝါးအကူအညီတွေ လိုအပ်နေပါတယ်။ မြေပြင်မှာ ဆေးဝါးရှားပါးတာနဲ့